KTH Game Center

KTH Game Center Play for fun!

30/05/2020

Epic Store မှာ 2015 ထွက် Borderlands Handsome Collection ကို Free ပေးနေပါပြီ ။
Borderlands Handsome Collection မှာ remaster လုပ်ထားတဲ့ BORDERLANDS 2 နှင့် BORDERLANDS: THE PRE-SEQUEL ပါတဲ့အပြင် bonus pack ပေါင်း 45 ခု ပါဝင်ပြီး အဆိုပါ collection ကို Steam မှာ 143.88$ ဖြင့်ရောင်းချနေတာ ဖြစ်ပါတယ် ။
ဂိမ်းအကြောင်း
********
Gearbox Software က ဖန်တီးထားကာ 2K Games က ဖြန့်ချီပေးထားတဲ့ Borderland ဂိမ်းဟာ Destiny 2 ဂိမ်းလိုပင် ဇာတ်လမ်းသွား first person shooter အမျိုးအစားဂိမ်း တစ်ခု ဖြစ်ပါတယ် ။ Iron Galaxy Studios နှင့် Armature Studio တို့က ပြန်လည်မွမ်းမံပေးထားတဲ့ remaster ဗားရှင်း BORDERLANDS 2 နှင့် BORDERLANDS: THE PRE-SEQUEL ပါတဲ့ Borderlands Handsome Collection ကတော့ PS4, Xbox One, PC နှင့် Mac OS ပေါ်မှာ ထွက်ရှိထားတာ ဖြစ်ပါတယ် ။ Borderlands, Borderlands 2 နှင့် Borderlands the Pre-Sequel ပါဝင်တဲ့ Borderlands Legendary Collection ကတော့ Nintendo Switch အတွက် မေ 29 ရက်နေ့မှာ ထွက်ရှိလာတော့မှာ ဖြစ်ပါတယ် ။
Borderlands ဂိမ်းရဲ့ ထူးခြားချက်ကတော့ ဇာတ်လမ်းကို ရယ်စရာတွေ ပြက်လုံးတွေနှင့်ရောနှော တင်ဆက်ထားပြီး ကာတွန်းဆန်တဲ့ ရုပ်ထွက်စတိုင်နှင့် ရေးဆွဲထားတာ ဖြစ်တဲ့အပြင် Borderland စီးရီးဟာ ထွက်ခဲ့တဲ့ဂိမ်းတိုင်းလိုလို အရောင်းရဆုံးဂိမ်းဆု ရရှိခဲ့တာပဲ ဖြစ်ပါတယ် ။ ရှုပ်ယှက်ခပ်ကာ အံ့ဩစရာတွေ ပြည့်နှက်နေတဲ့ ခေတ်လွန် Pandora ကမ္ဘာကြီးထဲ ရယ်စရာပြက်လုံးတွေကြား စီးမျောခံစားရင်း ပစ်မယ် ခတ်မယ် level တင်မယ် ၊ loot တွေ ကောက်မယ် ၊ အပြန်ပြန်အလှန်လှန် ကစားနိုင်မယ့် ဂိမ်းပလေးနှင့် Borderland ဂိမ်းမှာ အွန်လိုင်းချိတ်ပြီး 4 ယောက်အဖွဲ့လိုက် cooperative လည်းဆော့နိုင်ဦးမှာ ဖြစ်ပါတယ် ။
ဇာတ်လမ်းသွားဂိမ်း ဖြစ်တဲ့အလျောက် ဇာတ်လမ်းသိဖို့အတွက် BORDERLAND 1 ကနေ စဆော့စရာ မလိုပါဘူး ။ BORDERLAND 1 နှင့် 2 ဟာ ချိတ်ဆက်မှု မရှိပါဘူး ။ ထို့အတူ BORDERLANDS 2 နှင့် BORDERLANDS: THE PRE-SEQUEL ဟာလည်း ဇာတ်လမ်း သပ်သပ်စီ ဖြစ်တာကြောင့် ကိုယ်ကြိုက်ရာ ရွေးချယ်ဆော့နိုင်ပါတယ် ။
Data ပမာဏကတော့ BORDERLANDS 2 က ပျမ်းမျှ 20GBs ၊ BORDERLANDS: THE PRE-SEQUEL က ပျမ်းမျှ 12GBs စုစုပေါင်း 32GB လောက်ရှိပြီး bonus pack တွေပါ ပေါင်းလိုက်ပါက 35GB ဝန်းကျင်လောက် ရှိမယ်လို့ ခန့်မှန်းရပါတယ် ။

KTH Game Center မှာ လာရောက်ကူးယူနိုင်ပါပြီ။

Gaming Battlestation **PROCESSOR: Intel® Core™ i3-8100 3.6GHz(4CPUs)GRAPHIC: GEFORCE GTX 1650 4GBMOTHERBOARD: Gigabyte H...
14/05/2020

Gaming Battlestation **

PROCESSOR: Intel® Core™ i3-8100 3.6GHz(4CPUs)
GRAPHIC: GEFORCE GTX 1650 4GB
MOTHERBOARD: Gigabyte H310M H2.0
RAM: Adata DDR4 8GB 2666MHz
SSD: 480GB, 2.5 SSD, 220S SATA A3
PSU: Logicom 750Watt
CASE: Dragon Power D020/D070/D066 C
MONITOR: Acer 19” LCD Display
Gaming Chair: KLV Steel Feet
Table *** Gift

**** ဆိုင်ပိတ်ကြောင်းကြေငြာခြင်း **** 📌🔐KTH Game Center ကို အစဉ်တစ်ဆိုက်အားပေးကြသော ညီအကို ဘော်ဒါ သူငယ်ချင်း မိတ်ဆွေ အပေ...
14/05/2020

**** ဆိုင်ပိတ်ကြောင်းကြေငြာခြင်း **** 📌🔐
KTH Game Center ကို အစဉ်တစ်ဆိုက်အားပေးကြသော ညီအကို ဘော်ဒါ သူငယ်ချင်း မိတ်ဆွေ အပေါင်းအသင်း အားလုံးကို အထူးပင်ကျေးဇူးတင်ပါတယ်ခင်ဗျာ။
KTH Game Center မှာ တူတူပျော်ခဲ့ကြတဲ့အချိန်တွေ၊ ဂိမ်းဆော့ရင်း ငြင်းရင်းခုန်ရင်း တစ်ယောက်ကိုတစ်ယောက် ပိုရင်းနှီးခင်မင်လာခဲ့ကြတဲ့ အမှတ်တရအများကြီးကို သတိရ အောက်မေ့နေမှာပါ။ (အမှတ်တရလေးတွေ comment မှာရေးသွားကြတာပေါ့။)
ကိုယ့်ဟာကိုယ် ဘာပဲဖြစ်နေနေ In Game နာမည်တွေ ဆိုင်ရောက်လာပြီဆိုတာနဲ့ ကြားလိုက်ရရင် လွတ်လပ်ပေါ့ပါး ပြီး တစ်ခြားဘဝတစ်ခုကိုရောက်သွားသလို ခံစားမှုတွေပေးစွမ်းနိုင်တယ်။
ဘာဂိမ်းကိုပဲဆော့ဆော့ ငါတို့ဟာ Gamers တွေပါပဲ။
မေလ (၃၁) ရက်နေ့ကနေစပြီးတော့ အမှတ်တရ အဖြစ်အပျက်တွေနဲ့ KTH Game Center ကို ပိတ်တော့မှာဖြစ်ပါတယ်။
ဆိုင်ကို ပြန်ဖွင့်ဖြစ်မယ်ဆိုရင် ညီအစ်ကို ဘော်ဒါ သူငယ်ချင်း မိတ်ဆွေ အပေါင်းအသင်းအားလုံးကို သေသေချာချာ အသိပေး အကြောင်းကြားပေးပါမယ်။


🙄🤪
11/05/2020

🙄🤪

၂၀၂၀ပြည့်နှစ် မတ်လ ၂ ရက်‌တောင်သူလည်သမားနေ့ကို ကြိုဆို ဂုဏ်ပြုအပ်ပါတယ်။
02/03/2020

၂၀၂၀ပြည့်နှစ် မတ်လ ၂ ရက်‌
တောင်သူလည်သမားနေ့ကို ကြိုဆို ဂုဏ်ပြုအပ်ပါတယ်။

အစဉ်တစ်စိုက် လာရောက်အားပေးသော ညီအစ်ကိုမောင်နှမများအား ကျေးဇူးတုံ့ပြန်သောအားဖြင့် အထူးအစီအစဉ်တစ်ရပ်ကို စီစဉ်ထားပါတယ် 🎁🎁
19/01/2020

အစဉ်တစ်စိုက် လာရောက်အားပေးသော ညီအစ်ကိုမောင်နှမများအား ကျေးဇူးတုံ့ပြန်သောအားဖြင့် အထူးအစီအစဉ်တစ်ရပ်ကို စီစဉ်ထားပါတယ် 🎁🎁

Our hearts are fine, not blind.
11/01/2020

Our hearts are fine, not blind.

သက်တောင့်သက်သာ ကစားနိုင်ဖို့ Gaming Chair တွေနဲ့ ထပ်မံ အားဖြည့်လိုက်ပါပြီ။
29/12/2019

သက်တောင့်သက်သာ ကစားနိုင်ဖို့ Gaming Chair တွေနဲ့ ထပ်မံ အားဖြည့်လိုက်ပါပြီ။

ဒါမျိုးတော့ ကတိပေးထားပြီးသား လုံးဝမဖျက်ဘူး
28/12/2019

ဒါမျိုးတော့ ကတိပေးထားပြီးသား လုံးဝမဖျက်ဘူး

Just Play. Have fun. Enjoy the game.Michael Jordan
14/12/2019

Just Play. Have fun. Enjoy the game.
Michael Jordan

Address

No. 274, Naung Yah(A)
Loikaw
20101

Website

Alerts

Be the first to know and let us send you an email when KTH Game Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category