DTU Hiking and Mountaineering Club

DTU Hiking and Mountaineering Club Dare To Challenge Yourself

Rest in power 😢
28/03/2021

Rest in power 😢

အကြမ်းဖက်စစ်ကောင်စီကိုထောက်ခံသူ ၊ CDM လှုပ်ရှားမှုတွင် မပါ၀င်သူ မြန်မာခြေလျင်နှင့်တောင်တက်အားကစားသမားများကို Social Puni...
27/03/2021

အကြမ်းဖက်စစ်ကောင်စီကိုထောက်ခံသူ ၊ CDM လှုပ်ရှားမှုတွင် မပါ၀င်သူ မြန်မာခြေလျင်နှင့်တောင်တက်အားကစားသမားများကို
Social Punishment ပြုလုပ်သွားမည်ဖြစ်ကြောင်း ကြေညာခြင်း။

#စစ်အာဏာရှင်စနစ်ကျရှုံးပါစေ

DTUHMCသည် ခြေလျင်တောင်တက်အားကစားကိုချစ်မြတ်နိုးသော အဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။တစ်နိုင်ငံလုံးက တောင်တက်သမားတွေကိုကိုယ်စားပြ...
03/02/2021

DTUHMCသည် ခြေလျင်တောင်တက်အားကစားကိုချစ်မြတ်နိုးသော အဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။

တစ်နိုင်ငံလုံးက တောင်တက်သမားတွေကို
ကိုယ်စားပြုတဲ့အဖွဲ့အစည်းမရှိပေမဲ့
တစ်နိုင်ငံလုံးက တောင်တက်သမားတွေ အမှန်တရားတစ်ခုအတွက် ရဲရဲဝံ့ဝံ့ ရပ်တည် ပြောဆိုဖို့ ဖိတ်ခေါ်ပါတယ်။

သို့ဖြစ်ပါ၍ Civil Disobedience ပြုလုပ်၍ ငြိမ်းချမ်းစွာ
ဆန္ဒထုတ်ဖော်ကြသော ပြည်သူ့၀န်ထမ်းအင်ဂျင်နီယာများ၊ ပြည်သူ့ဝန်ထမ်း ဆရာ၀န်များနှင့် အခြားသော ဌာနဆိုင်ရာ ပြည်သူ့ဝန်ထမ်းများနှင့် အတူတကွ ရပ်တည်သွားပါမည်။
#အာဏာရှင်စနစ်ကျဆုံးပါစေ။








ညအိပ်တောင်တက်ခရီးစဉ်တစ်ခုအတွင်းမဖြစ်မနေယူသွားသင့်တဲ့ ပစ္စည်း(၁၀)ခု (What are ten essentials for Hiking Trip)____________...
03/01/2021

ညအိပ်တောင်တက်ခရီးစဉ်တစ်ခုအတွင်းမဖြစ်မနေယူသွားသင့်တဲ့ ပစ္စည်း(၁၀)ခု (What are ten essentials for Hiking Trip)
_______________________________

1. မြေပုံနှင့်သံလိုက်အိမ်မြှောင်

တောင်တက်ခရီးစဉ်တွေဟာ တော၊တောင်ထဲသွားရတာဖြစ်တဲ့အတွက် လမ်းမှား၊လမ်းပျောက်နိုင်ခြေများတဲ့အတွက် ကိုယ်သွားမဲ့ခရီးစဉ်ရဲ့ မြေပုံကို ကြိုတင်ပြင်ဆင်ယူဆောင်သွားသင့်ပါတယ်။

2. Flashlight & Headlamp

ညအိပ်ခရီးစဉ်တွေအတွက် Flashlight နဲ့ Headlamp ကမပါမဖြစ် ယူဆောင်သွားရမှာဖြစ်ပါတယ်။

3. နေကာမျက်မှန်၊Suncreen & ဦးထုပ်

UV index မြင့်တဲ့ဒေသတွေကို တောင်တက်ခရီးသွားတော့မယ်ဆိုရင် အထက်ပါနေကာမျက်မှန်၊Suncreen & ဦးထုပ်အစရှိတာတွေကို မဖြစ်မနေယူဆောင်သွားသင့်ပါတယ်။
UV index မြင့်ရင်မြင့်သလို skin ကို နေလောင်ခြင်း၊Skin cancer နဲ့ မျက်စိကိုဆိုးကျိုးဖြစ်စေခြင်း အစရှိသည်တို့ကို ဖြစ်ပွားစေနိုင်ပါတယ်။အထူးသဖြင့် ထားဝယ်လို UV index မြင့်တဲ့နေရာက တောင်တွေကိုတက်တော့မယ် ဆိုရင်မဖြစ်မနေဆောင်သွားသင့်ပါတယ်။

4. အစားအသောက်အပို

တောင်တက်တယ်ဆိုတာ risk များတဲ့ အားကစားနည်းဖြစ်ပါတယ်။ ဒါကြောင့်ဖြစ်လာမဲ့ အခြေအနေတွေအတွက် သေချာကြိုတင်ပြင်ဆင်သွားဖို့လိုပါတယ်။ဒီထဲမှာ အစားအသောက်တွေလုံလုံလောက်လောက်ယူဆောင်သွားဖို့ကလဲ တစ်ခုအပါအဝင်ပါ။အချိန်မရွေး လမ်းပျောက်တာတွေ၊ကိုယ့်ရဲ့ team နဲ့လူစုကွဲတာတွေဖြစ်လာနိုင်တဲ့အတွက် ဒါမျိုးတွေဖြစ်လာရင် ကိုယ့်ဆီမှာ ရိက္ခာအလုံအလောက်ရှိမှ အသက်ဆက်နိုင်မှာပါ။ ဆိုတော့ ကိုယ်ရဲ့ တောင်တက်ခရီးစဉ်က လေးရက်လောက်ကြာမယ်ဆိုရင် ၅ရက်၊၆ရက်စာလောက် အစားအသောက်တွေယူဆောင်သွားသင့်ပါတယ်။

5. လုံလောက်တဲ့ရေပမာဏ

တောင်တက်တဲ့အခါ ရေမပြတ်ဖို့ကလဲအရေကြီးတာမို့ ရေအလုံအလောက်ယူဆောင်သွားဖို့လိုအပ်ပါတယ်။

6. လုံလောက်တဲ့အဝတ်အစားပမာဏ

တောင်တွေဟာ ရာသီဥတုအမြဲပြောင်းလဲနေတာမို့ အဝတ်အစားကို ပေါ့ပေါ့ပါးပါး၊လုံလုံလောက်လောက်ယူဆောင်သွားသင့်ပါတယ်။

7. ရေစိုခံမီးခြစ်၊မီးခြစ်ဆံ

အစားအစာချက်ပြုတ်တာတွေအစ၊တောနက်ရင်သားကောင်တွေအန္တရာယ်ကနေကာကွယ် အဆုံး ညဘက် camp ချတဲ့အခါ မီးပုံဖိုထားဖို့လိုအပ်ပါတယ်။ဒါတွေအတွက် မီးခြစ်လိုတာမို့ မဖြစ်မနေယူဆောာင်သင့်ပါတယ်။

8. ဓား

တောင်တက်ခရီးစဉ်တစ်ခုအတွက် ဟင်းချက်တာကအစ၊တောနက်ရင် လမ်းရှင်းဖို့အထိအဆုံး ဓားကလိုအပ်ပါတယ်။ ယူဆောင်ရမဲ့ဓားရဲ့အရွယ်အစားနဲ့ပတ်သက်ပြီး မိမိသွားမဲ့ခရီးစဉ် Leader တွေနဲ့ တိုင်ပင်ဖို့တော့လိုပါလိမ့်မယ်။

9. First aid kits

ထိခိုက်အနာတရဖြစ်ရင် ကုသဖို့ First aid kits ကတော့ တောင်တက်ခရီးတွေမှာ မဖြစ်မနေလိုအပ်ပါတယ်။

10. emergency shelter

တောင်တွေဟာ ရာသီဥတုအမြဲပြောင်းနေတတ်တာမို့ emergency shelter ကိုလည်းဆောင်သွားသင့်ပါတယ်။

အထက်ပါအကြောင့်အရာတွေဟာ ညအိပ်တောင်တက်ခရီးစဉ်းတစ်ခုအတွင်း မဖြစ်မနေယူဆောင်သွားသင့်တာတွေဖြစ်ပါတယ်။တောင်တက်အားကစားဟာ risk များတဲ့အားကစားမို့ခရီးစဉ်တွေအတွက် risk နည်းနိုင်သမျှနည်းအောင်သေချာပြင်ဆင်ဖို့လိုအပ်ပါတယ်။

ဒါက https://www.rei.com/ ရဲ့ 10 essentials နဲ့ပတ်သက်ပြီးရှင်းပြထားတဲ့ Video File ဖြစ်ပါတယ်။
https://youtu.be/J-Ae6OKjb6I

photos credit

တောင်တက်အားကစားကို ဝါသနာပါသူများ ယနေ့ည 8:00pmမှာ ZOOM LIVE တွင် ဝင်ရောက် နားထောင်နိုင်ပါတယ် ခင်ဗျာ။တောင်တက်ခြင်းနဲ့ပတ်သက...
16/12/2020

တောင်တက်အားကစားကို ဝါသနာပါသူများ ယနေ့ည 8:00pmမှာ ZOOM LIVE တွင် ဝင်ရောက် နားထောင်နိုင်ပါတယ် ခင်ဗျာ။

တောင်တက်ခြင်းနဲ့ပတ်သက်ပြီး ကျွန်တော်တို့ရဲ့ အတွေ့အကြုံများကို ဆွေးနွေးသွားမှာဖြစ်လို့
စိတ်၀င်စားသူများအနေနဲ့ ယနေ့ည 8:00နာရီ live မှာ နားထောင်ဖို့ ဖိတ်ခေါ် ပါတယ် ခင်ဗျာ။

သူငယ်ချင်း တို့ရေ .......... 🙋🙋
အိမ်မှာနေရတာ ကြာလို့ စိတ်ပျက်လက်ပျက်တွေ ဖြစ်နေကြပြီ .... ဟုတ် ?
Covid ကြီးသာ ပြီး ခဲ့ ရင် ပထမဆုံး စိတ်ကူး မိတာ က
အိမ်က နေ ခပ်ဝေ‌းဝေး ခရီးလေး တစ်ခု လောက် သွားပစ်မယ် ဆို ပြီး မင်းတွေး မိနေမှာပါ ......
အခုအချိန် မင်း စိတ်ကူးကြည့် လိုက်ပါ။
တိမ်တွေ အထက်ကို ရောက်နေမဲ့ တောင်တစ်ခု ပေါ်မှာ မင်းက ရပ်နေမယ် ။ ဝေ့တိုက်လာ မဲ့ လေတွေကို တစ်၀ ကြီး ရှု ရှိုက်ရင် စိတ်လွှတ်လက်လွတ် အော်ဟစ်ပစ်လိုက်မယ် ။
( GO AWAY CORONA...ဆိုပြီး :P) 😝😝😝😝
---------------------
ထားပါ တော့ ... သူငယ်ချင်း 🙅
တောင်တက်ခရီး တွေ သွား‌ဖို့ ရည်ရွယ်နေတာ ပဲ ဖြစ်ဖြစ် .... တက္ကသိုလ် တက်နေတုန်း လူငယ်ဆန်ဆန် ပျော်ပျော်ပါးပါး ခရီးသွားဖို့ စိတ်ကူးနေရင်ပဲ ဖြစ်ဖြစ်ပေါ့ ...🏔️🏞️🌌
ဗုဒ္ဓဟူး နေ့ ညမှာ ကျွန်တော် တို့ CLUB မှ ပြုလုပ်မဲ့ စကားဝိုင်းလေးကို လာရောက် နားထောင်ကြဖို့ ဖိတ်ခေါ်ပါရစေ ။ 👬👫
----------------------
စကားဝိုင်းမှာ ပါ၀င်မဲ့ အကြောင်းအရာများကတော့
တောင်တက်ခရီးတွေ သွားဖို့
*ဘယ်လိုတွေ ပြင်ဆင်ရမယ်ဆိုတာ‌
*ကြုံတွေ့ ရနိူင်တဲ့ အခက်အခဲတွေ
*ခရီးစဉ်တွေ ကနေ ရရှိခဲ့ကြတဲ့ ပျော်ရွှင်မှု‌ေတွ အမှတ်တရတွေ ဗဟုသု‌တတွေ အကြောင်း
* ဘာကြောင့် ဒီလူငယ်လေးတွေ တောထဲ တောင်ထဲ သွားဖို့ ကြိုးစားနေကြ လဲ ဆိုတဲ့ အကြောင်း
တွေကို ပြောပြ သွားကြမှာ ဖြစ်ပါတယ် ။
🌻 Speaker များ အနေဖြင့် ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ် ဘားအံ နည်းပညာ တက္ကသိုလ် နဲ့ ထား၀ယ် နည်းပညာ တက္ကသိုလ် မှ ခြေလျှင်တောင်တက် ကျောင်းသား ဝါသနာ ရှင်များ ကို ‌ဖိတ်ခေါ်ထားပါတယ် ။
-----------------------
ယခု ခြေလျှင်တောင်တက် page အပြင်
https://m.facebook.com/102701084638401
ကျောင်းသား သမဂ္ဂ page မှ လည်း တိုက်ရိုက် live
လွှင့် ဖော်ပြပေး သွားပါမည်။
https://www.facebook.com/htustudentsunion/
( သိရှိလိုသည်များကို လည်း comment ဖြင့်၀င်ရောက္မေးမြန်းနိူင်ပါတယ် )
-------
ကဲ ..သူငယ်ချင်းတို့ ရေ.. ကျောင်းတွေ များ ပြန်ဖွင့် ကြတဲ့ အခါ ကျောင်းအလံ ၊ မင်း တို့နဲ့ အတူ တောတွေ တောင်တွေ ထဲ အလည် သွားချင် ပါတယ် ။
ဒါကြောင့် လာ ရောက် နားထောင်ဖို့ ဖိတ်ခေါ်ပါရစေ ။
-------------------++
( ယခု စကားဝိုင်း ဖြစ်မြောက်ရေး အတွက်နည်းပညာတက္ကသိုလ် ဟင်္သာတ ကျောင်းသား သမဂ္ဂ မှ ပါ၀င် ကူညီပေးထားပါသည် )

Today is International Mountain Dayလွန်ခဲ့တဲ့နှစ်တွေမှာ ဒီလိုချမ်းအေးလှတဲ့ ဒီဇင်ဘာမနက်ခင်းများမှာ အနွေးထည်ထူထူများနဲ့ ဆေ...
11/12/2020

Today is International Mountain Day

လွန်ခဲ့တဲ့နှစ်တွေမှာ ဒီလိုချမ်းအေးလှတဲ့
ဒီဇင်ဘာမနက်ခင်းများမှာ
အနွေးထည်ထူထူများနဲ့ ဆောင်းလမ်းများကို
တိုးဝင်ရင်း တောင်ထိပ်များဆီ
တက်ရောက်ခဲ့ကြပါတယ်။

ဒါပေမယ့်
ဒီနှစ် ဒီဇင်ဘာမှာတော့ Covidကြောင့်
တောင်တန်းများဆီ မရောက်နိုင်သေးသမို့
ကျန်းမာရေးနဲ့ အညီ အိမ်နေရင်း

တောင်တန်းများနဲ့ အတူ
DTUHMCနဲ့ ခရီးစဥ် လိုက် ပါဖူးသူ အားလုံးကို
အမှတ်တရများနဲ့အတူ သတိရခြင်းများစွာဖြင့်။
"Dare To Challenge Yourself"

ထားဝယ်ဒေသ၏ တောင်ပေါ်အလှတရားများအတွက် ကပ်ပိန်းပြုလုပ်ခြင်းထားဝယ်ဒေသတွင်းရှိ သဘာဝအလှတရားများကိုချစ်မြတ် တန်ဖိုးထားသူများခင...
19/11/2020

ထားဝယ်ဒေသ၏ တောင်ပေါ်အလှတရားများအတွက် ကပ်ပိန်းပြုလုပ်ခြင်း

ထားဝယ်ဒေသတွင်းရှိ သဘာဝအလှတရားများကို
ချစ်မြတ် တန်ဖိုးထားသူများခင်ဗျာ။

ထားဝယ်ဟာ တောင်တန်းများ၊ရေတံခွန်များ၊ကမ်းခြေများ စသည့်သဘာဝအလှတရားများ အလွန်တရာမှ ပေါများလှပါတယ်။

ရေတံခွန်များ၊ကမ်းခြေများ မဖျက်စီး မပျက်စီးစေရန် အဘက်ဘက်မှ ထိန်းသိမ်းကြပေမယ့် လူနည်းစုသာရောက်တဲ့ တောင်ပေါ်အလှတရားများအတွက်တော့ စိုးရိမ်စရာပါပဲခင်ဗျာ။

ကျွန်တော်တို့ ထားဝယ်နည်းပညာတက္ကသိုလ်ခြေလျင်နှင့်တောင်တက်အသင်း(DTUHMC)အနေနဲ့
ထားဝယ်ဒေသတွင်းမှာ တောင်တက်ခရီးစဥ်တော်တော်များများ တက်ရောက်ခဲ့ကြပါတယ်။

ဒီနေရာမှာ တောင်တက်လမ်းတချို့နေရာများနဲ့တောင်ထိပ်များမှာ ပလတ်စတစ်အမှိုက်များ၊အချိုရည်ဘူးခွံများကို စိတ်မကောင်းစွာတွေ့ရှိခဲ့ဘူးပါတယ်။အတတ်နိုင်ဆုံး ကလပ်ပိုင်အမှိုက်အိတ်များထဲ ထည့်သယ်ခဲ့ပါတယ်။

မကြာမီရက်ပိုင်းက တက်ရောက်ခဲ့တဲ့အသိမိတ်ဆွေများရဲ့ ပြောကြားချက်အရ ထင်းရှူးတောင် (ပေ ၄၀၀၀)ခန့်ဟာ အရင်လိုမလတ်ဆတ်မလှပတော့ကြောင်း၊အမှိုက်များ လေကြောင့်ဗရပွဖြစ်နေကြောင်း သိရှိရတဲ့အတွက် DTUHMCမှ ဝမ်းနည်းမိပါတယ်။
ထင်းရှူးတောင်ဟာ ထားဝယ်ဒေသတွင်းမှာ နွားလပို့တောင်တန်းနောက်ခံနဲ့ အလှပဆုံးသော တောင်ဖြစ်ပါတယ်။

ဒီနေရာမှာ တောင်တက်ခရီးစဥ်တက်ရောက်ကြသူများ၊တောင်ပေါ် campingနဲ့ အမှတ်တရများ
ဖန်တီးသူများအနေနဲ့ သဘာဝအလှတရားများကို
တန်ဖိုးထားတတ်စေလိုပါတယ်။

လူသူရောက်သည်နှင့်တပြိုင်နက် ဂေဟစနစ်ဟာ အနည်းအများ ပျက်စီးနေပြီ ဖြစ်ပါတယ်။
ဒါကြောင့် မိမိအနေနဲ့ သဘာဝကိုမဖျက်စီးမိစေဖို့ အလွန် အရေးကြီးကာ မိမိကိုယ်တိုင်တာဝန်ယူရပါလိမ့်မယ်။

သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ဖြတ်တောက်ခြင်း၊
မီးရှို့ဖျက်စီးခြင်း၊အမှိုက်များ စွန့်ပစ်ခြင်း(Organic
မှလွဲ၍) စသည်တို့ကို မပြုလုပ်ဖို့ အထူး(အထူး)
တိုက်တွန်းလိုပါတယ်။

တောင်တန်းများရဲ့အမှတ်တရများနဲ့အတူ အမှိုက်များကိုပါ ပြန်သယ်ဆောင်ခြင်းဟာ မွန်မြတ်တဲ့ လုပ်ရပ်တစ်ခုပါခင်ဗျာ။
ဒီတော့ သဘာဝကိုအမှန်တကယ် ချစ်မြတ်တန်ဖိုးထားသူများအနေနဲ့

"သဘာဝကိုမဖျက်စီး၊ပျော်ရွှင်မှုများ ဒို့ဖန်တီး"

ကြပါစို့လားခင်ဗျာ။


photo crd

▪️Training နေ့စွဲများကျောင်းတွေပိတ်ထားရတော့ တောင်တွေလည်းမတက်ရတာ အချိန်တစ်ခုကြာပြီဆိုတော့ အခုလိုပွင့်လင်းရာသီဥတု ရောက်လာတ...
15/11/2020

▪️Training နေ့စွဲများ

ကျောင်းတွေပိတ်ထားရတော့ တောင်တွေလည်းမတက်ရတာ အချိန်တစ်ခုကြာပြီဆိုတော့ အခုလိုပွင့်လင်းရာသီဥတု ရောက်လာတဲ့အခါ တောင်တွေကိုလွမ်းနေကြမယ်ထင်ပါတယ်။
တောင်တွေကိုလွမ်းတဲ့အခါ ချန်ထားလို့မရတာက Training နေ့စွဲတွေပေါ့။

ကျောင်းတွေပြန်ဖွင့်တဲ့အခါ Training တွေမှာ အခုထက်ပိုကြိုးစားပြီး ဒီထက်ပိုခက်ခဲတဲ့ တောင်တွေတက်ရင်း မှတ်တိုင်အသစ်တွေ စိုက်ထူကြမယ်။🧗‍♂️

Miss you all dtuhmers


ပိုးခေါင်းတောင်________________ပိုးခေါင်းတောင်သည် ထားဝယ်ခရိုင်၊ရေဖြူမြို့နယ်၊ဧကနိကျေးရွာအုပ်စု၊ဝဇွမ်းတောကျေးရွာတွင် တည်ရ...
02/07/2020

ပိုးခေါင်းတောင်
________________

ပိုးခေါင်းတောင်သည် ထားဝယ်ခရိုင်၊ရေဖြူမြို့နယ်၊ဧကနိကျေးရွာအုပ်စု၊ဝဇွမ်းတောကျေးရွာတွင် တည်ရှိပြီး အမြင့်ပေ ၃၇၃၀ ပေ ဝန်းကျင်ရှိပါသည်။(အတိုင်းအတာ အနည်းငယ်အပြောင်းအလဲရှိနိုင်ပါသည်။)

ဒေသတွင်း၊အနယ်နယ်အရပ်ရပ်မှ တောင်တက်အားကစားကိုစိတ်ဝင်စားသူများအနေဖြင့် ပိုးခေါင်းတောင်သည် ထားဝယ်ဒေသတွင် တက်ဖူးသင့်သော တောင် တစ်ခုဖြစ်ပါသည်။

လက်ရှိအချိန်ထိ ရွာခံများ၊ဒေသတွင်းတောင်တက်အသင်းအချို့နှင့် ဒေသခံအနည်းငယ်သာလျှင်တောင်ထိပ်သို့ ရောက်ဖူးသေးကြောင်း သိရပါသည်။
​
တောင်တက်လမ်းဟူ၍ စနစ်တကျမရှိခြင်း၊၇၅°ခန့်မတ်စောက်သော တောင်တက်/ဆင်းလမ်းများ၊တောင်ထိပ်သို့မရောက်မှီကျဉ်းမြောင်းသောတောင်ကြောပေါ်မှဖြတ်ရခြင်း(ဒီခရီးစဉ်မှာ တောင်ကြောပေါ်ကိုဖြတ်ရတာက အန္တာရာယ်အများဆုံးအပိုင်းပါ။)
အစရှိသည့်များက အဓိက အတားအဆီးများ အဖြစ် ပိုးခေါင်းတောင်ကို အောင်မြင်ရန် ကြိုးစားသူများကို ဖိတ်ခေါ်လျက်ရှိပါသည်။

တောင်တက်ချိန်သည် မြန်မြန်တက်ပါက ၇ နာရီမှ ၈နာရီခန့်ကြာမြင့်ပြီး၊ပုံမှန်ဆို ၉ နာရီမှ ၁၀ ကြားရှိတတ်ပါတယ်​။ တောင်ဆင်းချိန်မှာ မြန်ပါက ၅နာရီမှ ၇နာရီကြား ရှိပါသည်။

ပိုးခေါင်းတောင်သို့ တက်မည်ဆိုပါက မိုးရာသီတွင် တောင်ကျချောင်းများကြောင့်အန္တရာယ်ရှိနိုင်ပြီး ဆောင်းရာသီနှင့်နွေရာသီ တွင်သာ တက် ရန် သင့်တော်ပါသည်။
​
တောင်တက်လမ်းပြများအဖြစ် ဒေသခံရွာသားများကိုအကူအညီတောင်း၍ ရပါသည်။

ဒီနေရာမှာ အဓိက အကြံပေးချင်တာကတော့
၁)လက်အိတ်
၂)တောင်တက်ကြိုး အစရှိသည်များကိုမပါမဖြစ်ထည့်သွားဖို့အကြံပေးချင်ပါတယ်။

​ပိုးခေါင်းတောင် အချို့နေရာများတွင် တောနက်သည့်အပြင် ဆူးပင်များလည်းရှိသဖြင့် တောင်တက်ခရီး ၃ ပုံ ၂ တွင်လက်အိတ်ကို အသုံးပြုရပါသည်။

တောင်တက်ကြိုးသည် တောင်ကြောပေါ်တက်သည့်အချိန်နဲ့ တောင်ထိပ်တက်သည့်အချိန်တွင် အသုံးပြုသင့်ပါသည်။

နောက်ထပ်အကြံပြုချက်ကတော့ ရေမပြတ်သွားဖို့ဂရုစိုက်စေချင်ပါတယ်။ ဒါကလည်းအရေးကြီးပါတယ်။admin တို့အဖွဲ့ တုန်းက ပါလာတဲ့ရေက တောင်ထိပ်အထိ လုံလုံလောက်လောက်ပါပေမဲ့ ပြန် အဆင်းမှာ ရေပြတ်သွားလို့ တော်တော်လေး ဒုက္ခရောက်ခဲ့ပါတယ်။

ဆိုတော့ဒေသတွင်း၊အနယ်နယ်အရပ်ရပ်မှ Hikers များအနေဖြင့် ထားဝယ်တွင် adventure trip တစ်ခုသွားရန်အကြောင်းဖန်လာပါက ပိုးခေါင်းတောင် သည် တက်ကြည့်သင့်သည့် တောင်တစ်တောင်ဖြစ်ပါသည်။

တောင်ထိပ်တည်နေရာ
_______________________
14°23’44”N 98°2’8”E

အခြား တည်နေရာများ
________________________

14°23’43”N 98°2’57”E . 1350ft(first point)

14°23’11”N 98°2’37”E . 2170ft (second point)

14°23’5”N 98°2’32”E . 2550ft (third point)

14°23’28”N 98°2’20”E . 3200ft (fourth point) (တောင်တက်ကြိုးအသုံးပြုသင့်ပါသည်။)

14°23’33”N 98°2’12”E. 3690ft (fifth point)
(တောင်တက်ကြိုးအသုံးပြုသင့်ပါသည်။)

Address

Dawei

Website

Alerts

Be the first to know and let us send you an email when DTU Hiking and Mountaineering Club posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to DTU Hiking and Mountaineering Club:

Shortcuts

Share