Hpa.an University Judo Club

Hpa.an University Judo Club Judo Club

06/07/2022
04/07/2022
24/01/2022
22/11/2021

လွမ်းလိုက်​တာအရင်​လိုပြန်​ဆုံးချင်​​နေပြီ

04/10/2021

Always remember

"ဂျူဒို"အားကစားသည် "ဂျူဂျစ်ဆု"ဆိုသည့်ကိုယ်ခံပညာရပ်မှ သိပ္ပံနည်းကျ၍ လူတိုင်း အလွယ်တကူလေ့ကျင့်ကစားနိုင်သည့် အားကစားနည်းအဖြစ...
27/09/2021

"ဂျူဒို"အားကစားသည်
"ဂျူဂျစ်ဆု"ဆိုသည့်
ကိုယ်ခံပညာရပ်မှ
သိပ္ပံနည်းကျ၍
လူတိုင်း အလွယ်တကူ
လေ့ကျင့်ကစားနိုင်သည့်
အားကစားနည်းအဖြစ်သို့
၁၈၈၂ခုနှစ်တွင် ဂျပန်လူမျိုး
"Mr Jigoro Kano"
"မစ္စတာ ဂျီဂိုရိုကာနို" မှ
စတင် တီထွင် ခဲ့ပါသည်။

ထို့ကြောင့် ဂျူဒိုပညာသည်
လူလူချင်းထိတွေ့
ကိုင်တွယ်ကစားရသော
နည်းအဖြစ် ဂျပန်နိုင်ငံမှ
စတင်ပေါက်ဖွားလာခဲ့ပါသည်။

ဂျူဒိုဆိုသည့် အဓိပ္ပါယ်ကို
မြန်မာလို တိုက်ရိုက်
ဘာသာပြန်ဆိုပါက
"သိမ်မွေ့သော
လမ်းကြောင်းပညာ"ဟု
ခေါ်ဆိုနိုင်ပါသည်။

လေ့ကျင့်မှုမှာ
တဖက်ပြိုင်ဖက်ကို
ပုံဖျက်ပြီး
"ကိုင်ပေါက်ချ"ရပါသည်။
မိမိအားတခုတည်းမဟုတ်ပဲ
"ပြိုင်ဖက်"၏
အားလမ်းကြောင်းကို
အသုံးပြု၍
ကိုင်ပေါက်ချရသော
နည်းစနစ်/နည်းပညာ
ဖြစ်ပါသည်။

*ဂျူဒိုလေ့ကျင့်ရေး
ဝတ်စုံကို
JUDO GI ဂျူဒိုကီလို့ခေါ်ပြီး
*ဂျူဒိုလေ့ကျင့်သော
အားကစားရုံကို
DOJO ဒိုဂျို လို့ခေါ်ပါတယ်။
*ဂျူဒိုလေ့ကျင့်ရသော
အောက်ခံဆိုးပြားကို
TATAMI တာတာမိ ဟု
ခေါ်ဆိုပါသည်။

ဂျူဒိုပညာရပ်သည်
စိတ်ပညာ
အတွေးအခေါ်ဆန်သော
PHILOSOPHY ပညာရပ်
ဖြစ်ပါသည်။
ဂျူဒိုအားကစားနည်းသည်
လူတို့၏ ဘဝအတွက်
အရေးကြီးသည့်
တန်ဖိုးများနှင့်
တိုးတက်စေမှုများကို
သင်ကြားပေးပါသည်။
*Coordination
ပူးပေါင်းဆောင်ရွက်မှု
*Flexibility
ပျော့ပြောင်းမှု
*Balance
မိမိခန္ဓာအတိမ်းအစောင်းကို
ထိမ်းသိမ်းနိုင်မှု
*Self-Esteem
မိမိကိုယ်ကို
တန်ဘိုးထားတတ်မှု
*Sociability
ပေါင်းသင်းဆက်ဆံရေး
ကောင်းမွန်စေမှု
*Self-Control
မိမိကိုယ်ကို
ထိမ်းချူပ်နိုင်စွမ်း
တိုးတက်စေမှု
*Concentration
အာရုံစူးစိုက်စေမှု
*Creativity
တီတွင်နိုင်စွမ်းရှိမှု
*Self-defense
မိမိကိုယ်ကို
ကာကွယ်နိုင်ခြင်း တို့
တိုးတက်ရရှိလာနိုင်မည်
ဖြစ်ပြီး
*Courtesy
ယဉ်ကျေးခြင်း
*Courage
ရဲရင့်ခြင်း
*Honesty
ရိုးသားဖြောင့်မှန်ခြင်း
*Honour
ဂုဏ်ရှိခြင်း
*Modesty
အစွန်းမရောက်ခြင်း
*Respect
ရိုသေခြင်း
*Friendship
မိတ်ဆွေဖြစ်ခြင်း
*Sincerity
စင်ကြယ်ခြင်း
*Loyalty
သစ္စာစောင့်သိခြင်းဆိုတဲ့
တန်ဖိုးတွေကို လည်း
သင်ပေးနိုင်မှာ ဖြစ်ပါတယ်။

"ယူနက်စကို"လို
အဖွဲ့အစည်းကြီးက
ဂျူဒိုအားကစား
ပညာရပ်သည်
ကလေးများအတွက်
တိုးတက်မှု အကောင်းဆုံး
အားကစားပညာရပ်အဖြစ်
သတ်မှတ်ထားခြင်း
ခံထားရပါသည်။

ဒါကြောင့်"ဂျူဒိုကစား"အား
သင်ယူကြပါရန်
တိုက်တွန်းနိုးဆော်
အပ်ပါသည်။
မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်

ဦးမောင်မောင်ထွေးဦး(5 Dan)
ဂျူဒိုနည်းပညာ
ပြန့်ပွားရေးကော်မတီမှ
ဘာသာပြန်ပါသည်။
Ustl(mjf)
PhotosးCrd.

Address

Hpa-an

Telephone

+959792287441

Website

Alerts

Be the first to know and let us send you an email when Hpa.an University Judo Club posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share