OSC, Hakha Diocese

OSC, Hakha Diocese ဟားခါးကက်သလစ်သာသနာ့ လူထုဆက်သွယ်ရေးရုံး

ကောင်းသောသိုးထိန်း တနင်္ဂနွေနေ့ (ပါစကားစတုတ္ထ တနင်္ဂနွေနေ့) အတွက် နှိုးဆော်ခြင်း ********************************၂၃၊ ဧပြ...
23/04/2026

ကောင်းသောသိုးထိန်း တနင်္ဂနွေနေ့ (ပါစကားစတုတ္ထ တနင်္ဂနွေနေ့) အတွက် နှိုးဆော်ခြင်း
********************************

၂၃၊ ဧပြီ၊ ၂၀၂၆
ဟားခါးကက်သလစ်သာသနာ

လာမည့် ဧပြီလ (၂၆) ရက်နေ့သည် ကောင်းသောသိုးထိန်း တနင်္ဂနွေနေ့ဖြစ်ပါသည်။

ထိုနေ့တွင် အကူအညီလိုအပ်နေသော ကက်သ လစ်ရဟန်းဖြစ်သင်ကျောင်းများ၊ ကိုရင် သီလရှင်ဖြစ်သင်ကျောင်းများ၊ အဆင်မြင့်ပညာကို လေ့လာသင်ယူနေသော ရဟန်းဘုန်းတော်ကြီးများနှင့် ကိုရင်သီလရှင်များအတွက် ဆုတောင်းပေးရသောနေ့ ဖြစ်ပ့သည်။

အဆိုပါ မစ္ဆားပူဇော်ခြင်း၌ ကောင်ခံရရှိသော အလှူငွေများကို ၎င်းတို့အတွက် ပေးလှူရသောနေ့ ရက်ဖြစ်ကြောင်း PMS မှ ထုတ်ပြန်ထားကြောင်း ဟားခါးကက်သလစ်သာသနာရှိ စီရင်စုဘုန်းတော်ကြီးများနှင့် ဘာသာတူဓမ္မမိတ်ဆွေ အပေါင်းတို့အား ဟားခါးကက်သလစ်သာသနာ့ ဆက်သွယ်ရေးရုံးမှ အသိပေးနှိုးဆော်အပ်ပါသည်။

✍️ OSC, Hakha Diocese




Ramsai ရွာ၌ ကိုရင်သင်္ဃန်းပေးခြင်း ပုံရိပ်များ************************************           ဟားခါးကက်သလစ်ဆရာတော်ကြီး Lu...
19/04/2026

Ramsai ရွာ၌ ကိုရင်သင်္ဃန်းပေးခြင်း ပုံရိပ်များ
************************************

ဟားခါးကက်သလစ်ဆရာတော်ကြီး Lucius Hre Kung က ဟားခါးမြို့၊ စိန့်ပါဒြယ်ပီးအိုရဟန်းဖြစ်မိုင်နာကျောင်းမှ ပထမဆုံးထွက်ပေါ်လာသော ကိုရင်လောင်းများအား ရေဇွာဇုံနယ်၊ Ramsai ကျေးရွာတွင် ယမန်နေ့က ကိုရင်သင်္ဃန်းပေးအပ်ခဲ့ပါသည်။

အဆိုပါ မစ္ဆားပူဇော်ခြင်းတွင် ရဟန်းတော် (၄) ပါး၊ စစ္စတာရ်များ၊ ကိုရင်များ၊ ရဟန်းဖြစ်မိုင်နာ ကျောင်းသားများနှင့် ရပ်နီးရပ်ဝေးမှ ဘာသာဝင်များ ပါဝင်ဆုတောင်းခဲ့ကြပါသည်။

ကိုရင်သင်္ဃန်းရရှိသူများမှာ (၃) ပါးရှိပါသည်။ မင်းတပ်ကက်သလစ်သာသနာမှ (၁) ပါးနှင့် ဟားခါးကက်သလစ်သာသနာမှ (၂) ပါးဖြစ်ပါသည်။

(1) Bro. Anthony Mana Ling
(Ro Parish, Mindat Diocese)

(2) Bro. Richard Tua Bik Lian
(Rezua Parish, Hakha Diocese)

(3) Bro. William Myo Myint Naing
(Rezua Parish, Hakha Diocese)

ကိုရင်သစ်များ ထပ်မံရရှိလာခဲ့သည့်အတွက် သာသနာအနေဖြင့် ဂုဏ်ယူဝမ်းမြောက်စရာ ဖြစ်ပါသည်။ ကိုရင်များအားလုံးအတွက် သတိရဆုတောင်းပေးခြင်းဖြင့် ကူညီပေးကြပါရန် အသိပေးနှိုးဆော်အပ်ပါသည်။

📸 Philip R




ဟားခါးကက်သလစ်သာသနာ၊ ကိုရင်သင်္ဃန်းပေးခြင်းအခမ်းအနားနှင့် မစ္ဆားပူဇော်ခြင်း*******************************18/4/2026Bishop...
18/04/2026

ဟားခါးကက်သလစ်သာသနာ၊ ကိုရင်သင်္ဃန်းပေးခြင်းအခမ်းအနားနှင့် မစ္ဆားပူဇော်ခြင်း
*******************************

18/4/2026
Bishop's Pastoral Itinerary (Part 35)
Ramsai, Hakha Diocese

ဟားခါးကက်သလစ်သာသနာ၊ ရေဇွာဇုံနယ်ရှိ၊ Rumsai ရွာတွင် ကိုရင်လောင်း (၃) ပါးသည် ဟားခါးကက်သလစ်ဆရာတော်ကြီး Bishop Lucius Hre Kung ထံမှ ကိုရင်သင်္ဃန်းခံယူခဲ့ကြခြင်းဖြစ်ပါသည်။

ဟားခါးကက်သလစ်သာသနာ၊ ဟားခါးမြို့၊ St. Padre Pio's Intermediate Minor Seminary ကျောင်းတော်မှ ပထမဆုံးထွက်ရှိလာသော အသီးအပွင့်များဖြစ်ပါသည်။

လွန်ခဲ့သော ဧပြီလ (၁၂) ရက်နေ့က နှာဟရိန်ဇုံနယ်၊ Sentung ရွာတွင် ကိုရင်သင်္ဃန်းခံယူရရှိသူ (၄) ပါး ရှိခဲ့သည်။ ကိုရင်သစ်များအတွက် ဂုဏ်ယူဝမ်းမြောက်ရပါသည်။

သူတို့ရှေ့ဆက်ရမည့် ခေါ်တော်မူခြင်းဘဝအတွက် ဆုတောင်းပေးကြပါစို့ ...။

Congratulations To ...

(1) Bro. Anthony Mana Ling
(Ro Parish, Mindat Diocese)

(2) Bro. Richard Tua Bik Lian
(Rezua Parish, Hakha Diocese)

(3) Bro. William Myo Myint Naing
(Rezua Parish, Hakha Diocese)

Photo: RVA Hakha




ဒိုင်ရ်ရိုးရာနဲ့ မင်းတပ်ကက်သလစ်ဆရာတော်ကြီး Bishop Augustine Thang Zawm Hung ၏သာသနာ့ခရီးမှတ်တမ်းပုံရိပ်များ ... 📸 OSC, Ha...
15/04/2026

ဒိုင်ရ်ရိုးရာနဲ့ မင်းတပ်ကက်သလစ်ဆရာတော်ကြီး Bishop Augustine Thang Zawm Hung ၏သာသနာ့ခရီးမှတ်တမ်းပုံရိပ်များ ...

📸 OSC, Hakha Diocese




12/04/2026

သင်္ဃန်းခံယူသူ ကိုရင်သစ် (၄) ပါးအား အင်တာဗျူးခြင်း အစီအစဉ် ဖြစ်ပါတယ်။

သူတို့၏ယနေ့ခံစားချက်များ၊ မိသားစု၊ ခေါ်တော်မူခြင်းအကြောင်းနှင့် အားပေးစကားများ နားဆင်ခံစားကြပါစို့ ...။

ကိုရင်သစ် (၄) ပါး၏နာမည်များမှာ

(1) Bro. Gabriel Hrang Lian Cung
(Assumption's Parish, Zultu)

(2) Bro. John Bosco Kham Dawt Thang
(St. Michael's Parish, Hnaring)

(3) Bro. Joseph Cung Lian Khim
(Assumption's Parish, Lumbang)

(4) Bro. Peter Channel Bawi Tin Aung
(St. Michael's Parish, Hnaring)

🎬 Interviewed by OSC, Hakha Diocese




ဟားခါးကက်သလစ်သာသနာ၊ ကိုရင်သင်္ဃန်းပေးခြင်းအခမ်းအနားနှင့် မစ္ဆားပူဇော်ခြင်း*******************************12/4/2026Bishop...
12/04/2026

ဟားခါးကက်သလစ်သာသနာ၊ ကိုရင်သင်္ဃန်းပေးခြင်းအခမ်းအနားနှင့် မစ္ဆားပူဇော်ခြင်း
*******************************

12/4/2026
Bishop's Pastoral Itinerary (Part 34)
Sentung, Hakha Diocese

ဟားခါးကက်သလစ်သာသနာမှ ကိုရင်လောင်း (၄) ပါးအား သင်္ဃန်းပေးပွဲကို နှာဟရိန်ဇုံနယ်၊ Sentung ရွာ၌ ဤယနေ့ကျရောက်သော Divine Mercy Sunday နေ့တွင် ကျင်းပခဲ့ပါသည်။

သာသနာပိုင်ဆရာတော်ကြီး Bishop Lucius Hre Kung က ကိုရင်လောင်း (၄) ဦးအား Cassock ပေးခဲ့ပါသည်။ အဆိုပါ မစ္ဆားပူဇော်ခြင်းတွင် ရပ်နီးရပ်ဝေးမှ ရဟန်းတော် (၁၀) ပါး၊ သီလရှင် (၁၁) ပါး၊ ကိုရင်များ၊ ရဟန်းဖြစ်မိုင်နာကျောင်းသားများ၊ ဓမ္မဆရာများ၊ MCA ကလေးသူငယ်များနှင့် ရပ်နီးရပ်ဝေးမှ ဘာသာဝင်များ အများအပြား လာရောက်ဆုတောင်းခဲ့ကြပါသည်။

ကိုရင်သင်္ဃန်းပေးခြင်းအခမ်းအနားကို သာသနာ၏လစ်တာဂျီတာဝန်ခံ Fr. Paulinus Khui Shing မှ ဦးဆောင်ပေးခဲ့သည်။ စီရင်စုကျောင်းထိုင် ဘုန်းတော်ကြီး Fr. Lucas Khia Mang ၏လမ်းညွှန်မှုဖြင့် အဆိုပါသင်္ဃန်းပေးပွဲကို ယင်းကျေးရွာတွင် ကျင်းပခဲ့ခြင်းဖြစ်ပါသည်။

ထို့အတူ စီရင်စုအတွင်းမှ ပထမကိုယ်တော်မြတ်ခံယူရရှိသူ သက်ထွေးကလေးငယ် (၅၀) ခန့်ရှိပါသည်။

ဟားခါးကက်သလစ်သာသနာမှ St. Padre Pio's Intermediate Minor Seminary မှ ပထမဦးဆုံး အောင်မြင်သော ကိုရင် (၂) ပါးနှင့် ကလေးမြို့က ရဟန်းဖြစ်သင်ကျောင်းမှ အောင်မြင်‌သော ကိုရင် (၂) ပါးတို့က သင်္ဃန်းယူကြခြင်းဖြစ်ပါသည်။

သင်္ဃန်းခံယူသော ကိုရင်များမှာ ...

(1) Bro. Gabriel Hrang Lian Cung
(2) Bro. John Bosco Kham Dawt Thang
(3) Bro. Joseph Cung Lian Khim
(4) Bro. Peter Channel Bawi Tin Aung
တို့ဖြစ်ကြပါသည်။

နောက်ထပ် ကိုရင်သင်္ဃန်းခံယူမည့် ကိုရင်လောင်း (၃) ပါးသည် ရေဇွာဇုံနယ်တွင် ခံယူကြမည်ဖြစ်ပါသည်။

✍️📸 OSC, Hakha Diocese





ဟားခါးကက်သလစ်ဆရာတော်ကြီး၏သိုးထိန်းခရီးစဉ် (အပိုင်း ၃၃)11/4/2026Bishop's Pastoral Itinerary (Part 33)Sentung, Hakha Dioce...
12/04/2026

ဟားခါးကက်သလစ်ဆရာတော်ကြီး၏သိုးထိန်းခရီးစဉ် (အပိုင်း ၃၃)

11/4/2026
Bishop's Pastoral Itinerary (Part 33)
Sentung, Hakha Diocese

ဟားခါးကက်သလစ်ဂိုဏ်းအုပ်သာသနာပိုင် ဆရာတော်ကြီး Msgr. Lucius Hre Kung သည် ဟားခါးသာသနာမှ ကိုရင်လောင်းများကို သင်္ဃန်းပေးရန်နှင့် MCA ကလေးသူငယ်များ၏ပွဲနေ့ကို ကျင်းပရန် နှာဟရိန်ဇုံနယ်ရှိ Sentung ကျေးရွာသို့ ယမန်နေ့တွင် ကြွရောက်ခဲ့ပါသည်။

စီရင်စုအသီးသီးမှ ဘုန်းတော်ကြီးများ၊ သီလ ရှင်များ၊ ကိုရင်များနှင့် ရဟန်းဖြစ်မိုင်နာကျောင်းသားများ ဘုရားဖူးသွားခဲ့ကြပါသည်။

ဒေသခံဘာသာဝင်များနှင့် MCA ကလေး သူငယ်များမှ ဆရာတော်ကြီးနှင့်အပေါင်းအပါများအား လှိုက်လှိုက်လှဲလှဲ ကြိုဆိုနှုတ်ဆက်ခဲ့ကြပါသည်။ ဂိတ်အဝင်တွင် ရိုးရာတေးသီချင်းတစ်ပုဒ်ဖြင့်သော်လည်းကောင်း၊ ဇာတ်စင်ရှေ့တွင် ရိုးရာအကပဒေသာတစ်ပုဒ်ဖြင့်လည်းကောင်း ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။ ဆရာတော်ကြီး၏ကောင်းချီးမင်္ဂလာဖြင့် အဆုံးသတ်ခဲ့ပါသည်။

📸✍️ OSC, Hakha Diocese




12/04/2026

ဟားခါးကက်သလစ်ဆရာတော်ကြီး၏သာသနာ့ဒေသစာရီခရီးစဉ် (အပိုင်း ၃၃)

12/4/2026
Sentung, St. Michael's Parish
Hakha Diocese

ဟားခါးကက်သလစ်သာသနာပိုင် Bishop Lucius Hre Kung သည် သာသနာ့ သိုးထိန်းခရီးစဉ်အဖြစ် Sentung သို့ ကြွရောက်ခဲ့ပါသည်။ ရပ်နီးရပ်ဝေးက ယုံကြည်သူဘာသာဝင်များက ဆရာတော်ကြီးနှင့်အတူ ရဟန်းတော်များ၊ သီလရှင်များ၊ ကိုရင်များကို လှိုက်လှိုက် လှဲလှဲကြိုဆိုခဲ့ကြပါသည်။

📷 OSC, Hakha Diocese




ရိုဗားရွာ၌ ဘုရားကျောင်းဂေါပကလူကြီး အသစ်ခန့်အပ်ခြင်းကို မစ္ဆားပူဇော်ခြင်းနှင့်ကောင်းချီးခံယူပြီး အပြောင်းအလဲပြုလုပ်တဲ့ ထု...
10/04/2026

ရိုဗားရွာ၌ ဘုရားကျောင်းဂေါပကလူကြီး အသစ်ခန့်အပ်ခြင်းကို မစ္ဆားပူဇော်ခြင်းနှင့်ကောင်းချီးခံယူပြီး အပြောင်းအလဲပြုလုပ်တဲ့ ထုံးတမ်းဓလေ့ ⛪

၁၀/၄/၂၀၂၆
Rova, Rezua Zone

ဟားခါးကက်သလစ်သာသနာ၊ ရေဇွာဇုံနယ်ရှိ ရိုဗားကျေးရွာတွင်ရှိသော ကက်သလစ်ဘုရားကျောင်း၌ စီရင်စုကျောင်းထိုင်ဘုန်းတော်ကြီး Fr. James Kai Khaw ၏ဖိတ်ခေါ်မှုနှင့်အတူ ရောက်ရှိသော Fr. Paulinus Khui Shing မှ ဤယနေ့ မနက် (၁၀) နာရီခွဲတွင် ရိုဗားကျေးရွာ၌ ပထမဆုံးမစ္ဆားပူဇော်ခဲ့ပါသည်။

Fr. James နှင့်အတူ အာပတ်ဖြေခြင်းနားထောင်ပြီးနောက် Fr. Paulinus က မစ္ဆားပူဇော်ခြင်းကို ဆက်လက်ကျင်းပခဲ့သည်။

ထူးခြားချက်တစ်ခုမှာ ဘုရားကျောင်းတွင် ဦးဆောင်မည့် ပေါလူကြီးခေါ် ဂေါပကတစ်ဦးကို ပြန်လည်ရွေးချယ်ရာတွင် ခါတိုင်း ရိုးရိုးခန့်အပ်လေ့ရှိသော်လည်း ရိုဗားကျေးရွာတွင်မူ မစ္ဆား‌ပူဇော်ပြီး ပေါလူကြီးအဟောင်းများနှင့်အသစ် ဘုန်းတော်ကြီးထံမှ ကောင်းချီးခံယူပြီး အပြောင်းအလဲတစ်ရပ်ကို ပြုလုပ်ခြင်းဖြစ်သည်။

ဟားခါးကက်သလစ်သာသနာတွင် ပထမဆုံး တွေ့ကြုံခြင်းဖြစ်သည်။ ပေါလူကြီးအသစ်အား တထူးတခြားဖြင့် ခန့်အပ်ထားခြင်းသည်လည်း ညာသာတူများ ယုံကြည်ခြင်း တိုးပွားရာအကြောင်းဖြစ်စေလျှင် ကောင်းသည်ဟု ထင်မြင်ယူဆပါသည်။

✍️📸 OSC, Hakha Diocese



08/04/2026

ထန်ပီးရွာက ကလေးသူငယ်များ အင်တာဗျူးခန်း

ကြီးလာရင် ဘာလုပ်မှာလဲမေးတော့ ...
(၉) ယောက်ထဲမှာ (၈) ယောက်က Siang Bawi ဖြစ်ချင်တယ်တဲ့။ (၁) ယောက်ကတော့ ဓမ္မဆရာလုပ်ချင်ပါတယ်တဲ့။

လိမ္မာကြပါတယ်။ သီချင်းလည်းဆိုခိုင်းတော့ တန်းဆိုကြတော့တာပဲ။

Hrin Thang ရဲ့အနာဂတ်တွေပါပဲ။

📷✍️ OSC, Hakha Diocese




Happy Easter! The Lord is risen! Alleluia!            Hrin Thang ရွာသည် ရွာ (၃) ရွာ (ဝါ) ရပ်ကွက်သုံးခု ပေါင်းထားသောရွာကြ...
08/04/2026

Happy Easter!
The Lord is risen! Alleluia!

Hrin Thang ရွာသည် ရွာ (၃) ရွာ (ဝါ) ရပ်ကွက်သုံးခု ပေါင်းထားသောရွာကြီးတစ်ရွာဖြစ်သည်။ သခင်ယေဇူး၏ရှင်ပြန်ထမြောက်ခြင်း ပါစကားပွဲတော်ကြီးကို ထန်ပီးရွာတွင် စုပေါင်းပြီး ကျင်းပခဲ့ကြပါသည်။

Holy Triddium ဟုခေါ်သော သန့်ရှင်းသော ရက်သတ္တပတ်နှင့် ပါစကားပွဲတော်ကြီးကို ထန်ပီးကျေးရွာရှိ St. Paul's Church တွင် (၄) ရက်တာ ဝတ်ပြုဆုတောင်းခြင်းနှင့် မစ္ဆားပူဇော်ခြင်းကို ပြုလုပ်ကျင်းပခဲ့သည်။

ရွာ (၃) ရွာမှ ပထမကိုယ်တော်မြတ်ရရှိသူ ကလေးသူငယ်များ (၂၆) ယောက်ရှိပါသည်။ ကျောင်းထိုင်ဘုန်းတော်ကြီး Fr. James Kai Khaw ၏ဖိတ်ခေါ်မှုနှင့်အတူ ဟားခါးမြို့၊ ဆရာတော်ကျောင်းတိုက်မှ ရောက်ရှိလာသော Fr. Paulinus Khui Shing မှ အဆိုပါပွဲတော်ကြီးကို ဦးဆောင်ပြီး မစ္ဆားပူဇော်ခြင်းနှင့်ဝတ်ပြုဆုတောင်းခြင်းများကို တခမ်းတနား ကျင်းပခဲ့ကြခြင်းဖြစ်ပါသည်။

ပါစကားအဖိတ်နေ့ညတွင် ဆေးကြောခြင်းစက္ကရမင်တူးခံယူရရှိသူ ကလေးသူငယ် (၃) ဦးရှိပါသည်။ ပါစကားမစ္ဆားတရားတွင် ဆေးကြောခြင်းခံယူသူရှိသော‌ကြောင့် ဝတ်ပြုဆုတောင်းခြင်းသည် နာရီ (၄) ချက်ခန့်ပင် ကြာခဲ့ပါသည်။

ထိုသို့ကြာသော်လည်း ဘာသာတူများက အထူးသဖြင့် မိခင်အချို့က ဤနှစ်ကျင်းပသော ပါစကားသည် ထူးခြားပြီး ကက်သလစ်ဖြစ်ခြင်း၏ အနှစ်သာရကို ရင်ထဲ၌ ခံစားရကြောင်း နောက်နေ့မနက်တွင် ပြန်လည်ဖောက်သည်ချခဲ့ကြသည်။

Hrin Thang ကျေးရွာရှိ ဘာသာဝင်များသည် ယုံကြည်ခြင်း၌ တဖြည်းဖြည်းတိုးတက်လာမည့် အလားအလာကောင်းခြင်းကို ပိုင်ဆိုင်ကြသော ကက်သလစ် ဘာသာဝင်များဖြစ်ကြောင်း အသိမှတ်ပြုအပ်ပါသည်။

📸✍️ OSC, Hakha Diocese




06/04/2026

ပါစကားဖယောင်းတိုင်အား ကောင်းချီးပေးခြင်းနှင့် ဆုတောင်းခြင်းဝိနည်းများ 🕯️🔥🕯️

📷 OSC, Hakha Diocese




Address

Myothit Quater, Hakha City, Chin State
Haka

Website

Alerts

Be the first to know and let us send you an email when OSC, Hakha Diocese posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share