BeneFit Fitness Club

BeneFit Fitness Club အမှတ် ၅၁၊သံလမ်း

beneFit စဖွင့်ကတည်းကနေ ခုချိန်ထိ beneFitမှာပဲတောက်လျောက်ဆော့လာခဲ့တဲ့ ညီလေး ခန့်လင်းထွန်း (အနုပညာအမည်-ခန့်လင်းသိုက်)ရဲ့ အ...
21/08/2017

beneFit စဖွင့်ကတည်းကနေ ခုချိန်ထိ beneFitမှာပဲတောက်လျောက်ဆော့လာခဲ့တဲ့ ညီလေး ခန့်လင်းထွန်း (အနုပညာအမည်-ခန့်လင်းသိုက်)ရဲ့ အခွေ ဒီနေ့စထွက်မယ်ဆိုလို့ beneFit အနေနဲ့ ဝမ်းမြောက်ဝမ်းသာစွာဖြင့် အနုပညာလုပ်ငန်းများအောင်မြင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ရပါတယ် သရုပ်ဆောင်အသစ်လို့မထင်ရပဲ တည်တည်ငြိမ်ငြိမ်နဲ့ (အပြင်မှာနဲ့ တခြားစီ😁😁) ပီပီပြင်ပြင်သရုပ်ဆောင်သွားတဲ့အတွက်ကိုလဲ မော်ဒယ်ပေါးပြီး သရုပ်ဆောင်ရှားပါးတဲ့အနုပညာလေားကအတွက် မြန်မာ့ရုပ်ရှင် ဗီဒီယို ပရိတ်သတ်တွေအတွက် အချိန်ပေးကြည့်ရတာနဲ့ ထိုက်တန်တဲ့ ရွေးချယ်စရာ အရည်အသွေးပြည့် မင်းသားတစ်လက်တိုးလာတဲ့အတွက်လဲ ဝမ်းသာမိပါတယ် ညီလေး ဒီ့ထက်မက အောင်မြင်ပါစေလို့ beneFitအနေနဲ့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ် နောက်ထပ် လူငယ်ဆန်ဆန် ဇာတ်လမ်းလေးတွေလဲ ထပ်ရိုက်ပါအုံးလို့လဲ ဆန္ဒပြုလိုက်ပါတယ်

ဒီ videoမှာ ပခုံးသားကြီးအောင် ဘယ်လိုလေ့ကျင့်ကျမလဲဆိုတာပြထားပါတယ်။နှစ်သစ်မှာ အားလုံး ကျန်းမာတဲ့ body တွေပိုင်ဆိုင်နိုင်ပါ...
16/04/2017

ဒီ videoမှာ ပခုံးသားကြီးအောင် ဘယ်လိုလေ့ကျင့်ကျမလဲဆိုတာပြထားပါတယ်။နှစ်သစ်မှာ အားလုံး ကျန်းမာတဲ့ body တွေပိုင်ဆိုင်နိုင်ပါစေ။

How To Get BIGGER Shoulders With 4 EASY MOVES (Advanced Shoulder Workout)
FREE 3 Advanced Techniques ► http://vdflink.com/wvru4

Subscribe to Vince Del Monte ► http://vdflink.com/bvvu4

The Shocking Truth About Enzyme Formulations ► http://vdflink.com/lggdi

How To Increase Your Protein Absorption ...

six pack ရဖို့အတွက်ဒီလိုလေ့ကျင့်ခန်းတွေလည်းလုပ်ရပါတယ်
09/04/2017

six pack ရဖို့အတွက်ဒီလိုလေ့ကျင့်ခန်းတွေလည်းလုပ်ရပါတယ်

8 Min Abs Workout how to have six pack has been designed to specifically work on the abdominal muscles and have perfect 6 packs. It can be done by anyone who...

ယခုလက်ရှိ ကစားနေတဲ့ သူငယ်ချင်းတွေရော အရင်ကကစားပြီး အခုမကစားဖြစ်ပဲ နားနေတဲ့ သူငယ်ချင်းတွေရော အားလုံး ပျော်ပျော်ပါးပါး ကြွ...
08/04/2017

ယခုလက်ရှိ ကစားနေတဲ့ သူငယ်ချင်းတွေရော အရင်ကကစားပြီး အခုမကစားဖြစ်ပဲ နားနေတဲ့ သူငယ်ချင်းတွေရော အားလုံး ပျော်ပျော်ပါးပါး ကြွရောက်သုံးဆောင်ကြဖို့ဖိတ်ခေါ်ပါတယ်😊😊😊

Happy Chinese New Year 2017 . .No.51, Than Lann, Hlaing T/s.Yangon.
27/01/2017

Happy Chinese New Year 2017

.

.
No.51, Than Lann, Hlaing T/s.
Yangon.

အဆီချလိုသူများ မသိမဖြစ် Heart rate အကြောင်း (လူငယ်/လူကြီး သိသင့်စရာ)အဆီကျအောင် ဘယ်လောက် ပြင်းပြင်းထန်ထန်လုပ်ဖို့ လိုသလဲ?...
23/01/2017

အဆီချလိုသူများ မသိမဖြစ် Heart rate အကြောင်း (လူငယ်/လူကြီး သိသင့်စရာ)

အဆီကျအောင် ဘယ်လောက် ပြင်းပြင်းထန်ထန်လုပ်ဖို့ လိုသလဲ???

စလုပ်သူတွေ အရင်ဆုံးမေးလေ့ရှိတဲ့ မေးခွန်းလေးပါ။ အလွယ်ဆုံး အရပ်စကားနဲ့ ပြောရရင် နှလုံးခုန်သံ မြန်မြန်လေးလုပ်၊ အသက်ကို ပါးစပ်ကနေ ရှူပြီး ဟောဟဲဖြစ်လောက်ထဲ့ ပမာဏ၊ ရပ်လိုက်တာနဲ့ ချွေးထွက်တဲ့ ပမာဏလို့ ပြောတတ်ကြတာ ကြားဖူးမှာပါ။ ဒါပေမယ့် Page ရဲ့ ထုံးစံအတိုင်း မျက်ကန်းနားပိတ် လုပ်နေတာထက် နားလည်ပြီးလုပ်တာ ပိုကောင်းမယ် ထင်တဲ့အတိုင်း ရေးလိုက်ပါတယ်။

အဆီဘာ့ကြောင့် ကျသလဲ ???

"ခန္ဓာကိုယ်က သုံးလို့ပေါ့" ဟုအလွယ်ဖြေရမှာပါပဲ။ ဒါဆို အဆီကို ဘယ်အချိန်မှာ ခန္ဓာကိုယ်က ယူသုံးသလဲ?

နှလုံးခုန်နှုန်းမြန်တဲ့ အချိန် heart rate မြင့်လာလေ ခန္ဓာကိုယ်က energy/calorie လိုလေပါပဲ။ အဲဒီ အချိန်ကျရင် စားထားသမျှ အစားအစာရယ်၊ အဆီရယ် စီမှ တစ်ဆင့် အချိုးကျစွမ်းအင်ကို ယူပါတယ်။ ဒါ့ကြောင့် Heart rate မြန်အောင် လုပ်ဖို့လိုပါတယ်။

Heart rate မြန်အောင် လုပ်မယ်ဆိုတာလဲ လောဘကြီးပြီး ပိုပိုမြန်အောင် လုပ်လို့မရပါဘူး။ အသိမရှိပဲ အရမ်းစွပ်မြှင့်ရင် ကွိသွားတတ်တဲ့အမျိုးမို့ Heart rate ဘယ်လိုတွက်ရမလဲဆိုတာ ဆက်ဖတ်လိုက်ရအောင်။

Heart rate တွက်နည်း

220ထဲက သင့်အသက်ကို နှုတ်ပါ။ ဥပမာ အသက် 20 ဆိုပါစို့။ 220-20= 200 ပေါ့။ ဒါဟာ အမြင့်ဆုံး နှလုံးခုန်နှုန်လို့ပြောရမှာပါ။ ဒီပမာဏအထိရောက်လို့ မရပါ။

ပြီးရင် 0.65 နဲ့ မြှောက်ပါ။ 65 ရာခိုင်နှုန်းပေါ့။
200x0.65= 130ပေါ့။

ပြီးရင် 0.8 နဲ့မြှောက်ပါ။ 80 ရာခိုင်နှုန်းပေါ့။
200x0.8= 160ပေါ့။

ဒါဆိုရင် လုပ်သင့်တဲ့ 65%နဲ့ 80% heart rate ဟာ 130 နဲ့ 160 ကြားပါ။ ဒါဟာ အသက် 20 အရွယ်အတွက် ဥပမာပေးထားတာပါ။ သင့်အသက်အတွက်လဲ ပြောင်းပြီး အလွယ်တကူ တွက်နိုင်ပါတယ်။ အသက်အရွယ်ရလာသူတွေ (40အထက်) အတွက်တော့ 110-120 ဝန်းကျင်လေးလုပ်ပေးပြီး လူငယ်တွေအတွက်တော့ 150 ဝန်းကျင်ကြားလုပ်နိုင်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ကျန်းမာရေးကွဲပြားတာကြောင့် မိမိ အသိဥာဏ်ဖြင့် ညှိ၍လုပ်ပါ။

ဘာလို့ Heart rate အခုလောက်မြန်အောင် လုပ်ရသလဲ ??

ဒါက အပိုဗဟုသုတပါ။ Gym ကပြေးစက်တွေမှာ ရေးထားလေ့ ပြထားလေ့ရှိပါတယ်။
60 ရာခိုင်နှုန်းနဲ့ 70 ရာခိုင်နှုန်းကြားဟာ အဆီချဖို့အတွက်ဖြစ်ပြီး 70 နဲ့85ကြားဟာကျန်းမာရေးအတွက် ပိုသက်ရောက်တယ်ဆိုပြီး ပြထားလေ့ရှိပါတယ်။ (အောက်က ပုံ Graph ကိုကြည့်ပါ) ဒါကိုကြည့်ပြီး " ဟင် page ကပြောတော့ တစ်မျိုးပါလား" ဆိုပြီး မထင်လိုက်ပါနဲ့ ။ Gym ကပြတဲ့ Heart rate နဲနဲနဲ့ဆို (ဖြေးဖြေးနဲ့ ကြာကြာပြေး) ပိုအဆီကျနိုင်တယ်ဆိုတဲ့ အဆိုဟာ မမှန်ကန်တော့ကြောင်း အခုခေတ်မှာ သက်သေပြပြီးပါပြီ။

ဘယ်လို မမှန်ကန်လဲ ဆိုတော့ ...

စမ်းသက်ချက်တစ်ခုမှာ လူတစ်ယောက်ကို ဖြေးဖြေးမှန်မှန် ၃မိနစ်ခွဲ ပြေးခိုင်းပါတယ်။ ပြီးရင် အဲလူကိုပဲ ၁၅စက္ကန့်လောက် အားသွန်ခွန်စိုက်ပြေးခိုင်းပါတယ်။ ဒီလိုလုပ်ပြီးတဲ့ အချိန်မှာ
၃မိနစ်ခွဲ ပြေး= 29 calories သုံး
၁၅စက္ကန့်ပြေး = 4 calories သုံး
တွေ့ရတာမို့ "ဟင် .. ဒါဆိုဖြေးဖြေးပဲ ပြေးရင် အဆီပိုကျတာပေါ့ "လို့ အတွေးမစောပါနဲ့ ဦး။

ဒါပေမယ့် တစ်နာရီအကြာမှာ ထပ်တိုင်းတဲ့အခါ
၃မိနစ်ခွဲ ပြေး= 39 calories သုံး
၁၅စက္ကန့်ပြေး = 65 calories သုံး ဆိုတာကို တွေ့ရပါတယ်။ ဒါဟာ ၁၅ စက္ကန့်ပဲပြေးရင်တောင် ၃မိနစ်ခွဲပြေးတာထက် ၂ဆနီးပါး အားပိုသုံး၊ အဆီပိုကျတယ်ဆိုတာကို ပေါ်လွင်စေပါတယ်။ (ဒါနဲ့ပတ်သက်တာကို သိချင်သေးပါက မိနစ် ၂၀ဖြင့်အဆီချခြင်း ဆောင်းပါးကို Page ထဲမှာ ရှာဖွေ ဆက်ဖတ်နိုင်ပါသည်။)

ဒီလောက်ဆို ဘယ်လောက် ပြင်းပြင်းထန်ထန် လုပ်ရင် အဆီကျနိုင်မလဲဆိုတာ သိနိုင်ပါပြီ။ Heart rate ရဲ့65 ရာခိုင်နှုန်းနဲ့ 80 ရာခိုင်နှုန်းကြား၊ တစ်နေ့ မိနစ်၂၀လောက် လုပ်ခြင်းနှင့် ထိရောက်စွာ အဆီကျနိုင်ပါကြောင်း။

အလေးမခြင်း၊ အဆီချခြင်းနှင့် ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အချက်အလက်တွေကိုဆက်လက် ဖတ်ရှူချင်ပါက Page ထဲဝင်ရောက် လေ့လာနိုင်ပါသည် ခင်များ။

Like the page for daily awesome contents below
( )

Hot Line: +959 795360217
+959 257197618

အရပ်ရှည်အောင် ဘာတွေလုပ်ရမလဲ ???မြန်မာနိုင်ငံကလူတွေ အရပ်မရှည်ကြဘူးလို့ အကြမ်းပြောချင်ရင် ပြောလို့ရပါတယ်။ဘာလို့ ဒီလိုမျိုး...
17/01/2017

အရပ်ရှည်အောင် ဘာတွေလုပ်ရမလဲ ???

မြန်မာနိုင်ငံကလူတွေ အရပ်မရှည်ကြဘူးလို့ အကြမ်းပြောချင်ရင် ပြောလို့ရပါတယ်။

ဘာလို့ ဒီလိုမျိုး ဖြစ်သလဲ ???

ဘာတွေလုပ်ရင် အရပ်အမောင်း မြင့်လာဖို့ အကျိုးရှိနိုင်သလဲ ???

အရပ်အနိမ့်အမြင့်နဲ့ ပတ်သက်ရင် လူတွေ သိပ်စိတ်ဝင်စားတတ်သလို တစ်ချို့ကလဲ ဘယ်လိုတွေလုပ်ရင် အရပ်ပိုရှည်လာမလဲ ဆိုတာ သိချင်တတ်ကြပါတယ်။

လူတစ်ယောက်ရဲ့ အရပ် အနိမ့်အမြင့်ဟာ မွေးရာပါ မျိုးရိုးအပေါ် အဓိကမူတည်တယ် ဆိုပေမယ့် မခွဲစိတ် မပြုပြင်ပဲ သဘာဝနည်းတွေအတိုင်း အရပ်ရှည်အောင် ကြိုးပမ်းနိုင်သေးတာမို့ ဘယ်လို လုပ်နိုင်လဲဆိုတာ ဆက်ဖတ်လိုက်ရအောင်။

ဒီနေရာမှာ ကြော်ငြာအားကောင်းတဲ့ အရပ်ရှည်ဆေးတွေ ရှိပေမယ့် ဒီဆေးတွေဟာ လုံးဝ အရပ်ရှည်လာစေတယ်ဆိုတဲ့ သက်သေ အတိအကျ မရှိပါဘူး။ တစ်ချို့ မမှန်တဲ့ ဆေးတွေဆို ကျန်းမာရေးလဲ ထိခိုက်နိုင်ပါတယ်။ ထိရောက်မှန်းမသိ၊ မထိရောက်မှန်း မသိတဲ့ ကြော်ငြာတဲ့ ဆေးတွေ စားမယ့်အစား သဘာဝနည်းဖြစ်တဲ့ အာဟာရ အစားအစာ၊ ကိုယ်လက်အားကစား လေ့ကျင့်ခန်း၊ အိပ်စက်ချိန် စတဲ့ အချက်အလက်တွေကလဲ အရပ်အနိမ့်အမြင့် ကြီးထွားမှုအပေါ်သက်ရောက်လေ့ရှိတာမို့ သိလိုချင်သူများအတွက် ရှာဖွေရေးလိုက်ပါတယ်။

တစ်ခုချင်းစီက ဘယ်လို သက်ရောက်မှု ရှိသလဲ ဆိုတော့

-အာဟာရ အစားအစာ

ပိန်တာ၊ ဝတာ၊ ကြွက်သားထွက်တာ၊ ကျန်းမာရေး ကောင်းတာ၊ ကျန်းမာရေး ညံ့တာ စသဖြင့် ဘယ်ကိစ္စကြည့်ကြည့် အစားအသောက်ဟာ အဓိက ဇာတ်ဆောင်ပါပဲ။

မသန့်တာတွေ စားမလား၊ ရောဂါဖြစ်မယ်။
Calorie များတာတွေ စားမလား၊ ဝလာမယ်။
Calorie နဲတာ၊ အာဟာရ မရှိတာတွေ စားမလား၊ ပိန်လှီပြီး မဖွံ့မဖြိုး ဖြစ်မယ်။

စသည် စသည် ကြောင့်လဲ "You are what you eat" လို့ ဆိုကြတာပါ။

ငယ်ရွယ်သူတွေအဖို့ အရပ်ရှည်ချင်ရင် အစားအသောက်က အရေးပါပါတယ်။ Protein၊ Calcium၊ Iron၊ Zinc၊ Vitamin D ဓာတ်များတဲ့ အစားအစာတွေက အဓိက ကြီးထွားမှုအတွက် အထောက်အကူ ပြုစေမှာ ဖြစ်ပြီး နမူနာ ကောင်းမွန်တဲ့ အစားအစာတွေကတော့ ကြက်ဥ၊ နို့၊ နို့ထွက် ပစ္စည်း၊ အသားငါး၊ တို့ဟူး၊ ကညွတ်၊ မှို စတာတွေ ဖြစ်ပါတယ်။ Vitamin D ဓာတ်ကို နေရောင်ခြည်ကနေလဲ ရရှိနိုင်တာမို့ မပြင်းထန်တဲ့ နေရောင်ခြည်နဲ့ ခဏတာ ထိတွေ့နိုင်ပါတယ်။ (Zinc ဓာတ်၊ Calcium ဓာတ်ကို အားဆေးနဲ့ ဖြည့်ချင်ရင်တော့ ဆရာဝန်ဆီမှ ညွှန်ကြားချက်အတိုင်း သောက်နိုင်ပါကြောင်း )

ငယ်ရွယ်ကြီးထွားစဉ်ကာလမှာ အာဟာရ ပြည့်စုံတဲ့ အသားငါး၊ အသီးအနှံ တွေကို စားပေးဖို့လိုပါတယ်။ ဒီလိုမှ မဟုတ်ပဲ အာလူးကြော်၊ လက်ဖက်သုတ်၊ အသုတ်စုံ၊ နန်းကြီးသုတ် စတဲ့ အာဟာရ နည်းပါးတဲ့ အစားအစာတွေနဲ့ နှစ်ပါးသွားနေသရွေ့ အဝလွန်တာဖြစ်ရင်ဖြစ်၊ ဒါမှမဟုတ် ပိန်လှီတာမျိုးဖြစ်ဖြစ် ကျန်းမာရေးနဲ့ မညီတဲ့ အစွန်း နှစ်ဘက် ရောက်နေဖို့သာ များပါတယ်။ ( ဒီနေရာမှာ အစားအသောက် ကောင်းဆိုတာ ဈေးကောင်းတာ ဈေးကြီးတာ မဆိုလိုပါဘူး။ အာဟာရ ပြည့်ဝတာကိုသာ ဆိုလိုပါတယ်။)

-ကိုယ်လက်လှုပ်ရှား အားကစား

ဘတ်စကတ်ဘော ဆော့တဲ့လူတွေ၊ ရေကူးတဲ့ လူတွေများ အရပ်ရှည်ကြတယ် ဆိုတာများ ကြားဖူးတယ် ဟုတ်။ ဒီလို အားကစားတွေ လုပ်တဲ့ အခါမှာ အပေါ်အောက် ခန္ဓာကိုယ်ကို ဆွဲဆန့်လေ့ရှိပြီး ကြွက်သားပြတ်တောက်မယ်၊ အာဟာရနဲ့ ပိုမိုကြီးထွားလာနိုင်မယ် စတာတွေကြောင့် ငယ်ရွယ်သူတွေအတွက် အရပ်ရှည်လာဖို့ အထောက်အကူပြုပါတယ်။

ဒီလို အားကစားတွေမှ မဟုတ်ပဲ အချိန်တို အတွင်း အရှိန်မြှင့်ပြေးခြင်း (Sprinting)၊ ဘောကန်ခြင်း၊ ကြိုးခုန်ခြင်း၊ အလေးဆော့ခြင်း (ဒီနေရာမှာ တင်ပြီသား "ကျစ်လျစ်သော အသွင်အပြင်ရဖို့ အိမ်၌လုပ်နိုင်သော လေ့ကျင့်ခန်းများ" ဆောင်းပါးက နည်းတွေအတိုင်းလဲ လုပ်နိုင်ပါတယ်။) စတာတွေကလဲ ကြီးထွားစေတဲ့ ဟော်မုန်းကို ထုတ်ပေးတာမို့ ငယ်သူတွေကို အရပ်ရှည်စေပါတယ်။

ဒါပေမယ့် ကျောင်းတွေမှာ အားကစားချိန်၊ နားချိန်တွေမှာ မကစားရပဲ စာလုပ်စေတာ၊ မိန်းကလေးဆို ထမီလေးနဲ့ ညိမ်နေမှ လိမ္မာတာလို့ ထင်နေကြတာကလဲ ခက်သားလို့ ဆိုရမှာပါပဲ။

-အိပ်စက်ခြင်း

အိပ်စက်တာဟာ တော်တော်များများ ပြသာနာတွေကို ဖြေရှင်းပေးနိုင်ပါတယ်။ နေသိပ်မကောင်းလို့၊စိတ်ဖိစီးလို့၊ ငြီးစီလာလို့ အိပ်လိုက်တာဖြစ်ဖြစ် နိုးလာရင် ကောင်းသွားလေ့ရှိတယ်မဟုတ်လား။
ခန္ဓာကိုယ်ဟာ အိပ်စက်ချိန်အတွင်းမှာ ပြုပြင်မွမ်းမံမှု လုပ်လေ့ရှိပါတယ်။ ငယ်ရွယ်စဉ်မှာ အိပ်စက်ချိန်နည်းခြင်းဟာလဲ အရပ်ရှည်မှု အပေါ် ထိခိုက်မှုရှိပါတယ်။ အရင် ဖုန်းတွေ၊ Tablet တွေ မရှိခင်အချိန်ကတော့ လူငယ်တွေ အိပ်စက်ချိန်များလေ့ ရှိပေမယ့် အခုမှာတော့ အိပ်စက်ချိန်နည်းလာပြီလို့ ဆိုရပါမယ်။ အချိန်တန် အိပ်ပြီး အနည်းဆုံး ၇နာရီမှ ၈နာရီကြား ရှိပါစေ။

အထက်က အချက်သုံးချက် (အစားအစာ၊ အားကစား၊ အိပ်စက်ချိန်)ဟာ ကြီးထွား ဖွံ့ဖြိုးစဉ် အရွယ်မှာ အရပ်အမောင်းအပေါ် သက်ရောက်မှုရှိပါတယ်။ မြန်မာနိုင်ငံမှာ နေတဲ့လူငယ်တွေဟာလဲ ဒီသုံးမျိုးမှာ အလွန်အားနည်းတယ်ဆိုရမှာဖြစ်တာမို့ အခြားနိုင်ငံက လူငယ်တွေနဲ့ ယှဉ်တဲ့အခါ ဖွံ့ဖြိုးမှု အပိုင်းမှာ သိသိသာသာ ကွာခြားသွားရတာ မဆန်းပါဘူး။ ဒီလောက်ဆို ဘာ့ကြောင့် အရပ်မရှည်သလဲ၊ ဘာလုပ်ရင် ပိုရှည်မလဲဆိုတာကို နားလည်လောက်ပါပြီ။

အကြမ်းဖျဉ်းအရ ဆယ်ကျော်သက်အရွယ်မှ စပြီး အရပ်ရှည်တာ စပြီး နှစ်ဆယ်ကျော် ဝန်းကျင်မှာ အရပ်ရှည်တာ ရပ်တန့်သွားပြီလို့ ဆိုရပါမယ်။ တစ်ယောက်နဲ့ တစ်ယောက် အတိအကျတော့ မတူပါဘူး။

အသက်အပိုင်းကြား တစ်ခုရောက်တဲ့ အချိန်မှာ Growth plate တွေ ကြီးထွားမှု အဆုံးသတ်သွားတာမို့ ဆက်လက်ကြီးထွားဖို့ဟာ သိပ်မဖြစ်နိုင်တော့ပါဘူး။ အသက်အရွယ်ကြောင့် ဆက်မကြီးထွားနိုင်ဘူးဆိုပေမယ့် ရှိနေသေးတဲ့ အရပ်ကို အနည်းငယ် မြင့်လာအောင် လုပ်လို့ရတဲ့ နည်းလေးတွေရှိတာကြောင့် ဘယ်လိုလဲဆိုတာ ဆက်ကြည့် လိုက်ရအောင်။

လူတစ်ယောက်ဟာ ထိုင်နေတာပဲ ဖြစ်ဖြစ်၊ မတ်တပ်ရပ်လျက်ပဲ ဖြစ်ဖြစ် အချိန်ကြာကြာ ပုံစံမှန်မှန်နဲ့ မနေနိုင်ပါဘူး။ ညောင်းညာလို့ ခါးကွေးထိုင်တာမျိုး၊ ပုခုံးကျုံ့ထိုင်တာမျိုး၊ ကွေးပြီး အိပ်တာမျိုး စတဲ့ ပုံစံတွေကြောင့် အချိန်ကြာလာတာနဲ့အမျှ အရပ်အနိမ့်အမြင့်မှာ အနည်းငယ် သက်ရောက်မှုရှိပါတယ်။ ဒါတွေကို အကောင်းဆုံး ပြန်လည် ပြုပြင်ပေးနိုင်တာကတော့ Stretching exercise လို့ ခေါ်တဲ့ အကြောလျော့ လေ့ကျင့်ခန်းတွေပါပဲ။အသက်အရွယ်ကြောင့် အရပ်ထပ်မရှည်နိုင်သူတွေတောင် Stretching လုပ်ခြင်းကြောင့် တစ်လက်မ မှ နှစ်လက်မ အတွင်း ရှည်လာနိုင်သေးတယ်လို့ သုတေသနတွေက ဆိုပါတယ်။ (ဘာပဲ ပြောပြော အကြောလျှော့လေ့ကျင့်ခန်းတွေဟာ ကြွက်သားဖွံ့ဖြိုးမှု၊ သွေးလည်ပတ်မှု၊ စိတ်ဖိစီးမှု၊ စတာတွေအတွက်လဲ ကောင်းစေတာကြောင့် လုပ်သင့် လုပ်ထိုက်တာ ငြင်းမရပါဘူး)

ဒီလို အသက်ကျော်သွားလို့ အရပ်ထပ်မရှည်နိုင်တော့တဲ့ လူတွေအတွက်ရော၊ အသက်အရွယ်ငယ်သေးသူတွေ အတွက်ပါ လုပ်နိုင်တဲ့ လေ့ကျင့်ခန်းလေးတွေကို အောက်မှာ ပုံနှင့်တကွ ပြလိုက်ပါတယ်။ ပုံစံ တစ်မျိုးစီကို ၁၀စက္ကန့်မှ ၂၀စက္ကန့်ကြားလုပ်ပြီး ၁၀ကြိမ်ခန့် ကြော့နိုင်ပါတယ်။

အရပ်​ရှည်​ချင်​တဲ့သူများအတွက်​ page တစ်​ခုမှ ပြန်​လည်​မျှ​ဝေခြင်းဖြစ်​ပါသည်​။

Translated by_ Ah Chen

.

beneFit Fitness Club
No.51, between Than Lann & Mal Zi Kong Street
Hlaing T/s. Yangon.

HotLine no: 09795360217/ 09257197618

6 pack abs ရအောင် လက်တွေ့ကျကျ ဘယ်လိုစားသောက်ရမလဲ ???How to eat for a six pack abs - Step by Stepအရင် ဒီPageက 6 pack abs ...
16/01/2017

6 pack abs ရအောင် လက်တွေ့ကျကျ ဘယ်လိုစားသောက်ရမလဲ ???
How to eat for a six pack abs - Step by Step

အရင် ဒီPageက 6 pack abs ရအောင် လုပ်နည်းဆောင်းပါးတွေကို ဖတ်ဖူးသူတွေအတွက် ပေါ်လွင်တဲ့ ၀မ်းသားအလှရဖို့ဆိုတာ အစားအသောက် အပေါ် မူအတည်ဆုံးဆိုတာ နားလည်လောက်ပါပြီ။ အစားအသောက်နဲ့ လေ့ကျင့်ခန်း ၂မျိုးကပဲ 6 pack abs ရစေဖို့ အဓိက ဆိုပေမယ့် အစားအသောက်အပိုင်းဟာ ပိုအရေးပါပါတယ်။ Abs အတွက် လေ့ကျင့်ပုံ ပုံစံတွေ အမြောက်အမြားရှိပေမယ့် သိပ်ကွာခြားမှုမရှိပါဘူး။ ပေါ်လွင်ထင်ရှားတဲ့ Abs ပေါ်ခြင်း၊ မပေါ်ခြင်းဟာ နောက်ဆုံး Abs ပေါ်မှာ ဖုံးနေတဲ့ အဆီပမာဏ အနည်းဆုံးကျန်ခြင်း မကျန်ခြင်း အပေါ် အမူတည်ဆုံးဖြစ်ပါတယ်။ အဆီနည်းလေ ပိုပေါ်လွင်လေ၊ အဆီများလေ Abs ဘယ်လောက်ရှိရှိ မမြင်ရဖြစ်လေမို့ နောက်ဆုံး ဒီကျန်နေတဲ့ အဆီကို ချဖို့ လက်နက်ကလဲ စားသောက်ပုံကလွဲပြီး ဘယ်နည်းမှမရှိပါဘူး။ ဒါ့ကြောင့်ပဲ ဒီဆောင်းပါးဟာ Abs ပေါ်လွင်ချင်သူတွေအတွက် မရှိမဖြစ် ဆောင်းပါးလို့ ဆိုရမှာပါပဲ။

အစားအသောက်နဲ့ ပတ်သက်ပြီး ဒီလိုအစာတွေစားပါ၊ ဒီလိုဟာတွေ ရှောင်ပါ စသဖြင့် Post တွေ မြောက်မြားစွာရှိပါတယ်။ ဒီလို မြောက်မြားစွာရှိတာကိုကပဲ ပိုပြီး ရှုပ်ထွေးသွားစေတာပေါ့။ လက်တွေ့ကျမယ့် နည်းလမ်းဟာ ဒီလို မရှုပ်ထွေးသင့်ပါဘူး။ လက်တွေ့ကျတဲ့ နည်းလမ်းဆိုတာ လူတိုင်းလိုက်လုပ်နိုင်ပြီး အဓိပ္ပါယ်ရှိရမယ့် နည်းတွေဖြစ်ရပါမယ်။ ဒီအစာကိုမှ မစားရင် 6 pack abs မရနိုင်ပါဘူးဆိုတဲ့ နည်းလမ်းပေးရင်တောင် ကိုယ်လိုက်မစားနိုင်ရင် ဘယ်အသုံးဝင်ပါ့မလဲ။ အသုံးဝင်မယ့်၊ လိုက်လုပ်နိုင်မယ့် နည်းတွေကသာ အဓိကဖြစ်ပြီး ဒီလိုနည်းတွေ ဝေမျှတာကပဲ ဒီ Page ရဲ့ ရည်ရွယ်ချက်တစ်ခုပါပဲ။

ဝနေသူဖြစ်ပါစေ၊ ပိန်နေသူဖြစ်ပါစေ အောက်မှာပြထားတဲ့ အဆင့် ၅ဆင့် အတိုင်း အစားအသောက်ကို ပြင်ပြီး 6 Pack abs အတွက် စားသောက်နိုင်ပါတယ်။ Abs လေ့ကျင့်ခန်းတော့ လုပ်ဖို့ လိုတာပေါ့။

အဆင့်၁။ အသုံးမ၀င်၊ ကျန်းမာရေးနဲ့ မညီတဲ့ အစာတွေရှောင်ပါ။

ပထမအဆင့်အနေနဲ့ သင်စားဖို့ မလိုတဲ့ အစားအစာတွေကို ရှောင်ရပါမယ်။ ဒီဟာတွေ မစားလဲ ဖြစ်တယ်ဆိုတဲ့ အစားအစာမျိုးပေါ့။ သင်ဟာ လူတိုင်းမှာ မရှိတဲ့ Six pack abs လိုချင်ရင် လူတိုင်းလုပ်နေတဲ့ အလုပ်တွေလုပ်လို့ မရပါဘူး။ သင့်ရဲ့ ရေရှည် ရည်ရွယ်ချက်ဟာ သူများနဲ့ မတူရင် သူများနဲ့ မတူတဲ့ ပေးဆပ်မှု တစ်ချို့ကတော့ ရှိနေရမှာ အမှန်ပါပဲ။ ဒီတော့ ပထမအဆင့်အနေနဲ့ သင်တစ်နေ့တာ စားနေကျ အစားအစာထဲက မလိုတဲ့ အစားအစာတွေကို တတ်နိုင်သလောက်ရှောင်ရပါမယ်။ မလိုတဲ့ အစားအစာတွေဆိုတာ မရှိပါဘူးလို့ သင်ပြောပြီးတော့ သင့်ဘာသာ မညာပါနဲ့။ တကယ်ဘာမှန်းမသိဘူးဆိုသူတွေ အတွက်တော့ အောက်မှာ နမူနာပေးလိုက်ပါတယ်။

သရေစာ စားလေ့ရှိတဲ့ အကြော်စုံလား၊ မလှိုင်မုန့်လား၊ ဒါမှ မဟုတ် ဘောလုံးပွဲကြည့်ရင်း သောက်တဲ့ ဘီယာလား၊ ဒါမှမဟုတ် သံဘူးဖျော်ရည်လား၊ ဒါမှမဟုတ် ညအချိန်မတော် ထစားတဲ့ အာလူးကြော်ထုတ်လား၊ ဒါတွေဟာ သင့်ရဲ့ 6 pack abs ရဖို့ စားသောက်မယ့် နည်းလမ်းမှာ ပထမဆုံး ဖယ်ရှားရမယ့် အရာတွေပါပဲ။ ဒီဟာတွေဟာ နေ့စဉ်စားသောက်ဖို့ လိုအပ်တာတွေရဲ့ ပြင်ပက အပိုတွေပါပဲ။ ဒါနဲ့မှ မသေချာသေးဘူး၊ ဒါလေးက အပိုအစာဟုတ်လား ဇဝေဇ၀ါဖြစ်နေရင်တော့ ဒါလေးက အပို အစာဖြစ်နေဖို့ ရာခိုင်နှုန်းများပါတယ်။

ဟုတ်တယ်။ အခု ပြောတဲ့ ပထမအဆင့်ဟာ သင်ကြားချင်တဲ့ အဖြေဖြစ်ချင်မှ ဖြစ်မယ်။ ဒါပေမယ့် ဒါဟာ သင်ကြားသင့်တဲ့ အဖြေတစ်ခုပဲ ဖြစ်တယ်။ ဒီအစာတွေ (မကြာခဏ) (သေချာအလေးပေးနိုင်ဖို့ မကြာခဏကို ကွင်းခတ်ပေးထားပါတယ်) စားပြီး 6 pack abs ရမယ်လို့ သင်ထင်နေရင်တော့ အချိန်သာကြာသွားမယ် 6 pack abs ရဖို့ မလွယ်ဖြစ်နေအုန်းမှာပါပဲ၊ ကြိုက်သလောက်စား၊ ဒီဆေးလေးသောက်၊ ဒါမှ မဟုတ် တစ်ခြား ရအောင်လုပ်မယ့် နည်းလမ်းရှိတယ်ဆိုရင်တော့ သင် အလိမ်ခံရပြီလို့သာ မှတ်လိုက်ပေတော့။

အဆင့်၂။ မကြာခဏ စားပါ

မကြာခဏစားပါဆိုလို့ အပျော်မလွန်သွားပါနဲ့အုန်း။ မကြာခဏစားပါဆိုတာ တစ်နေ့တာ သင်စားမယ့် ပမာဏ (ဥပမာ ၁၀၀ဆိုပါစို့) ကို မကြာခဏခွဲစားပါဆိုလိုတာပါ။ ၁၀၀ကို ယခင် ၃ခေါက် (မနက်စာ ၄၀၊နေ့လည်စာ၃၀၊ ညစာ၃၀) စားရင် အခု (မနက်စာ ၄၀၊နေ့လည်စာ၃၀၊ ကြားစာ၂၀၊ ညစာ၁၀) စသဖြင့် ခွဲစားပါပြောတာပါ။ ဒါဟာ နမူနာဖြစ်ပြီး အခြေခံလိုက်နာသင့်တာကတော့ ညစာ ပမာဏကို တစ်ခြား အချိန်စားတဲ့ အစာတွေလောက် မစားပဲ နည်းနိုင်အောင် လုပ်ရင် ရပါပြပီ။

ဘာလို့ မကြာခဏစားပါလို့ ပြောရသလဲဆိုရင် မကြာခဏစားခြင်းဖြင့် အောက်ပါ အကျိုးကျေးဇူး ၃ခု ကိုရနိုင်ပါတယ်။

-အစာတန်ဖိုးကို ကြည့်တတ်တဲ့ အလေ့အကျင့်ဖြစ်ခြင်း-

6 pack abs ဆိုတာ နေ့ချင်းညချင်းဖြစ်လာတာ မဟုတ်ပါဘူး။ သာမန်လူတစ်ယောက်အတွက်တောင် ကိုယ်ရှိတဲ့ အဆီပမာဏအပေါ်မူတည်ပြီး ၃လလောက် အချိန်ယူရသလို ၀ရင် ၀သလောက် အချိန်ပိုယူရတာ ဘယ်လိုမှ ငြင်းလို့ မရပါဘူး။ ဒီလို အချိန်ကာလ အတွင်းမှာ အစားအသောက်စားတာဟာ အလေ့အကျင့်ဖြစ်သွားဖို့ အရေးပါပါတယ်။ (abs အတွက်တင်မဟုတ်ပဲ ကျန်းမာရေးနဲ့ညီရုံပဲ နေချင်တဲ့ သူတွေအတွက်လဲ ဒီလို စားသောက်နည်းဟာ အကျိုးရှိစေမှာပါ)

အရင်တုန်းက သင်ဟာ အစာကို ဆုတစ်ခုအနေနဲ့ ကြည့်ချင်ကြည့်ခဲ့မယ်။ ပင်ပန်းလာတဲ့နေ့တွေအတွက်ဆို ကျန်းမာရေးနဲ့ မညီလဲ အရသာကောင်းရင် သင့်ကိုယ်သင် ဆုချတဲ့အနေနဲ့ စားမိမှာပါပဲ။ " သားလေး/သမီးလေး တော်တယ်။ေ၇ာ့ ဒီမှာ ကိတ်မုန့်" စသဖြင့် ကလေးဘ၀တုန်းက အမေက ဆုချသလိုပေါ့။ ဒါကို ပြင်ရပါမယ်။

ခဏခဏ စားတိုင်း ခဏခဏ သုံးသပ်ရပါမယ်။ သင်ဟာ အစာကို အရသာရှိလို့ ဆုတစ်ခုအနေနဲ့ စားတာထပ် အစာကို ခန္ဓာကိုယ်အတွက် အသုံးဝင်လို့၊ ကျန်းမာရေးအတွက်ညီလို့၊ ဘ၀လူနေမှုပုံစံ မြင့်ချင်လို့၊ စတဲ့ အချက်တွေနဲ့ ကြည့်ပြီး စားတတ်အောင် သုံးသပ်ရပါမယ်။ မကြာခဏစားလေ၊ မကြာခဏသုံးသပ်လေ၊ အကျင့်ဖြစ်သွားပြီး ရေရှည်လူ့ဘ၀အရသာကို ကျန်းမာစွာနဲ့ ပိုခံစားနိုင်လေဖြစ်လာမှာ မလွဲပါဘူး။ ဒါတင်မဟုတ်ပဲ ရရှိလာမယ့် 6 pack abs ကတော့ အပိုဆုပဲပေါ့။

-Blood sugar level ကို ထိန်းထားပေးခြင်း-

ဒီတစ်ခုကိုတော့ အကျယ်မရှင်းတော့ပါဘူး။ အစာစားတဲ့ အချိန်မှာ အစာစွမ်းအင်ကြောင့် Blood sugar level မြင့်တက်လာပြီး အစာစားပြီးလို့ အချိန် အတိုင်းအတာ တစ်ခု ရောက်သွားရင် sugar level ပြန်ကျသွားတက်ပါတယ်။ Blood sugar level ကို မကြာခဏ အစာစားပေးခြင်းဖြင့် ထိန်းထားနိုင်ပြီး ဒီလိုထိန်းထားနိုင်ခြင်းဟာ သင့်ရဲ့တစ်နေ့တာလုံးကို စွမ်းအင် ပြည့်ဝစေပါလိမ့်မယ်။ အလွယ်ပြောရရင် အစာမစားတာ ကြာသွားရင် အားအင် လျော့တယ် ခံစားရမှာမို့ မကြာခဏ နည်းနည်းစီ စားပေးခြင်းက တစ်နေ့တာလုံး စွမ်းအင် ပြည့်ဝနေစေမှာပေါ့။

-ပမာဏ အများကြီး မစားဖြစ်ခြင်း-

ဒီအစာစားပြီး နောက်ထပ် ၂နာရီ အကွာမှာ သင်ဟာ နောက်တစ်ခေါက်ထပ်စားဖြစ်မယ် သိရင် အများကြီးစားဖြစ်စရာ မရှိပါဘူး။ တစ်ခါတစ်လေ အစာမစားပဲ အနေကြာလို့ ဗိုက်အရမ်းဆာလာရင် နဂိုစားနေကျထပ်၊ စားသင့်တာထပ် အများကြီးပိုစားမိတာ သဘာဝပါပဲ။ ပိုစားမိတဲ့ အစာထဲမှာ တစ်ခါတစ်လေ အပေါ်က အဆင့်၁မှာ မစားသင့်တဲ့ အစာတွေလဲ ပါလာပါလေရော။ ဒါဟာပဲ သင် အဆီချဖို့ လုပ်ထားတဲ့ လေ့ကျင့်ခန်းကို အလဟသ ဖြစ်စေတတ်ပါတယ်။ မကြာခဏစားဖြင်းဟာ ဒီလို အဖြစ်မျိုးကို ကာကွယ်ပေးနိုင်တာမို့ ဒါဟာလဲ အကျိုးကျေးဇူးတစ်ခုပါပဲ။

အဆင့်၃။ ပိုပြီး ကောင်းမွန်စွာ စားခြင်း

အဆင့်၁မှာ ပီဇာတွေ၊ သံဘူးအချိုရည်တွေ၊ မလှိုင်မုန့်တွေ ရှောင်ခိုင်းပြီးလို့ သင်ဟာ ရှောင်ပြီးပြီ။ သင်တစ်နေ့တာ စားသောက်တဲ့ အစားအစာတွေထဲမှာ ဒါတွေ မပါတော့ဘူး။ အဆင့်၂ ကပြောတဲ့ အတိုင်း ဒါတွေမပါပဲနဲ့လဲ မကြာခဏစားနေပြီ။ ဒါဆို အဆင့်၃ အနေနဲ့ ပိုပြီး ကောင်းမွန်စွာစားဖို့ လိုလာပါပြီ။ ဘာကိုဆိုလိုပါလိမ့် ???

ဒီအဆင့်မှာ သင်ဟာ မကောင်းတဲ့ အစားအစာတွေပယ်ပြီး ပိုပြီးကောင်းအောင် စားနေပြီ။ အချိုရည်အစား သင်ဟာ နွားနို့ဖြစ်ဖြစ်၊ သစ်သီးဖျော်ရည်ဖြစ်ဖြစ် အစားထိုးသောက်တတ်နေပြီ။ ထမင်းကြော်အစား ထမင်းဖြူ ရိုးရိုး၊ သုံးထပ်သားအစား ၀က်သား အသား သန့်သန့် စသဖြင့် ရွေးစားတတ်လာပြီ။ ဒါဟာ အဆင့်၁ အပြီးမှာ တိုးတက်လာမှုဆိုပေမယ့် တကယ် 6 pack abs ရဖို့အတွက် ပြီးပြည့်စုံမှုမဟုတ်သေးပါဘူး။ သင်ဟာ တကယ်စိတ်အားထက်သန်ပြီး လူတိုင်းမှာ မရှိတဲ့ အရာကိုမှလိုချင်တယ်ဆိုရင်တော့ ဒါတွေကို ထပ်တိုးတက်အောင်လုပ်ရပါမယ်။ (ဒီနေရာမှာ ဖြတ်ပြောရမှာကတော့ ဒါတွေအားလုံးဟာ တစ်နေ့ Abs ရလာတဲ့လူတိုင်း ထိုက်တန်ပါတယ်လို့ ၀န်ခံကြပါတယ်၊ Abs တင်မဟုတ်ပါ၊ အခုပြောမယ့် စားသောက်နည်းလမ်းဟာ ကျန်းမာရေးနဲ့ ညီတာမို့ လူတိုင်းလိုက်နာလေ အကျိုးရှိလေလို့ ဆိုပါရစေ)

ဘယ်လို တိုးတက်အောင်လုပ်မလဲဆိုရင် နွားနို့သောက်တဲ့ အခါ သကြားထည့်တက်သူဆိုရင် သကြားကို လျှော့သည်ဖြစ်စေ၊ မထည့်တော့ပဲ ဖြစ်စေ သောက်နိုင်ပါတယ်။ ဒါမှမဟုတ် ဆိုင်တွေမှာ ရောင်းတဲ့ နွားနို့ဝယ်သူတွေ အတွက်ဆိုရင်လဲ ရိုးရိုးဝယ်မယ့်အစား LOW FAT လို့ ရေးထားတဲ့ တံဆိပ်ကို ပြောင်းဝယ်သင့်ပါတယ်။ သစ်သီးဖျော်ရည်ဆိုရင်လဲ သကြားမပါတာ၊ ဒါမှ မဟုတ် သစ်သီးဖျော်ရည်အစား ရေအစားထိုးသောက်တာ စသဖြင့်လုပ်နိုင်ပါတယ်။ (ဒီနေရာမှာ လူတော်တော်များများက သစ်သီးဖျော်ရည်သောက်ခြင်းနဲ့ အဆီချဖို့ ကြိုးစားတဲ့ နည်းတွေ ပြောကြပေမယ့် သစ်သီးဖျော်ရည် များများသောက်တာဟာလဲ မကောင်းပါဘူး။အကျယ်တော့ ဒီဆောင်းပါးမှာ မရေးတော့ပါ၊ အကောင်းဆုံးဟာ ရေပါပဲ၊ )

ကြက်သားဟာ ကောင်းတယ်၊ အမဲသားဟာ ကောင်းတယ်၊ ဒါတွေ သင်ဖတ်ရလို့ စားနေပြီဆိုရင်လဲ ကြက်သားတိုင်း ကောင်းသလားသိဖို့လိုပါတယ်။ ကြက်သားကို ဆီအများကြီးမှာ မီးအပူပြင်းပြင်းနဲ့ အကျွတ်ကြော်ထားတာဟာ မကောင်းပါဘူး။ KFC မှာ ရောင်းတဲ့ ကြက်ကြော်ဟာလဲ ကျန်းမာရေးရှုထောင့်၊ အဆီချချင်တဲ့ ရှူထောင့်က ကြည့်ရင် သိပ်အကောင်းကြီး မဟုတ်ပါဘူး။ ဒီလို ပြင်ဆင် ချက်ပြုတ်ထားတဲ့ ကြက်သားစားနေရင် သင်ဟာ ကောင်းမွန်တဲ့ အစားအစာ စားနေတဲ့လို့ ပြောလို့ မရသေးတာမို့ ဒီအဆင့်၃ မှာ ဒါတွေကို ပြင်ဆင်ရပါမယ်၊ ကျန်းမာရေးနဲ့ ညီတာ၊ အဆီကျဖို့လွယ်ကူစေတာကတော့ ဆီနည်းနည်းနဲ့ ကင်၊ ဒါမှမဟုတ် ချက်ပါ၊

အဆင့်၃မှာ ပြောသလို ပိုပြီး ကောင်းမွန်စွာ စားတတ်လာပါက အဆီကျမြန်တာ၊ ခန္ဓာကိုယ် ပြောင်းလဲလာတာကို အချိန်တို အတွင်းတွေ့ရလိမ့်မယ်ဆိုတာ မြေကြီးလက်ခတ် မလွဲပါဘူး။ ဒီပြောင်းလဲလာမှုတွေကပဲ သင့်ကို ဒီလို လူနေမှု စနစ်အသစ်ကို သဘောအကျကြီး ကျလာစေမှာပါပဲ။

ဒီလိုနဲ့ အဆင့်၁မှာ မကောင်းတာတွေ ပယ်လိုက်ပြီ၊ အဆင့်၂မှာ အစာနည်းနည်းကို မကြာခဏစားတတ်ပြီ၊ အဆင့်၃ မှာ ပိုပြီး ကောင်းမွန်အောင် ပြင်ဆင်စားတတ်ပြီ။ ဒါဆို အခု အဆင့်၎မှာ ပြောမယ့် အရာကလဲ သင့်ကို အနည်းငယ် အံ့သြစေမလားမသိ။

အဆင့်၎။ ကောင်းတာတွေများများစားခြင်း

6 pack abs ရအောင် စားနည်းဆိုပေမယ့် ဘယ်လို 6 pack abs ဆိုတာလဲ အရေးကြီးသေးတယ် မဟုတ်လား။ အရမ်းပိန်လွန်းတဲ့ လူတောင် 6 pack abs ရှိနိုင်ပေမယ့် ဒါဟာ လူတွေလိုချင်တဲ့ ကျော့ရှင်းတဲ့ Abs မဟုတ်ပါဘူး။ ဘယ်သူမှ ပိန်ကပ်ကပ် Abs ကိုလိုချင်တာမှ မဟုတ်ပဲ။

ဒါဆို ကျော့ရှင်းတဲ့ Abs ရဖို့အတွက် ကြွက်သားတွေဟာ စွမ်းအင်လိုပါတယ်။ ဒီနေရာမှာ ဖြစ်လေ့ရှိတာက အဆင့်၁၊၂၊ ၃ အတိုင်း မကောင်းတဲ့ အစာတွေ၊ ဆီကြော်တွေရှောင်အပြီးမှာ စားတဲ့ အစာဟာ ပိုစားလို့ရပါတယ်။ ဆီကြော်တွေ၊ သကြားတွေ၊ အဆီတွေ မပါတော့တဲ့ နောက်မှာ သင့်ရဲ့ တစ်နေ့တာလိုအပ်တဲ့ စွမ်းအင်အတွက် အရင်စားတာထပ် ပိုစားတောင်မှ အရင်လို ၀လာမှာ မဟုတ်ပါဘူး။ ဥပမာ အရင်ကြက်ကြော် ၁တုံးစားရင်တောင် ၀နေတဲ့ သင်ဟာ ကောင်းမွန်စွာ ချက်ပြုတ်ထားတဲ့ ကြက်သား ၂တုံးစားတောင် အရင်လို ၀စေမှာ မဟုတ်ပါဘူး။

အာဟာရပြည့်တဲ့ အရည်အသွေးမြင့် ချက်ပြုတ်ထားတဲ့ အစားအစာကို များများစားနိုင်လေ၊ ကြွက်သားကြီးထွားနိုင်လေ၊ ပိုကျော့ရှင်းတဲ့ Abs ရလေလို့ ဆိုရမှာပေါ့။

ဒါပေမယ် ဒီလို ကောင်းမွန်စွာ ချက်ပြုတ်ထားတဲ့ အစားအစာ ( အသား၊ငါး၊ ဟင်းသီးဟင်းရွက်) တွေကို များများစားပါဆိုပေမယ့်လဲ အကြမ်းဖျင်း Guide line လေးပေးဖို့လိုလာပါပြီ။

သင်ဟာ ၀နေသူဖြစ်ပြီး အဆီလဲချ၇င်း၊ Abs လဲ ရအောင်လုပ်ရင်း ကြိုးစားနေသူဆိုရင် အစားအသောက်ကို တစ်ပတ် ၁ ပေါင်မှ ၂ပေါင်အထိ ကျအောင် ချိန်စားပါ။ ဒီလို စားတဲ့ အခါ ပြောင်းလဲခါစဆို ခန္ဓာကိုယ်က မသိသာပါဘူး၊ အရှိန်ယူရတယ် ဆိုပါစို့။ ဒါ့ကြောင့်မို့ ၂ပတ်ကို ၂ပေါင်မှ ၄ပေါင်အထိ ကျအောင် ချိန်စားပါလို့ ပြောပါရစေ။

သင်ဟာ ပိန်နေသူဖြစ်ပြီး Abs ရအောင် ကြွက်သားတက်ချင်သူဆိုပါစို့။ တစ်လမှာ ၃ ပေါင် (၂ပတ်မှာ ၁.၅ ပေါင်မှ ၂ပေါင်ထိ) တက်အောင်စားနိုင်ပါတယ်။

အဆင့်၅။ အမြဲ လိုက်နာနိုင်အောင် ကြိုးစားခြင်း

အမြဲ ပြောနေကြအတိုင်းပါပဲ။ ရေရှည်လုပ်နိုင်မယ့် နည်းလမ်းကသာလျှင် အောင်မြင်မယ့် လက်တွေ့ကျကျနည်းလမ်းလို့ ဆိုနိုင်မှာ မဟုတ်လား။

အဆင့် ၁တွေ၊ အဆင့် ၂တွေ၊ အဆင့် ၃။ ၄တွေ လိုက်နာပေမယ့် တစ်ပတ် နှစ်ပတ်ဆို ဘာမှ မထူးပါဘူး။ ၀ရင် ၀သလောက် အချိန်အတိုင်းအတာ တစ်ခုထိ ကြာနိုင်ပေမယ့် အဲဒီ အချိန်အတိုင်းအတာ တစ်ခုအတွင်းမှာ ဒီအဆင့်တွေကို တတ်နိုင်သလောက်ထိန်းရပါမယ်။

တစ်ခါတစ်လေ Company Dinner ဖြစ်ဖြစ်၊ သမီးရည်းစား၊ မိသားစု စားသောက်တာဖြစ်ဖြစ်မှာ အနည်းငယ် မကောင်းတာတွေ စားနိုင်ပေမယ့် ဒါတွေဟာ အခေါက်ရေများလို့ မရပါဘူး။ လုံးဝမစားရဘူးလို့ မဆိုလိုပေမယ့် အခေါက်ရေ မများသင့်ဘူးလို့တော့ ပြောရမှာပါပဲ။ ဒါ့ကြောင့် ဒီအဆင့်ဟာ အမြဲ လိုက်နာအောင် ကြိုးစားခြင်း၊ Consistency is the key လို့ ဆိုလိုက်ရခြင်းပါပဲ၊

ပြန် အကျဉ်းချုပ်ရရင်

၁၊ အသုံးမ၀င်၊ ကျန်းမာရေးနဲ့ မညီတဲ့ အစာတွေရှောင်ပါ။
၂၊ မကြာခဏ စားပါ
၃၊ ပိုပြီး ကောင်းမွန်စွာ စားခြင်း
၎၊ ကောင်းတာတွေများများစားခြင်း
၅၊ အမြဲ လိုက်နာနိုင်အောင် ကြိုးစားခြင်း

ဒီအချက် ၅ချက်ဟာ 6 packs abs ရအောင် စားနည်းအတွက်​ဖြစ်​လို့ လက်​​တွေ့ကျကျ စမ်းကြည့်​ကြပါစို့......

.
.

Translated from,
Ah Chen
HotLine no:09795360217,09257197618

 . .အမှတ်​၅၁၊ သံလမ်းနှင့်​မယ်​ဇီကုန်းလမ်းကြားလှိုင်​မြို့နယ်​၊ရန်​ကုန်​။ဖုန်း-၀၉၇၉၅၃၆၀၂၁၇/၀၉၂၅၇၁၉၇၆၁၈
12/01/2017

.
.
အမှတ်​၅၁၊ သံလမ်းနှင့်​မယ်​ဇီကုန်းလမ်းကြား
လှိုင်​မြို့နယ်​၊ရန်​ကုန်​။
ဖုန်း-၀၉၇၉၅၃၆၀၂၁၇/၀၉၂၅၇၁၉၇၆၁၈

beneFit gym ရဲ့ pioneer customer တစ်ဦးဖြစ်တဲ့ ကိုခန့်လင်းထွန်းရဲ့ စာနယ်ဇင်မိတ်ဆက်ပွဲ ကို လဲ အားပေးကြပါဦး...ညီလေး ခန့်လ...
11/01/2017

beneFit gym ရဲ့ pioneer customer တစ်ဦးဖြစ်တဲ့ ကိုခန့်လင်းထွန်းရဲ့ စာနယ်ဇင်မိတ်ဆက်ပွဲ ကို လဲ အားပေးကြပါဦး...ညီလေး ခန့်လင်းထွန်း ဒီထက်မကအောင်မြင်ပြီး အနုပညာလုပ်ငန်းများပိုမိုအောင်မြင်အောင်လုပ်ဆောင်နိုင်ပါစေလို့... အနုပညာရှင် သရုပ်ဆောင်ကောင်းတစ်ဦးဖြစ်လာပါစေလို့ အစ်ကိုတို့ beneFit Gym မှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။


No.51,Than Lann Street,
Hlaing T/s. Yangon.
Hotline no: 09795360217/09257197618

Make your beneFit.!!!
10/01/2017

Make your beneFit.!!!

Who want to join Weight Loss Challenge Club @  .?My Member only!Please contact @ Hotline no.0979536021709257197618 .
10/01/2017

Who want to join Weight Loss Challenge Club @ .?

My Member only!
Please contact @ Hotline no.09795360217
09257197618

.

Address

No. (51), Than Street
Hlaing

Telephone

09783277631

Website

Alerts

Be the first to know and let us send you an email when BeneFit Fitness Club posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category