04/06/2022
လောဘမကြီးပါနှင့်
ကိုယ်အလေးချိန်ချရာမှာကျွန်တော်တို့တွေအများဆုံးမှားတတ်ကြတာကအဆီကျချင်စိတ်လောကြီးခြင်း ဆိုရင်မမှားပါဘူး။စားချင်သလိုစားပြီးလှုပ်ရှားမှုနည်းခဲ့တဲ့ခန္ဓာကိုယ်ကြီးမှာမလိုလားအပ်တဲ့အဆီပိုတွေတစ်နေ့တစ်ခြားများပြားလာချိန်ရောက်မှအသည်းအသန် ဂျင်မ်ပြေးကြသည်။ဖြတ်လမ်းကနေ အဆီကျချင်စိတ်နဲ့ အစားအငတ်ခံ လေ့ကျင့်ခန်းတွေကိုအံ့ကြိတ်ပြီးလုပ်ကြသည်။ရေတိုမှာတော့အဆီကျသွားသည်ဟုထင်ကြသည်။ဝမ်းပမ်းတသာနှင့် လေ့ကျင့်ခန်းလုပ်ခြင်းမှရပ်သည် နဂိုအတိုင်းပြန်စားသည်။ပြန်ပြီးဝိတ်တက်လာသည် ဒါသည်လက်ရှိ အဆီကျချင်သူအများစုကြုံတွေ့နေရသည့် သံသရာတစ်ခုပင်ဖြစ်သည်။
တစ်ရက်သွားရမည့်ခရီးကိုတစ်နာရီဖြင့်ရောက်ချင်ကြသည်။ကိုယ်အလေးချိန်လျှော့ချရာတွင်အကောင်းဆုံးမှာ အနည်းငယ်မှစ၍ လျှော့ချရန်သတ်မှတ်ခြင်းသည်အကောင်းဆုံးဖြစ်သည်။
ဒီလိုမျိုးအနည်းငယ်မှစတင်၍ကိုယ်အလေးချိန်လျှော့ ချခြင်း၏အကျိုးကျေးဇူးတွေက----
1️⃣ကိုယ်ရည်မှန်းထားသော ကိုယ်အလေးချိန်ရောက်ရန်သေချာခြင်း
2️⃣နောက်ဆုံး Target မရောက်မှီ ကြည်နူးပိတီဖြစ်ခြင်း
3️⃣ကိုယ်အလေးချိန်လျှော့ချရန်ကြိုးစားရာတွင်နောက်ဆုံးပန်းတိုင်မရောက်မှီ စိတ်ဓာတ်ကျခြင်းမှ ကင်းဝေးစေခြင်းတို့ဖြစ်ပါတယ်။
ဒီတော့ ဘယ်လောက်အလေးချိန်ကစပြီး target ထားမလဲဆိုတာကိုတွက်ကြည့်ရအောင်----
အကောင်းဆုံးကတော့ မိမိခန္ဓာကိုယ်အလေးချိန်၏ ၅%ကို အရင်ချရန်ဆုံးဖြတ်ပါ။
ဥပမာ---
ကိုယ်အလေးချိန် ၁၄၈ ပေါင်× ၅ =၇၄၀/၁၀၀= 7.4 ပေါင်ကိုသတ်မှတ်ပါ။ကိုယ်သတ်မှတ်ထားတဲ့ အလေးချိန်ထက်ပိုပြီး လျှော့သွားရင်တော့အပိုဆုပါ။သတ်မှတ်ထားတဲ့ ၅ ပေါင်ကို ၆ ပတ်အတွင်းလျှော့ချရန် သတ်မှတ်ပါ။တစ်ပတ်ကို ဘယ်နှစ်ပေါင်ဆိုတာသိချင်ရင်တော့ ၇.၄ပေါင်ကို ၆ဖြင့်စားပါက ၁.၂ ပေါင်နှုန်းကို ၇ပါမယ်။ဒါကမိမိ တစ်ပတ်ကို လျှော့ချသင့်တဲ့ ပမာဏပါ။
သတ်မှတ်ထားပြီးလျင် ဖြစ်အောင်လုပ်ရမည်မှာ သင့်အလုပ်ပင်ဖြစ်သည်။ နေ့ရွှေ့ ညရွှေ့ရန်အချိန်မရှိပါ ဖော်ပြပါ ၆ ပတ်သည် သင်သတ်မှတ်ထားသော ကိုယ်အလေးချိန် ၅ပေါင်လျော့ကျရန် လုံလောက်ပါသည်။သင့်အတွက် ပထမဆုံး ခြေလှမ်းပင်ဖြစ်သည်။
ကိုယ်အလေးချိန်လျှော့ချခြင်းကို တစ်ဆင့်ပြီး တစ်ဆင့်သွားခြင်းသည် ရေရှည် ခန္ဓာကိုယ်အလေးချိန် ထိန်းသိမ်းရာတွင် အောင်မြင်သော နည်းစနစ်တစ်ခုပင်ဖြစ်သည်။သတ်မှတ်ထားသည့် ၆ပတ်အတွင်း မဖြစ်နိုင် ဟုထင်ပါက ၈ ပတ်အထိတိုးမြှင့်နိုင်သည်။ကိုယ်အလေးချိန် သတ်မှတ်ရာတွင် သဘာဝကျသော နည်းစနစ် နှင့် အောင်မြင်နိုင်သော နည်းလမ်းမျိုးဖြစ်ရန်အရေးကြီးသည်။
ယနေ့အချိန်ခါလို မီဒီယာအမျိုးမျိုး ခေတ်ထနေချိန်မှာ ပေါ်ပင်စီးပွားရေး သမားများ၏ ဖြားယောင်းမြူဆွယ် ကြော်ငြာနေသော တစ်ပတ်အတွင်းဘယ်နှစ်ပေါင်ကျသည် ဘာအဆီကျဆေး ညာအဆီကျဆေးများ ဘာ Diets ညာDiets များသည်အဆမတန် အာမခံချက်များပေးလေ့ရှိ ပြီး နောက်ဆုံးကျတော့ အလုပ်မဖြစ်ပဲ ကိုယ်အလေးချိန်တိုးလာခြင်း အစားအလွန်အကျွံစားခြင်းကိုဖြစ်ပေါ် လာသည်။
လမ်းကွေ့တွင် ချော်ထွက်ပြီး ပန်းတိုင်မရောက်ခြင်းထက် လမ်းကြောင်းမှန်မှန် ဖြည်းဖြည်းခြင်း ပန်းတိုင်သွားခြင်းသည် အန္တရာယ်လည်းကင်းသည်။သင့်မှာ လျှော့ချစရာအဆီနည်းလျင် သင့်ပန်းတိုင်လည်း မြန်မြန်ရောက်မည်။တစ်ပတ် လျင် တစ်ပေါင်ကျော် ၂ပေါင် လျှော့ချခြင်းသည် သိပ်မသိသာသလိုရှိသော်လည်း အဆီတစ်ပေါင်လျင် ၃၅၀၀ ကယ်လိုရီဖြင့်တွက်ပါက တစ်ပတ်လျင် ၂ပေါင်လျှော့ရန် တစ်ရက်တွင် ကယ်လိုရီ တစ်ထောင် တစ်ပတ်တွင် ကယ်လိုရီ ၇၀၀၀ (လိုတိုးပိုလျှော့)ကိုလျှော့ရမည်ဖြစ်သည်။ဒါကြောင့် အဆီချရာတွင် ဖြည်းဖြည်းချင်းသာသွားပါ မလောပါနှင့် အစားအစာများတွင်ကယ်လိုရီပါဝင်မှုနှုန်းကို သိချင်ပါက အင်တာနက် ဝဘ်က်ဆိုက်များတွင် အလွယ်တကူ လေ့လာနိုင်ပါသည်။
𝗣𝗮𝗴𝗲မှာ မတင်ဖြစ်သည့် 𝗕𝗼𝗱𝘆𝗯𝘂𝗶𝗹𝗱𝗶𝗻𝗴& 𝗙𝗶𝘁𝗻𝗲𝘀𝘀 ဗဟုသုတ ဆောင်းပါးများနှင့် 𝗠𝘆 𝗣𝗿𝗼𝘁𝗲𝗶𝗻 𝗚𝘆𝗺 𝗦𝘂𝗽𝗽𝗹𝗲𝗺𝗲𝗻𝘁𝘀 ကြော်ညာများကို လေ့လာ ဖတ်ရူလိုပါက ကျွန်တော့်အကောင့်ကို 𝗙𝗼𝗹𝗹𝗼𝘄 ထားနိုင်ပါသည်။
https://www.facebook.com/aungaung.hlaing24
#အောင်အောင်_လှိုင်
.