13/10/2026
မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အဓိက ဆုံးဖြတ်ချက်ချမှတ်သူတွေဟာ နွေရာသီ အပြောင်းအရွှေ့ကာလမှာ မျှော်မှန်းထားသလောက် မလုပ်ဆောင်နိုင်ခဲ့ဘူးဆိုတာကို သီးသန့်ဆွေးနွေးမှုတွေမှာ ဝန်ခံထားကြပါတယ်။
အသင်းအတွင်း သတင်းရင်းမြစ်တွေရဲ့ ပြောကြားချက်အရ ယူရီ တီလီမန်းစ်နဲ့ အန်ဒရေး ဆန်းတို့စ်တို့ဟာ အသင်းရဲ့ အပြောင်းအရွှေ့ပစ်မှတ်စာရင်းမှာ ဦးစားပေးအဆင့်အဖြစ် သက်မှတ်ထားသူတွေ မဟုတ်ဘူးလို့ သိရပါတယ်။