Aung Myanmar Gym & Body Building Club

Aung Myanmar Gym & Body Building Club အောင်မြန်မာ ကာယဗလအသင်းမှ ခေတ်မီနည်?

(၃)လအတွင်း။ ဂုတ်ကအဆီ(၁၈)လက္မ၊မှ(၁၀)လက္မထိပေါင်ချိန်(၁၅၆-မှ-၁၂၆)-ပေါင်(၃၀)ကျသွားအောင်ကစားကာ ကိုယ့်ရဲ့ခန္ဓာကိုလှပအောင်၊အလေ...
27/08/2023

(၃)လအတွင်း။
ဂုတ်ကအဆီ(၁၈)လက္မ၊မှ(၁၀)လက္မထိ
ပေါင်ချိန်(၁၅၆-မှ-၁၂၆)-ပေါင်(၃၀)
ကျသွားအောင်ကစားကာ ကိုယ့်ရဲ့ခန္ဓာကိုလှပအောင်၊အလေးတွေနဲ့ကစားသွားသော မခင်ဦးမေ ရဲ့ ရလဒ်ကို အားပေးလိုက်ပါအုံး။
မိတ်ဆွေ က အလေးနဲ့ခန္ဓာကိုယ်လှပအောင်ပြုလုပ်ဖို့ကြောက်နေတုံးပဲလား။
မိတ်ဆွေ အလေးကိုချစ်ရင် အောင်မြန်မာက သင့်ကိုကြိုဆိုနေပါတယ်။

မင်္ဂလာပါ
21/12/2022

မင်္ဂလာပါ

လေးစားစွာဖြင့် ဂုဏ်ပြုပါသည်
30/03/2020

လေးစားစွာဖြင့် ဂုဏ်ပြုပါသည်

ယမန်နေ့ညမှ သတင်းများအရမြန်မာပြည်တွင်လည်းCovid 19 ကူးစက် လူနာ ၂ ဦး စတင်တွေ့ရှိရသည်ဟု ကြားသိရပါသည်အများပြည်သူ၏ ကျမ္မာရေးကို...
24/03/2020

ယမန်နေ့ညမှ သတင်းများအရ
မြန်မာပြည်တွင်လည်း
Covid 19 ကူးစက် လူနာ ၂ ဦး စတင်
တွေ့ရှိရသည်ဟု ကြားသိရပါသည်

အများပြည်သူ၏ ကျမ္မာရေးကို
အလေးထားသောအားဖြင့်
ယနေ့ နံနက်မှစ၍
Aung Myanmar Gym အား
ယာယီ ပိတ်ထားလိုက်ပါပြီ ဖြစ်​​ကြောင်း
အသင်းသူ အသင်းသာများအား အသိ​ပေး​ကြေငြာအပ်​တယ်​ခင်​ဗျာ....

ပြန်လည်ဖွင့်လှစ်မည့်နေ့ကို
ဤ Page မှ ပြန်လည် ကြေငြာပေးပါမည် ။

အမြဲကျန်းမာနေချင်တယ်ဆို မနက်တိုင်း ဒါလေးတွေ ပုံမှန်လုပ်ပေးနော် Photo Credit -
19/03/2020

အမြဲကျန်းမာနေချင်တယ်ဆို
မနက်တိုင်း ဒါလေးတွေ ပုံမှန်လုပ်ပေးနော်

Photo Credit -

ခန္ဓာကိုယ်အလေးချိန်လျော့ချခြင်းဆိုတာဟာ တကယ်တော့လွယ်မလိုလိုနဲ့ တော်တော်ခက်ခဲပါတယ်။ တခါတလေ ကိုယ်က လေ့ကျင့်ခန်းလဲ သေချာလုပ်တ...
16/03/2020

ခန္ဓာကိုယ်အလေးချိန်လျော့ချခြင်းဆိုတာဟာ တကယ်တော့လွယ်မလိုလိုနဲ့ တော်တော်ခက်ခဲပါတယ်။ တခါတလေ ကိုယ်က လေ့ကျင့်ခန်းလဲ သေချာလုပ်တယ်။အစားအသောက်လဲ သေချာစားနေပါရက်နဲ့ထင်သလောက်ဝိတ်ကျမလာတာမျိုး ဖြစ်တတ်ကြပါတယ်။

☑️ဒီနေရာမှာတော်တော်များများက မှားယွင်းနေတဲ့အယူအဆတွေ၊အသုံးမဝင်တဲ့ အတွေးအခေါ်တွေ ရှိနေကြပါတယ်။

⛔️ဒါကြောင့်မို့ ဒီနေ့မှာ ကိုယ်အလေးချိန်လျော့ချတဲ့အခါ မှားတတ်တဲ့ အချက် ၁၅ချက်ကိုပြောပြချင်ပါတယ်။

1️⃣ပေါင်ချိန်စက်ပေါ်အချိန်ပြည့်တက်ချိန်နေခြင်း။

တကယ်တမ်း ကိုယ်အလေးချိန်လျော့ချတဲ့ အခါလေ့ကျင့်ခန်းတွေလုပ်သော်လည်းဝိတ်မကျတဲ့အကြောင်းရင်းတွေအများကြီးရှိပါတယ်။
မိန်းကလေးတယောက်မှာဆိုရင်သူ့ရဲ့ Estrogen ဟော်မုန်းအပြောင်းအလဲ၊ရာသီမလာခင် ခန္ဓာကိုယ်က Water Retention လို့ခေါ်တဲ့ အရည်ဓာတ်ကိုသိမ်းယူထားမှု စတာတွေဖြစ်တတ်တဲ့ အတွက်ကြောင့် အဲလိုအချိန်မှာ ဝိတ်ချိန်မိတယ် ဆိုရင် ဝိတ်က ငါးပေါင်ကနေ ၁၀ပေါင်လောက်ထိ တက်လာနိုင်ပါတယ်။
တချို့ ကလဲ ကြွက်သားလေ့ကျင့်ခန်းတွေလုပ်တဲ့ အခါ ကြွက်သားထုတက်လာပြီဆိုရင် ဝိတ်မကျနိုင်ပါဘူး။ဝိတ်မကျဘူးဆိုပေမဲ့ ကိုယ်သတိထားမိမှာက အင်္ကျီဘောင်းဘီ တွေ ချောင် လာတယ်။ ကြည့်လို့ပိုကောင်းလာတယ် ဆိုတာမျိုးကိုတော့ခံစားရမှာပါ။
ဒါကြောင့်ပေါင်ချိန်စက်ပေါ်က ဂဏန်းတွေကို သိပ်ပြီး အာရုံ မစိုက်ဘဲ Body Fat နဲ့ ခန္ဓာကိုယ်အတိုင်းအတာကိုဘဲ ဂရုစိုက်သင့်ပါတယ်။

2️⃣ကယ်လိုရီကို အများကြီးစားခြင်းနဲ့ အနည်းငယ်သာစားခြင်း။

အားလုံးသိကြတဲ့ အတိုင်း ဝိတ်ကျချင်တယ် ဆိုရင် Calories Deficit လို့ခေါ်တဲ့ စားလိုက်တဲ့ ပမာဏထက် လှုပ်ရှားမှု ပမာဏက ပိုများမယ် ဆိုရင် ဝိတိကျပါလိမ့်မယ်။
တချို့က ကယ်လိုရီတွေ အများကြီးစားတဲ့ လူတွေရှိတယ်။တချို့ကလဲလုံးဝဖြတ်တောက်လိုက်တာမျိုးလဲ ရှိပါတယ်။ ဒီနေရာမှာ ဆိုးကျိုးတွေကတော့ ကယ်လိုရီနည်းနည်းဘဲ စားမယ် ဆိုရင် Metabolic Rate က ကျလာမယ်။ အဲအချိန်မှာ ခန္ဓာကိုယ်က ဆုံးရှုံးသွားမှာကတော့အဆီမဟုတ်ဘဲကြွက်သားဖြစ်တဲ့အတွက်ကြောင့် ကယ်လိုရီ နည်းနည်း စားတာဟာမကောင်းပါဘူး။ ကယ်လိုရီ အများကြီးစားမိရင်တော့ အားလုံး သိကြတဲ့ အတိုင်းဘဲ ဝိတ်ကျဖို့ကတော့တော်တော် ခဲယဉ်းမှာပါ။

3️⃣လေ့ကျင့်ခန်း အလွန်အမင်း (သို့) လုံးဝမလုပ်ခြင်း
ဒီနေရာမှာ တချို့ကလဲ လေ့ကျင့်ခန်း လုံးဝ မလုပ်တဲ့ လူတွေ ရှိသလို အရမ်း အလွန်အကျူး လုပ်ကြတဲ့ လူတွေလဲ ရှိကြပါတယ်။ ခန္ဓာကိုယ်အလေးချိန်လျော့မယ်ဆိုရင် ခန္ဓာကိုယ် က ကြွက်သားကော အဆီပါ တခါတရံ ကျတတ်ပါတယ်။
လေ့ကျင့်ခန်းကိုအများကြီးလုပ်မယ်ဆိုရင် ခန္ဓာကိုယ်ကို တွန်းအားပေးပြီး ဖိစီးစေမှာပါ။ ဒီလို ဖိစီးတဲ့ အခါမှာ ထွက်လာတဲ့ ဟော်မုန်းတွေ ဟာ ဝိတ်ကျဖို့ ခက်ခဲပါတယ်။
လေ့ကျင့်ခန်း လုံးဝမလုပ်ဘဲ အစားလျော့ပြီး ဝိတ်ချမယ်ဆိုရင်လဲ ခန္ဓာကိုယ်က ကြွက်သားထု နဲ့ Metabolic Rateလျော့ကျသွားမှာဖြစ်ပါတယ်။
ဒါကြောင့်သင့်တင့်တဲ့ လေ့ကျင့်ခန်း Weight Training ကော Cardio Vascular exercise နှစ်ခုလုံးကို တပတ်မှာ အနည်းဆုံးလေးကြိမ်ကနေ ငါးကြိမ်လောက် တွဲ လုပ်လို့ရပါတယ်။

4️⃣ဝိတ်မခြင်းကို ကြောက်ကြခြင်း။
တော်တော်များများ ဝိတ်ချချင်တဲ့ လူတွေကို Strength Training လို့ခေါ်တဲ့ ကြွက်သား လေ့ကျင့်ခန်းတွေ ပေးတဲ့ အခါမှာ ဝိတ်တွေ ပိုတက်လာမယ်လို့ ထင်ကြပါတယ်။
တကယ်တမ်း ခန္ဓာကိုယ် မှာ ကြွက်သားထု တက်လာခြင်းဟာ ခန္ဓာကိုယ်မှာ ရှိတဲ့ ကယ်လိုရီ တွေ ကိုပိုလောင်ကျွမ်းစေပြီး အဆီတွေ ချခြင်းကိုလဲ တွန်းအားပေးပါတယ်။
ဒါကြောင့် strength Training လို့ခေါ်တဲ့ ခန္ဓာကိုယ်အလေးချိန်နဲ့ဘဲ ဖြစ်ဖြစ် ဝိတ်တုံးတွေနဲ့ဘဲ ဖြစ်ဖြစ် လေ့ကျင့်ခန်းကိုလုပ်သင့်ပါတယ်။

5️⃣အဆီအနည်းဆုံး Low Fat အစားအစာတွေကို စားသုံးခြင်း။

တကယ်တမ်းကျတော့ အဆီ ပမာဏ အလွန်နည်းတဲ့ အစားအသောက်တွေ မှာ လဲ ဆိုးကျိုးတွေရှိပါတယ်။ ဥပမာ Low Fat လို့ရေးထားတဲ့ ၂၄၅ ဂရမ်ဒိန်ချဉ်တခွက်မှာ သကြားတွေ အများကြီးပါပါတယ်။
အဆီ ပမာဏ လျော့ထားတဲ့ ပစ္စည်းတွေ က ခန္ဓာကိုယ်ကို ပိုပြီး ဆာလောင်မွတ်သိပ်မှုကိုပိုဖြစ်စေပါတယ်။ ဒီလိုဖြစ်တဲ့ အတွက်ကြောင့် စားချင်စိတ်ပိုဖြစ်ပါတယ်။
ဒါကြောင့် နွားနို့သောက်တဲ့ အခါမှာ လဲ Full Cream သောက်သင့်သလား။ Low Fat ကိုသောက်သင့်သလား ဆိုရင်တော့ Full Cream တခွက်ဟာ ခန္ဓာကိုယ် ကို အဆီတွေ ဘယ်လောက်မှ မတက်သွားစေပါဘူး။တချို့ကလဲ အဆီလုံးဝထုတ်ထားတာမျိုးဆိုရင်တော့ပိုပြီးဆာလောင်စေပြီးစားလိုက်မိရင်လဲ ကယ်လိုရီပိုတက်စေပါတယ်။

6️⃣လေ့ကျင့်ခန်းလုပ်ရာမှာ ကယ်လိုရီ ပိုတွက်ခြင်း
အခုနောက်ပိုင်း Fitness Tracker တွေ ပေါ်လာတဲ့ အခါ ဒီ စက်က ပြတဲ့အတိုင်း ကြည့်ပြီး ကိုယ်က အများကြီး လုပ်လိုက်ပြီလို့ထင်ကြပါတယ်။ဥပမာ လေ့ကျင့်ခန်း တခုကိုလုပ်လိုက်လို့ ၂၀၀ ၃၀၀ ကယ်လိုရီလောက်ဘဲ လောင်ကျွမ်းတာကို ၇၀၀ ၈၀၀ လောက် လောင်ကျွမ်းတယ်ထင်ပြီး စားသောက်တဲ့အခါအများကြီး ပိုစားမိတာမျိုးပါ။ ဒီလိုကြောင့်ဝိတ်မကျတာမျိုးလဲရှိပါတယ်။

7️⃣အသားဓာတ်ကို အလုံအလောက်မစားခြင်း။

မြန်မာပြည်မှာက အသားစားတာဟာတော်တော်လေးနည်းပြီး ကစီဓာတ်ကိုပိုစားကြပါတယ်။အကယ်လိုအသား ကိုစားသင့်သလောက် မစားဘူး ဆိုရင် ခန္ဓာကိုယ်ကို ပိုပြီး ဆာလောင်‌ စေပါတယ်။ အသားကိုအလုံအလောက်စားတယ်ဆိုရင် ခန္ဓာကိုယ် ထဲ က ကြွက်သားပြုပြင် ပြောင်းလဲ ခြင်းတွေ မှာ အများကြီး အသုံးဝင်ပါတယ်။ ခန္ဓာကိုယ်က ပြည့်ဝ သွားတဲ့ ခံစားချက်ကိုပေးပြီး Metabolic Rate ကိုလဲ တက်စေပါတယ်။

8️⃣အသီးအရွက် မစားခြင်း။

လူအများစုက အသီးအရွက် စားတာနည်းကြပါတယ်။ အသီးအရွက် များများစားခြင်းဟာ ဆာလောင်ခြင်းကိုလျော့ကျစေပါတယ်။ ဗိုက်ပြည့်တဲ့လာတဲ့ အတွက် မလိုအပ်တဲ့ ကယ်လိုရီ တွေ အများကြီး မစားဖြစ်တော့ဘူးပေါ့။

9️⃣အဆီအများကြီးစားပြီး ကစီဓာတ်ကို လျော့ချ စားသုံးခြင်း

အခုနောက်ပိုင်းခေတ်စားလာတဲ့ Keto Diet ဟာလဲ ဒီလိုပုံစံ နဲ့ စားသောက်ရပါတယ်။ ဒီလို အဆီတွေ အများကြီး စားပြီး ကစီဓာတ်ကို လျော့ချလိုက်တဲ့ အခါ ခန္ဓာကိုယ် အလေးချိန်က ကျတော့ ကျသွားပါလိမ့်မယ်။ ရေရှည်မှာတော့ နှလုံးကျန်းမာရေးကိုထိခိုက်လာစေတယ်။အခြားရောဂါတွေလဲ ဝင်ရောက်လာနိုင်ပါတယ်။

🔟မဆာဘဲအစားအသောက်ကို တစွတ်စွတ်စားသုံးခြင်း။

အရင်ခေတ်က ဝိတ်ချတယ် ဆိုရင် အစားအသောက်ကို နည်းနည်း နဲ့ အကြိမ်ရေ များများ စားသုံးရတယ်လို့ပြောကြပါတယ်။ တကယ်တမ်း ဒီလို မဆာဘဲ ခဏခဏ စားသုံးခြင်းဟာ ကယ်လိုရီပမာဏပိုများနိုင်သလို ဆာလောင်ခြင်းလဲမပြေပျောက်နိုင်ပါဘူး ။တကယ်တမ်းဖြစ်သင့်တာကတော့ ဆာမှသာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက် ကိုစားသုံး သင့်ပါတယ်။

1️⃣1️⃣မဖြစ်နိုင်တဲ့ ‌အရာတွေ ကို မျှော်လင့်ခြင်း။

ဒါကတော့ လူတော်တော်များများမှာ ဖြစ်လေ့ရှိကြပါတယ်။ ဥပမာ ဒီ တလမှာ ငါ ‌ပေါင် ၂၀ ၃၀ ကျရမယ် ဆိုတဲ့ မဖြစ်နိုင်တဲ့ ပမာဏ တခုကို မျှော်လင့်ထားတာမျိုးပါ။ တကယ်တမ်း မဖြစ်လာတဲ့ အခါ စိတ်ဖိစီးမှု တွေ ပိုများလာပြီ ဆိုရင်တော့ ကိုယ်အလေးချိန်ကျဖို့ ခက်ခဲပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန် လျော့ချတဲ့ အခါ ဖြစ်နိုင်တဲ့ ပန်းတိုင် ကိုဘဲ ထားသင့်ပါတယ်။

1️⃣2️⃣ဘာစားလို့စားမိမှန်း သတိမထားမိခြင်း။
ကိုယ်အလေးချိန်လျော့ချတဲ့ အခါ ကျွန်တော်ပြော လေ့ရှိတာက ကိုယ်စားတဲ့ အရာတွေကို Food Diary လိုမျိုးရေးမှတ်ထားတယ် ဆိုရင် ကိုယ်ဘယ်လောက်စား လိုက်သလဲ။ ဘာတွေ စားလိုက်သလဲ။ ဘယ်လောက်ကယ်လိုရီ စားလိုက်သလဲ ဆိုတာမျိုးကို သတိထားမိမှာ ဖြစ်ပါတယ်။ စားနေတာတွေ ကို မမှတ်ထားဘူးဆိုရင် ကိုယ်ထင်ထားတာထပ် ပိုစားမိတာမျိုးတွေ ဖြစ်တတ်ပါတယ်။ မုန့်ပဲသရေစာတွေကို ပိုစားမိတယ် ဆိုရင်တော့ ခန္ဓာကိုယ် က လိုအပ် တဲ့ အသားဓာတ် အမျှင်ဓာတ် ကစီဓာတ်စတာတွေကို မစားမိတာမျိုးဖြစ်တတ်ပါတယ်။ ဒါကြောင့် နေ့စဉ်စားသုံးတဲ့ ဟာကိုတွေ ရေးမှတ်ထားသင့်ပါတယ်။

1️⃣3️⃣သကြားကိုမပါဘူးထင်ပြီးမသိဘဲစားသောက်ခြင်း။

တော်တော်များများ ဝိတ်ချပြီးဆိုရင် အချိုဓာတ် လွန်ကဲ တဲ့ အစားအသောက်တွေ ရှောင်တယ်လို့ပြောကြပါတယ်။ ဒါပေမဲ့ အထုပ်တွေ ၊ ဗူးတွေနဲ့ လာတဲ့ Ready made အချိုရည်တွေ သောက်နေတာကိုတွေ့ရပါတယ်။ တကယ်တမ်း ဒီလို အချိုရည်တွေဟာ ကျွန်တော်အမြဲပြောသလို Hidden Sugar လို့ခေါ်တဲ့ မမြင်ရတဲ့ သကြားဓာတ်တွေ အများကြီးပါပါတယ်။ ဒါကြောင့် ကိုယ်တိုင် ကျိတ်ပြီးရတဲ့ အသီးဖျော်ရည်တွေ သောက်သုံးတာ အကောင်းဆုံးပါ။

1️⃣4️⃣အစားအသောက်ဗူးပေါ်မှာ ညွန်းထားတဲ့ Food Label တွေ ကိုဖတ်လေ့မရှိခြင်း။

ဒါကတော့ မြန်မာပြည်မှာတော်တော်များများ မလုပ်ကြတဲ့ အရာပါ။ ဒီ အစားအသောက်မှာပါဝင်တဲ့ ပစ္စည်းနဲ့ ကယ်လိုရီ တွေကို သိနိုင်မှာမို့ ကိုယ် ဘယ်လောက်စားသုံးသင့်သလဲ ဆိုတာကို သိရှိမှာဖြစ်ပါတယ်။ ဒါကြောင့် ပါဝင်ပစ္စည်းတွေ ‌ညွန်းထားတာကိုလဲ ဖတ်သင့်ပါတယ်။

1️⃣5️⃣ပြုပြင်ထားတဲ့ အစားအသောက်တွေ စားသုံးခြင်း။

ဥပမာ ခေါက်ဆွဲ ‌ခြောက်၊ အရမ်း ဖြူစွတ်အောင် ပြုပြင်ထားတဲ့ ဆန် သကြား စ‌တာတွေ စားကြပါတယ်။ဒီလိုပစ္စည်းတွေ အများကြီးစားမိတဲ့အခါ ကိုယ့်ရဲ့ ကျန်းမာရေးကိုလဲ ထိခိုက်နိုင်သလို အဝလွန်ခြင်း ရဲ့ အဓိက ပြဿနာက‌လဲ ဒါတွေ ကြောင့်ပါ။ ဒါကြောင့် ဒီလို အစားအသောက် တွေကို တတ်နိုင်သလောက်လျော့စားသင့်ပါတယ်။ Process မလုပ်ထားတဲ့ပစ္စည်းတွေ ကိုပိုပြီးစားသုံး သင့်ပါတယ်။

⛔️ဒါကတော့ ကိုယ်အလေးချိန်လျော့ကျနေတဲ့ အခါအများစုလုပ်တတ်ကြတဲ့အမှား ၁၅ချက်ပါ။

✅ ဒီထဲ ကမှ ကိုယ့်မှားနေတဲ့ အရာတွေကိုပြင်ပြီး ကိုယ်လိုချင်တဲ့ ခန္ဓာကိုယ်ကိုပိုင်ဆိုင်နိုင်ကြပါစေလို့ Aung Myanmar Gym & Body Building မှ ဆုတောင်းပေးလိုက်ပါတယ်ခင်​ဗျာ။

Photo : From Internet Source

ZawgyiCOVID 19 (Coronavirus) ကို ကာကွယ်ဖို့ ကိုယ်တိုင်လိုက်နာလုပ်ဆောင်ရမှာတွေ ရှိပါတယ်။ မိတ်​​ဆွေတို့​ရေ.... ကိုယ့်ကိုကိ...
13/03/2020

Zawgyi
COVID 19 (Coronavirus) ကို ကာကွယ်ဖို့ ကိုယ်တိုင်လိုက်နာလုပ်ဆောင်ရမှာတွေ ရှိပါတယ်။ မိတ်​​ဆွေတို့​ရေ.... ကိုယ့်ကိုကိုယ် ကာကွယ်ရင်း
တစ်ခြားသူတွေပါ မကူးစက်အောင် ကာကွယ်ကြရအောင်နော်... ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနက အချိန်နဲ့တပြေးညီ ထုတ်ပြန်နေတဲ့ ဗိုင်းရပ်စ်သတင်းတွေကို
စောင့်ကြည့်ဖို့လည်း မမေ့နဲ့နော်!


COVID 19 (Coronavirus) ကို ကာကွယ်ဖို့ ကိုယ်တိုင်လိုက်နာလုပ်ဆောင်ရမှာတွေ ရှိပါတယ်။
မိတ်​​ဆွေတို့.... ကိုယ့်ကိုကိုယ် ကာကွယ်ရင်း တစ်ခြားသူတွေပါ မကူးစက်အောင် ကာကွယ်ကြရအောင်နော်... ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနက အချိန်နဲ့တပြေးညီ ထုတ်ပြန်နေတဲ့ ဗိုင်းရပ်စ်သတင်းတွေကို စောင့်ကြည့်ဖို့လည်း မမေ့နဲ့နော်!

အယ်....ပြောမိ့ပြန်ပြီ...😉😋🤓
11/03/2020

အယ်....ပြောမိ့ပြန်ပြီ...😉😋🤓

💸 ကျန်းမာ​ရေးအတွက်​ အတန်ဆုံး ဈေးတွေနဲ့  လန်းကြမယ် 😎     👨‍👩‍👧‍👦 လူကြီးဖြစ်ဖြစ် လူငယ်ဖြစ်ဖြစ် ငယ်ရွယ်နုပျိုမှုကို ပိုင်ဆ...
07/03/2020

💸 ကျန်းမာ​ရေးအတွက်​ အတန်ဆုံး ဈေးတွေနဲ့ လန်းကြမယ် 😎

👨‍👩‍👧‍👦 လူကြီးဖြစ်ဖြစ် လူငယ်ဖြစ်ဖြစ် ငယ်ရွယ်နုပျိုမှုကို ပိုင်ဆိုင်ချင်ကြတယ်... လူတိုင်းက သူ့စိတ်ကူး သူ့စံနှုန်းနဲ့ လှချင်ကြတယ်..... အက်ဒမင်တခုအကြံပေးချင်တာကတော့ stress တွေပြေပျောက်ပြီး စိတ်ပျိုကိုယ်နုဖို့ အားကစားတခုခုလုပ်ကြည့်ပါ..... weight loss ​တွေ Fit ဖြစ်စေမယ့် ကစားနည်းတွေကစားကြည့်ပါ.... အဲ့အတွက် လူတိုင်းရဲ့ အလှအပရေးရာကို Aung Myanmar က တာဝန်ယူဖြေရှင်းပေးနေပါတယ်နော်.... ကစားနည်းအစုံ စက်ပစ္စည်းအစုံ ထားပေးထားတာမို့ စိတ်ကြိုက်လာရောက် ကစားနိုင်ဖို့အတွက် တလမှ 15000 ကျပ်ဝန်းကျင်ပဲ ဈေးယူထားပါတယ်ရှင် 😉😉 🏋️‍♂️🧘‍♀️

သင်္ကြန်မှာ ကဲ... မယ်ဆိုBody လေးလန်းဖို့လိုမယ်...ခရီးထွက် မယ်ဆိုရင်လည်း 🏖Body လန်းမှ Photo လန်းမယ်...ဒီလိုဖြစ်ဖို့ တော့အချ...
03/03/2020

သင်္ကြန်မှာ ကဲ... မယ်ဆို
Body လေးလန်းဖို့လိုမယ်...

ခရီးထွက် မယ်ဆိုရင်လည်း 🏖
Body လန်းမှ Photo လန်းမယ်...

ဒီလိုဖြစ်ဖို့ တော့အချိန်ယူပြီး လေ့ကျင့်ခန်း
လုပ်မှ ရမယ်😪... ဒါပင်မဲ့ စိတ်မပူပါနဲ့...

အခုပဲ Aung Myanmar ကို အ​ရောက်​လှမ်းခဲ့လိုက်​ပါ......

Address

Quarter (3), Lanmadaw Street, Across From Lashio Hospital, (Ta. Ma) Housing
Lashio

Opening Hours

Monday 06:00 - 09:00
15:00 - 20:30
Tuesday 06:00 - 09:00
15:00 - 20:30
Wednesday 06:00 - 09:00
15:00 - 20:30
Thursday 06:00 - 09:00
15:00 - 20:30
Friday 06:00 - 08:30
15:00 - 20:30
Saturday 06:00 - 09:00
15:00 - 20:30
Sunday 06:00 - 09:00

Telephone

09778892422

Website

Alerts

Be the first to know and let us send you an email when Aung Myanmar Gym & Body Building Club posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share