22/06/2026
ချစ်ခင်ရပါသော YUOE ကျောင်းသား/သူများခဗျာ...
ကျွန်တော်တို့ YUOE Badminton Club အား ပြန်လည်ဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင်ရွက်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် လက်ရှိကာလတွင် ပြန်လည်ဖွင့်လှစ်နိုင်ခြင်း မရှိသေးကြောင်း အသိပေးအပ်ပါသည်။
Club ပြန်လည်စတင်မည့် သတင်းကို စောင့်မျှော်အားပေးခဲ့ကြသော ကျောင်းသား/သူများအားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါသည်။
အဆင်ပြေသည့် အချိန်ကာလတစ်ခုတွင် ပိုမိုကောင်းမွန်သော အစီအစဉ်များနှင့်အတူ ပြန်လည်ဆုံတွေ့နိုင်ရန် မျှော်လင့်လျက်...
YUOE Badminton Club အပေါ် ဆက်လက်အားပေးမှုများအတွက် ကျေးဇူးအထူးတင်ရှိပါသည်။ 💚🏸
လေးစားစွာဖြင့် YUOE Badminton Club