03/09/2026
ပိုက်ဆံမရှာခင် ကျန်းမာရေးကို ဘာကြောင့် တည်ဆောက်သင့်လဲ?
လူတိုင်းက ပိုက်ဆံပိုရှာချင်ကြတယ်။
ပိုကောင်းတဲ့ဘဝကို ရချင်ကြတယ်။
အောင်မြင်ချင်ကြတယ်။
ဒါပေမယ့် အဲ့ဒီအရာတွေကို ရှာဖွေရင်းနဲ့
ကိုယ့်ကျန်းမာရေးကို နောက်ဆုံးမှာထားမိတတ်ကြတယ်။
“အလုပ်များလို့…”
“အချိန်မရှိလို့…”
“နောက်မှ Gym ဆော့မယ်…”
ဆိုပြီး ကိုယ့်ကျန်းမာရေးကို ရွှေ့ထားကြတယ်။
တကယ်တော့ ကျန်းမာရေးက ပိုက်ဆံရှာပြီးမှ ပြန်ဝယ်လို့ရတဲ့အရာ မဟုတ်ဘူး။
ပိုက်ဆံက ပစ္စည်းတွေ ဝယ်ပေးနိုင်တယ်။
အခွင့်အရေးတွေ ဖန်တီးပေးနိုင်တယ်။
ဒါပေမယ့်
အဲ့ဒီအရာတွေကို ပျော်ပျော်ရွှင်ရွှင် အသုံးချနိုင်ဖို့က
ကျန်းမာတဲ့ ကိုယ်ခန္ဓာနဲ့ စိတ်ကျန်းမာရေးလိုတယ်။
ဒါကြောင့် ကျန်းမာရေးကို
“အားရင်လုပ်မယ့်အရာ” လို့ မမြင်ပါနဲ့။
ကိုယ့်အလုပ်၊ ကိုယ့်မိသားစု၊ ကိုယ့်အနာဂတ်တွေအတွက်
လိုအပ်တဲ့ အခြေခံရင်းနှီးမြှုပ်နှံမှုတစ်ခု လို့ မြင်ပါ။
ပိုက်ဆံရှာတာကို မရပ်ပါနဲ့။
အောင်မြင်ဖို့ ကြိုးစားတာကိုလည်း မရပ်ပါနဲ့။
ဒါပေမယ့်…
အောင်မြင်ဖို့ ကြိုးစားရင်း
အောင်မြင်တဲ့ဘဝကို ခံစားနိုင်မယ့် ကျန်းမာရေးကိုတော့ မဆုံးရှုံးစေနဲ့။
ပိုက်ဆံက ဘဝကို ပိုကောင်းအောင်လုပ်ပေးနိုင်တယ်။
ကျန်းမာရေးကတော့ အဲ့ဒီဘဝကို တကယ်နေထိုင်နိုင်အောင် လုပ်ပေးတယ်။ 🤍
Try this TGU .❤️❤️
📍-ဝေါ်ခုတ်၊ခေမာရဌဟိုတယ်အရှေ့လမ်း၊ကျိုင်းတုံမြို့။
☎️-09885251595
💸-70,000ks