The Fit Gym Hinthada

The Fit Gym Hinthada Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from The Fit Gym Hinthada, Gym/Physical Fitness Center, Phayargyi 4 Street, Hinthada.

Design သစ်လေးတွေ … ထုတ်ထားတာ …😍😍😍လိုအပ်ရင် အားပေးလို့ရပါတယ်ခင်ဗျာ …🥰🥰🥰
09/09/2023

Design သစ်လေးတွေ … ထုတ်ထားတာ …😍😍😍
လိုအပ်ရင် အားပေးလို့ရပါတယ်ခင်ဗျာ …🥰🥰🥰

Wednesday 1:00 pm cardio class Who wanna join with my team ?Welcome to The fit Gym Hinthada 💪❤️💪
19/02/2020

Wednesday 1:00 pm cardio class
Who wanna join with my team ?
Welcome to The fit Gym Hinthada 💪❤️💪

ဗလကြီးချင်တယ်...  Lazar Angelov လိုခန္ဓာကိုယ်မျိုးဖြစ်ချင်တယ်....  မင်းဘာတွေလုပ်နိုင်လဲ... ???ဒီနေ့ ကျွန်တော့်gym မှာ လာေ...
16/02/2020

ဗလကြီးချင်တယ်... Lazar Angelov လိုခန္ဓာကိုယ်မျိုးဖြစ်ချင်တယ်.... မင်းဘာတွေလုပ်နိုင်လဲ... ???

ဒီနေ့ ကျွန်တော့်gym မှာ လာဆော့ တဲ့ ညီငယ်လေး တစ်ယောက်က ကျွန်တော့်ကို မေးတယ်ဗျ... သူ Gym ဆော့တာတော့ ကျွန်တော် မှတ်မိသလောက် တစ်ပတ်လောက်ရှိမယ် ထင်တယ်...
သူနံမည် ကို ဇော်ဇော် ပဲထားပါတော့ဗျာ...

သူစဆော့ တဲ့ နေကတော့...

ကျွန်တော် ။ ။ ညီလေး အရင်ကGymကစားဖူးလား? ဘယ်လိုဖြစ်ချင်လို့gymဆော့တာလဲ?

ဇော်ဇော် ။ ။ကျွန်တော် တစ်ခါမှမဆော့ဖူးဘူးဆရာ... ကျွန်တော် ကဗိုက်ချပ်ပြီးတော့ ဗလကြီးချင်တာ ဆရာတို့လိုမျိုး ဖြစ်ချင်တာ။(သူ့ပုံစံ ကလူကတော့ပိန်သည် သို့ပေ့မယ့် အောက်ဗိုက်အနည်းငယ်ပူနေသည်။ )

ကျွန်တော် ။ ။ စစဆော့ချင် တစ်ပတ်လောက် ကိုယ်တွေလက်တွေ နည်းနည်းနာမယ်နော်(ပြီးတော့ စားသောက်ပုံစံများပြောသည်၊ အိပ်ရေးဝအောင် အိပ်ရန်နှင့် သေချာ ကစားရန်ပြောသည် ။

နောက် ၃ ရက်လောက်ကြာတော့... သူကျွန်တော့်ကို ထပ်ပြောတယ်...

ဇော်ဇော် ။ ။ ဆရာကျွန်တော် ဆော့တာ သိပ်မတက်သလိုပဲ... ?

ကျွန်တော် ။ ။ ဟ ! မင်းဆော့တာ အခုမှ ၃ ရက်ပဲရှိသေးတယ် ဘယ်လို တက်မှာလဲ အဲ့လောက်မလွယ်ဘူးဟ...

ဇော်ဇော် ။ ။ ဟင် ! ဘယ်လောက်လောက်ဆော့ရင်သိသာလည်းဆရာ ?

ကျွန်တော်။ ။ မင်း အစားအသောက် ကို သေချာ ဂရုစိုက်ပြီးစားမယ်.. သေချာ ကစားမယ်ဆိုရင်.. ၃ လလောက်ဆိုရင်တော့သိသာပြီပေါ့ကွာ..

ဇော်ဇော် ။ ။ ဟင် ! အဲလိုလားဆရာ...

ကျွန်တော် ။ ။ အေး အဲ့ဒါတောင် ငါပြောတဲ့အတိုင်းစားပြီး.. သေချာလုပ်မှ ရမှာနော်...

ဇော်ဇော် ။ ။ ကျွန်တော်က မြန်မြန်တက်ချင်တာဆရာရယ် ဆေးသောက်လို့ ရလား... (သူမျက်လုံးက supplement တွေ ထည့်ထားသေးဗီဒိုကိုကြည့်ပြီးပြောသည် ) အဲ့ဒါကဘာတွေလည်းဆရာ ဆေးလား... ?

ကျွန်တော် ။ ။ အေး... ဘယ်လိုပြောရမလဲ အဲ့ဒါတွေက supplement တွေ ဖြည့်စွပ်အဟာရပေါ့ကွာ...
ခန္ဓာကိုယ် ကြီးထွားဖို့အတွက် လိုအပ်တဲ့ ပရိုတိန်တွေ ၊ကယ်လိုရီတွေ အဲ့ဒါသောက်ပြီး ထပ်ဖြည့်ပေးတာ ... အဲ့ဒါသောက်ပြီး ဆော့ရင်တော့ မြန်မြန်သိသာတာပေါ့ကွာ... အဲ့ဒါသောက်မယ်ဆိုပြီး အစားလည်း မစားပဲနေလို့မရဘူးဟ အစားလည်း ဂရုစိုက်စားရမှာ အဲ့ဒါမှ တက်မှာ...

ဇော်ဇော် ။ ။ ဟုတ်လား ဆရာ အဲ့ဒါဆိုကျွန်တော်သောက်မယ်... (ဝမ်းသာသွားသောအသံဖြင့်) ဒါနဲ့ ဘယ်လိုရောင်းတာလဲဆရာ... ဆရာတို့ရော အဲ့တာတွေသောက်လား?

ကျွန်တော် ။ ။ အေးသောက်တယ်... မင်းသောက်မယ် ဆိုရင်တော့ Mass gainer သောက်ရမှာ တစ်လစာ တစ်အိတ်ကို တစ်သိန်းတစ်သောင်းနှစ်ထောင် (၁၁၂၀၀၀) ထင်တယ်... အဲ့လောက်ရှိတယ်...

ဇော်ဇော် ။ ။ ဗျာ !! အဲ့လောက်တောင်လားဆရာ ကျွန်တော်က နှစ်သောင်းသုံးသောင်းလောက်ထင်လို့... အဲ့လောက်ဆိုရင်တော့ မဝယ်နိုင်ဘူးဆရာရယ်.. (စိတ်မကောင်းသောအသံဖြင့်)

ကျွန်တော် ။ ။ အေး မဝယ်နိုင်လည်း ဘာမှမဖြစ်ပါဘူးကွာ... နောက်ပိုင်းဝယ်သောက်နိုင်တော့လည်း ဝယ်သောက်ပေါ့ကွာ... အခုတော့ ဒီတိုင်းပဲဆော့ပေါ့ အစားအသောက် ဂရုစိုက်ပြီး များများစား... သေချာဆော့... တစ်ဖြည်းဖြည်းဖြစ်လာမှာပေါ့...တစ်နေ့ တစ်လံ ပုဂံဘယ်ရွေ့မလဲ...

ဇော်ဇော် ။ ။ ဟုတ်ကဲ့ဆရာ... ကျွန်တော်သေချာဆော့မယ်...

နောက်တစ်ပတ်လောက်ကြာတော့ သူကျွန်တော့်ကို သူဖုန်းထဲ က ပုံပြပြီး လာမေးပြန်တယ်...
အဓိက အဲ့ဒါပြောချင်တာပါ...

ဇော်ဇော် ။ ။ (သူ့ဖုန်းထဲက ပုံတစ်ပုံကိုပြတယ် ) ဆရာဒီမှာကြည့်ပါအုန်း 5 months body transformation တဲ့ မိုက်လိုက်တာဆရာ ။
(သူပြတဲ့ ပုံ က before and after ပုံ... ပုံထဲမှာ before ပုံမှာ က ခပ်ပိန်ပိန်ကောင်လေးတစ်ယောက်က ပုံမှန်အတိုင်း gym ဆော့ပြီး တစ်နှစ်လာက်အကြာမှာရှိတဲ့ပုံ မာဆယ်လေးအနည်းငယ်ပဲရှိတယ် ခပ်သေးသေးပဲပေါ့ after ပုံမှာကတော့ အဲ့ကောင်လေးကနေ ရှယ်မာဆယ်တွေပေါ်ပြီး သွေးကြောတွေ ထောင်ထောင်ထပြီး အဆီကင်းတဲ့ပြိုင်ပွဲဝင်လို့ရလောက်တဲ့ body မျိုးဖြစ်သွားတဲ့ပုံ )

ကျွန်တော် ။ ။ အိုမိုင်ဂေါ !😕 (ကျွန်တော် တော်တော် ငြိမ်ပြီး စဉ်းစားလိုက်တယ်... ကျွန်တော် စဉ်းစားတာက အဲ့ body transformation ကို အံ့သြလို့ မဟုတ်ဖူး ဒါဘာကြောင့် ဆိုတာ ဇော်ဇော်ကို နားလည်အောင် ကျွန်တော် ရှင်းပြဖို့ 😒😒😒)

ဇော်ဇော် ။ ။ မိုက်တယ်မလားဆရာ... ကျွန်တော်ရော အဲ့လို ဖြစ်နိုင်လား...
(မေးခွန်းသတ်ပြီး ၁သိန်းကျော်တန် supplement တောင် ဝယ်မသောက်တဲ့သူကို ငါဘယ်လို့ဆက်ပြောရပါ့မလဲ 🤔🤔🤔)

ကျွန်တော် ။ ။ အေးဖြစ်နိုင်ပါတယ်... သူလိုလုပ်ရင်ပေါ့ ကွာ...
သူဘာတွေလုပ်လည်း ငါပြောပြမယ်.... ကျိန်သေတာတစ်ခုက သူ steroid (နတ်ဆေး) သုံးပြီးဆော့ထားတာ... သေချာလည်း ကစားထားတယ်...

ဇော်ဇော် ။ ။ steroid ဆိုတာဘာလဲဆရာ ? ဆရာဟိုနေ့က ပြောတဲ့ supplement ပဲလား ?

ကျွန်တော် ။ ။ မတူဘူး ညီလေး... steroid အကြောင်းပြောရမယ်ဆိုရင်တော့ အများကြီးပဲ... ( ကျွန်တော် သိသလောက်သူ့ကိုပြောပြတယ် ပြီးတော့ google , fb အဲ့ မှာ steroid အကြောင်းကို ရှာဖတ်ကြည့်ဖို့ ကျွန်တော်ပြောတယ်... ကိုရေချမ်းရေးထားတဲ့ ( နတ်ဆေး (သို့)steroid ) ဆိုတဲ့ post ကိုလည်း ဖတ်ခိုင်းလိုက်တယ် )

ကိုရေချမ်း post ကိုဖော်ပြထားတာပါ

➡️နတ်ဆေး(သို့)Steroids
*********************
ဒါကိုမရေးခင်မှာ အရင်ဆုံးအသိပေးချင်တာက ကျနော်သည် ဆရာဝန်တစ်ယောက်မဟုတ်ပါ Steroids Addict တစ်ယောက်ပါ professional ကျကျသုံးတတ်အောင်လေ့လာသင်ယူနေဆဲပါ ဆရာ့ဆရာကြီးများ အမှားပါခဲ့လျင် ထောက်ပြပြောဆိုပေးကြပါ မြန်မာပြည်မှ အားကစားသမားများ နည်းမှန်လမ်းမှန်နဲ့ စနစ်တကျသုံးစွဲတတ်စေချင်ပါတယ် ပထမဆုံးအနေနဲ့ Steroids ရဲဆိုးကျိုးတွေကိုပြောပြပါ့မယ်

Common side effects of steroids include:

* Acne.(ဝက်ခြံထွက်မယ်)
* Blurred vision.(အမြင်တွေမှုန်ဝါးခြင်း)
* High blood pressure.(သွေးပေါင်တက်ခြင်း)
* Increased appetite, weight gain.(အစာစားချင်စိတ်ဖြစ်ခြင်း,ဝိတ်တက်ခြင်း)
* Increased growth of body hair.(ခန္ဒာကိုယ်မှအမွေးမျှင်များသန်လာခြင်း)
* Heightened heart attack risk(နှလုံးထိခိုက်စေခြင်း)
* Aggressive behaviour (စိတ်တိုလွယ်ခြင်း)
* Balding (နဖူးပြောင်ခြင်း)
* Breast growth(ရင်သားကြီးခြင်း အထူးသဖြင့်နို့သီးခေါင်းစူခြင်း)

Steroids တိုင်းအပေါ်ကဆိုးကျိုးတွေဖြစ်သလားဆိုတော့ မဖြစ်ပါဘူးယနေ့ခေတ်မှာ ဆိုးကျိုးအင်မတန်နည်းတဲ့ အမျိုးစားတွေများစွာပေါ်နေပါပြီး ဈေးနုန်းအားဖြင့်လဲသာမန်ထက် နှစ်ဆမှသုံးဆအထိကွာပါတယ် 10 mg တစ်ဗူးကို ဒေါ်လာ 100/300 ကြားဝယ်ရပါတယ် ဈေးပေါတာတွေကအကောင်းဆုံးမဖြစ်နိုင်သလို အကောင်းဆုံးရလဒ်ကလဲ ဈေးမပေါနိုင်ပါဘူး Side effect လုံးဝမပါဘူးလာဆိုတော့လဲမဟုတ်ပါ အနည်းဆုံးကိုဆိုလိုခြင်းပါ

*Ance(ဝက်ခြံထွက်ခြင်း )

ဒါကတော့ လူပျိုပေါ်ဝင်ခါစ hormone အပြောင်းလဲမှာဝက်ခြံထွက်လာသလိုပါပဲ အသက် ၃၀ နှင့်အထက်မှသာ Steroids ကိုသုံးသင့်တယ်လို့ နိုင်ငံတကာကလက်ခံထားကြပါတယ် အဲ့အရွယ်မှသုံးရင် အသက်ငယ်တဲ့သူတွေလောက်မထွက်ပါဘူး ကျနော် လဲမထွက်ပါ hormone levels မြင့်နေတဲ့အရွယ် Steroids ကိုမသုံးပဲ ကစားနိုင်ပါတယ် ဒါပေမယ့် ပြိုင်ပွဲတွေဝင်ချင်တယ် ဆုတွေလိုချင်တယ်ဆိုလျင်တော့ ???အတွေ့အကြုံအရပြောရရင် First cycle မှာအရမ်းထွက်ပါတယ် Second Cycle မှာလျော့သွားပါပြီ Third Cycle မှာမထွက်သလောက်ပါပဲ

*Blurred Visions (အမြင်တွေမှုန်ဝါးခြင်)

Over Protein Intake ဖြစ်လျင် blurred vision ဖြစ်တတ်တယ်လို့ ဖတ်ဖူးပါတယ် Steroids သမားတွေဟာ Natural ကစားသမားတစ်ယောက် စားနိုင်တာထက်ပိုပြီးစားနိုင်ပါတယ် အချိန်ပြည့်ဆာလောင်နေတာပါ Protein ကြောင့်လို့ပဲထင်ပါတယ် ဒီလက်ဏ္ခာဟာ ဖြစ်ခဲပါတယ် တော်ယုံမဖြစ်ပါဘူး

*Hight Blood pressure (သွေးပေါင်တက်ခြင်း)

မကြာခဏဆိုသလိုသွေးပေါင်တက်ပါတယ် Steroids က cholesterol’s level မြင့်စေပါတယ် အထူးသဖြင့် ကစားတာနားတဲ့ရက်တွေမှာ ဖြစ်လေ့ဖြစ်ထရှိပါတယ် နေ့တိုင်းမတက်ပါ နားရက်တွေမှာ မအီမသာဖြစ်တာ သွေးတက်တာတွေဖြစ်တတ်တဲ့အတွက် နားရက်မှာ နည်း၂သွားကစားပေးရပါတယ်

* Increased appetite, weight gain.(အစာစားချင်စိတ်ဖြစ်ခြင်း,ဝိတ်တက်ခြင်း)

ဒါကတော့ ပြောစရာကိုမလိုအောင် ကြောက်စရာကောင်းလောက်အောင်ဆာလောင်ပါတယ် Steroids သုံးတော့မယ်လို့ဆုံးဖြတ်ပြီးရင် စားဖို့ကိုလဲ ငွေကြိုရှာထားပါ စားသလောက်လဲ ဝိတ်ကတက်တာမြန်ပါတယ် ကြောက်စရာကောင်းလောက်အောင်ကိုမြန်တာပါ

* Increased growth of body hair.(ခန္ဒာကိုယ်မှအမွေးမျှင်များသန်လာခြင်း)

ဒါကတော့ ဖြစ်လေ့ဖြစ်ထရှိသလောက်ပါပဲ မသိသာပါဘူး နုတ်ခမ်းမွေးတော့ ခဏခဏရိတ်ရတယ်:)

* Heightened heart attack risk(နှလုံးထိခိုက်စေခြင်း)

Steroids ကနှလုံးအသည်းကျောက်ကပ်စတဲ့ Muscle ဖြစ်တည်ဆောက်အောင်စတင်အလုပ်လုပ်ပေးတဲ့ဟာတွေအကုန်လုံးကိုသာမန်ထက်ပိုပြီး ပြင်းပြင်းထန်ထန်အလုပ်လုပ်ခိုင်းပါတယ် ဒါကြောင့် သူတို့တွေဒဏ်ရာရကုန်တာပါ (အရက်သောက်တဲ့သူတွေလောက်မထိပါ)

* Aggressive behaviour (ခက်ထန်ကြမ်းတမ်းတဲ့အပြုအမှု)

စိတ်တိုလွယ်ခြင်း ခက်ထန်ကြမ်းတမ်းခြင်း အမြင်မကြည်လင်ခြင်း စတဲ့အပြုမှုတွေက diet လုပ်နေတဲ့အချိန်မှာပိုအဖြစ်များပါတယ် Weight Gain ကာလမှာဖြစ်လေ့မရှိပါဘူး ကျနော့အမြင် Weight Loss ကာလမှာ မိမ်ကိုယ်ကိုအရာရာချုပ်တည်းထားရတဲ့အတွက် သီမခံနိုင်တာလဲပါပါတယ်

* Balding (နဖူးပြောင်ခြင်း)

Steroids ကိုနှစ်ရှည်လများအပြင်းထန်သုံးစွဲလျင်ဖြစ်ပါတယ် ဥပမါ Olympia ကြီးတွေလို 10 mg ကို တစ်ချိန်ထည်းထိုးတာတို့ နှစ်ရှည်လမျာအလွန်အကျွံသုံးတာတို့မှာဖြစ်တာပါ ကျနော်တို့တို miserly သမားတွေမှာ ဒါကဖြစ်လေ့မရှိပါဘူး ကျနော်ဆိုနှစ်ပါတ်တစ်ခါဆံပင်ညပ်ဆိုင်ပြေးနေရတာပါ Balding ဖြစ်ဖို့နေနေသာသာ

* Breast growth(ရင်သားကြီးခြင်း အထူးသဖြင့်နို့သီးခေါင်းစူခြင်း)

Steroids သမားတော်တော်များများ နို့သီးခေါင်းစူကြပါတယ် လူပျိုဝင်ခါစ စူသလိုကိုစူတာပါ ဒါပေမယ့် World အဆင့်မောင်တွေမှာ ဘာလို့မစူတာလဲ ဒါကအဖြေရှိပါတယ် အနာရှိရင်ဆေးရှိပြီးသားပါ ဆေးကိုမေ့ထားရင်တော့ အနာကတော့မပျောက်ပါဘူး သီးသန့်ရေးပေးပါ့မယ်

ဟုတ်ပြီးအခုဆိုးကျိုးတွေကိုပြောပြပြီးပြီ သုံးဖူးတဲ့သူတွေတော့သိပြီးသားဖြစ်မှာပါ ဒါပေမယ့် ဒီလိုဆိုးကျိုးတွေရှိနေတာကို နိုင်ငံတကာမှာ ဘာ့ကြောင့်သုံးနေရတာလဲ တက္ကသိုလ်အဆင့်အားကစားသမားမှအစနိုင်ငံ့လက်ရွေးစင်အဆုံး မည်သည့်အားကစားသမားမဆို သုံးကြပါတယ် သာမန်ကျောင်းသားတွေတောင် နွေရာသီအပန်းဖြေရက်မှာ Body လေးလှချင်လို့ ကန်းခြေမှာဖလန်းဖလန်းထချင်လို့ သုံးကြပါတယ် မြန်မာ့နိုင်ငံလက်ရွေးစင်ဘောလုံးသမားတွေ ကန်လိုက်တိုင်းရှုံးတယ် ဘာအားကားဖြစ်ဖြစ် အကုန်ရှုံး (Bodybuilding မပါ)ဘာ့ကြောင့်လဲ အဓိကက Body ချင်းမယှဉ်နိုင်လို့ပါ ယိုးဒယားအနီးဆုံးပြိုင်ဖက် လုံးဝမနိုင်နိုင်ပါဘူး ဘာ့ကြောင့်လဲ ယိုးဒယားနိုင်ငံမှာ Steroids ကိုတွင်တွင်ကျယ်ကျယ်သုံးလာတာ နှစ်ပေါင်းမနည်းတော့ပါဘူး ကလေးတွေအင်မတန်ထွားကြိုင်းသန်မာလာတယ် အားရှိလာတယ် ဆေးတွေအလွယ်တကူဝယ်လို့ရတယ် ဆရာဝန်တိုင်းကလဲ နားလည်အောင်ရှင်းပြပေးကြတယ် သုံးမယ်ဆိုအကြံဉာဏ်ပေးကြတယ် ကျနော်တို့ဆီမှာ ဆရာဝန်တိုင်းနီးပါက မသုံးဖို့တားကြတယ် (ကျနော့်ဆရာမပါ)ဒါကြောင့် Natural ကစားသမားတွေသေအောင်ကြိုးစားလဲ ဘယ်လိုမှမယှဉ်နိုင်ပါဘူး မသိတဲ့ပရိတ်သတ်တွေကတော့ အားမလိုအားမရတွေဖြစ်နေတာပါ နိုင်ငံတကာမှာ ယောက်ကျားလေးမှန်ရင် Body ကလန်းနေတာ ၁၀၀ မှာ ၇၀ လောက်ရှိပါတယ် ကိုယ်ဒေဆီမှာ ခုထိအရက်ဘီယာဆိုင်ကမထွက်လာနိုင်ကြသေးပါဘူး ယောကျာ်လေးဆို ဝရင်ဝတယ်မဝရင်ပိန်တယ် ပိန်ပေမယ့်ဗိုက်လေးပူနေတယ် ဘာကြောင့်လူချင်းတူပြီး Body တွေကမတူညီကြတာလဲ မေးခွန်းတွေမေးချင်စရာပါပဲ ဆက်ရေးရင် နိမ်တယ်ပြောခံရမှာဆိုးလို့မရေးတော့ပါဘူး ဟုတ်ပြီဒီလိုဆိုးကျိုးတွေကို ဘယ်လိုလျော့ချမလဲ

How Can Steroid Side Effects Be Minimized?

* လိုအပ်သလောက်ပဲသုံးပါ
* ဘေးထွက်ဆိုးကျိုးများကိုအမြဲမပြတ်စောင့်ကြည့်ပါ
* မိမိဘေးထွက်ဆိုးကျိုးတွေပြင်းထန်လာလျင်ဆေးကိုလျော့သုံးပါ.
* သွေးပေါင်မကြာခဏချိန်ပါ
* သုံးလ ဝိတ်တင်ပြီးတိုင်း တစ်လနားပါ(Recovery)ပြန်လုပ်ပါ
* Cancer ရောဂါ ရှိသူများ သွေးတိုးဆီချိုသမားများ သုံးလို့မရပါ Steroids သည် Cancer ရောဂါကိုပိုမိုလျင်မြန်စွာပြန့်ပွားစေပါသည်
* Steroids သုံးမယ်လို့ဆုံးဖြတ်လိုက်လျှင် အရက်ဘီယာမူးယစ်ဆေးဝါး လုံးဝမသောက်သုံးသင့်ပါ (မြန်မြန်သေတတ်သည်)
* ပွဲတစ်ပွဲတက်ပြီးတိုင်း လေးလသို့မဟုတ် ခြောက်လနားပေးရပါတယ် PCT(post cycle therapy)ပြန်လုပ်ပေးရပါတယ်

မကောင်းတာတွေကြီးပြောနေတာ ကောင်းတာတွေတော့မပြောဘူး မှန်ပါတယ် ကောင်းလွန်းလို့ပဲ နတ်ဆေး လို့ခေါ်ကြတာပါ ဘာတွကောင်းလဲသိချင်ရင် ပြောပြပါမယ် Natural သုံးနှစ်ကစားတာဟာ Steroids သမားတစ်နှစ်ကစားတာကိုမမှီပါဘူး ခွန်အားတွေသန်မာလာမယ် ကစားအားတွေကောင်းလာမယ် အဆီတွေစားပေမယ့် အဆီဝင်မှာကြောက်စရာမလိုပါ အလျင်အမြန်ဖွင့်ဖြိုးကြီးထွားလာမယ် Sexual Activity တွေမြင့်လာမယ် ခင်များတို့တတွေအားကျနေကြတဲ့ Hollywood Bollywood ကမင်းသားတွေ နိုင်ငံတကာက Super Model တွေ Muscle Model, Fitness Model, MrOlympiaတွေ ကမ္ဘာကျော်ဘောလုံးသမားတွေ အားကစားသမားတွေအားလုံးနီးပါးဟာ Steroids Addict တွေပါပဲ လူသိအောင်းသုံးတာနဲ့လူမသိအောင်သုံးတာပဲကွာပါတယ် (မွေမွေချင်းတော့ခြေမြင်ရပါတယ်)သုံးတတ်ရင်ဆေးပါမသုံးတတ်ရင်ဘေးဖြစ်ပါတယ် လောဘကြီးပြီးဇွတ်တွေမလုပ်ရင် ဘာမှမဖြစ်ပါဘူး နားမလည်ပဲ ဟိုဟာပေးပါ ဒီဟာပေးပါလို့ဝယ်ပြီးမသုံးကြပါနဲ့လို့မေတ္တာရပ်ခံချင်ပါတယ် ဒီဆေးတွေဟာ ဝိသမာလောဘသားတွေကြောင့် အတုမျိုးစုံထွက်ပါတယ် ဈေးပေါပေါရတယ်ဆိုပြီး ဝမ်းသာအားရမနေပါနဲ့ အကောင်းစားတွေအစစ်တွေက ဈေးမပေါပါဘူး (ကိုယ်ဒေငွေနဲ့မို့လို့ပါ)အတုအစစ်လဲမသိ နည်းလမ်းလဲမသိပဲ ဇွတ်တွေမသုံးကြပါနဲ့ တတ်သိနားလည်တဲ့ဆရာတွေဆီမှာ သေခြာတိုင်ပင်ပြီး သုံးကြပါလို့မေတ္တာဖြင့်တိုက်တွန်းပေးပါရစေ 🙏🙏🙏

Yeycharm
Tachileik
Share နိုင်ပါတယ်⬅️

ထို့နောက်...

ဇော်ဇော် ။ ။ ဆရာ steroid မသုံးပဲနဲ့ရော အဲလို မဖြစ်နိုင်ဘူးလား ?

ကျွန်တော် ။ ။ မဖြစ်နိုင်ဘူး ညီလေး.... မင်းသုံးချင်ရင်တော့ ငါ့ အကိုတွေရှိတယ် ချိတ်ပေးမယ်...
steroid သုံးတိုင်းလည်း အဲ့လို မဖြစ်နိုင်ဘူး သူ့ရဲ့ ကြိုးစားမှုတွေကြောင့်လည်း အများကြီးပါတယ်...
ဒါပေ့မယ် ကျိန်းသေတာ တစ်ခုက steroid မသုံးပဲနဲ့တော့ သေအောင် ဖင်ပြဲအောင် ကြိုးစားလည်း ၅ လထဲ နဲ့ တော့ အဲ့လို မပြောင်းလဲနိုင်ပါဘူး...

ကဲခြုံပြောရရင်တော့ အဓိကပြောချင်တာက...

ဘူမသိကိုးမသိနဲ့ Gym ဆော့ရင်ဗလကြီးတယ်ဆိုတဲ့အသိတစ်ခုထဲနဲ့ စဆော့တဲ့ညီလေးတို့ရေ....
onlineပေါ်က ဗလကြီးကြီး ကိုယ့် idol ကြီးတွေကိုကြည့်ပြီး တစ်နေ့ငါလည်း အဲ့လိုဖြစ်ရမယ် ဆိုပြီးစိတ်ကူးပဲသက်သက်ယာဉ်မနေပါနဲ့... သူတို့ တွေ ဘာတွေ လုပ်ကြလဲ လေ့လာပါ...စူးစမ်းပါ.... စဉ်းစားပါ... ကြိုးစားပါ.....
လိုက်မယှဉ်ပါနဲ့... ကြက်ဥစားပြီးဆော့တဲ့လူလည်းဗလကြီးမှာပဲ သူအတိုင်းအတာလောက်တော့ကြီးမှာပါ.... ကြက်ဥတောင်နက်မှန်အောင်မစားနိုင်ပဲ... steroid သုံးထားတဲ့အကိုကြီးတွေနဲ့ လိုက်မယှဉ်ပါနဲ့...

ဗလကြီးသော ပရို ချန်ပီရံ ဆရာအကိုကြီးများအနေနဲ့လည်း ... ဘယ်လိုလုပ်မှ ဘယ်လိုဖြစ်တယ်ဆိုတာကို မိမိဖန်လေးတွေ သိအောင် ပွင့်ပွင့်လင်းလင်းပြောပြ လိုက်ကြပါလို့ .... မဟုတ်ရင် ကျွန်တော်တို့ နည်းပြဆရာတွေ အကျပ်တွေ့လို့ပါ...☺️☺️☺️

နောက်ဆုံးအနေနဲ့ ပြေပါရစေ... ကျွန်တော် ဆရာကြီးမဟုတ်ပါဖူးခင်ဗျာ ... အမှားပါခဲ့ရင်လည်း အကိုဆရာများဝေဖန်အကြံပြုပေးကြပါခင်ဗျာ....

ဒီpostသည်ဘယ့်သူ ဘယ်သူကိုမှ foul ထုခြင်းမဟုတ်ပါ gym စဆော့လစာလေးသာ ပေးပြီး supplement ဝယ်ဖို့ မပြောနဲ့ ကြက်ဥတောင် ပုံမှန်မစားကြသော ညီလေး များ အတွက်ဗဟုသုတရစေရန် ကျွန်တော်သိသလောက်လေး ရေးပြပေးတာပါခင်ဗျာ.... ✌️

Gymကစားသူများအားလုံး ကျန်းမာတောင့်တင်းသော ခန္ဓာကိုယ် ပိုင်ဆိုင်နိုင်ကြပါစေ...🙏

အားလုံးကို လေးစားလျှက်
Min Thiha (Roman)🖤

12/02/2020

ဒီလို cardio class မျိုးလေး ဘယ်သူတွေဆော့ချင်လဲ 😍😍😍???

wednesday 1:00 pm cardio class... 💪💪💪ပြည်ထောင်စုနေ့ ပိတ်ရက်မှာ မနားပဲ ကြိုးကြိုးစားစား လာကစားကြတဲ့ တပည့်တွေနဲ့... ☺️☺️☺️...
12/02/2020

wednesday 1:00 pm cardio class... 💪💪💪
ပြည်ထောင်စုနေ့ ပိတ်ရက်မှာ မနားပဲ ကြိုးကြိုးစားစား လာကစားကြတဲ့ တပည့်တွေနဲ့... ☺️☺️☺️
ပင်ပန်းပေ့မယ် အရမ်းပျော်စရာကောင်းပါတယ်... 😍😍😍ဘယ်လောက်ပင်ပန်းလည်း နောက်ဆုံးပုံကိုကြည့် 😅😅😅
စနေနေ့ နေခင်း ၁ နာရီ ထပ်သင်မယ်နော် The Fit Gym Hinthada ကအားလုံးကိုလာကစားဖို့ ဖိတ်ခေါ်ပါတယ် ခင်ဗျာ... 🤗🤗🤗

4 months body transformation 🤩🤩🤩ဝိတ်ချမယ့်ဘော်ဒါတွေအတွက် motivation ရအောင် The Fit Gym Hinthada မှ ညီမလေး အေးမြတ်မွန်ရဲ့...
07/02/2020

4 months body transformation 🤩🤩🤩
ဝိတ်ချမယ့်ဘော်ဒါတွေအတွက် motivation ရအောင် The Fit Gym Hinthada မှ ညီမလေး အေးမြတ်မွန်ရဲ့ body transformation ကိုတင်ပေးလိုက်ပါတယ်ဗျ....
The Fit Gym Hinthada ကအပြောမကြီးဘူး အလုပ်နဲ့သက်သေပြမယ်... 😁😁😁
4 months body transformation
180 lbs to 138 lbs
42 lbs weights loss 💪💪💪
Member no: 001130
Member Name : Ma Aye Myat Mon

အများကြီး မပြောလိုပါဘူး... ငါလိုချင်တဲ့ ခန္ဓာကိုယ် ဖြစ်ကို ဖြစ်ရမယ်... မရရအောင်ကြိုးစားမယ် ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့သာလာခဲ့...
05/02/2020

အများကြီး မပြောလိုပါဘူး...
ငါလိုချင်တဲ့ ခန္ဓာကိုယ် ဖြစ်ကို ဖြစ်ရမယ်... မရရအောင်ကြိုးစားမယ် ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့သာလာခဲ့ပါ...👌👌
သင့်အတွက် The Fit Gym Hinthada ကအကောင်းဆုံး Gym ဖြစ်စေရမယ်...
3 months body transformation
208 lbs to 162 lbs
46 lbs weights loss 💪💪💪
Member no: 001280
Member Name : Ko Than Toe Aung
Coach : Sayar Thuyain Tun (The Fit Gym Hinthada)

Hello 2020 🤗❤️ကဲ 2020 ကိုရောက်လာပြီ မိတ်ဆွေ... အရမ်းလှတဲ့ နံပါတ်လေးပဲ... 😍😍😍အဲ့တော့ 2020 မှာ Target တစ်ခုထားပြီးတော့ နှစ...
30/01/2020

Hello 2020 🤗❤️

အဲ့ဒါတွေ ကခက်ခဲလား ???


••••••••••••••••••••••••••••••••••••••••••••••

☎ဆက်သွယ်ရန်ဖုန်း
••••••••••••••••••
၀၉ ၄၂၄ ၆၂၀ ၀၄၇
၀၉ ၄၄၀ ၀၂၈ ၀၉၀

🕞 ဖွင့်ချိန်
•••••••••••••••••••••••••••

Unicode
Hello 2020 🤗❤️
ကဲ 2020 ကိုရောက်လာပြီ မိတ်ဆွေ... အရမ်းလှတဲ့ နံပါတ်လေးပဲ... 😍😍😍
အဲ့တော့ 2020 မှာ Target တစ်ခုထားပြီးတော့ နှစ်မကုန်ခင်မှာ Target ကို ရအောင်ကြိုးစားကြမယ်...💪💪💪
ကဲဘာတွေ target ထားကြမလဲ ???
Admin က Fitness trainer ဆိုတော့ ဥပမာ အနေနဲ့ ကျန်းမာရေး နဲ့ ခန္ဓာကိုယ်လှဖို့အကြောင်းပြောမယ်ဗျာ...
1️⃣ 2020 မှာ လိုချင်တဲ့ weightကိုရောက်အောင် သွားကြမယ်...လိုချင်တဲ့ body ကိုရအောင်ကြိုးစားကြမယ်...
weight loss ဆိုရင်လည်း... လိုချင်တဲ့ weight ကိုရအောင်ချမယ်... နှစ်မကုန်ခင်မှာ ဝိတ်ကျကို ကျရမယ် ဆိုပြီးစိတ်ကိုဆုံးဖြတ်ထားမယ်...💪
weight gain ဆိုရင်လည်း... လိုချင်တဲ့ weight ကိုရအောင်တင်မယ်...ခန္ဓာကိုယ် အတိုင်းတွေ သိသိသာသာတက်လာအောင်ကစားမယ်... အစားအသောက်ဂရုစိုက်အချိန်ပေးပြီးများများ စားမယ်... နှစ်မကုန်ခင်မှာ လိုချင်တဲ့ ခန္ဓာကိုယ်မျိုးပိုင်ဆိုင်ရမယ်ဆိုပြီးဆုံးဖြတ်ထားမယ်... 💪

အဲ့လိုဖြစ်ဖို့အတွက်ဘာတွေလုပ်ရမလဲ ???
🍱အစားအသောက် ဂရုစိုက်မယ်...
🏋️‍♀️လေ့ကျင့်ခန်းပုံမှန်လုပ်မယ်...
🛏️အိပ်ချိန်ဂရုစိုက်မယ်...
အဲ့ဒါတွေ ကခက်ခဲလား ???
No🙅‍♂️ ခက်ခဲပါဘူး သင်သာဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့စိတ်နဲ့ ကြိုးစားမယ်ဆိုရင် The Fit Gym Hinthada က ၅၀%ကူညီပေးမှာပါ... သင်ရဲ့ ကြိုးစားမှု့က ၅၀% ပေါ့ 😊

ကဲအားလုံး ပဲ 2020 မှာ ရည်မှန်းထားတဲ့ ပန်းတိုင်တွေကိုရရှိကြပါစေ 🙏🙏🙏
ကိုယ်ကြိုးစားမှကိုယ်ရမှာနော် 😁😁😁
2021 ကိုယုံကြည်မှု့အပြည့်နဲ့ သွားကြမယ်...
အချိန် 11 လကျန်သေးတယ်... အားလုံးပဲ fighting
အတူတူ ကြိုးစားကြမယ်ဗျာ.... 💪💪💪

🏡 The Fit Gym Hinthada (အားကစားခန်းမ)
••••••••••••••••••••••••••••••••••••••••••••••
အမှတ် - ၃၉၆ ၊ ဘုရားကြီး (၄)လမ်း၊ ဘုရားကြီးရပ်ကွက် ၊ ဧရာဝတီ တိုင်း ၊ ဟင်္သာတ မြို့

☎ဆက်သွယ်ရန်ဖုန်း
••••••••••••••••••
၀၉ ၄၂၄ ၆၂၀ ၀၄ရ
၀၉ ၄၄၀ ၀၂၈ ၀၉၀

🕞 ဖွင့်ချိန်
•••••••••••••••••••••••••••
မနက် ၆:၀၀ မှ ည ၉:၀၀ ထိ (SUNDAY OFF)

Zawgyiကဲဟင်္သာတကအမျိုးတို့ရေ 2020 မှာ ကိုယ်လိုချင်တဲ့ body goal လေးကိုရအောင် ကြိုးစားကြမယ် 💪💪💪weight gain ဆော့တာ gymဆော့တာ...
27/01/2020

Zawgyi

မြန်မာနိုင်ငံက gym ကစားသူတွေရဲ့ကြားထဲမှာ နာမည်ကြီးပြီး မသိတဲ့သူမရှိလောက်အောင် အောင်မြင် တဲ့ Make in USA supplements brand တစ်ခုဖြစ်တဲ့ VX brand supplement များကို VX company ၏ ဈေးနှုန်းအတိုင်း The Fit Gym Hinthada မှာ ဝယ်ယူလို့ရပါပြီ ခင်ဗျာ💚💚💚

••••••••••••••••••••••••••••••••••••••••••••••

☎ဆက်သွယ်ရန်ဖုန်း
••••••••••••••••••
၀၉ ၄၂၄ ၆၂၀ ၀၄၇
၀၉ ၄၄၀ ၀၂၈ ၀၉၀

🕞 ဖွင့်ချိန်
•••••••••••••••••••••••••••

Unicode
ကဲဟင်္သာတကအမျိုးတို့ရေ 2020 မှာ ကိုယ်လိုချင်တဲ့ body goal လေးကိုရအောင် ကြိုးစားကြမယ် 💪💪💪

weight gain ဆော့တာ gymဆော့တာလည်းကြာပြီး weight က တက်မလာဘူး မာဆယ်တွေကထင်သလောက်ကြီးမလာဘူး 😓😓
weight loss ဆော့တာ ကြာပြီး weight က ထင်သလောက်ကျမသွားဘူး အသားတွေလည်း ပျော့တွဲလာတယ် 😓😓😓
ဆိုတဲ့ သူတွေအတွက် အကြံပေးရမယ် ဆိုရင်တော့ supplement ဖြည့်စွပ်စာ သောက်ပြီးဆော့သင့်ပါတယ်...
ဒါဆို ဘယ်လို ဖြည့်စွပ်စာတွေ သုံးသင့်လည်း ?

ဝိတ်ချချင်တာလား? ဝိတက်ချင်တာလား? မာဆယ်ခွဲချင်တာလား? ကျစ်ပြီးကိတ်ချင်တာလား? ကိတ်ပြီးကျစ်ချင်တာလား ?
ကြိုက်တာပြောနော် သင့်တော်တဲ့ supplement ကိုလမ်းညွှန်ပေးမယ် 🤗
မြန်မာနိုင်ငံက gym ကစားသူတွေရဲ့ကြားထဲမှာ နာမည်ကြီးပြီး မသိတဲ့သူမရှိလောက်အောင် အောင်မြင် တဲ့ supplements brand တစ်ခုဖြစ်တဲ့ VX brand supplement များကို VX company ၏ စျေးနှုန်းအတိုင်း The Fit Gym Hinthada မှာ ဝယ်ယူလို့ရပါပြီ ခင်ဗျာ💚💚💚

••••••••••••••••••••••••••••••••••••••••••••••
အမွတ် - ၃၉၆ ၊ ဘုရားကြီး (၄)လမ်း၊ ဘုရားကြီးရပ္ကြက် ၊ ဧရာဝတီ တိုင်း ၊ ဟင်္သာတ မြို့

☎ဆက်ြသယ်ရန္ဖုန်း
••••••••••••••••••
၀၉ ၄၂၄ ၆၂၀ ၀၄၇
၀၉ ၄၄၀ ၀၂၈ ၀၉၀

🕞 ဖြင့်ခိန်
•••••••••••••••••••••••••••
မနက် ၆:၀၀ မွ ည ၉:၀၀ ထိ (SUNDAY OFF)

Address

Phayargyi 4 Street
Hinthada
5069

Opening Hours

Monday 06:00 - 21:00
Tuesday 06:00 - 21:00
Wednesday 06:00 - 21:00
Thursday 06:00 - 21:00
Friday 06:00 - 21:00
Saturday 06:00 - 21:00

Telephone

+95 9 424620047

Website

Alerts

Be the first to know and let us send you an email when The Fit Gym Hinthada posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share