AKM Fitness Center

AKM Fitness Center WELCOME to AKM Fitness Center

31/08/2026

ဝါတွင်းသုံးလ တစ်လပြည့်ပြီ training
နောက် ၂လ ရှယ် ကြမ်းမယ်
ရှယ်မောင်းမယ် ခံနိုင်မှလာခဲ့😎

25/08/2026



04/08/2026

Gym ကစားရင်းအသားအရည် ဝင်းလက်လာတာGym ကစားတဲ့သူတွေပဲသိတယ်။Gym ကစားရင်းရောဂါဝေဒနာတွေ လျော့ပါးပျောက်ကွယ်လာတာGym ကစားတဲ့သူတွေ...
23/04/2026

Gym ကစားရင်း
အသားအရည် ဝင်းလက်လာတာ
Gym ကစားတဲ့သူတွေပဲသိတယ်။

Gym ကစားရင်း
ရောဂါဝေဒနာတွေ
လျော့ပါးပျောက်ကွယ်လာတာ
Gym ကစားတဲ့သူတွေပဲသိတယ်။

Gym ကစားရင်း
ငယ်ရွယ်မှုကို ဆွဲဆန့်နိုင်လာတာ
Gym ကစားတဲ့သူတွေပဲသိတယ်။

Gym ကစားရင်း
အဆိုးမှာ မပျော်မွေ့တတ်တော့တာ
Gym ကစားတဲ့သူတွေပဲသိတယ်။

Gym ကစားရင်း
တခုခုကိုစွဲစွဲမြဲမြဲ လုပ်တတ်လာတာ
Gym ကစားတဲ့သူတွေပဲသိတယ်။

Gym ကစားရင်း
မိတ်ဆွေအမှန်တွေနဲ့ တွေ့ဆုံခွင့်ရတာ
Gym ကစားတဲ့သူတွေပဲသိတယ်။

Gym ကစားရင်း
နေ့စဉ်လုပ်ငန်းဆောင်တာတွေ
တိုးတက်လုပ်ဆောင်နိုင်လာတာ
Gym ကစားတဲ့သူတွေပဲသိတယ်။

Gym ကစားရင်း
ရုပ်ပိုင်းပြောင်းလဲမှုကရတဲ့
စိတ်ပိုင်းရှင်သန်ခိုင်မာလာတာ
Gym ကစားတဲ့သူတွေပဲသိတယ်။

Gym ကစားရင်း
မိမိအတွက် မလိုအပ်တဲ့အရာတွေ
ရှင်းထုတ်နိုင်တယ်ဆိုတာ
Gym ကစားတဲ့သူတွေပဲသိတယ်။

Gym ကစားရင်း
အိပ်ချိန်၊ ထချိန်တွေ
ကြည်လင်လန်းဆန်းလာတာ
Gym ကစားတဲ့သူတွေပဲသိတယ်။

Gym ကစားရင်း
သောက်နေကြဆေးတွေ
မထိမတွေ့ရတော့တာ
Gym ကစားတဲ့သူတွေပဲသိတယ်။

ဒါကြောင့်...
မိတ်ဆွေ Gym ကစားပါ
Gym ကစားကြည့်ဖို့ လိုမယ်...။

23/04/2026

AKM Fitness Center မှ နွေရာသီအထူးပရိုမိုးရှင်း‼️

3+1 အစီအစဥ် နဲ့ ၃လစာသွင်း တစ်လFree အစီအစဥ်
ဒီလကုန် နောက်ဆုံး မို့ အခုပဲစာရင်းပေးသွင်းလိုက်တော့နော်

PT သီးသန့်မလိုပဲ Trainerမှ ဘေးမှာ အချိန်ပြည့်ရှိမယ့်အပြင်

အစားအသောက်လမ်းညွှန်မှု အနေအထိုင် ပြုပြင်မှုတို့ကိုရှင်းလင်းပြောပြပေး သွားမှာ ဖြစ်လို့
၃လအတွင်းသိသိသာသာပြောင်းလဲချင်တယ်ဆို

နှစ်စ မှာ အခွင့်အရေးက သင်နဲ့လက်တစ်ကမ်းမှာ စောင့်ကြိုနေပါပြီ။

ဆက်သွယ်ရန် =095419380 (or) 09756796371
လိပ်စာ = အင်းစိန်မြို့နယ် ၊ကမ်းနားအလယ်ရပ်ကွက်၊
အောင်ဇေယျအိမ်ယာ တိုက်၆ မြေညီထပ်

(၂၅ပေပတ်လည် အခန်း ဖွဲ့ ၄ ခန်းဖြင့် လွတ်လပ်စွာကစားနိုင်ပါပြီ)

23/03/2026






‼️"ဒူးနာမှာ ကြောက်လို့  Squat မထိုင်ဘူး ဆိုတဲ့သူတွေ        ဖတ်ဖို့ "‼️ Gym မှာအောက်ပိုင်း (Lower body ) လေ့ကျင့်ခန်းတွေလ...
20/03/2026

‼️"ဒူးနာမှာ ကြောက်လို့ Squat မထိုင်ဘူး ဆိုတဲ့သူတွေ
ဖတ်ဖို့ "‼️

Gym မှာအောက်ပိုင်း (Lower body ) လေ့ကျင့်ခန်းတွေလုပ်တဲ့အခါ ခါးဒဏ်ရာရတာဟာ နည်းစနစ်မမှန်တာကြောင့်အဖြစ်အများဆုံးပါ။
Squat ထိုင်တဲ့အခါ ခါးမနာစေဖို့ အခြေခံစည်းမျဥ်းများကို မျှဝေပေး လိုက်ပါတယ်။

၁။ ခါးရိုးကိုမတ်မတ်ထားပါ (Maintain a Neutral Spine)

❌အောက်ပိုင်းဆော့တဲ့အခါ ခါးကိုကွေးလိုက်တာ
( Rounding) ဒါမှမဟုတ် အလွန်အကျွံ ကော့လိုက်တာ
(Arching) မျိုး လုံးဝ မလုပ်ရပါဘူး။❌

✅နည်းစနစ်: ရင်ဘက်ကိုအနည်းငယ် ဖွင့်ထားပြီး
အကြည့်ကို အရှေ့တည့်တည့် (သို့မဟုတ်) အောက်
ဘက် အနည်းငယ်ကို ကြည့်ပါ။✅

မှတ်ချက် - ခါးရိုးဟာ မျဥ်းဖြောင့်အတိုင်း ရှိနေရပါ
မယ်။

၂။ ဗိုက်ကြွက်သားကို အားပြုပါ ( Brace Your Core )

ဒါကအရေးကြီးဆုံးအချက်ပါ။ဗိုက်ကြွက်သား(Core)
ကိုတောင့်ထားခြင်းကခါးရိုးအတွက်"အတွင်းခံခါးပတ်"
(Internal Weight Belt) လိုအကာအကွယ်ပေးပါတယ်။

✅နည်းစနစ် : လေ့ကျင့်ခန်း မစတင်မီ လေကိုဝအောင်
ရှူသွင်းပြီး ဗိုက်ကို တစ်ယောက်ယောက်ကလာထိုး
တော့မယ့်အတိုင်း တောင့်ထားပါ။ လေ့ကျင့်ခန်း
တစ်ပတ် (Rep) ပြီးမှလေကို ပြန်ထုတ်ပါ။✅

၃။ တင်ပါးကို အသုံးပြုပါ ( Hinge at the Hips )

ခါးကနေ ငုံ့ချတာမျိုး မလုပ်ဘဲ တင်းပါးကို အနောက်
ဘက်ကို တွန်းထုတ်တဲ့ ( Hip Hinge ) ပုံစံ ကိုကျင့်ယူပါ။

✅နည်းစနစ် :Squat ထိုင်ရင် ဒူးကိုအရင်ကွေးတာထက်
တင်ပါးကို ကုလားထိုင်ပေါ်ထိုင်ချသလိုမျိုးအနောက်
ကို အရင်ပို့ပါ။✅

၄။ ဒူး နဲ့ ခြေချောင်း ဦးတည်ချက်( Knee Alignment )

အောက်ပိုင်းဆော့တဲ့အခါ ဒူးတွေက အတွင်းဘက်ကို
ချိုင့်ဝင် မသွားပါစေနဲ့။

✅နည်းစနစ် : ဒူးကိုခြေချောင်းတွေ ညွှန်ပြတဲ့ ဦးတည်
ချက်အတိုင်း အပြင်ဘက်ကိုအနည်းငယ် တွန်းထုတ်
ထားပါ။ ဒါမှ တင်ပါးကြွက်သား ( Glutes ) တွေ
အလုပ်လုပ်ပြီး ခါးအပေါ်သက်ရောက်တဲ့ ဝန်ကို
လျော့ကျစေမှာပါ။✅

‼️မှတ်ချက်- အကယ်၍ လေ့ကျင့်ခန်းလုပ်နေစဥ် ခါးမှာ
ဆစ်ကနဲ နာကျင်တာမျိုး ခံစားရပါက ချက်ချင်း
ရပ်လိုက်ပါ။ ခါးနာတာက ပုံမှန်ကြွက်သားနာတာ
( Soreness )နဲ့မတူဘဲ အန္တရာယ် ရှိနိုင်လို့ပါ။ ‼️

ကျွန်တော်တို့ရဲ့ AKM Fitness Center မှာတော့
အောက်ပိုင်းနေ့ဆို မည်သူတစ်ဦးယောက်မှ မလွတ်ပဲ
ထိခိုက်ဒဏ်ရာ (injury) ကင်းဝေးစေရန် PT သဘောမျိုး
အနည်းကပ် ကြည့်ရှူ လမ်းညွှန်ပေးပါတယ် ခင်ဗျာ။🤗

🎗🎗🎗အားလုံးပဲ ကျန်းမာသော ခန္တာကိုယ်တစ်ခု တည်ဆောက်နိုင်ကြပါစေ 🎗🎗🎗

အနည်းကပ် တစ်ဦးချင်း PT လဲ ဆက်သွယ်စုံစမ်းနိုင်ပါတယ်ခင်ဗျာ။

Contact ☎️☎️☎️ 095419380
🏡🏡🏡 အောင်ဇေယျအိမ်ယာ၊ကမ်းနားအလယ်
ရပ်ကွက်၊ တိုက်(၆) မြေညီထပ် ၊ အင်းစိန်။







🛡လေ့ကျင့်ခန်းလုပ်ရာတွင် ဒဏ်ရာအန္တရာယ်ကင်းဝေး     စေရန် လိုက်နာသင့်သည့်အချက်များ 🛡✅  Warm-up အရင်လုပ်ပါ: လေ့ကျင့်ခန်းမစတင...
19/03/2026

🛡လေ့ကျင့်ခန်းလုပ်ရာတွင် ဒဏ်ရာအန္တရာယ်ကင်းဝေး
စေရန် လိုက်နာသင့်သည့်အချက်များ 🛡

✅ Warm-up အရင်လုပ်ပါ: လေ့ကျင့်ခန်းမစတင်မီ
ခန္တာကိုယ်အပူပေးခြင်း ( warm-up) ကို ၅မိနစ် မှ ၁၀
မိနစ်ခန့် ပြုလုပ်ပေးပါ။ ဒါမှသာ ကြွက်သားတွေ
နိုးကြားလာပြီး ဒဏ်ရာရရှိမှုကိုလျှော့ချပေးနိုင်မှာပါ။

✅ စနစ်တကျ နည်းစနစ်မှန်ပါစေ: အလေးမတာပဲ
ဖြစ်ဖြစ် ၊ တခြားလေ့ကျင့်ခန်းတွေလုပ်တာပဲဖြစ်ဖြစ်
နည်းစနစ် (Form) မှန်ကန်ဖို့ အလွန်အရေးကြီးပါ
တယ်။ မသိနားမလည်ပါက Fitness Trainer များကို
အကူအညီတောင်းပါ။

✅ တဖြည်းဖြည်းချင်း တိုးမြှင့်ပါ: မိမိခန္တာကိုယ်က မခံ
နိုင်လောက်တဲ့ အလေးချိန် ဒါမှမဟုတ် ပြင်းထန်မှုကို
ရုတ်တရက် မလုပ်ပါနဲ့။ တဖြည်းဖြည်းချင်း မှသာ
အဆင့်တိုးမြှင့်သွားပါ။

✅ရေဓာတ်ပြည့်ဝပါစေ:လေ့ကျင့်ခန်းလုပ်နေစဥ်အတွင်း
နှင့် လုပ်ပြီးချိန်မှာ ရေကိုနည်းနည်းချင်းစီမကြာခဏ
သောက်ပေးပါ။

✅ အနားယူချိန်ပေးပါ: ကြွက်သားတွေပြန်လည်
တည်ဆောက်ဖို့အတွက် လုံလောက်တဲ့ အနားယူမှု
( Rest day ) နဲ့ အိပ်စက်မှု လိုအပ်ပါတယ်။

✅ Cool-down ပြုလုပ်ပါ: လေ့ကျင့်ခန်းအပြီးမှာ
ကြွက်သားဆွဲ့ဆန့်ခြင်း (stretching )ပြုလုပ်ပေးခြင်း
ဖြင့် ကြွက်သားနာကျင်မှုကို သက်သာစေပါတယ်။

💢 "ကျန်းမာကြံ့ခိုင်သော ဘဝတစ်ခု ပိုင်ဆိုင်နိုင်ဖို့
AKM Fitness Center က အမြဲရှိနေမှာပါ " 💢

✊Contant Now - 095419380📞📞📞
အောင်ဇေယျအိမ်ယာ ၊ ကမ်းနားအလယ်ရပ်ကွက်၊
တိုက် (၆) မြေညီထပ် ၊ အင်းစိန်။ ✊

Address

Insein
AKMFITNESSCENTER

Website

Alerts

Be the first to know and let us send you an email when AKM Fitness Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share