02/04/2024
Happy Birthday ပါရှီးဖော်ရေ
မွေးနေ့မှစပြီး ပိုပိုပျော်ရွှင်မြူးတူးပါစေလို့ WAR HORSE FCမှ ဆုမွန်ကောင်းတောင်းပေးလ်ိုက်ပါတယ်ဗျာ
KYAIKKHAMI FOOTBALL CLUB ရဲ့ ပဲ့ကိုင်ရှင်၊ဘောလုံးအားကစားကို ဝါသနာပါကြတဲ့ လူငယ်တွေအတွက် မီးအိမ်ရှင်၊ကျိုက္ခမီမြို့ရဲ့ ဘောလုံးဖခင်ကြီးဆိုရင်လဲ မမှားတဲ့ ကိုလှိုင်ဝင်းဌေး(ခ)ကိုအာလူး(ခ)ရှိဖော် လို့ ကျွန်တော်တို့ ချစ်စနိုးနဲ့ခေါ်ရတဲ့ ဆရာရဲ့ (၄၄)နှစ်ပြည့် မွေးနေ့မင်္ဂလာ ရက်မြတ်လေးပဲ ဖြစ်ပါတယ် ခင်ဗျာ❤️
ကျွန်တော်တို့လူငယ်တွေ မူးယစ်ဆေးကြောင့် လမ်းမှားမရောက်စေချင်တဲ့ ရှိဖော်ရဲ့စေတနာ၊တခြားမြို့ရွာတွေနဲ့ယှဉ်ရင် ကိုယ့်မြို့အသင်း ဂုဏ်မငယ်စေဖို့ ငွေအားရောလူအားပါ စိုက်ထုတ် အနစ်နာခံခဲ့တဲ့ ဆရာဆိုရင်လဲမမှားပါဘူး
ကျိုက္ခမီမြို့ရဲ့ဂုဏ်ဆောင်စေဖို့ လူငယ်တွေကို နိုင်ငံ့လက်ရွေးစင်တဲ့အထိ ငွေကုန်ကြေးကျခံ ကြိုးစားပေးခဲ့တဲ့ ဆရာရဲ့ကြိုးစားမှုကို ညီလေးကောင်းထက်ပိုင်က အချည်းအနှီးမဖြစ်စေခဲ့လို့ အမြဲတမ်း တပည့်တွေရဲ့ အောင်မြင်မှုအပေါ် ပီတိဝေဖြာ ဂုဏ်ယူနေတတ်သော ဆရာပါ❤️
မြို့ကထူးချွန်ပြီးအလားအလာရှိ ကစားသမားလေးတွေကို ဘောလုံးအကယ်ဒမီ၊အားကာသိပ္ပံ တို့ကို ပို့ပေးခဲ့ပြီး လက်ရှိမှာလဲ နောက်ထပ်ကစားသမားတွေကို ပို့ပေးနိုင်ဖို့ ကြိုးစားနေတဲ့ ဆရာရဲ့ရည်မှန်းချက်တွေလဲ အောင်မြင်ပါစေ ဆရာ
တစ်ခါတလေကျရင် ဆရာအသက်ကြီးပြီး ဘောလုံးမကစားနိုင်တော့တဲ့အခါ ဘောလုံးအားကစားကိုဝါသနာပါကြတဲ့ ကျွန်တော်တို့လူငယ်တွေရဲ့ အနာဂတ်ကိုတွေးကြည့်မိတဲ့အခါ ရင်လေးရပါတယ် "ရှိဖော်"လို့ခေါ်မှအသင်းမှာပေးကစားတာမဟုတ်ဘဲ ကစားသမားကောင်း၊စိတ်ဓာတ်ကောင်းရင် အသင်းမှာအမြဲတမ်းကစားခွင့်ပေးတဲ့ ဆရာ့ကို သက်ရှည်ကျန်းမာစိတ်ချမ်းသာစေချင်တာ ကျွန်တော်တို့တပည့်အားလုံးရဲ့ဆန္ဒပါ ဆရာ❤️
ဆရာရဲ့မွေးနေ့အမှတ်တရအနေနဲ့ ဆရာလိုချင်ခဲ့တဲ့ နှီးပဒေါကျေးရွာဖိတ်ခေါ်ဘောလုံးပြိုင်ပွဲရဲ့ ပထမဆုဖလားကို ဆရာ့အတွက်ရအောင်ယူပေးနိုင်ခဲ့လို့ ကျွန်တော်တို့အသင်းသားတွေ ဝမ်းသာပီတိ ဖြစ်ခဲ့ရပါတယ် ဆရာရေ❤️
ဆရာချစ်ရတဲ့ မိသားစုအပေါ် စိတ်ချမ်းသာ ကိုယ်ကျန်းမာအောင် ထားနိုင်ပြီး ကျိုက္ခမီမြို့ရဲ့အကျိုး၊ဆရာချစ်ရတဲ့ဝါသနာအပေါ်မှာ ဆထက်ထမ်းပိုး အကျိုးပြုနိုင်ပါစေကြောင်း ကျွန်တော်တို့ဘောလုံးအားကစားကိုချစ်တဲ့လူငယ်များမှ ဆုမွန်ကောင်း တောင်းပေးအပ်ပါတယ် ဆရာရေ❤️