19/03/2024
လက်ရည်စစ်ဂေါက်သီးရိုက်ပြိုင်ပွဲကျင်းပမည်
=====================
မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ်နှင့် မြန်မာပီဂျီအေတို့ ပူးပေါင်းကျင်းပမည့် လက်ရည်စစ် ဂေက်သီး ရိုက်ပြိုင်ပွဲ ကို၂၀၂၄ခုနှစ်၊ ဧပြီလ ၂၃ရက်မှ ၂၄ရက်နေ့အထိ မန္တလေးမြို့ရှိ၊ ရေတံခွန်တောင် ဂေါက်ကွင်း၌ ကျင်းပမည် ဖြစ်သည်။
လက်ရည်စစ်ဂေါက်သီးရိုက်ပြိုင်ပွဲတွင် Tour Pro၊ Senior Pro နှင့် Teaching Pro ဟူ၍ သုံးမျိုးခွဲ၍ ကျင်းပ မည်ဖြစ်သည်။
လက်ရည်စစ်ပြိုင်ပွဲသို့ဝင်ရောက်ယှဉ်ပြိုင်လိုသူအမျိုးသားအားလုံးသည်ဝါသနာရှင်အဆင့် (H’Cap 0-12) ရှိရမည်ဖြစ်ပြီး၊ Senior Professional အတွက်ကိုမူ ပြိုင်ပွဲကျင်းပမည့်နေ့တွင် အသက် (၅၀)ပြည့်ပြီး သူများသာ ဖြစ်ရမည်။
လက်ရည်စစ်ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ကြသည့် ကစားသမားများအနေဖြင့် ၂ ရက်ပေါင်း ရိုက်ချက် ၁၅၂ချက်ရရှိပါက Tour Pro အဆင့်၊ ၁၅၈ ချက်ရရှိပါက Teaching Pro အဆင့်နှင့် ၁၆၂ ချက်ရရှိပါက Senior Pro အဆင့်တို့အတွက်လက်ရည်စစ်ပွဲအောင်မြင်မည်ဖြစ်ပြီး မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ်က ကြီးမှူးကျင်းပ သော ပြိုင်ပွဲများတွင် ဝင်ရောက် ပါဝင်ယှဉ်ပြိုင်ခွင့်ရှိမည်ဖြစ်သည်။
ကစားသမားများသည် ဧပြီလ ၂၃ရက်နှင့်၂၄ ရက်တို့တွင် ရိုက်ချက်ဖြင့် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး၊ ၂၄ရက်နေ့ မွန်းလွဲပိုင်းတွင်အခြေခံဂေါက်သီးစည်းမျဉ်းများရှင်းလင်းခြင်းနှင့်ဖြေဆိုခြင်းပြုလုပ်ရမည်ဖြစ်သည်။
အဆိုပါလက်ရည်စစ်ပွဲတွင်ပါဝင်ယှဉ်ပြိုင်ကြမည့် ဂေါက်သီးရိုက်အားကစားသမားများသည်ပြိုင်ပွဲဝင်ကြေး (၆၀,၀၀၀)ခြောက်သောင်းကျပ်ပေးသွင်း၍ ဧပြီ(၂၁)ရက်မွန်းလွဲ(၂)နာရီနောက်ဆုံး ထားကာ ဦးထွန်းကျော်ဖုန်း(၀၉ ၅၁၉၃၄၂၃)သို့အမည်စာရင်းများ ပေးသွင်း နိုင်မည်ဖြစ်သည်။