Lulay Fitness Centre

Lulay Fitness Centre ကျန်းမာကြံ့ခိုင်သော ခန္ဓာကိုယ်တခု ?

      fitn
12/05/2023

fitn

07/05/2023

06/05/2023

တင်ပါးဘေးချိုင့်နေတဲ့ ပျိုမေတို့အတွက် တင်ပါးလေးတွေ ပြန်လည်ပြည့်လာစေဖို့ အထောက်ကူပြုမယ့်လေ့ကျင့်ခန်းကို ဝေမျှပေးထားပါတယ်..

အားလုံးပဲလိုက်ပါလေ့ကျင့်ပြီး အဆင်ပြေကြပါစေ🤝😊


👍Healthy Diet ဆိုတာဘာလဲ??⭐Healthy Diet (ကျန်းမာတဲ့ စားသောက်ပုံစံ)ဆိုတာ ကျနော်မနေ့က ပြောခဲ့သလို ရေတိုပဲ စားနိုင်မယ့် Diet...
06/05/2023

👍Healthy Diet ဆိုတာဘာလဲ??

⭐Healthy Diet (ကျန်းမာတဲ့ စားသောက်ပုံစံ)ဆိုတာ ကျနော်မနေ့က ပြောခဲ့သလို ရေတိုပဲ စားနိုင်မယ့် Diet ပုံစံတွေတော့မပါပါဘူးဗျ..

🙆‍♂️ကျန်းမာတဲ့ စားသောက်ပုံစံတခုဆိုတာ လိုတိုရှင်းပြောရရင် စားတဲ့အနှပ်တိုင်းမှာ 🍚ကစီဓါတ်၊ 🍖အသားဓါတ်၊ 🧀အဆီဓါတ် တွေကို လိုအပ်တဲ့ ပမာဏအရ အချိုးကျကျလေးပါဝင်ရပါတယ်ဗျ.

👉ကစီဓါတ်က နေ့စဉ်လှုပ်ရှားသွားလာဖို့အတွက်ခွန်အားအဖြစ်အသုံးပြုဖို့ လိုအပ်ပါတယ်.. ကစီဓါတ်မှာ ချေဖျက်လွယ်တဲ့ ကစီဓါတ်နဲ့ ချေဖျက်မလွယ်တဲ့ ကစီဓါတ် (၂)မျိုးလုံးပါအောင် စားပေးရပါတယ်..

👉အသားဓါတ်ကတော့ ကြွက်သားအတွက် လိုအပ်ပါတယ်.. (Good Fat)အဆီဓါတ်ကတော့ မှတ်ဉာဏ်နဲ့ အခြားအရာတွေအတွက်လိုအပ်ပါတယ်.. လို့ယေဘူယျလောက်ပဲ ပြောချင်ပါတယ်..

🍽️ကျန်းမာတဲ့ အစားသောက်ပုံစံဆိုတာ အနှပ်တိုင်းမှာ ဒါတွေအကုန်ပါဝင်ရပါတယ်..

🙆‍♂️လွယ်လွယ်နဲ့ မြင်သာအောင်ပြောရရင် မိမိစားမယ့် ပန်းကန်ထဲမှာ 🍚ထမင်း(ချေဖျက်လွယ်တဲ့ ကစီဓါတ်)၊ 🍖အသား/🥚ဥအမျိုးမျိုးအကာ (အသားဓါတ်)၊ သံလွင်ဆီ(အဆီဓါတ်)၊ 🥦🥬အသီးရွက် (ချေဖျက်မလွယ်တဲ့ ကစီဓါတ်) တွေ လိုအပ်တဲ့ ပမာဏအလျောက် ပါအောင်စားပေးရပါတယ်..

🧑‍💻လူတဦးတယောက်ချင်းရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံနဲ့ Body goal အရ လိုအပ်ပုံချင်းမတူနိုင်တဲ့အတွက် အားလုံးအတွက် ဒီမှာ တထိုင်ထဲ တွက်ပြပေးလို့မရတာကို နားလည်ပေးပါဗျ🙏..

👨‍🎓ကျွမ်းကျင်တဲ့နည်းပြတယောက်ရဲ့ အကူညီယူပါလို့ အကြံပြုပါရစေဗျ👍

အဆင်ပြေကြပါစေဗျ🤝😊

Lulay (Fitness Trainer)
Lulay Fitness Center MADAYA
(Loss Fat, Get Mass & Real Strong)

05/05/2023

ဝမ်းဗိုက်အတွင်းမှာရှိတဲ့ Core Muscleတွေကို သန်မာစေပြီး အဆီကျဖို့ အထောက်ကူပြုတဲ့ ထိရောက်တဲ့ လေ့ကျင့်ခန်းလေးကို ဝေမျှပေးလိုက်ပါတယ်..

အားလုံးပဲ လိုက်ပါလေ့ကျင့်ပြီး အဆင်ပြေကြပါစေ🤝😊


🤙အဆီချဖို့ဆို ဘယ်Diet ကအကောင်းဆုံးလဲ??🙆‍♂️Diet အမျိုးအစားပေါင်း များစွာရှိတဲ့အထဲက ကျနော် ၂မျိုး၂စားခွဲပြပါမယ်..၁။ ရေတိုပ...
05/05/2023

🤙အဆီချဖို့ဆို ဘယ်Diet ကအကောင်းဆုံးလဲ??

🙆‍♂️Diet အမျိုးအစားပေါင်း များစွာရှိတဲ့အထဲက ကျနော် ၂မျိုး၂စားခွဲပြပါမယ်..

၁။ ရေတိုပဲ စားနိုင်မယ့် Diet

၂။ ရေရှည်စားသွားနိုင်မယ့် Diet

🫠ရေတိုပဲစားနိုင်မယ့် Dietဆိုတာ ကယ်လိုရီကို အလွန်အမင်း လျှော့ထားမယ်၊ အငတ်ခံကြမယ်၊ ညစာတွေ ဖြတ်ကြမယ်၊ ရေလုံပြုတ်တွေပဲစားမယ်..... အစရှိသဖြင့်ပေါ့ဗျာ..

🤧ဒီလိုDiet မျိုးက ရေရှည်စားနိုင်ဖို့ ခက်ပြီး ကိုယ်ရောစိတ်ပါ ဝန်ပိစေပါတယ်.. ပိန်သွားတယ်ဆိုရင်တောင် ခဏပါပဲ.. နောက်ပုံမှန်လေးစားလိုက်မိရင် ပြန်ဝတာတွေ ကြုံရတတ်ပါတယ်..

😔ဒါတွေက ကယ်လိုရီအရမ်းနည်းပြီးစားခဲ့လို့ ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ်တွေ ကမောက်ကမဖြစ်ကုန်တာပါ..

၂။ ရေရှည်စားနိုင်မယ့်Diet ကတော့ရှင်းပါတယ်.. ဘဝမှာ ပေါ့ပေါ့ပါးပါး ကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင် ပုံမှန်လေးစားရင် အဆီချသွားလို့ရပါတယ်..

😉အငတ်ခံစရာလည်းမလိုတဲ့ အတွက် စိတ်ဖိဆီးမှုလည်း လျော့ပါတယ်..လေ့ကျင့်ခန်းလေးပါ တွဲလိုက်ရင်တော့ ရှယ်ပေါ့ဗျာ...

🤷‍♂️ဒါနဲ့.. ရေရှည်စားနိုင်မယ့် Diet ဆိုတာ ဘယ်လိုလဲ?? မိမိလိုအပ်တဲ့ ကယ်လိုရီကို သေချာတွက်ချက်ပြီး Body Goal နဲ့ ကိုက်ညီမယ့် ကယ်လိုရီပမာဏ တခုမှာ ကစီဓါတ်၊ အသားဓါတ်၊ အဆီဓါတ်၊ အမျှင်ဓါတ်တွေကို အချိုးကျကျလေး ပေါင်းစပ် စားသောက်တာကိုပြောတာပါ...

👉လူတဦးချင်းစီရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံနဲ့ အချိုးအစားတွေ ကွဲပြားတာကြောင့် ဒီကနေ အားလုံးအတွက် တထိုင်ထဲ တွက်ပြလို့မရတာကိုတော့ နားလည်ပေးပါ..🙏

🤝ကျွမ်းကျင်တဲ့ နည်းပြတယောက်ရဲ့ အကူညီကိုယူပြီး အကောင်းဆုံး Diet ကို ရေရှည်စားသုံးကာ အဆီကျလှပနိုင်ကြပါစေဗျ🤝

Lulay (Fitness Trainer)
Lulay Fitness Center MADAYA
(Loss Fat, Get Mass & Real Strong)

04/05/2023

ဂုတ်ပိုးတွေ မို့မောက်နေသူများအတွက် ဂုတ်ပိုးလေးတွေ ပြေလျော့စေဖို့ အထောက်ကူပြုတဲ့ လေ့ကျင့်ခန်းလေးကို ဝေမျှပေးထားပါတယ်..

အားလုံးပဲလိုက်ပါလေ့ကျင့်ပြီး အဆင်ပြေကြပါစေ🤝😊


💪ကြွက်သားကြီးချင်တာလား?? အလေးများများနိုင်ကြောင်း ကြွယ်ချင်တာလား??👉မှန်ပါတယ်.. ကြွက်သားကြီးဖို့ အလေးများများ အသုံးပြုဖို...
04/05/2023

💪ကြွက်သားကြီးချင်တာလား?? အလေးများများနိုင်ကြောင်း ကြွယ်ချင်တာလား??

👉မှန်ပါတယ်.. ကြွက်သားကြီးဖို့ အလေးများများ အသုံးပြုဖို့လိုပါတယ်..

ဒါပေမယ့်

🤷‍♂️အလေးများပြီး Form မမှန်ရင်ရော??

🤷‍♂️အလေးများပြီး Focus မရှိရင်ရော??

🤷‍♂️အလေးများပြီး Tempo မပါရင်ရော??

🤷‍♂️အလေးများပြီး Mind Muscle Connection မရှိရင်ရော??

🤷‍♂️အလေးများပြီး လေ့ကျင့်ချင်တဲ့ ကြွက်သားကို သေချာမညှစ်နိုင်ရင်ရော??

🤷‍♂️အလေးများပြီး အပေါ်ကြွရင်ပြီးရော လေ့ကျင့်နေရင်ရော??

👆အထက်ပါအချက်တွေထဲက တချက်ချက်နဲ့ ညှိနေရင် ဂရုစိုက်ဖို့ လိုလာပါပြီ..

👍ကြွက်သားကြီးထွားဖို့ အလေးဝန်အားသုံးရတယ် ဆိုပေမယ့် မိမိက Form မှန်မှန်၊ ညှစ်အားမှန်မှန်၊ Focus မှန်မှန်နဲ့ ကစားနိုင်တဲ့ အလေးဆို ဘယ်လောက်ပဲ ဖြစ်ဖြစ် ကြွက်သားကိုထိရောက်စေပါတယ်ဗျ..

🫠အလေးအများကြီးကို လူတွေရှေ့ ဂိုက်လုပ်ချင်ရုံ "မ"မယ်ဆိုရင်တော့ ရလာဒ်ထက် ဆိုးကျိုးက များမှာပါ..

👉နောက်ပြီး အလေးမှာ ပါတဲ့ နံပါတ်တွေကို ကြွက်သားကမသိပါဘူး.. ဦးနှောက်ကပဲသိတာပါ.. 😊

👉ဒါကြောင့် မိမိနိုင်သလောက်နဲ့ Form မှန်မှန်၊ Tempo မှန်မှန် သေချာလေးလေ့ကျင့်ကြဖို့ အကြံပြုပါရစေ🤝

အဆင်ပြေကြပါစေဗျ🤝🤝🤝😊😊😊

Lulay (Fitness Trainer)
Lulay Fitness Center MADAYA
(Loss Fat, Get Mass & Real Strong)

03/05/2023

တင်ပါးကြီးနေတဲ့ ပျိုမေတို့အတွက် တင်ပါးလေးတွေ ကျစ်လျစ်လှပလာစေဖို့ ထိရောက်တဲ့ လေ့ကျင့်ခန်းလေးကို ဝေမျှပေးလိုက်ပါတယ်..

အားလုံးပဲ လိုက်ပါလေ့ကျင့်ပြီး အဆင်ပြေကြပါစေ🤝😊


03/05/2023

ပေါင်(၂၀၀)နှင့်အထက်ရှိသူ တွေအတွက် အဆင်ပြေစေမယ့် ဒိုက်ထိုးနည်းလေးဝေမျှပေးလိုက်ပါတယ်..

လိုက်ပါလေ့ကျင့်ပြီး အဆင်ပြေကြပါစေ🤝😊



02/05/2023

ဝမ်းဗိုက်လေးချပ်စေဖို့ ထိရောက်တဲ့ ကစားနည်းလေးကိုဝေမျှပေးလိုက်ပါတယ်..

အားလုံးပဲလိုက်ပါလေ့ကျင့်ပြီး အဆင်ပြေကြပါစေ🤝😊


Address

28 Street, Between MyatLay And BayintNaung, Madaya Tsp
Madaya
05121

Opening Hours

Monday 06:00 - 18:00
Tuesday 06:00 - 18:00
Wednesday 06:00 - 18:00
Thursday 06:00 - 18:00
Friday 06:00 - 18:00
Saturday 06:00 - 18:00

Telephone

+959797197253

Website

Alerts

Be the first to know and let us send you an email when Lulay Fitness Centre posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Lulay Fitness Centre:

Share