Champions Master Agent-CMA

Champions Master Agent-CMA Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Champions Master Agent-CMA, Magway.

မော်ရင်ဟိုရဲ့ စောဒက တက်မှု တွေအပေါ် တုန့်ပြန်လိုက်တဲ့ ဆိုးလ်ရှား🐧🐧🐧🐧🐧🐧🐧🐧🐧🐧🐧🐧🐧🐧🐧🐧(14.3.2020)မန်ချက်စတာ ယူနိုက်တက် အသင်း ရ...
14/03/2020

မော်ရင်ဟိုရဲ့ စောဒက တက်မှု တွေအပေါ် တုန့်ပြန်လိုက်တဲ့ ဆိုးလ်ရှား
🐧🐧🐧🐧🐧🐧🐧🐧🐧🐧🐧🐧🐧🐧🐧🐧
(14.3.2020)

မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ နည်းပြ ဟောင်း ဖြစ်သူ ဟိုဆေး မော်ရင်ဟို ဟာ လက်ရှိ ကိုင်တွယ် နည်းပြ နေတဲ့ တော့တင်ဟမ် ဟော့ စပါး အသင်း မှာ ဒဏ်ရာ ပြသနာ တွေ ကြုံတွေ့ နေခဲ့ ရမှု ကြောင့် မကြာခန ဆိုသလို ငြီးတွား နေခဲ့သူ တစ်ဦး ပဲ ဖြစ်ခဲ့ရ ပါတယ် ။
အထူးသဖြင့် လက်ရှိ အချိန် မှာ အသင်း ရဲ့ အဓိက တိုက်စစ် ကစားသမား တွေ ဖြစ်ကြတဲ့ ဟယ်ရီ ကိန်း နဲ့ ဆွန်ဟောင်မင်း တို့ ဒဏ်ရာ ပြသနာ တွေ ကိုယ်စီ ကြံုတွေ့ ခဲ့ကြ ရမှု နဲ့ ခြေစွမ်ကောင်း ပြသ နေတဲ့ တိုက်စစ် ကစားသမား ဖြစ်သူ စတီဗင် ဘာ့ချ်ဝင် တို့ရဲ့ ဒဏ်ရာ ပြသနာ တွေကြောင့် မော်ရင်ဟို ဟာ စိတ်ပျက် နေခဲ့ တာပဲ ဖြစ်ပါတယ် ။
ဒါ့ကြောင့် မော်ရင်ဟို က ချန်ပီယံ လိဂ် ပြိုင်ပွဲ ၊ 16 သင်း ရှံုးထွက် အဆင့် ရဲ့ ဒုတိယ အကျော့ အဆုံးအဖြတ် ပွဲစဉ် မှာ RB လက်ပ်ဇစ် အသင်း ကို ရှံုးနိမ့် ခဲ့တဲ့ နောက် အဓိက ကစားသမား တွေ မပါဝင် ခဲ့တဲ့ သူတို့ အသင်း ဟာ အသေအကြေ ပစ်ခတ် တိုက်ခိုက် ရတဲ့ စစ်ပွဲ မှာ ကျည်ဆံ မပါပဲ တိုက်ပွဲဝင် နေခဲ့ ရသူ တွေလို ဖြစ်ခဲ့ ရတယ် လို့ ဆိုခဲ့ တာပဲ ဖြစ်ပါတယ် ။
ဒါ့အပြင် အသင်း ရဲ့ အထူး အားထား ရတဲ့ ကစားသမား 5 ဦး ၊ 6 ဦး လောက်သာ ဒဏ်ရာ ပြသနာ ကြံုတွေ့ နေကြ ရမယ် ဆိုရင် ဘယ် အသင်း တိုင်း မဆို ရလဒ် ကောင်းတွေ ပိုင်ဆိုင် နိုင်ဖို့ အတွက် ရုန်းကန် ရမှာ ဖြစ်ကြောင်း လက်ပ်ဇစ် အသင်း ကို 3 -0 ဆိုတဲ့ ရလဒ် နဲ့ ရှံုးနိမ် ခဲ့တဲ့ ချန်ပီယံ လိဂ် ဒုတိယ အကျော့ ပွဲစဉ် အပြီး မှာ မော်ရင်ဟို က ပြောကြား ခဲ့ပါ သေးတယ် ။
အခြား တစ်ဖက် မှာတော့ ပြီးဆုံး ခဲ့တဲ့ စက်တင်ဘာလ တုန်းက ယူနိုက်တက် တို့ ဝက်စ်ဟမ်း အသင်း ကို အဝေးကွင်း မှာ 2 – 0 ဆိုတဲ့ ရလဒ် နဲ့ ရှံုးနိမ့် ခဲ့စဉ် တုန်းက သတင်း သုံးသပ်သူ အဖြစ် အလုပ် လုပ်နေ ခဲ့တဲ့ မော်ရင်ဟို က ဒါဟာ ဆိုးလ်ရှား လက်အောက် မှာ အဆိုးရွားဆုံး ပွဲစဉ် တစ်ပွဲ ပဲလို့ ဝေဖန် ထိုးနှက် ခဲ့ပါ သေးတယ် ။
အဆိုပါ ပွဲစဉ် တုန်းက တော့ မန်ချက်စတာ ယူနိုက်တက် အသင်း ဖက်မှာ အားထား ရတဲ့ ကစားသမား အချို့ ဖြစ်ကြတဲ့ မာရှယ် ၊ ပေါ့ဂ်ဘာ နဲ့ လုခ်ရှော တို့ဟာ ဒဏ်ရာ ပြသနာ တွေ ကိုယ်စီ ကြံုတွေ့ နေခဲ့ ကြမှု ကြောင့် အသင်း အတွက် ပါဝင် ကစား ပေးနိုင်ခွင့် မပိုင်ဆိုင် ခဲ့ကြ ပါဘူး ။
ဒါ့အပြင် မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ လက်ရှိ ဘောလုံး ရာသီ အတွင်း မှာ အသင်း ရဲ့ အားထား ရတဲ့ ကစားသမား တွေ ဖြစ်တဲ့ ပေါ့ဂ်ဘာ ၊ မာရှယ် ၊ ရပ်ရှ်ဖို့ ၊ တော်မီနေး ၊ လုခ်ရှော ၊ မာတစ် တို့ မပါဝင် ခဲ့ပဲ ပွဲစဉ် အတော် များများ ကို အဆင် ပြေတဲ့ နည်းလမ်း တွေနဲ့ ရင်ဆိုင် ကျော်ဖြတ် ခဲ့ ရတာ ပဲ ဖြစ်ပါတယ် ။
ဒါကြောင့် တော့တင်ဟမ် ဟော့ စပါး အသင်း နဲ့ ရင်ဆိုင် ကစား ရမယ့် ပွဲစဉ် မတိုင်မီ သတင်းစာ ရှင်းလင်းပွဲ မှာ ယူနိုက်တက် နည်းပြ ဆိုးလ်ရှား က ပြိုင်ဖက် နည်းပြ ဖြစ်သူူ မော်ရင်ဟို ရဲ့ ငြီးတွား ခဲ့မှု တွေ အပေါ် အခုလို တုန့်ပြန် သွားခဲ့ တာပဲ ဖြစ် ပါတယ် ။ ( အခုတော့ ကော်ရိုနာ ဗိုင်းရပ်စ် ကြောင့် ပွဲပျက် ခဲ့တဲ့ အတွက် ဒီ ပွဲကို အတည်ပြုတဲ့ ရက်စွဲ ထွက်ပေါ် မလာ သေးခင် အထိ ကစားရ တော့မှာ မဟုတ် ပါဘူး )
” ကျွန်တော် ဟာ ပုံမှန် အားဖြင့် တော့ အခြား အသင်း တွေ အကြောင်း ၊ အခြား မန်နေဂျာ တွေရဲ့ အသင်း တွေ အကြောင်း ပြောဆို လေ့ မရှိတက် ပါဘူး ။ ပြီးတော့ အသင်း ရဲ့ ကစားသမား တွေ ဒဏ်ရာ ပြသနာ တွေ ကြံုတွေ့ နေကြ ရတာ ကြောင့် အခက်အခဲ တွေကို ရင်ဆိုင် နေရတဲ့ အကြောင်း ကိုလည်း ကျွန်တော် ပြောလေ့ မရှိ ပါဘူး ”
” ကျွန်တော် ကတော့ ကြံ့ခိုင်မှု ပြည့်ဝ နေတဲ့ ၊ အသင်း အတွက် အဆင်သင့် ဖြစ်နေ ကြတဲ့ ကစားသမား တွေရဲ့ အကြောင်း အပေါ်ပဲ အာရုံ စူးစိုက်လေ့ ရှိတက် ပါတယ် ။ အသင်း ရဲ့ ကစားသမား တိုင်းမှာ နေရာ တစ်ခု ပိုင်ဆိုင် နိုင်ရေး အတွက် စိန်ခေါ်မှု တွေကို ရင်ဆိုင် ရတာ တွေ ၊ အခြား အသင်းဖော် မပါဝင် နိုင်တဲ့ အချိန် အခွင့်အရေး ရယူ တာတွေ လည်း ရှိနေ တက်တယ် လေ ”
” ဒါက ဖြစ်လေ့ ရှိတဲ့ အရာ တစ်ခု ပါ ။ ကစားသမား တွေ ဆိုတာ ဒဏ်ရာ ပြသနာ ကြံုတွေ့ ကြမှာ ပါပဲ ။ ဒီအတွက် ကျွန်တော် တို့ တွေဟာ အဓိက ကစားသမား တွေ မပါဝင် နိုင်တဲ့ ပွဲစဉ် တွေကို ဘယ်လို စီမံ ခန့်ခွဲ ကြမလဲ ဆိုတဲ့ အပေါ် အစီအစဉ် ကောင်းကောင်း ထားရှိ ကြဖို့ အထူး လိုအပ် ပါတယ် ” လို့ ဆိုးလ်ရှား က ပြန်လည် တုန့်ပြန် သွားခဲ့ လိုက် ပါတယ် ။
လက်ရှိ အချိန် မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ ပေါ့ဂ်ဘာ ၊ ရပ်ရှ်ဖို့ တို့ ဒဏ်ရာ ပြသနာ ရရှိ နေကြ သလို အခြား ကစားသမား တွေလည်း အသေးစား ဒဏ်ရာ တွေကို ရရှိ နေကြ ချိန် ပုံစံ ကောင်းတွေ ပြသ ထားနိုင် ခဲ့ ကြပြီး ပြိုင်ပွဲစုံ 11 ပွဲဆက် ရှံုးပွဲ မရှိ သေးတဲ့ မှတ်တမ်း ကောင်း တစ်ရပ် ကို ပိုင်ဆိုင် ထားနိုင် ခဲ့ ပါတယ် ။

Credit # # #

# အပြင်မှာ ဒိုင်က ကြေးခိုးလွန်းတာ
# အကောက် ပေးရတာ များလွန်တာ
# လောင်းကြေး အစောကြီး ပိတ်တာ
# ကန်နေတဲ့ ပွဲတွေ လောင်းမရတာ
# "မောင်း" လောင်းတာကို "အဆ များများ" မရတာ
# လိဒ်တွေ ပြိုင်ပွဲတွေ နိုင်ငံပွဲ ချစ်ကြည်ရေးပွဲ ခြေစမ်းပွဲ မြန်မာပွဲ အစုံ ကြေးမဖွင့်တာ
# ငွေ စိတ်မချရတာ
# လူ သိ မခံချင်တာ နဲ့
အခြား အခြား သောကိစ္စတွေအတွက်
"Online Betting" အကောင့်ဖွင့်ပြီးကစားတာကလူကြီးမင်းရဲ့ ပြသနာတွေအတွက် အကောင်းဆုံး ဖြေရှင်းနိုင်မယ့် နည်းလမ်း တစ်ခု ဖြစ်​မှာပါခင်​ဗျာ............
ကဲ .... စိတ်ဝင်စားရင် အခုပဲ
🔰Champions Online Master Agent-CMA🔰
Online Betting ကို
Page Message Box မှဖြစ်​​စေ
Phone (သို့) Viberက​ဖြစ်စေ
မိတ်​​ဆွေများသိလိုသည်​များကိုအ​သေးစိတ်​
ဆက်​သွယ်​စုံစမ်​း​မေးမြန်​းနိုင်​ပါတယ်​ခင်​ဗျာ......
Viber Phone ☎: 09-954 904 000
☎: 09-778 866 455

# Please Call Now For Your Lucky Days.

ပရီးမီးယားလိဂ် ဘောလုံးရာသီ အပြီးမသတ် နိုင်ခဲ့ရင်တောင် ချန်ပီယံ ဖြစ်ဖို့ ဖြစ်နိုင်ချေ များနေတဲ့ လီဗာပူး🐧🐧🐧🐧🐧🐧🐧🐧🐧🐧🐧🐧🐧🐧🐧🐧(1...
14/03/2020

ပရီးမီးယားလိဂ် ဘောလုံးရာသီ အပြီးမသတ် နိုင်ခဲ့ရင်တောင် ချန်ပီယံ ဖြစ်ဖို့ ဖြစ်နိုင်ချေ များနေတဲ့ လီဗာပူး
🐧🐧🐧🐧🐧🐧🐧🐧🐧🐧🐧🐧🐧🐧🐧🐧
(14.3.2020)

လက်ရှိမှာတော့ အင်္ဂလန် မှာလဲ ကေ်ာရိုနာ ဗိုင်းရပ် ကူးစက်ခံရမှုတွေ ပေါ်ပေါက်လာတာကြောင့် ၊ ကြိုတင် ကာကွယ်တဲ့ အနေနဲ့ အားကစား ဆိုင်ရာ ပွဲစဉ်တွေ အားလုံးကို ရပ်ဆိုင်းလိုက်ပြီ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် နဲ့ EFL တို့ရဲ့ အောက်မှာ ကျင်းပနေတဲ့ ဘောလုံးပွဲတွေ ကိုလဲ ဧပြီလ 4 ရက်နေ့ အထိ ရွှေ့ဆိုင်းလိုက်ပါတယ်။ တစ်ချိန်တည်းမှာပဲ မတ်လ နောက်ပိုင်းမှာ ကစားမယ့် အင်္ဂလန် အသင်းရဲ့ ခြေစမ်းပွဲတွေကိုလဲ ဖျက်သိမ်းလိုက်ပါတယ်။
• ဧပြီလ 24 ရက်နေ့မှာ ကျင်းပဖို့ လျာထားခဲ့တဲ့ လန်ဒန် မာရသွန် ပြိုင်ပွဲကို အောက်တိုဘာ 4 ရက်နေ့ အထိ ရွေ့ဆိုင်းလိုက်ပါတယ်။
• ဥရောပ ဘောလုံး အဖွဲ့ချုပ်ကလဲ သူတု့ိရဲ့ ချန်ပီယံလိဂ် နဲ့ ယူရိုပါလိဂ် ပွဲစဉ်တွေကို နောက်တစ်ပတ် အထိ ရွေ့ဆိုင်းထားပါတယ်။
• ဗြိတိန်မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ရပ်ဘီ နဲ့ စက်ဘီး ပြိုင်ပွဲတွေကိုလဲ ဆိုင်းငံ့လိုက်သလို ၊ ခရစ်ကတ် ပွဲစဉ်တွေကိုလဲ ဖျက်သိမ်းလိုက်ပါတယ်။
• ဧပြီ 5 ရက် ၊ ဗီယက်နမ် မှာ ကျင်းပမယ့် ဖော်မြူလာဝမ်း ကားပြိုင်ပွဲကလဲ ဖျက်သိမ်းလိုက်ပါပြီ။
အဲဒီလိုသော အကြောင်းမျိုးစုံကြောင့် ပရီးမီးယားလိဂ် ပွဲစဉ်တွေလဲ ဧပြီလ အထိ ရပ်ဆိုင်းလိုက်ပေမယ့် ၊ အက်ဖ်အေ ဥက္ကဌ ဂရက် ကလပ်ခ် ကတော့ ဒီရာသီမှာ ဘောလုံးပွဲစဉ်တွေ အားလုံး ပြီးစီးအောင် ကျင်းပနိုင်ဖို့ မဖြစ်နိုင်လောက်ဘူးလို့ မနေ့က ထုတ်ဖော် ပြောဆိုလာခဲ့ပါတယ်။
ရလာဒ် အနေနဲ့တော့ ပရီးမီးယားလိဂ် ကလပ်သင်းတွေဟာ မနေ့ညက Video ကွန်ဖရင့် ကျင်းပခဲ့ပြီး ၊ ဘယ်လို ရှေ့ဆက်မလဲ ဆိုတဲ့ အကြောင်းအရာတွေ အောက်မှာ ဆွေးနွေးခဲ့ကြပါတယ်။
အဲဒီ အထဲမှာ အခြေအနေတွေ ဆိုးဝါးလာခဲ့လို့ ၊ ဒီရာသီ ဘောလုံးပြိုင်ပွဲကို ပြီးစီးအောင် ကျင်းပနိုင်ခဲ့ခြင်း မရှိခဲ့ဘူး ဆိုရင် လီဗာပူး အသင်းကို ချန်ပီယံ အဖြစ် သတ်မှတ်ပေးဖို့ အဆိုပြုချက်ဟာ ကန့်ကွက်သူ တော်တော်လေး နည်းခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာ လီဗာပူးဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို 25 မှတ် အကွာနဲ့ ဦးဆောင်နေတာ ဖြစ်ပြီး ၊ တရားဝင် ချန်ပီယံ ဖြစ်ဖို့ အတွက် 6 မှတ်သာ လိုတော့သာ ဖြစ်ပါတယ်။ ဒါကြောင့်လဲ ကလပ်အသင်းတွေ အားလုံးဟာ နားလည်မှု ရှိရှိ နဲ့ လီဗာပူး ဘက်ကို ရပ်တည်ပေးသွားခဲ့ကြပါတယ်။
တစ်ဆက်တည်းမှာပဲ ပွဲစဉ်တွေ အားလုံးကို သတ်မှတ်ထားတဲ့ ဧပြီလ 3 ရက်နေ့ ကျော်လွန်တာ နဲ့ ၊ ကျင်းပဖို့ ဖြစ်နိုင်ချေတွေ ရှိခဲ့ရင် ဆက်ပြီး ကစားသွားဖို့ ဘုံသဘော တူညီချက် ရယူခဲ့ကြပါတယ်။ ဒါ့အပြင် ပွဲစဉ်တွေ ဖျက်သိမ်းထားတဲ့ အတွက် ၊ ပုံမှန် ရက်အတိုင်း ပြီးဆုံးခဲ့ခြင်း မရှိဘူး ဆိုရင် ဇွန်လ နဲ့ ဇူလိုင် လ တွေထဲမှာ ဆက်လက် ကျင်းပဖို့ အတွက်လဲ ဆုံးဖြတ်ချက် ချခဲ့ပါတယ်။
အဲဒီ ကိစ္စကိုတော့ အင်္ဂါနေ့မှာ တွေ့ဆုံ ဆွေးနွေးကြမယ့် ဥရောပ ကလပ်များ ဆိုင်ရာ အစည်းအဝေးမှာ ဆက်လက် တင်ပြမှာ ဖြစ်ပြီး ၊ UEFA ဘက်က ခွင့်ပြု ပေးဖို့ တောင်းဆိုကြမှာ ဖြစ်ပါတယ်။ အကယ်၍ လိဂ် ပွဲစဉ်တွေသာ နောက်ဆုတ် ကစားခွင့် ပြုမယ် ဆိုရင် UEFA ဟာ သူ့ရဲ့ ယူရို 2020 ပြိုင်ပွဲကို တစ်နှစ် နောက်ဆုတ်ပြီးမှသာ ကျင်းပရတော့မှာ ဖြစ်ပါတယ်။

Credit # # #

# အပြင်မှာ ဒိုင်က ကြေးခိုးလွန်းတာ
# အကောက် ပေးရတာ များလွန်တာ
# လောင်းကြေး အစောကြီး ပိတ်တာ
# ကန်နေတဲ့ ပွဲတွေ လောင်းမရတာ
# "မောင်း" လောင်းတာကို "အဆ များများ" မရတာ
# လိဒ်တွေ ပြိုင်ပွဲတွေ နိုင်ငံပွဲ ချစ်ကြည်ရေးပွဲ ခြေစမ်းပွဲ မြန်မာပွဲ အစုံ ကြေးမဖွင့်တာ
# ငွေ စိတ်မချရတာ
# လူ သိ မခံချင်တာ နဲ့
အခြား အခြား သောကိစ္စတွေအတွက်
"Online Betting" အကောင့်ဖွင့်ပြီးကစားတာကလူကြီးမင်းရဲ့ ပြသနာတွေအတွက် အကောင်းဆုံး ဖြေရှင်းနိုင်မယ့် နည်းလမ်း တစ်ခု ဖြစ်​မှာပါခင်​ဗျာ............
ကဲ .... စိတ်ဝင်စားရင် အခုပဲ
🔰Champions Online Master Agent-CMA🔰
Online Betting ကို
Page Message Box မှဖြစ်​​စေ
Phone (သို့) Viberက​ဖြစ်စေ
မိတ်​​ဆွေများသိလိုသည်​များကိုအ​သေးစိတ်​
ဆက်​သွယ်​စုံစမ်​း​မေးမြန်​းနိုင်​ပါတယ်​ခင်​ဗျာ......
Viber Phone ☎: 09-954 904 000
☎: 09-778 866 455

# Please Call Now For Your Lucky Days.

ပရိသတ် မရှိကြတဲ့ အဝေးကွင်းမှာ ဂိုးပြတ် နိုင်ပွဲ ရယူနိုင် ခဲ့တဲ့ LASK 0 – 5 ယူနိုက်တက် ပွဲစဉ် မှ ပြောစရာ ဖြစ်ခဲ့ ရတဲ့ အချ...
13/03/2020

ပရိသတ် မရှိကြတဲ့ အဝေးကွင်းမှာ ဂိုးပြတ် နိုင်ပွဲ ရယူနိုင် ခဲ့တဲ့ LASK 0 – 5 ယူနိုက်တက် ပွဲစဉ် မှ ပြောစရာ ဖြစ်ခဲ့ ရတဲ့ အချက် 5 ချက်

🐧🐧🐧🐧🐧🐧🐧🐧🐧🐧🐧🐧🐧🐧🐧🐧
(13.3.2020)

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီနေ့ နံနက် မှာတော့ သြစကြီးယား မြေမှာ LASK အသင်း နဲ့ ယူရို ပါလိဂ် 16 သင်း ရှုံးထွက် အဆင့် ရဲ့ ပထမ အကျော့ ပွဲစဉ်ကို ကစားခဲ့ ရပြီး 0 – 5 ဆိုတဲ့ အဝေးကွင်း ဂိုးပြတ် နိုင်ပွဲ ရယူ သွားနိုင်ခဲ့ ပါတယ် ။ ဒီပွဲစဉ် မှာတော့ ကော်ရိုနာ ဗိုင်းရပ်စ် ရဲ့ ဂယက်ထမှု တွေကြောင့် ပရိသတ် တွေ ဝင်ရောက် ကြည့်ရှုခွင့် မရရှိ ခဲ့ကြပဲ တံခါးပိတ် ပွဲစဉ် ကစားခဲ့ ရတာပဲ ဖြစ်ပါတယ် ။
ဒါပေမယ့် ယူနိုက်တက် အသင်းဟာ ပထမပိုင်း မှာ အစ်ဂ်ဟာလိုရဲ့ သွင်းဂိုး နဲ့ ဦးဆောင် နိုင်ခဲ့ပြီး ဒုတိယပိုင်း မှာ ဒန်နီယယ် ဂျိမ်းစ် ၊ ဟွမ်မာတာ ၊ မာဆွန် ဂရင်းဝုဒ် နဲ့ အန်းဒရိစ် ပါရဲရား တို့ရဲ့ သွင်းဂိုး တွေနဲ့ အတူ ဂိုးပြတ် နိုင်ပွဲ ရယူ သွားနိုင် ခဲ့တာပဲ ဖြစ်ပါတယ် ။ ဒါ့ကြောင့် ပထမပိုင်း ရလဒ် နဲ့ပဲ ယူနိုက်တက် တို့ နောက် တစ်ဆင့် တက်ရောက်ဖို့ သေချာလု နီးပါး အနေအထား ကောင်း တစ်ရပ် ကို ပိုင်ဆိုင် နိုင်ခဲ့ပြီ လို့ ဆိုရ ပါ့မယ် ။
ဒီပွဲ မှာတော့ အဖွင့်ဂိုး အတွက် ဘရူနို ဖာနန်ဒက်စ် ရဲ့ ဘောလုံး ပေးပို့မှု ကောင်းခဲ့ သလို ဘောလုံး ထိန်းပြီး အပိုင် ကန်ခွင့် ကို ရှာဖွေ နိုင် ခဲ့တဲ့ အစ်ဂ်ဟာလို ရဲ့ ကန်ချက် ကလည်း ကောင်းမွန် ခဲ့ ပါတယ် ။ ဒါ့အပြင် ဒုတိယဂိုး အတွက် ဂျိမ်းစ်ရဲ့ လှုပ်ရှားမှု ကောင်းမွန် ခဲ့ပြီး တတိယဂိုး အတွက် မာတာ – ဖရက်ဒ် – မာတာရဲ့ အချိတ်အဆက် ကလည်း ကောင်းမွန် ခဲ့ ပါတယ် ။
ဒါ့အပြင် စာချုပ်သစ် ချုပ်ဆို ခဲ့တာ ရက်ပိုင်းသာ ရှိနေ သေးတဲ့ တာဟစ်ချောင် နဲ့ မာဆွန် ဂရင်းဝုဒ် တို့ရဲ့ ချိတ်ဆက် ကစားပုံ ကောင်းမွန် ခဲ့ပြီး နှစ်ဖက် ဂိုးတိုင် ကို ထိခဲ့ ပြီးမှ ဂိုးဝင် ခဲ့တဲ့ အင်္ဂလန် သားလေး ရဲ့ သွင်းဂိုး ကလည်း လှပ ခဲ့ ပါတယ် ။ ဒါ့အပြင် ယူနိုက်တက် မှာ ရုန်းကန် နေခဲ့ ရတဲ့ ကွင်းလယ်လူ ပါရဲရား ရဲ့ အဝေးကန်ချက် ကြောင့် ရရှိ ခဲ့တဲ့ သွင်းဂိုး ဟာလည်း ဝေဖန်မှု တွေအောက် ကျရောက် နေခဲ့တဲ့ ကစားသမား ကို စိတ်သက်သာရာ ရရှိ စေခဲ့ ပါတယ် ။
ဒါ့အပြင် ဒီ ပွဲစဉ် က ယူနိုက်တက် နည်းပြ ဆိုးလ်ရှား အတွက် အထူး စပါယ်ရှယ် ပွဲစဉ် တစ်ပွဲ လို့ ဆိုလိုက် ရင်လည်း မမှား ပါဘူး ။ ဆိုးလ်ရှား ဟာ ယူနိုက်တက် အသင်း ရဲ့ ယာယီ နည်းပြ ဘဝ မှာ 11 ပွဲဆက် ရှုံးပွဲ မရှိ ဆိုတဲ့ ရလဒ်ကို အကောင်းဆုံး ရလဒ် တစ်ခုအဖြစ် ပိုင်ဆိုင် ထားခဲ့ သူပဲ ဖြစ်ပါတယ် ။ အခုတော့ ဒီ နိုင်ပွဲ အပြီး ဆိုးလ်ရှား ဟာ အမြဲတမ်း နည်းပြ ဘဝ မှာလည်း အဆိုပါ မှတ်တမ်း ကောင်းကို လိုက်မီ ခဲ့ပြီ ပဲ ဖြစ်ပါတယ် ။
အခုတော့ ကွင်းထဲထိ လာရောက် အားပေး နိုင်ခွင့် မရှိခဲ့တဲ့ ပရိသတ် တွေကို တီဗီ ဖန်သားပြင် ကနေ ယူနိုက်တက် တို့ အကောင်းဆုံး ဖျော်ဖြေမှု ပေးဆောင် သွားနိုင် ခဲ့တဲ့ အဆိုပါ ပွဲစဉ် မှ ပြောစရာ ဖြစ်ခဲ့ ရတဲ့ အချက် 5 ချက် ကို ဖော်ပြ ပေးလိုက် ပါတယ် ။
(1) ဂိုးတွေ မြိုင်ခဲ့ ပေမယ့် တိတ်ဆိတ် ငြိမ်သပ် နေခဲ့တဲ့ ကွင်း
ဒါဟာ ပရီးမီးယားလိဂ် အသင်း တစ်သင်း အတွက် တံခါးပိတ် ကစားခဲ့ ရတဲ့ ပထမဆုံး ပွဲစဉ် တစ်ပွဲ ပဲ ဖြစ်ခဲ့ရ ပါတယ် ။ ဒါဟာ နောက်ဆုံး ဖြစ်သွား ဖို့တော့ မရှိသေး ပါဘူး ။ နောက်ထပ် တံခါးပိတ် ပွဲစဉ် အချို့ ကို ပရိသတ် တွေ ဆက်လက် မြင်တွေ ကြရ ဖို့ ရှိနေ ပါ သေးတယ် ။
တရုတ်ပြည်မှ စတင် ပျံ့ပွား လာခဲ့တဲ့ ကော်ရိုနာ ဗိုင်းရပ်စ် ဟာ အာရှ မြေမှာ သာမက ဥရောပ မြေမှာပါ အတော်လေး ဆိုးဆိုးရွားရွား ပျံ့နှံ့ နေခဲ့ တာကြောင့် ဘောလုံး အားကစားရဲ့ အကောင်းဆုံး လိဂ်မှ ကလပ် အသင်း တွေ ယှဉ်ပြိုင် ကစား ကြမယ့် ပွဲစဉ် အတော် များများ ပွဲပျက်ခြင်း ၊ ပွဲရွှေ့ခြင်း ၊ အကန့်အသတ် မရှိ ပွဲစဉ် တွေကို ရပ်ဆိုင်းခြင်း ဆိုတဲ့ အဖြစ်မျိုး ကြုံတွေ့ နေခဲ့ ကြရ ပါတယ် ။
ဒါ့အပြင် ရောဂါ ပျံ့ပွားမှု မဖြစ် စေဖို့ ၊ ပွဲစဉ် တွေကို ဆက်လက် ကစား ဖို့ ခွင့်ပြု ထားတဲ့ လိဂ် တွေမှာ လည်း ပွဲစဉ် အတော် များများ ကို တံခါးပိတ် ကစား ရဖို့ ရှိနေတာ ကြောင့် အခုလို ပရိတတ် မပါတဲ့ ဘောလုံးပွဲ တွေကို ဆက်လက် မြင်တွေ့ ရဖို့ ရှိနေ သေးတာပဲ ဖြစ်ပါတယ် ။ ဒီအတွက် ဆိုးကျိုး တွေကို ကျွန်တော်တို့ ဒီနေ့ ပွဲမှာ မြင်တွေ့ ခဲ့ရ ပါပြီ ။
တစ်ကယ်တမ်း မှာတော့ ကွင်းထဲက ကစားသမား တွေဟာ အကြိတ်အနယ် ကစားခဲ့ ကြပေမယ့် ပရိသတ် တွေရဲ့ စိတ်အား ထက်သန်စွာ အော်ဟစ် အားပေးမှု တွေ မရှိခဲ့တဲ့ ဒီလို ပွဲက ခြေစမ်းပွဲ တစ်ပွဲ သာသာ ပဲ ရှိနေ ခဲ့တာ ကို မြင်တွေ့ ခဲ့ရ ပါတယ် ။ သွင်းဂိုး တွေနဲ့ ပွဲကောင်းခဲ့ ပေမယ့် ပွဲကြည့် ရတာက ဆား မပါတဲ့ ဟင်းကို စားနေရ သလို ပဲ ဖြစ်နေ ခဲ့ရ ပါတယ် ။
ပိုဆိုးတာက ကွင်းထဲက ကစားသမား တွေရဲ့ ခံစားချက် ပါပဲ ။ ဘယ်လို ကစားသမား မဆို ဦးဆောင် ဂိုး ၊ အနိုင် ဂိုးတွေ သွင်းယူ လိုက်တိုင်း ပရိသတ်တွေ ဖက်ဆီ မာန် အပြည့် နဲ့ အော်ဟစ် ပြေးလွှားပြီး စိတ်ရှိ လက်ရှိ အောင်ပွဲ ခံချင် ကြတာချည်း ပါပဲ ။ ဒီလို အောင်ပွဲ ခံမှုတွေ ကလည်း ဘောလုံး အားကစား မှာ ပရိသတ် တွေကို ဆွဲဆောင် နိုင်တဲ့ အရာ တစ်ခုပဲ ဖြစ်ပါတယ် ။
ဒါပေမယ့် ဒီနေ့ ပွဲအတွက် ယူနိုက်တက် ကစားသမား တွေရဲ့ ခံစားချက် က တစ်ကယ့် ကို စိတ်မကောင်း စရာ ပါပဲ ။ ဂိုးတွေ သွင်းယူ ပြီး ဦးတည်ရာ ပြေးလွှားကာ အားရပါးရ အောင်ပွဲ ခံချင် ခဲ့ကြ ပေမယ့် ဘယ်သူ့ အရှေ့ သွားပြီး အောင်ပွဲ ခံရမှာလဲ ဆိုတဲ့ အသိစိတ် နဲ့ အတူ အသင်းဖော် အချင်းချင်းပဲ ပွေ့ဖက် အောင်ပွဲ ခံခဲ့ ကြရ တာက တံခါးပိတ် ပွဲစဉ် တစ်ပွဲ ရဲ့ အားရ စရာ မရှိတဲ့ မြင်ကွင်း တစ်ခုသာ ဖြစ်သွား ခဲ့ရ ပါတယ် ။

(2) မျှော်လင့် ထားတာ ထက် ပိုတဲ့ အဆင့်အတန်း တစ်ခု ကို ပြသ နိုင်ခဲ့ ပြန်တဲ့ ဘရူနို

ယူနိုက်တက် ကို စတင် ရောက်ရှိ ကတည်းက အထူး ခြေစွမ်း ကောင်းတွေ ပွဲဆက် ပြသ ထားနိုင် ခဲ့တဲ့ ပေါ်တူဂီ လက်ရွေးစင် အကြောင်း ကို ပွဲပြီးတိုင်း ချီးကျူး နေရတာ သာမန် ကိစ္စ တစ်ခု လို ဖြစ်နေ ခဲ့ရ ပါပြီ ။ သူ့ရဲ့ အရည်အသွေး တွေကို ထပ်မံ ချီးကျူး ဖို့ စကားလုံး တောင် ရှာရ ခက်နေ ပါပြီ ။
ပွဲ အနည်းငယ် သာ ကစားရ သေးတဲ့ သူ့ရဲ့ အရည်အသွေး တွေကို ပရီးမီးယား လိဂ်ရဲ့ အကောင်းဆုံး ကွင်းလယ်လူ တွေနဲ့ နှိုင်းယှဉ်လို့ မရနိုင်သေး ပါဘူး ။ ဒါပေမယ့် ဇန်နဝါရီလို အပြောင်း အရွှေ့ မျိုးမှာ ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ပရီးမီးယား လိဂ်ကို ရောက်လာပြီး ပုံစံကောင်း ပျောက်ဆုံး နေတဲ့ ယူနိုက်တက်လို အသင်း အတွက် ပွဲဆက် ခြေစွမ်း ပြနိုင် ခဲ့တာ ကတော့ ချီးကျူးမှု တွေနဲ့ ထိုက်တန်တယ် လို့ပဲ ဆိုရ ပါ့မယ် ။
မန်စီးတီး အသင်း နဲ့ ပွဲစဉ် တုန်းက အခွင့်ကောင်း ယူပြီး ဂိုး ဖန်တီး ပေးနိုင် ခဲ့တဲ့ ဘရူနို ဖာနန်ဒက်စ် ဟာ ဒီ တစ်ပွဲ မှာလည်း ဂိုး ဧရိယာ ထိပ်ကို ရောက်ရှိ နေတဲ့ အစ်ဂ်ဟာလို ဆီကို သေသပ် ကောင်းမွန်တဲ့ ဘောလုံး ပေးပို့မှု တစ်ရပ် ကို လုပ်ဆောင် ပြသွား နိုင်ခဲ့ ပြန် ပါတယ် ။ ဒီအတွက် သူ့ရဲ့ ဘောလုံး အမြင် ရှိမှု က ပရိသတ်တွေ အတွက် ကျေနပ် အားရ စရာ ဖြစ်ခဲ့ရ ပါတယ် ။
အခုတော့ သူဟာ အသင်း အတွက် ကစား ပေးထား ခဲ့တဲ့ ပွဲစဉ် 8 ပွဲ အနက် 5 ပွဲမှာ ဂိုးသွင်းယူမှု ( သို့ ) ဂိုး ဖန်တီးမှု အနည်းဆုံး တစ်ကြိမ် လုပ်ဆောင် နိုင်တဲ့ မှတ်တမ်းကောင်း တစ်ရပ် ပိုင်ဆိုင် နိုင်ခဲ့ ပါပြီ ။ ဒီအတွက် ပိုပြီး အားရ ကျေနပ် စရာ ကောင်းခဲ့ ရတာ က သူနဲ့ အတူ ယူနိုက်တက် အသင်း ရဲ့ ကစားကွက် နဲ့ ကစားသမား တွေရဲ့ စွမ်းဆောင်ရည် တိုးတက် ကောင်းမွန် လာမှု ပါပဲ ။
သူဟာ ကောင်းမွန်တဲ့ စွမ်းဆောင်ရည် တွေကို ရိုးရှင်စွာ ပြသ နေသူ တစ်ဦးပဲ ဖြစ်ပါတယ် ။ အကယ်လို့ သူသာ ဒီအတိုင်း ခြေစွမ် ဆက်လက် ပြမယ် ဆိုရင် ယူနိုက်တက် တို့ ဒီ ဘောလုံး ရာသီကို ကောင်းကောင်း အဆုံးသတ် နိုင်လိမ့်မယ် လို့တောင် မျှော်လင့်လို့ ရနေ ပါပြီ ။

(3) သံသယ ရှိခဲ့သူတွေ မှားယွင်းကြောင်း ပြလိုက် ပြန်တဲ့ အစ်ဂ်ဟာလို

တရုတ် စူပါ လိဂ်မှာ ကစား နေတဲ့ အသက် 30 အရွယ် တိုက်စစ်မှူး တစ်ယောက် က ယူနိုက်တက် လို အသင်း အတွက် ဘာများ လုပ်ပေး နိုင်မှာလဲ ဆိုတဲ့ မေးခွန်းတွေ ဇန်နဝါရီ တုန်းက ငြံ နေခဲ့ သလို တိုက်စစ်မှူး တစ်ဦး မခေါ်ယူ နိုင်ဘူး ဆိုရင် ဝေဖန် ခံရမှာ ဖြစ်တာကြောင့် ယူနိုက်တက် အသင်း ဖက်က ကြုံမိ ကြုံရာ ကစားသမား တစ်ဦး ခေါ်ယူ လိုက်တာပဲ လို့ ထင်ကြေး ပေးခံ ခဲ့ရ ပါ သေးတယ် ။
ဒါပေမယ့် ယူနိုက်တက် အတွက် သုံးကြိမ် ပွဲထွက် ကစားခွင့် ရရှိ ခဲ့ချိန် လေးဂိုး အထိ သွင်းယူ ပေးလိုက် နိုင်တဲ့ ကစားသမား က ဝေဖန်မှု တွေ မှားယွင်း နေကြောင်း LASK နဲ့ ပွဲစဉ် မှာ တစ်ဂိုး သွင်း ၊ တစ်ဂိုး ဖန်တီးပြီး သက်သေ ပြထား နိုင်ခဲ့ ပါပြီ ။ ဒီပွဲ မှာ သူ့ရဲ့ သွင်းဂိုး ကလည်း လှပ ကောင်းမွန် ခဲ့ ပါတယ် ။ အခုတော့ ယူနိုက်တက် ပရိသတ် တစ်ဦး ဖြစ်တဲ့ သူ့ကို အပြီးသတ် ခေါ်ယူ သင့်တယ် ဆိုတဲ့ မှတ်ချက် ပေးမှု အချို့ ကိုတောင် မြင်တွေ့ နေရ ပါပြီ ။

(4) ခံစစ် အတွက် ခေါင်းခဲရ ဦးမယ့် ဆိုးလ်ရှား

ယူနိုက်တက် အသင်း မှာတော့ ဗဟို ခံစစ် နေရာ အတွက် ဘယ်သူ တွေကို ရွေးချယ်မလဲ ဆိုရင် တစ်ရာသီလုံး ပုံစံ ကောင်းတွေ ပြသနိုင် ခဲ့တဲ့ အသင်း ခေါင်းဆောင် ဟယ်ရီ မက်ဂွားယား က နံပါတ်တစ် ဖြစ်နေမှာ အသေအချာ ပါပဲ ။ ဒီအတွက် ဒွိဟ ဖြစ်စရာ က သူနဲ့ ဘယ်သူ့ ကို တွဲဖက် ကစား စေမလဲ ဆိုတာ ပါပဲ ။ ဒါကို ဆိုးလ်ရှား လည်း စမ်းသပ် နေဆဲ လို့ ပြောရ ပါ့မယ် ။
ဒီ ရာသီ အတွင်း ခံစစ် ကစားသမား တွေ တစ်ဦး ပြီး တစ်ဦး ဒဏ်ရာ ပြသနာ ကြုံတွေ့ နေခဲ့ ကြချိန် ဆိုးလ်ရှား က မက်ဂွားယား နဲ့ လင်ဒီလော့ဖ် တို့ကို ခံစစ် မှာ အများဆုံး ပူးတွဲ ကစား စေခဲ့ ပါတယ် ။ ဒါပေမယ့် တစ်ခါတလေမှာ လင်ဒီလော့ဖ် ရဲ့ လုပ်ဆောင်ချက် တွေက ဝေဖန် စရာ ဖြစ်နေ ခဲ့ရ ပါတယ် ။
အခုတော့ ဘိုင်လီ ဒဏ်ရာ ပြသနာမှ ပြန်လည် ကောင်းမွန် ခဲ့ချိန် ဆိုးလ်ရှား က ပွဲထွက်ခွင့် ပေးခဲ့ပြီး ကစားသမား ဖြစ်သူ က ခြေစွမ်းကောင်း ပြသ နိုင်ခဲ့ ပါတယ် ။ ဒါပေမယ့် အရေး ကြီးတဲ့ ပွဲစဉ် တွေမှာ ဆိုးလ်ရှား ဟာ လင်ဒီလော့ဖ် ကိုပဲ သုံးစွဲ ခဲ့ ပါတယ် ။ အဆိုပါ ပွဲစဉ် တွေမှာ လင်ဒီလော့ဖ် ကလည်း အားကိုး နိုင်လောက်တဲ့ ခြေစွမ်းကောင်း တွေကို ပြသ ထားနိုင်ခဲ့ ပါတယ် ။
အခုတော့ LASK အသင်း နဲ့ ပွဲမှာ ဘိုင်လီ ဟာ ကောင်းမွန် လှတဲ့ ပိတ်ဆို့ ဟန့်တားမှု ၊ အန္တရာယ် ဖြစ်စေ နိုင်မယ့် အခွင့် အရေး တွေကို ဖျက်စီး ပစ်နိုင်ခဲ့ ပါတယ် ။ ဒါ့ကြောင့် ဆိုးလ်ရှား အတွက်တော့ ဗဟို ခံစစ် နေရာ မှာ ဘယ်သူ့ ကို သုံးစွဲ ရမလဲ ဆိုတာ ခေါင်းခဲရ တော့မှာ အသေအချာ ပါပဲ ။ ဒါ့အပြင် ဒဏ်ရာ မရရှိ ခဲ့စဉ် တုန်းက ပုံစံ ကောင်းတွေ ပြနိုင် ခဲ့တဲ့ တွမ်ဇီဘီ ဟာလည်း ဗဟို ခံစစ် နေရာ မှာ ပွဲထွက် ရဖို့ စိန်ခေါ် နိုင်စွမ်း ရှိသူ တစ်ဦး ပါပဲ ။

(5) ဂိုး မိုးခေါင်မှု ကို အဆုံးသတ် နိုင်ခဲ့တဲ့ ဂျိမ်းစ်

ပြီးခဲ့တဲ့ နွေ အပြောင်း အရွှေ့ တုန်းက မန်ချက်စတာ ယူနိုက်တက် အသင်း ဆီ ပေါင် 18 သန်းနဲ့ ပြောင်းရွှေ့ ရောက်ရှိ လာခဲ့တဲ့ တောင်ပံ တိုက်စစ် ကစားသမား လေးဟာ အသင်း သစ်မှာ အစ ကောင်းခဲ့တဲ့ အတွက် ပွဲထွက်ခွင့် တွေကို ဆက်တိုက် ပိုင်ဆိုင် နိုင်ခွင့် ရရှိခဲ့ ပေမယ့် သြဂုတ်လ နောက်ပိုင်း မှာတော့ ဂိုးတွေ သွင်းယူ နိုင်ဖို့ ရုန်းကန် ခဲ့ရ ပါတယ် ။
ဒါပေမယ့် သူဟာ လျင်မြန် သွက်လက်သူ ၊ ပြိုင်ဖက် ခံစစ်မှူး တွေကို အလုပ်ရှုပ် စေနိုင်သူ ဖြစ်တာကြောင့် ဆိုးလ်ရှား က သူ့ကို ဆက်လက် အသုံးပြုခဲ့ ပါတယ် ။ ဒါပေမယ့် ခြေစွမ်း ကောင်းတွေ မပြ နိုင်တာ များခဲ့ ရတဲ့ နောက် သူ့ရဲ့ ပွဲထွက် ကစားခွင့် မိနစ် တွေဟာ လျော့နည်း လာခဲ့ရ ပါတယ် ။ အဆိုပါ နေရာ မှာ မာတာ နဲ့ ဂရင်းဝုဒ် တို့က ကြုံသလို နေရာ ရရှိ ခဲ့ကြ ပါတယ် ။
ဒါပေမယ့် အခုတော့ ဂျိမ်းစ် ဟာ အသင်းဖော်သစ် အစ်ဂ်ဟာလို ရဲ့ ဖန်တီး ပေးမှု က တစ်ဆင့် အတွက် ကောင်းမွန်တဲ့ ကန်ချက် နဲ့ အတူ ဂိုး မိုးခေါင် နေမှု ကို ရပ်တန့် နိုင်ခဲ့ ပါပြီ ။ ဒီအတွက် ကစားသမား ဖြစ်သူဟာ စိတ် သက်သာရာ ရရှိ နေမှာ အသေအချာ ပါပဲ ။ ဒါ့အပြင် အသင်း ရဲ့ ရှုံးပွဲ မရှိ ရလဒ် တွေကြောင့် စိတ်ဓါတ် တက်ကြွပြီး ယုံကြည်မှု အားကောင်း နေမှာ အသေအချာ ပါပဲ ။ ဒီလို အချိန် အခွင့်အရေး ရရှိတဲ့ အခါ ဂိုးတွေ ထပ်သွင်း နိုင်မယ် ဆိုရင်တော့ ပွဲထွက်ခွင့် တစ် နေရာ ကို ပြန်လည် ပိုင်ဆိုင် နိုင်ပါ လိမ့်မယ် ။

Credit # # #

# အပြင်မှာ ဒိုင်က ကြေးခိုးလွန်းတာ
# အကောက် ပေးရတာ များလွန်တာ
# လောင်းကြေး အစောကြီး ပိတ်တာ
# ကန်နေတဲ့ ပွဲတွေ လောင်းမရတာ
# "မောင်း" လောင်းတာကို "အဆ များများ" မရတာ
# လိဒ်တွေ ပြိုင်ပွဲတွေ နိုင်ငံပွဲ ချစ်ကြည်ရေးပွဲ ခြေစမ်းပွဲ မြန်မာပွဲ အစုံ ကြေးမဖွင့်တာ
# ငွေ စိတ်မချရတာ
# လူ သိ မခံချင်တာ နဲ့
အခြား အခြား သောကိစ္စတွေအတွက်
"Online Betting" အကောင့်ဖွင့်ပြီးကစားတာကလူကြီးမင်းရဲ့ ပြသနာတွေအတွက် အကောင်းဆုံး ဖြေရှင်းနိုင်မယ့် နည်းလမ်း တစ်ခု ဖြစ်​မှာပါခင်​ဗျာ............
ကဲ .... စိတ်ဝင်စားရင် အခုပဲ
🔰Champions Online Master Agent-CMA🔰
Online Betting ကို
Page Message Box မှဖြစ်​​စေ
Phone (သို့) Viberက​ဖြစ်စေ
မိတ်​​ဆွေများသိလိုသည်​များကိုအ​သေးစိတ်​
ဆက်​သွယ်​စုံစမ်​း​မေးမြန်​းနိုင်​ပါတယ်​ခင်​ဗျာ......
Viber Phone ☎: 09-954 904 000
☎: 09-778 866 455

# Please Call Now For Your Lucky Days.

ကိုရိုနာဗိုင်းရပ်စ် သံသယရှိတာကြောင့် သီးသန့် ခွဲထား ခံရတော့မယ့် ရိုနယ်ဒို🐧🐧🐧🐧🐧🐧🐧🐧🐧🐧🐧🐧🐧🐧🐧🐧(12.3.2020)ပေါ်တူဂီ နဲ့ ယူဗင်တပ...
12/03/2020

ကိုရိုနာဗိုင်းရပ်စ် သံသယရှိတာကြောင့် သီးသန့် ခွဲထား ခံရတော့မယ့် ရိုနယ်ဒို
🐧🐧🐧🐧🐧🐧🐧🐧🐧🐧🐧🐧🐧🐧🐧🐧
(12.3.2020)

ပေါ်တူဂီ နဲ့ ယူဗင်တပ် အသင်း တို့ရဲ့ တိုက်စစ်မှုးကြီး ခရစ္စတီယာနို ရိုနယ်ဒို ကတော့ မာဒီရာ ကျွန်းမှာ ရှိတဲ့ သူ့ရဲ့ နေအိမ် ကနေ အပြင် ထွက်ခွင့် မရ တော့ ပါဘူး ။ ဘာကြောင့် လည်း ဆိုတော့ ရိုနယ်ဒို ရဲ့ အသင်းဖော် ဒန်နီရယ် ရူဂါနီ မှာ လက်ရှိ ကမ္ဘာကြီး ကို ခြိမ်းခြောက် နေတဲ့ ကိုရိုနာ ဗိုင်းရပ်စ် လက္ခဏာ တွေ တွေ့ ရှိ ခဲ့တာ ကြောင့် ယူဗင်တပ် အသင်းသားတွေ ကို သေချာ စောင့်ကြည့် ကြ တော့မှာ ဖြစ်လို့ ပါပဲ ။ ဒီအထဲ မှာ ရိုနယ်ဒို လည်း ပါဝင် ခဲ့ ပါတယ် ။
အီတလီ ဟာ ကိုရိုနာ ဗိုင်းရပ်စ် ရဲ့ ခြိမ်းခြောက်မှု ကြောင့် တစ်နိုင်ငံ လုံး ကို ပိတ်ဆို့ ထားလိုက် ပြီ ဖြစ် ပါတယ် ။ ရိုနယ်ဒို ကတော့ ဒီလို ပိတ်ဆို့မှု မပြုလုပ် ခင် မှာ မိခင် ဖြစ်သူရဲ့ ကျန်းမာရေး အခြေအနေ ကြောင့် မိခင် နိုင်ငံ ပေါ်တူဂီ ကို ပြန်သွား ခဲ့ ပါတယ် ။
ဒါပေမယ့် ရိုနယ်ဒို ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ တုန်းက အင်တာ မီလန် အသင်း နဲ့ ကစား ခဲ့တဲ့ စီးရီးအေ ပွဲစဉ် မှာ ပါဝင် ကစား ခဲ့ပြီး အဆိုပါ ပွဲမှာ ရူဂါနီ လည်း အတူ ရှိနေခဲ့ ပါတယ် ။ ရူဂါနီ ဟာ ပွဲ အပြီး အဝတ် လဲခန်း ထဲမှာ ရိုနယ်ဒို အပါ အဝင် ယူဗင်တပ် ကစား သမားတွေ နဲ့ အတူ ပွေ့ဖက် အမှတ်တရ ဓါတ်ပုံ ရိုက်ခဲ့ ကြပြီး ဒီ ဖြစ်ရပ် ဟာ တစ်ပတ် သာ ကြာမြင့် သေးပါတယ် ။
ဒါကြောင့် ကိုရိုနာ ဗိုင်းရပ်စ် လက္ခဏာ တွေ့ ရှိနေတဲ့ ရူဂါနီ နဲ့ အနီးကပ် နေထိုင် ဆက်ဆံ ခဲ့သူ အားလုံး ကို စောင့်ကြည့် အခြေအနေ မှာ စာရင်း သွင်း လိုက်ပြီ ဖြစ်တာကြောင့် ရိုနယ်ဒို ဟာလည်း အီတလီ ကို ပြန် မလာ နိုင်သေးဘဲ မာဒီရာ က နေအိမ် မှာ စစ်ဆေး စောင့်ကြည့် ခံရ တော့မှာ ဖြစ် ပါတယ် ။
ဒါဟာ ပရော်ဖက်ရှင်နယ် ဘောလုံး သမား တွေ ထဲ မှာ ဒုတိယ မြောက် ကိုရိုနာ လက္ခဏာ ပြသမှု ဖြစ်ပြီး ဟန်နိုဗာ အသင်းရဲ့ ကစား သမား က ပထမဆုံး ဖြစ်ခဲ့ ပါတယ် ။ ရူဂါနီ က တော့ သူ ဟာ ကျန်းမာ နေပြီး အဆင်ပြေ နေကြောင်း နဲ့ တာဝန် ရှိသူတွေ ချမှတ် ထားတဲ့ စည်းမျဉ်း စည်းကမ်းတွေ အတိုင်း လုပ်ဆောင် သွားမှာ ဖြစ်ကြောင်း တွစ်တာ က နေ ပြောဆို အသိပေး သွားခဲ့ ပါတယ်
အီတလီ ဟာ တရုတ် နဲ့ တောင်ကိုရီးယား တို့ ပြီးပါက ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှု မှာ ကမ္ဘာ့ တတိယ အများဆုံး နိုင်ငံ အဖြစ် ရှိနေပြီး နောက်ဆုံး ၂၄ နာရီ အတွင်းမှာ ကိုရိုနာ ဗိုင်းရပ်စ် ကြောင့် သေဆုံးသူ ၂၀၀ နီးပါး အထိ ရှိ လာခဲ့ပြီ လို့ သိရ ပါတယ် ။
ဒါကြောင့် ဧပြီလ အထိရွှေ့ဆိုင်း ထားတဲ့ ကစားပွဲ တွေ ကို အပြီးတိုင် ပိတ်သိမ်း ရမယ့် အနေ အထား အထိ ရှိလာ နိုင်ပြီး ချန်ပီယံ မရှိတဲ့ ရာသီ တစ်ခု အဖြစ် အဆုံးသတ် ဖို့ အလားအလာ တွေ ရှိနေ ခဲ့ ပါတယ် ။ ရာသီသစ် ကို ပြန်စတင်ချိန် မှာ အသင်း ၂၂ သင်း နဲ့ ကစားဖို့ ကိုလည်း ဆွေးနွေး တိုင်ပင် နေကြတယ်လို့ ကြားသိရ ပါတယ် ။
အင်္ဂလန် လက်ရွေးစင် အသင်း ဟာ ကနဦး က အီတလီ အသင်းနဲ့ ခြေစမ်းပွဲ ကို မဖျက်သိမ်းဘဲ ကစားဖို့ စီစဉ် ထားခဲ့ ပေမယ့် ယူဗင်တပ် ခံစစ်မှုး ရူဒီဂါ မှာ ကိုရိုနာ ဗိုင်းရပ်စ် လက္ခဏာ တွေ့ ရှိ ခဲ့တဲ့ သတင်း ထွက်ပေါ် အပြီး မှာတော့ ခြေစမ်းပွဲ ကို ဖျက်သိမ်းဖို့ စိတ်ကူး လာခဲ့ပြီလို့ သိရ ပါတယ် ။
ယူဗင်တပ် နဲ့ ကစား ခဲ့တဲ့ အင်တာ မီလန် အသင်း ဟာ လည်း ကစား သမား အားလုံး ကို စစ်ဆေးမှု ပြုလုပ် မှာ ဖြစ်တာ ကြောင့် ဘောလုံးပွဲစဉ် အပါ အဝင် ဘယ်လို activity တွေကိုမှ ပြုလုပ် ဦးမှာ မဟုတ်သေးဘဲ အကန့် အသတ် မရှိ ရပ်နား ထားမယ်လို့ ထုတ်ပြန် ကြေညာ လိုက်ပြီဖြစ် ပါတယ် ။
ဟန်နိုဗာ ကစား သမားမှာ ကိုရိုနာ လက္ခဏာ တွေ့ရှိ အပြီး မှာတော့ ဂျာမန် ဘွန်ဒစ်လီဂါ ဟာ လာမယ့် အပတ် ပွဲစဉ်တွေ အပြီးမှာ ရပ်နား ထားဖို့ ရှိနေပြီလို့ သိရ ပါတယ် ။ ရီးရဲ ဆိုဆီဒက် နဲ့ ဘီဘာအို တို့ ယှဉ်ပြိုင် ကစားမယ့် စပိန် ကိုပါဒယ်ရေး ဖလား ဗိုလ်လုပွဲ ကလည်း ကိုရိုနာ ဗိုင်းရပ်စ် အန္တရာယ် ကြောင့် ရွေ့ဆိုင်း လိုက်ပြီလို့ သိရ ပါတယ် ။

Credit # # #

# အပြင်မှာ ဒိုင်က ကြေးခိုးလွန်းတာ
# အကောက် ပေးရတာ များလွန်တာ
# လောင်းကြေး အစောကြီး ပိတ်တာ
# ကန်နေတဲ့ ပွဲတွေ လောင်းမရတာ
# "မောင်း" လောင်းတာကို "အဆ များများ" မရတာ
# လိဒ်တွေ ပြိုင်ပွဲတွေ နိုင်ငံပွဲ ချစ်ကြည်ရေးပွဲ ခြေစမ်းပွဲ မြန်မာပွဲ အစုံ ကြေးမဖွင့်တာ
# ငွေ စိတ်မချရတာ
# လူ သိ မခံချင်တာ နဲ့
အခြား အခြား သောကိစ္စတွေအတွက်
"Online Betting" အကောင့်ဖွင့်ပြီးကစားတာကလူကြီးမင်းရဲ့ ပြသနာတွေအတွက် အကောင်းဆုံး ဖြေရှင်းနိုင်မယ့် နည်းလမ်း တစ်ခု ဖြစ်​မှာပါခင်​ဗျာ............
ကဲ .... စိတ်ဝင်စားရင် အခုပဲ
🔰Champions Online Master Agent-CMA🔰
Online Betting ကို
Page Message Box မှဖြစ်​​စေ
Phone (သို့) Viberက​ဖြစ်စေ
မိတ်​​ဆွေများသိလိုသည်​များကိုအ​သေးစိတ်​
ဆက်​သွယ်​စုံစမ်​း​မေးမြန်​းနိုင်​ပါတယ်​ခင်​ဗျာ......
Viber Phone ☎: 09-954 904 000
☎: 09-778 866 455

# Please Call Now For Your Lucky Days.

ဘရူနို ဖာနန်ဒက်စ်ကြောင့် ခြေစွမ်း တိုးတက် ကောင်းမွန် လာတဲ့ ယူနိုက်တက် ကစားသမား သုံးဦး အမည်ကို ထုတ်ဖော် ပြောကြားလိုက်တဲ့ ...
12/03/2020

ဘရူနို ဖာနန်ဒက်စ်ကြောင့် ခြေစွမ်း တိုးတက် ကောင်းမွန် လာတဲ့ ယူနိုက်တက် ကစားသမား သုံးဦး အမည်ကို ထုတ်ဖော် ပြောကြားလိုက်တဲ့ ဟားဂရေ့ဗ်
🐧🐧🐧🐧🐧🐧🐧🐧🐧🐧🐧🐧🐧🐧🐧🐧(12.3.2020)

ကွင်းလယ်ပိုင်း ဖန်တီးမှု အားနည်း နေခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ တုန်းက စပို့တင်း လစဘွန်း အသင်း မှ ကွင်းလယ် ကစားသမား ဖြစ်သူ ဘရူနို ဖာနန်ဒက်စ် ကို ပေါင် 67.8 သန်းနဲ့ ခေါ်ယူ ခဲ့ ပါတယ် ။ ဒါ့ကြောင့် ယူနိုက်တက် ပရိသတ် တွေက ကစားသမား အပေါ် မျှော်လင့်ချက် အတော်အသင့် ထားရှိ ခဲ့ကြ ပါတယ် ။
တစ်ကယ်တမ်း မှာတော့ ကစားသမား ဖြစ်သူ ဟာ အသင်း ကို ရောက်ရှိ ခဲ့ပြီး အချိန်တို အတွင်း မှာပဲ ပရိသတ် တွေ မျှော်လင့် ထားခဲ့ ကြတာ ထက် ပိုပြီး စွမ်းရည် ပြသ နိုင်ခဲ့ ပါတယ် ။ ဘရူနို ဟာ ယူနိုက်တက် အသင်း အတွက် ပွဲထွက် ကစား ခွင့် ရရှိ ခဲ့တဲ့ ပထမဆုံး ပွဲစဉ် 6 ပွဲ မှာပဲ အသင်း အတွက် ကိုယ်တိုင် 3 ဂိုး သွင်းယူ ပေးထား နိုင်ခဲ့ သလို အသင်းဖော် တွေ အတွက် 3 ကြိမ် ဂိုး ဖန်တီး ပေးထား နိုင်ခဲ့ ပါတယ် ။
ဒါ့အပြင် ဘရူနို ဖာနန်ဒက်စ် ဟာ မန်ချက်စတာ ယူနိုက်တက် အသင်း အတွက် ပထမဆုံး အကြိမ် အဖြစ် ပွဲထွက် ကစားပေး ခဲ့တဲ့ လ မှာပဲ အထူး ခြေစွမ်း ကောင်းတွေ ပြသ ထားနိုင် ခဲ့တာ ကြောင့် အသင်း ရဲ့ တစ်လတာ အကောင်းဆုံး ကစားသမား ဆုကို ဆွတ်ခူး နိုင်ခဲ့ရုံ သာမက PFA ရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမား ဆုကိုပါ ရယူ ဆွတ်ခူး နိုင်ခဲ့သူ ပဲ ဖြစ်ခဲ့ ပါတယ် ။
အခြား တစ်ဖက် မှာတော့ သူဟာ အသင်း အတွက် တိုက်ရိုက် အကျိုးပြု ပေးနိုင် ခဲ့ရုံ သာမက အသင်း ရဲ့ ကစားပုံ ၊ အသင်းဖော် အချို့ ရဲ့ စိတ်ဓါတ် နဲ့ ခြေစွမ်း တွေကို ပါ တိုးတက် ကောင်းမွန် စေနိုင် ခဲ့တဲ့ အတွက် ဘရူနို ဖာနန်ဒက်စ် ဟာ ယူနိုက်တက် အသင်း အတွက် ပြောင်းရွှေ့ကြေး နဲ့ ထိုက်တန် လွန်းတဲ့ ကစားသမား တစ်ဦး အဖြစ် သတ်မှတ် ခံခဲ့ရ ပါတယ် ။
အခုတော့ မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ ကွင်းလယ် တိုက်စစ် ကစားသမား ဟောင်း တစ်ဦး ဖြစ်သူ အိုဝင် ဟားဂရေ့ဗ် က ဘရူနို ဖာနန်ဒက်စ် ဟာ အသင်းဖော် ကွင်းလယ် ကစားသမား တွေ ဖြစ်တဲ့ ဖရက်ဒ် ၊ မာတစ် နဲ့ တိုက်စစ် ကစားသမား ဖြစ်သူ အန်သိုနီ မာရှယ် တို့ရဲ့ ခြေစွမ်း တွေကို ပိုကောင်း စေခဲ့ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။
” ဟုတ်ပါပြီ ၊ ခင်ဗျား တို့ အနေ နဲ့ သူ့ရဲ့ အနား မှာ ရှိနေ ကြတဲ့ ကစားသမား တွေရဲ့ စွမ်းဆောင်ရည် တွေကို ကြည့်ရှု သင့်တယ် လို့ ကျွန်တော် ထင် ပါတယ် ။ ဖရက်ဒ် ဟာ ဒီ ဘောလုံး ရာသီ အတွင်း ကစားပုံ ကောင်းမွန် နေခဲ့တာ ကျွန်တော် သိ ပါတယ် ။ ဒါပေမယ့် ဘရူနို ရောက်ရှိ လာခဲ့တဲ့ နောက် ဖရက်ဒ် က ဘောလုံး ကိုင် ကစားတာ တွေကို ပိုပြီး သက်သောင့် သက်သာ လုပ်ဆောင် ပြနိုင် ခဲ့ ပါတယ် ”
” ပြီးတော့ အန်သိုနီ မာရှယ် ရဲ့ မန်စီးတီး အသင်း တုန်းက သွင်းဂိုး ကို ကြည့်ရှု လိုက်ပါ ။ သူတို့ နှစ်ဦး ဟာ နားလည်မှု နဲ့ အတူ ချိတ်ဆက် ကစားရင်း ဂိုး ရရှိ နိုင်ခဲ့ ပါတယ် ။ ဒါက လေ့ကျင့်ရေး ကွင်းမှာ လေ့ကျင့် ကြိုးစားရင်း အခုလို ပြနိုင် ခဲ့တဲ့ ပုံစံမျိုး မဟုတ်ခဲ့ ပါဘူး ။ ဒါက သူတို့ တွေရဲ့ ပင်ကိုယ် ဗီဇ ကောင်းတွေ ဟာ အတူ တွဲဖက် ကစားရင်း ပေါ်ထွက် လာခဲ့ခြင်း ပါပဲ ”
” စီးတီး ခံစစ် က နေရာလွတ် တွေကို ပိတ်ဆို့ ကစား နိုင်ဖို့ ကြိုးစားရင်း နဲ့ မာရှယ် ကို ဟန့်တား နိုင်ဖို့ ပစ်မှတ် ထားခဲ့ ကြ ပါတယ် ။ ဒါပေမယ့် လရူနို ကတော့ လှပတဲ့ ဘောလုံး ပေးပို့မှု လုပ်ဆောင် နိုင်ခဲ့ ပါတယ် ။ သူဟာ တစ်ကယ့် ကို ထိပ်တန်း ကစားသမား တစ်ဦး ပါပဲ ။ ထိပ်တန်း ကစားသမား တွေက အတူ ပူးပေါင်း ကစား ရတာ ကို အထုူ နှစ်သက် တက်ကြ ပါတယ် ” လို့ ဟားဂရေ့ဗ် က ချီးကျူး သွားခဲ့ လိုက် ပါတယ် ။
အိုဝင် ဟားဂရေ့ဗ် ဟာ ယခင် တုန်းက ဘရူနို ဖာနန်ဒက်စ် ကို အသင်း ရဲ့ အသင်းဖော် ကစားသမား ဟောင်း ဖြစ်သူ ပေါလ် စခိုးလ် နဲ့ အရည်အသွေး ဆင်တူတဲ့ ကစားသမား တစ်ဦး အဖြစ် ထုတ်ဖော် ချီးကျူး ခဲ့ပါ သေးတယ် ။ စခိုးလ် ဟာ လက်ရှိ အချိန် BT Sports မှာ ဟားဂရေ့ဗ် နဲ့ အတူ လုပ်ဖော် ကိုင်ဖက် အဖြစ် သတင်း သုံးသပ် နေသူ တစ်ဦး ပဲ ဖြစ်ပါတယ် ။ အခုတော့ …
” ကျွန်တော် နဲ့ စခိုလီ နဲ့ ပွဲ အတူ ကြည့်ခဲ့ ကြတဲ့ ပွဲစဉ် တစ်ပွဲ တုန်းက ယူနိုက်တက် ဟာ နောက်ထပ် ပေါလ် စခိုးလ် တစ်ယောက် တွေ့မြင် နိုင်မှာ မဟုတ်ကြောင်း ပြောခဲ့ ကြပါ သေးတယ် ။ ဒါပေမယ့် ဘရူနို ဖာနန်ဒက်စ် ကတော့ အသင်းဖော် တွေကို ပိုကောင်း စေနိုင်တဲ့ အရည်အသွေး ရှိသူ တစ်ဦး ပါပဲ ။ အခုတော့ ကောင်လေး တွေက ပွဲစဉ် တွေကို ပျော်ရွှင် ခံစား နေကြ ပါပြီ ”

” မာတစ် က သူ့ကြောင့် ပိုကောင်း နေပါပြီ ၊ ဖရက်ဒ် ကလည်း သူ့ကြောင့် ပိုကောင်း နေပါပြီ ။ အန်သိုနီ ကလည်း သူနဲ့ အတူ ပါတနာ တစ်ဦး အဖြစ် အကောင်းဆုံး ကစား ပြနေပြီ ဖြစ်သလို ယူနိုက်တက် အသင်း ရဲ့ ကစားသမား တိုင်းက ပိုကောင်း နေ့ပြီ ဆိုတာ တွေ့မြင် နေရ ပါတယ် ။ သူဟာ အသင်း ဆီကို ခေါင်းဆောင် နိုင်မှု စွမ်းရည် ကိုလည်း ယူဆောင် လာနိုင်ခဲ့ ပါသေးတယ် ”
” ခေါင်းဆောင် နိုင်မှု စွမ်းရည် ရှိခြင်း ဆိုတာ အသင်း အတွက် တစ်ကယ်ပဲ လိုအပ် လှ ပါတယ် ။ ဘရူနို ဟာ တစ်ကယ်ပဲ အလုပ် ကြိုးစားသူ တစ်ဦး ပါ ။ သူဟာ တစ်ကယ်ပဲ တိုးတက် ကောင်းမွန် လာနိုင်ခဲ့ သလို လူတွေ မျှော်လင့် ထားခဲ့ ကြတာ ထက် အများကြီး ပိုကောင်းအောင် လုပ်ဆောင် နိုင်ခဲ့ ပါတယ် ” လို့ ဟားဂရေ့ဗ် က ထုတ်ဖော် ချီးကျူး သွားခဲ့လိုက် ပါတယ် ။

Credit # # #

# အပြင်မှာ ဒိုင်က ကြေးခိုးလွန်းတာ
# အကောက် ပေးရတာ များလွန်တာ
# လောင်းကြေး အစောကြီး ပိတ်တာ
# ကန်နေတဲ့ ပွဲတွေ လောင်းမရတာ
# "မောင်း" လောင်းတာကို "အဆ များများ" မရတာ
# လိဒ်တွေ ပြိုင်ပွဲတွေ နိုင်ငံပွဲ ချစ်ကြည်ရေးပွဲ ခြေစမ်းပွဲ မြန်မာပွဲ အစုံ ကြေးမဖွင့်တာ
# ငွေ စိတ်မချရတာ
# လူ သိ မခံချင်တာ နဲ့
အခြား အခြား သောကိစ္စတွေအတွက်
"Online Betting" အကောင့်ဖွင့်ပြီးကစားတာကလူကြီးမင်းရဲ့ ပြသနာတွေအတွက် အကောင်းဆုံး ဖြေရှင်းနိုင်မယ့် နည်းလမ်း တစ်ခု ဖြစ်​မှာပါခင်​ဗျာ............
ကဲ .... စိတ်ဝင်စားရင် အခုပဲ
🔰Champions Online Master Agent-CMA🔰
Online Betting ကို
Page Message Box မှဖြစ်​​စေ
Phone (သို့) Viberက​ဖြစ်စေ
မိတ်​​ဆွေများသိလိုသည်​များကိုအ​သေးစိတ်​
ဆက်​သွယ်​စုံစမ်​း​မေးမြန်​းနိုင်​ပါတယ်​ခင်​ဗျာ......
Viber Phone ☎: 09-954 904 000
☎: 09-778 866 455

# Please Call Now For Your Lucky Days.

အက်သလက်တီကို နဲ့ ပွဲစဉ်မှာ လီဗာပူး ရဲ့ အဓိက အမှားကို ထောက်ပြလိုက်တဲ့ ယာဂန်ကလော့🐧🐧🐧🐧🐧🐧🐧🐧🐧🐧🐧🐧🐧🐧🐧🐧(12.3.2020)ယာဂန်ကလော့ က မ...
12/03/2020

အက်သလက်တီကို နဲ့ ပွဲစဉ်မှာ လီဗာပူး ရဲ့ အဓိက အမှားကို ထောက်ပြလိုက်တဲ့ ယာဂန်ကလော့

🐧🐧🐧🐧🐧🐧🐧🐧🐧🐧🐧🐧🐧🐧🐧🐧
(12.3.2020)

ယာဂန်ကလော့ က မနေ့ညက အက်သလက်တီကို မက်ဒရစ် အသင်းကို အိမ်ကွင်းမှာ ရှုံးနိမ့်ကာ ပြိုင်ပွဲ ကနေ ထွက်ခွာ ခဲ့ရပြီး ချန်ပီယံဆုကို ကာကွယ်ဖို့ မျှော်လင့်ချက်တွေ အဆုံးသတ် ခဲ့ရပြီးနောက် လီဗာပူးအသင်း ပြန်လာမှာ ဖြစ်တယ်လို့ အခိုင်အမာ ဆိုလိုက် ပါတယ်။ ပထမ အကျော့က စပိန်မြေမှာ ၁-ဝနဲ့ ရှုံးခဲ့တဲ့ လီဗာပူးဟာ အန်ဖီးမှာ ကစားခဲ့တဲ့ ဒုတိယ အကျော့မှာတော့ ပွဲအစ ကတည်းက အမြင့်ဆုံး tempo နဲ့ ပြိုင်ဘက်ကို လွှမ်းမိုး ကစား နိုင်ခဲ့ပြီး အခွင့်အရေးကောင်းတွေ များစွာ ဖန်တီး နိုင်ခဲ့ကာ ဦးဆောင်ဂိုး ကိုတော့ ပထမပိုင်း ပြီးခါနီးမှ ဝိုင်နယ်ဒန် ရဲ့ ခေါင်းတိုက်ဂိုး ကနေ ရခဲ့တာပါ။
ဒုတိယပိုင်းမှာလည်း လီဗာပူးဟာ အကောင်းဆုံး ခြေစွမ်းကို ဆက်လက် ထိန်းသိမ်းကာ ပြိုင်ဘက်ကို ဆက်လက် လွှမ်းမိုး ကစား နိုင်ခဲ့ပြီး အခွင့်အရေးကောင်း များစွာ ရရှိ ခဲ့ပေမယ့် အဆုံးသတ်ပိုင်း လိုအပ်မှု ၊ ပြိုင်ဘက် ဂိုးသမား နဲ့ နောက်တန်း တို့ရဲ့ ဖျက်ထုတ်ပုံ ကောင်းမွန်မှုတွေကြောင့် သွင်းဂိုး ထပ်မံ မရတော့ဘဲ အချိန်ပို ဆက်ကန် ခဲ့ရပါတယ်။ လီဗာပူးဟာ အချိန်ပို ၉၄ မိနစ်မှာ ဖာမီနို ရဲ့ ဂိုးကြောင့် ၂-၀ ဖြစ်သွားခဲ့ပြီး ကွာတားဖိုင်နယ် တက်ဖို့ နီးစပ် ခဲ့ပေမယ့်လည်း အက်ဒရီယန်ရဲ့ ဆိုးရွားတဲ့ အမှားကြောင့် ချေပဂိုး ပြန်ပေး ခဲ့ရပါတယ်။
အဲဒီနောက် နောက်တဆင့် အတွက် သွင်းဂိုး ရမှ ဖြစ်မယ့် လီဗာပူးဟာ ဂိုးရဖို့ အတွက် တိုက်စစ်ဆင် ကစားရင်းနဲ့ တန်ပြန် တိုက်စစ်တွေ ကနေ တဆင့် ပြိုင်ဘက်ရဲ့ ၂ ဂိုးသွင်းခြင်းကို ခံခဲ့ရကာ ၃ နှစ်ဆက် ကွာတားဖိုင်နယ် တက်ခွင့်ကို ဆုံးရှုံးခဲ့ ပါတယ်။
ကလော့ က “ဒီညပွဲစဉ်ကို ကြည့်တဲ့ သူတိုင်း ရလဒ်ဟာ တစ်မျိုး ဖြစ်သွား နိုင်တယ် ဆိုတာ သိကြမှာပါ။ ကျွန်တော်တို့ ၉၀ ၉၅ မိနစ်လောက် အကြာကြီးကို အကောင်းဆုံး ကစား ခဲ့ပါတယ်။ ဒီညအတွက် ကျွန်တော်တို့ရဲ့ ပထမဦးဆုံး အဓိက အမှားကတော့ ဒုတိယဂိုး သွင်းယူတာ အရမ်း နောက်ကျ သွားခဲ့တာ ပါပဲ။ ကျွန်တော်တို့ အချိန်ပိုမှာ ဂိုးသွင်း ခဲ့ပြီး မိနစ် ၉၀ အတွင်း မဟုတ်ခဲ့ပါဘူး။ ဒါဟာ ကျွန်တော်တို့ရဲ့ အမှားပါ။ ကမ္ဘာ့အဆင့် နောက်တန်း ကစားသမားတွေ ရှိနေတဲ့ အက်သလက်တီကို တို့ရဲ့ ခံစစ် ကစားဟန်ကို ဖြိုခွင်းရတာဟာ အခက်ခဲဆုံး အရာပါ။ ကျွန်တော်တို့ အကောင်းဆုံး လုပ်ပြ နိုင်ခဲ့ပါတယ်။
ကျွန်တော်တို့ဟာ နေရာလွတ်တွေမှာ အကောင်းဆုံး ကစားခဲ့ပြီး ကျွန်တော်တို့ရဲ့ ကစားဟန်ကို အရမ်း နှစ်သက်ပါတယ်။ ကျွန်တော်တို့ရဲ့ half-spaces တွေမှာ ကစားတဲ့ပုံ ၊ trangles တွေနဲ့ ကစားပုံ ၊ ဘယ် ညာ တောင်ပံ နှစ်ဘက်မှာ square ကစားပုံ ၊ ဘောလုံး ပေးပို့ပုံတွေ ၊ အဆုံးသတ်ပုံတွေကို သဘောကျ ပါတယ်။ ကျွန်တော်တို့ တစ်ချက်ထိ ဖြတ်တင်ဘောတွေလည်း လုပ်နိုင် ခဲ့ပြီး ပထမဂိုးကိုလည်း ဒီလို ရခဲ့တာပါ။ စူပါဂိုးပါ။ ကျွန်တော်တို့ သူတို့ကို လူတွေ ထင်ထားတာထက် ပိုမို ပြသနာပေးနိုင် ခဲ့ပါတယ်။ ဒီလို ခံစစ် ကစားဟန်ကို ပြသနာတွေ များစွာ ပေးနိုင်ခဲ့တာဟာ ပြောင်မြောက်လွန်း ပါတယ်။ ဒါ့ကြောင့် ကျွန်တော် အသင်းရဲ့ ကစားဟန်ကို နှစ်သက်ပါတယ်။
ကျွန်တေ်ာတို့ ဒုတိယဂိုးလည်း ရခဲ့ပါတယ်။ အဲဒီနောက် သူတို့ရဲ့ ပထမဂိုး ကတော့ ခင်ဗျားတို့ မြင်တဲ့ အတိုင်းပါပဲ။ ရှုံးနိမ့်မှုမှာ အကြောင်းရင်း အမျိုးမျိုး ရှိပါတယ်။ တစ်ခုနဲ့ တစ်ခု မတူပါဘူး။ ဒီညမှာတော့ သူ့ရဲ့ ဘောလုံး ပေးပို့မှုဟာ အကူအညီ မဖြစ်ခဲ့ပါဘူး။ အက်ဒရီယန်ဟာ စူပါ ကစားသမားပါ။ ကျွန်တော် ဒီကောင်လေးကို နှစ်သက်ပါတ်ယ။ ဒါပေမယ့် အဲဒီ အခိုက်အတန့်မှာ သူ့ရဲ့ ဆုံးဖြတ်ချက် မှားခဲ့ပါတယ်။ ဒါမှမဟုတ် ဘောလုံး ထိချက် မကောင်းခဲ့တာလည်း ဖြစ်နိုင်ပါတယ်။ ကျွန်တော်လည်း မသိပါဘူး။ အက်ဒရီယန် ပြန်လည် နေရာယူ နေချိန်မှာ သူတို့ ဂိုးသွင်း သွားခဲ့ပါတယ်။ နေရာယူတာ မမှန်ခဲ့ပါဘူး။ ဒါ့ကြောင့် အဆုံးသတ်ရတာ လွယ်ကူ ခဲ့တာပါ။
ဂိုးပေးရတာဟာ ဘောလုံးရဲ့ အစိတ်အပိုင်း တစ်ခုပါ။ ပွဲကို ကြီးမားတဲ့ သက်ရောက်မှုတော့ မဖြစ်သင့်ဘူးပေါ့ဗျာ။ ဒါပေမယ့် ဒီအချိန်မှာ ပွဲရဲ့ အရှိန်အဟုန် အားလုံး ပြောင်းလဲ သွားခဲ့ပါတယ်။ အဲဒီမတိုင်မီ အက်သလက်တီကို တို့ တောင့်ခံ နိုင်ပမလား ဆိုတဲ့ အနေအထား ဖြစ်ခဲ့တာပါ။ ဒီဂိုးပေးခဲ့ရပြီး နောက်မှာမှ အားလုံး အပြောင်းအလဲ ဖြစ်သွား ခဲ့တာပါ။ နောက်ဆုံးမှာတော့ သူတို့ နောက်ထပ် ၂ ဂိုး ထပ်သွင်း ခဲ့ပြီး ကျွန်တော်တို့ ဂိုးထပ် မရခဲ့ပါဘူး။ ကျွန်တေ်ာတို့ ၂ ပွဲစလုံး ရှုံးခဲ့ပါတယ်။ အက်သလက်တီကို ကို ဂုဏ်ပြုပါတယ်။” လို့ ဆိုသွား ပါတယ်။
ဒီလို စိတ်ပျက်စရာ ရှုံးနိမ့်မှုဟာ လီဗာပူးရဲ့ ရာသီကို ဘယ်လို သက်ရောက်နိုင်သလဲ ဆိုတဲ့ မေးခွန်းကို ကလော့ က “ဘာမှ မသက်ရောက် နိုင်ပါဘူး။ ကျွန်တော်တို့ အစွမ်းကုန် ကြိုးစား ခဲ့ပါတ်ယ။ ပြီးခဲ့တဲ့ ၂ ရာသီခွဲလောက် ချန်ပီယံလိဂ်မှာ အကောင်းဆုံးတွေ လုပ်ပြ ခဲ့ပြီး ဒီပြိုင်ပွဲမှာ ခဏခဏ အောင်ပွဲခံ ခဲ့ရပါတယ်။ ဒီညမှာလည်း အရာအားလုံး အကောင်းဆုံး ဖြစ်နေ ခဲ့ပြီး ကောင်လေးတွေ ကလည်း စူပါပွဲကို ပေးစွမ်းခဲ့ကာ အပြင်းအထန် တိုက်ပွဲဝင်ပြီး အကောင်းဆုံး ကစားပုံနဲ့ ၂ ဂိုး သွင်းခဲ့ပါတယ်။
ဒါပေမယ့် ကျွန်တေ်ာတို့ ရှုံးခဲ့ပါတယ်။ ဒါဟာ ဘာမှ သက်ရောက်မှု ရှိမှာ မဟုတ်ပါဘူး။ အခု ကျွန်တေ်ာတို့ ပရီးမီးယားလိဂ် ပွဲတွေ အတွက် ပြင်ဆင်ချိန် ပိုရ သွားတာပေါ့။ ချန်ပီယံလိဂ်မှာ ကျွန်တော်တို့ ကံကောင်း ခဲ့တာတွေ ရှိပါတယ်။ များသောအားဖြင့် ထိုက်တန်စွာနဲ့ တက်ခဲ့တာပါ။ ဒါပေမယ့် ဒီညလို ကံမကောင်းတဲ့ ညတွေလည်း ရှိခဲ့ပါတယ်။ အက်သလက်တီကိုဟာ ၂ ပွဲစလုံး နိုင်ခဲ့ပါတယ်။ သူတို့ နောက်တဆင့်နဲ့ ထိုက်တန်ပါတယ်။
အခု ကျွန်တေ်ာတို့ ပွဲကြည့်ပရိတ်သတ် ဖြစ်သွား ခဲ့ပါပြီ။ ဒါပေမယ့် ကျွန်တော်တို့ အကြိမ်ကြိမ် ပြန်လာ ခဲ့တယ် ဆိုတာ လူတိုင်း သိကြပါတယ်။ ဒီကာလအတွင်း အကောင်းဆုံး စွမ်းဆောင်ပေး ခဲ့ကြတဲ့ လူတိုင်းကို ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် အခု ဒီပြိုင်ပွဲက ပြီးသွားပါပြီ။ ကျွန်တော် ဘာမှ ပြောင်းလဲ နိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် သက်ရောက်မှုတော့ ရှိမှာ မဟုတ်ပါဘူး။ မိနစ် ၁၂၀ လုံး ကောင်လေးတွေ ပင်ပန်း ခဲ့ပါတယ်။ အခု ကျွန်တော်တို့ နောက် ၃ ၄ ရက်မှာ ကစားရမယ့် ဒါဘီ အတွက် ပြင်ဆင် သွားရမှာပါ။” လို့ ဆိုလိုက်ပါတယ်။

Credit # # #

# အပြင်မှာ ဒိုင်က ကြေးခိုးလွန်းတာ
# အကောက် ပေးရတာ များလွန်တာ
# လောင်းကြေး အစောကြီး ပိတ်တာ
# ကန်နေတဲ့ ပွဲတွေ လောင်းမရတာ
# "မောင်း" လောင်းတာကို "အဆ များများ" မရတာ
# လိဒ်တွေ ပြိုင်ပွဲတွေ နိုင်ငံပွဲ ချစ်ကြည်ရေးပွဲ ခြေစမ်းပွဲ မြန်မာပွဲ အစုံ ကြေးမဖွင့်တာ
# ငွေ စိတ်မချရတာ
# လူ သိ မခံချင်တာ နဲ့
အခြား အခြား သောကိစ္စတွေအတွက်
"Online Betting" အကောင့်ဖွင့်ပြီးကစားတာကလူကြီးမင်းရဲ့ ပြသနာတွေအတွက် အကောင်းဆုံး ဖြေရှင်းနိုင်မယ့် နည်းလမ်း တစ်ခု ဖြစ်​မှာပါခင်​ဗျာ............
ကဲ .... စိတ်ဝင်စားရင် အခုပဲ
🔰Champions Online Master Agent-CMA🔰
Online Betting ကို
Page Message Box မှဖြစ်​​စေ
Phone (သို့) Viberက​ဖြစ်စေ
မိတ်​​ဆွေများသိလိုသည်​များကိုအ​သေးစိတ်​
ဆက်​သွယ်​စုံစမ်​း​မေးမြန်​းနိုင်​ပါတယ်​ခင်​ဗျာ......
Viber Phone ☎: 09-954 904 000
☎: 09-778 866 455

# Please Call Now For Your Lucky Days.

Address

Magway

Website

Alerts

Be the first to know and let us send you an email when Champions Master Agent-CMA posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share