Sport View

Directions Website

Sport View Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Sport View, Sports, Magway.

UEFAနဲ့တောင်အမေရိကဘောလုံးအဖွဲ့ချုပ်တို့ရဲ့သဘောတူညီချက်အရ အာဂျင်တီးနားအသင်းရဲ့မတ်လအတွက်ခြေစမ်းပွဲနှစ်ပွဲဟာ ပေါ်တူဂီနဲ့အင်...
19/09/2023

UEFAနဲ့တောင်အမေရိကဘောလုံးအဖွဲ့ချုပ်တို့ရဲ့သဘောတူညီချက်အရ အာဂျင်တီးနားအသင်းရဲ့မတ်လအတွက်ခြေစမ်းပွဲနှစ်ပွဲဟာ ပေါ်တူဂီနဲ့အင်္ဂလန်အသင်းတို့ ဖြစ်နိုင်ဖွယ်ရှိနေပါတယ်။

တကယ်လို့ အင်္ဂလန်လက်ရွေးစင်အသင်းနဲ့ကစားဖို့ သဘောတူညီချက်ရမည်ဆိုပါက အဆိုပါခြေစမ်းပွဲကိုတော့ ဝင်ဘလေကွင်းမှာ ကစားသွားမှာပါ။

ဒါ့အပြင် ဒီခြေစမ်းပွဲဟာ ဉရောပနဲ့တောင်အမေရိကနိုင်ငံကြီးတွေကြား ပြိုင်ဆိုင်ရမဲ့ပြိုင်ပွဲငယ်ပုံစံလည်း ဖြစ်နိုင်ဖွယ်ရှိပြီး ဉရောပနိုင်ငံတွေဟာ တောင်အမေရိကနိုင်ငံတွေနဲ့ ခြေစမ်းပွဲနှစ်ပွဲစီကစားရမှာဖြစ်တယ်လို့ သိရပါတယ်။

🚨 ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက်ဟာ နေမာအတွက် PSGထံ 2025အထိသက်တမ်းရှိတဲ့ 3နှစ်စာချုပ်နဲ့ လာရောက်ကမ်းလှမ်းခဲ့ပြီ...
23/05/2023

🚨 ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက်ဟာ နေမာအတွက် PSGထံ 2025အထိသက်တမ်းရှိတဲ့ 3နှစ်စာချုပ်နဲ့ လာရောက်ကမ်းလှမ်းခဲ့ပြီး ကပ်စမဲရိုးနဲ့ အခြားဘရာဇီးအသင်းဖော်တွေကလဲ နေမာ့ကိုလာရောက်ကစားဖို့ စည်းရုံးလျက်ရှိတယ်လို့ သိရပါတယ်

နည်းပြတန်ဟတ်ရဲ့ အပြင်းစား ရည်မှန်းချက်တွေကြောင့် ပါးစပ်အဟောင်းသားဖြစ်နေတဲ့ သရဲနီတွေ===================တန်ဟတ်နဲ့နေရင် ရာန...
22/05/2023

နည်းပြတန်ဟတ်ရဲ့ အပြင်းစား ရည်မှန်းချက်တွေကြောင့် ပါးစပ်အဟောင်းသားဖြစ်နေတဲ့ သရဲနီတွေ
===================

တန်ဟတ်နဲ့နေရင် ရာနှုန်းပြည့်ကြိုးစားတာတောင် မရဘူးဆိုတဲ့ ကက်စ်မီရို

မန်ယူအသင်းနဲ့ ပထမဆုံး ဘောလုံးရာသီမှာတင် နည်းပြအဲရစ်တန်ဟတ် လုပ်ပြနေတာတွေနဲ့ ပတ်သက်ပြီး မန်ယူအသင်းသားတွေ တော်တော်များများ အံ့အားသင့်နေကြတယ်လို့ သိရပါတယ်။ နယ်သာလန်သား နည်းပြဟာ ၂၀၂၂-၂၃ ဘောလုံးရာသီအစမှာ ယူနိုက်တက်ကို ရောက်လာပြီးတဲ့နောက် အသင်းရဲ့ ၆ ရာသီကြာ

ဆုဖလား ငတ်မွတ်ခေါင်းပါးနေမှုကို ကာရာဘောင်ဖလားနဲ့အဆုံးသတ်ပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် လာမယ့် ဇွန်လမှာဆိုရင်လည်း မြို့ခံပြိုင်ဘက် မန်စီးတီးနဲ့ အက်ဖ်အေဖလား ဗိုလ်လုပွဲ ကစားရတော့ မှာဖြစ်သလို

ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့အတွက် လက်ကျန်ပွဲတွေမှာ
၁ မှတ်ပဲ ယူပေးဖို့ လိုပါတော့တယ်။ ဒီလောက်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။ အိုးလ်ထရက်ဖို့ဒ် အဝတ်လဲခန်းထဲမှာ နှစ်ပေါင်း တော်တော်ကြာအောင် ပျောက်ဆုံးနေခဲ့တဲ့ သရဲနီ စိတ်ဓာတ်ကိုလည်း တန်ဟတ်က အသက်သွင်းပေးနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ နွေရာသီမှာ သူခေါ်လိုက်တဲ့ ကစားသမားတွေဖြစ်တဲ့ ကက်စ်မီရို၊ လီဆန်ဒရိုမာတီနက်ဇ်တို့ဟာ အသင်းအတွက်

တကယ့်ကို အရေးပါလွန်းတဲ့ ကစားသမားတွေဖြစ်ခဲ့ပြီး မန်ယူရဲ့ လက်ရှိဘောလုံးရာသီ အောင်မြင်မှုအတွက် အဓိက ရေသောက်မြစ်တွေ ဖြစ်ခဲ့ကြပါတယ်။ဒါကြောင့် အိုးလ်ထရက်ဖို့ဒ်ရဲ့ အဝတ်လဲခန်းထဲမှာ တန်ဟတ်ရဲ့ အရေးပါပုံကို ကက်စ်မီရိုက အခုလို ပြောပါတယ်။

‘’သူ့ရဲ့ ဆန္ဒပြင်းပြမှုနဲ့အတူ သူက ကျွန်တော့်ကို
တော်တော်လေး အံ့အားသင့်စေတယ်။ ကျွန်တော်တို့ကြားမှာ အဲဒီအကြောင်းပဲ ပြောနေကြတာ။ သူက နည်းနည်းလေးတော့ဝန်လေးစရာပဲလို့ ကျွန်တော် တို့ ပြောခဲ့ကြတယ်။

ဘာကြောင့်လဲဆိုတော့ သူက အမြဲတမ်း အနိုင်ပဲ
လိုချင်နေတာလေ။ သူက ပိုပြီးတော့ပဲ လိုချင်တယ်။
ဘာကြောင့်လဲဆိုတော့ ရာနှုန်းပြည့်ဆိုတဲ့ ကိစ္စကတောင် သူ့အတွက် မလုံလောက်ဘူးတဲ့။ ကျွန်တော်တို့ ရာနှုန်းပြည့် ဆိုတာထက်ကို ပိုပြီး ပေးဆပ်ခဲ့ရတာ။

သူက ဆန္ဒထက်သန်မှုနဲ့အတူ အရမ်းကို အလုပ်လုပ်တဲ့သူပါ။ အသင်းတစ်ခုလုံးကို ပြောင်းလဲပစ်ချင်တဲ့ ရည်ရွယ်ချက်မျိုး သူ့မှာ ရှိနေတယ်။ သူက အသင်းသားတွေ အကုန်လုံးဆီကနေ ဦးညွတ်မှုရတဲ့ နည်းပြပါ။ ဒါပေမဲ့ သူ့ကို ကျွန်တော်တို့ အချိန်ပေးဖို့တော့ လိုတယ်လို့ ထင်တယ်။

ဘာလို့လဲဆိုတော့ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ နီးစပ်နေပြီး ဆုဖလားတစ်ခုလည်း ရခဲ့ပြီးသားဖြစ်ပေမဲ့ ကျွန်တော်တို့ တိုးတက်ဖို့ လိုနေတယ်လေ။ အသင်းအတွင်းမှာ သူပြောင်းလဲ ပစ်နိုင်ခဲ့တာတွေကို မြင်နိုင်ပါတယ်ဗျာ။ သူက အောင်မြင်မှုတွေရဖို့ပဲ အမြဲတမ်း ရည်မှန်း နေသူတစ်ယောက်ပါ’’ လို့ ကက်စ်မီရိုက ဘုန်းမောက်ကို အနိုင်ရခဲ့တဲ့ ပွဲစဉ် အပြီးမှာ ပြောသွားခဲ့တာဖြစ်ပါတယ်။

အေလင်ဟာလန်း 🗣️“ ကျွန်တော် ဒီထပ်ပိုကောင်းတဲ့ ရာသီတစ်ခုကို ကစားနိုင်ပေမယ့် ပထမဆုံး ရာသီမှာ လိဂ်ဖလား ဆွတ်ခူးခဲ့တယ်၊ နောက်ထပ...
22/05/2023

အေလင်ဟာလန်း 🗣️
“ ကျွန်တော် ဒီထပ်ပိုကောင်းတဲ့ ရာသီတစ်ခုကို
ကစားနိုင်ပေမယ့် ပထမဆုံး ရာသီမှာ လိဂ်ဖလား
ဆွတ်ခူးခဲ့တယ်၊ နောက်ထပ် ဆုဖလား (၂) လုံး
အတွက် လည်း ယှဉ်ပြိုင်နေသေးတယ်၊ ပြီးတော့
ကျွန်တော် ဂိုးတွေလည်း အများကြီး သွင်းယူ
ထားပါတယ်၊ မဆိုးပါဘူး “

The Special One ! 🐐ရိုးမားအသင်းနဲ့အတူ ယူရိုပါလိဂ်ဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပြီးနောက် မော်ရင်ဟိုဟာ ဥရောပဖိုင်နယ်ကို (၆)...
19/05/2023

The Special One ! 🐐

ရိုးမားအသင်းနဲ့အတူ ယူရိုပါလိဂ်ဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပြီးနောက် မော်ရင်ဟိုဟာ ဥရောပဖိုင်နယ်ကို (၆) ကြိမ်မြောက်တက်ရောက်နိုင်တဲ့ နည်းပြဖြစ်လာခဲ့ပါတယ်👏

ဒါ့အပြင် နောက်ဆုံး ဥရောပဖိုင်နယ် (၅) မှာ ၅ ကြိမ်လုံးကို ဗိုလ်ဆွဲထားနိုင်ခဲ့ပါတယ် 🏆

ဖလား ၃ လုံး အိပ်မက်တွေ နဲ့ ပိုနီးစပ်လာပြီ လို့ ပြောခဲ့တဲ့ ဂွါဒီယိုလာ =====================မန်စီးတီးနည်းပြ ဂွါဒီယိုလာ က အ...
15/05/2023

ဖလား ၃ လုံး အိပ်မက်တွေ နဲ့ ပိုနီးစပ်လာပြီ လို့ ပြောခဲ့တဲ့ ဂွါဒီယိုလာ
=====================
မန်စီးတီးနည်းပြ ဂွါဒီယိုလာ က အသင်းအနေနဲ့ လက်ရှိအချိန်မှာ ဖလား ၃ လုံး အိပ်မက် နဲ့ ပိုပြီးနီးစပ်လာပြီလို့ ပြောဆိုခဲ့ပါတယ်။ အဲဗာတန် ကို အနိုင်ရခဲ့တဲ့ပွဲ အပြီးမှာ ဂွါဒီယိုလာ က " ရာသီကုန်လို့ ကျွန်တော်တို့အသင်းသာ ဆုဖလား အောင်မြင်မှု မရခဲ့ရင် ကျရှုံးတယ်လို့ ပြောကြမှာပါ။ လက်ရှိအချိန်မှာ မန်စီးတီးက ဥရောပမှာ ဖလား ၃ လုံးရနိုင်တဲ့ တစ်သင်းတည်းသော အသင်းပါ။ အခွင့်အရေးတွေက ကျွန်တော်တို့ အသင်းလက်ထဲမှာ ရှိနေတယ်လို့ ဆိုရမှာပါ။ အိပ်မက်တွေနဲ့ ပိုနီးစပ်လာသလို ခံစားရပါတယ် " လို့ ပြောဆိုခဲ့ပါတယ်။ မန်စီးတီးဟာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ၃ နှစ်ဆက် ရဖို့ နီးစပ်နေသလို အက်ဖ်အေဖလားမှာလည်း မန်ယူနဲ့ ဗိုလ်လုပွဲ ကစားရမှာ ဖြစ်ပါတယ်။ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ဒုတိယအကျော့ကို အိမ်ကွင်းမှာ ကစားရမှာဖြစ်တာကြောင့် မန်စီးတီးအနေနဲ့ ဗိုလ်လုပွဲ တက်နိုင်ဖို့ အခွင့်အရေး ပိုများနေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။

ပရီးမီးယားလိဂ်သမိုင်းရဲ့ အကောင်းဆုံး Underrated Player တွေထဲက တစ်ယောက်ပဲ။တစ်သင်းလုံးရဲ့ ဟန်ချက်ကို ထိန်းထားပေးနိုင်ရုံမက...
14/05/2023

ပရီးမီးယားလိဂ်သမိုင်းရဲ့ အကောင်းဆုံး Underrated Player တွေထဲက တစ်ယောက်ပဲ။

တစ်သင်းလုံးရဲ့ ဟန်ချက်ကို ထိန်းထားပေးနိုင်ရုံမက အရေးကြီးတဲ့အချိန်မှာ ဂိုးတွေပါ သွင်းပေးတတ်တယ်။

ဒီဘရိုင်းနားရဲ့ နတ်မျက်စိ ဖန်တီးမှုတွေကြောင့် ဂန်ဒိုဂန်ဟာ နာမည်ထွက်သင့်သလောက် မထွက်ခဲ့တာ။

တကယ်တော့...
ဂန်ဒိုဂန်ဟာလည်း ပရီးမီးယားလိဂ်က ဘယ်ကွင်းလယ်လူထက်မှတော့ နိမ့်စရာအကြောင်း မရှိပေ။

သီယာဂို ဆေးလ်ဗားကို လာမယ့်ရာသီ အသင်းမှာဆက်ရှိနေပေးဖို့အားပေးခဲ့တဲ့ ချဲလ်ဆီးပရိသတ်များ🇧🇷
14/05/2023

သီယာဂို ဆေးလ်ဗားကို လာမယ့်ရာသီ အသင်းမှာ
ဆက်ရှိနေပေးဖို့အားပေးခဲ့တဲ့ ချဲလ်ဆီးပရိသတ်များ🇧🇷

“အိမ်ကွင်းမှာသရေကျတာကတော့လက်မခံချင်စရာပါပဲ။ကျွန်တော်တို့ဒီထပ်ပိုလုပ်ပြနိုင်ခဲ့သင့်တာပါ။ဒါပေမဲ့ ပထမကျော့ ၁ ၁ဆိုလည်းပြသာနာ...
13/05/2023

“အိမ်ကွင်းမှာသရေကျတာကတော့လက်မခံချင်စရာပါပဲ။
ကျွန်တော်တို့ဒီထပ်ပိုလုပ်ပြနိုင်ခဲ့သင့်တာပါ။
ဒါပေမဲ့ ပထမကျော့ ၁ ၁ဆိုလည်းပြသာနာသိပ်မရှိပါဘူး။
ပြောရရင်ဒါကသိပ်အရေးမကြီးဘူး။
ရီးရဲလ်မှာရှိနေစဉ်ကာလအတွင်းနောက်ဆုံးအချိန်ထိလက်မလျော့ဘူးဆိုတဲ့စိတ်ကိုသင်ယူခဲ့ရပါတယ်။
ကျွန်တော်တို့အတွက်မိနစ်ကိုးဆယ်လုံးကျန်သေးတယ်ဗျ”

“ရီးရဲလ်အတွက် ၁၅ကြိမ်မြောက်ချန်ပီယံလိဂ်လား?
ယူပေးချင်တာပေါ့။
ယူပေးနိုင်အောင်လည်းအကောင်းဆုံးကြိုးစားသွားမယ်။
ဒါဆိုကျွန်တော့်ကျောနံပါတ်နဲ့လုံးဝတူသွား‌မှာလေ”

🗣️-ဗယ်ဗာဒီ

💥ရီးရဲမက်ဒရစ်ရဲ့ ချန်ပီယံလိဂ်ဖလားရရှိမှု ---(၁၄)ကြိမ်💥မန်စီးတီးရဲ့ ချန်ပီယံလိင်ဖလား၀င်ရောက်ယှဉ်ပြိုင်ခွင့် ရရှိမှု ---(၁...
13/05/2023

💥ရီးရဲမက်ဒရစ်ရဲ့ ချန်ပီယံလိဂ်ဖလားရရှိမှု ---(၁၄)ကြိမ်

💥မန်စီးတီးရဲ့ ချန်ပီယံလိင်ဖလား၀င်ရောက်ယှဉ်ပြိုင်ခွင့် ရရှိမှု ---(၁၂)ကြိမ်

🤧🤧

Address

Magway

Alerts

Be the first to know and let us send you an email when Sport View posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category