HAPPY GYM

HAPPY GYM Road to the heathy lifestyle.

အသက်ကြီးလာတာနဲ့အမျှ ကျန်းမာသန်စွမ်းတဲ့ ခန္ဓာကိုယ်ကို ထိန်းသိမ်းဖို့ အစားအသောက်နဲ့ လေ့ကျင့်ခန်းက အရေးကြီးပါတယ်။🥗 အစားအသော...
21/08/2026

အသက်ကြီးလာတာနဲ့အမျှ ကျန်းမာသန်စွမ်းတဲ့ ခန္ဓာကိုယ်ကို ထိန်းသိမ်းဖို့ အစားအသောက်နဲ့ လေ့ကျင့်ခန်းက အရေးကြီးပါတယ်။

🥗 အစားအသောက်

* Protein ပါဝင်တဲ့ အစားအစာများ (ငါး၊ ကြက်သား၊ ဥ၊ ပဲမျိုးစုံ) ကို လုံလောက်အောင် စားပါ။
* အသီးအရွက်၊ အမျှင်ဓာတ်များတဲ့ အစားအစာတွေ ပိုမိုစားပါ။
* အချို၊ အဆီများတဲ့ အစားအစာတွေကို လျှော့ပါ။
* ရေကို လုံလောက်အောင် သောက်ပါ။
* ကိုယ့်အသက်အရွယ်နဲ့ ကိုယ်ခံအားအလိုက် အစားပမာဏကို ချိန်ညှိပါ။

🏋️ Gym လေ့ကျင့်ခန်း
Gym ရောက်တိုင်း အလေးတင်နိုင်ဖို့ထက် Form မှန်ကန်ဖို့ကို ဦးစားပေးပါ။

Form မှန်မှသာ—
✅ ထိရောက်တဲ့ Muscle တည်ဆောက်နိုင်မယ်
✅ ထိခိုက်ဒဏ်ရာ ဖြစ်နိုင်ခြေ လျှော့ချနိုင်မယ်
✅ အသက်ကြီးလာတဲ့အထိ ခန္ဓာကိုယ် ကျန်းမာသန်စွမ်းနေမယ်

အလေးတွေမရုံနဲ့မနေရတာမဟုတ်ပါဘူး… လုပ်ပုံမှန်ကန်တာက အရေးကြီးပါတယ်။

HAPPYGYM
Strong Body • Strong Mind

💪 မနက်ဖြန်ထက် ဒီနေ့ကို ပိုကောင်းအောင်လုပ်ပါ 💪ခန္ဓာကိုယ်ပြောင်းလဲမှုဆိုတာ တစ်ရက်တည်းနဲ့ မဖြစ်ပါဘူး။နေ့တိုင်း လာဆော့တဲ့ အလ...
20/08/2026

💪 မနက်ဖြန်ထက် ဒီနေ့ကို ပိုကောင်းအောင်လုပ်ပါ 💪

ခန္ဓာကိုယ်ပြောင်းလဲမှုဆိုတာ တစ်ရက်တည်းနဲ့ မဖြစ်ပါဘူး။

နေ့တိုင်း လာဆော့တဲ့ အလေ့အကျင့်…
စည်းကမ်းရှိတဲ့ အစားအသောက်…
မလျှော့တဲ့ စိတ်ဓာတ်…

ဒါတွေကပဲ သင့်ရဲ့ Result ကို ဖန်တီးပေးပါတယ် 🔥

🏋️‍♂️ HappyGym မှာ ကိုယ့်ရဲ့ Goal ကို အတူတူရအောင် ကြိုးစားကြမယ်။



19/08/2026

မနက်ဖြန် ဝါဆိုလပြည့်နေ့ HAPPY GYM တရက်ပိတ်ပါတယ် ခင်မျ....
28/07/2026

မနက်ဖြန် ဝါဆိုလပြည့်နေ့

HAPPY GYM တရက်ပိတ်ပါတယ် ခင်မျ....

ဘယ်သူတွေဘာအားပေးကြလဲ😃မင်မင်ကတော့ အာဂျင်နော့်☺️စပိန်ကို တော့ ကြေးလောင်းထားတယ်အာဂျင်ကတော့ မက်ဆီပါလို့အားပေးမယ်ယူတို့ကောဘယ်...
19/07/2026

ဘယ်သူတွေဘာအားပေးကြလဲ😃
မင်မင်ကတော့ အာဂျင်နော့်☺️
စပိန်ကို တော့ ကြေးလောင်းထားတယ်
အာဂျင်ကတော့ မက်ဆီပါလို့အားပေးမယ်

ယူတို့ကောဘယ်နိုင်ငံအသင်းလဲ မန့်ခဲ့ကြအုံး😁😊

ဒီနေ့တော့ Gym မှာတွေ့ရတဲ့ ထူးခြားဆန်းပြား Member အမျိုးအစားများကို ခွဲပြပေးမယ့် အစီအစဉ်ပဲဖြစ်ပါတယ် 🥲🩷📍ယိုးဒယား အထောင်းစု...
01/07/2026

ဒီနေ့တော့ Gym မှာတွေ့ရတဲ့ ထူးခြားဆန်းပြား Member အမျိုးအစားများကို ခွဲပြပေးမယ့် အစီအစဉ်ပဲဖြစ်ပါတယ် 🥲🩷

📍ယိုးဒယား အထောင်းစုံလို ဆော့တဲ့ Member
ဘာလို့လဲဆိုတော့ တစ်gym လုံးမှာ ရှိတဲ့ စက်အကုန် တစ်နေ့ထဲအပြီးဆော့တာ ယိုးဒယားအထောင်းသုပ်လိုပဲ စုံပလုံ🥲

📍တစ်လစာသွင်းပြီး တစ်ရက်ပဲလာဆော့တဲ့ member
လစာသွင်းတဲ့တစ်ရက်ကို သူတို့ဆော့ပြီးရင် တစ်လလုံးလှပြီထင်နေတာ သူတို့ကျ တစ်ရက်ဆော့ တစ်လလှတာ (ဒါကျ ယူတို့ အားကျသင့်တဲ့ ရပ်ကွက်)🥹🤌

📍နောက်တစ်ဖွဲ့ကျ တစ်ပါတ်လုံးတစ်ရက်မှမပျက်ဘူးလာတာ အရမ်းကြိုးစားတာဘဲလို့မေးမိလိုက်တာ Gym မှာ နေ့စဉ် Information တွေလွတ်သွားရင် နောက်ကျကျန်ခဲ့မှာစိုးလို့တဲ့ (ဒါက ဆက်သွယ်ရေးနဲ့ လူမှုပြန်ကြားရေးအဖွဲ့က)🥲🤌

📍နောက်တစ်ဖွဲ့ကတော့ စည်းလုံးညီညွတ်ရေး ကော်မတီဝင်တွေ စားဖို့သောက်ဖို့ဆို တကူးတကပြောစရာမလိုဘူး သူတို့ဘာသာသူတို့ Gym မှာလူစုပြီး သွားကြတာ ညီချက်🥴

📍နောက်တစ်ဖွဲ့ကတော့ စိတ်မနာတတ်ဆုံးထဲမှာ ကိုယ်ပြီးရင် သူတို့ကပထမ လှန်လိုက်တဲ့ပြက္ခဒိန် ရှာလိုက်တဲ့ ပိတ်ရက် မပိတ်မှန်းလည်းသူတို့သိတယ် ဒါပေမဲ့ သူတို့စိတ်မနာဘူး (စိတ်မနာတတ်တဲ့ ရည်းစားမျိုး လိုချင်တယ်ဆိုရင် ဒီအဖွဲ့ထဲက နည်းနည်းစဉ်းစားသင့်)🥲

📍ဒီအဖွဲ့ကတော့ နည်းနည်းထူးခြားတယ် Gym ကိုလာကတည်းက အိပ်ငိုက်တာ Gymက ပြန်လည်းငိုက်တယ် (မသိရင် Gym မှာ Overtime လာဆင်းနေရသလိုပဲ)🥱

📍နောက်ဆုံးတစ်ဖွဲ့ကတော့ ယဉ်ကျေးမှုဝန်ကြီးဌာန က အဖွဲ့ဝင်တွေ ၊ ရယ်လိုက်ရင်အသံက ကုန််းဘောင်ခေတ်ကဓါးပြလေသံနဲ့ Gym ကိုစဝင်ထဲက ရယ်ပြီးဝင်တာ တစ်ယောက်ထဲရယ်တာအားမရရင် လူစုပြီးရယ်ကြတာ🥲



ထပ်တိုး

စားချင်တာစားပီး
ဝိတ်မကျဘူးဇွတ်အော်နေတဲ့သူတွေကတစ်ဖွဲ့

ဘာစားရမလဲမေးမေးပီး
စားချင်တာစားနေတာကတစ်ဖွဲ့
ယူတို့က ဘယ်အဖွဲ့ကပါလဲဆိုတာ ပြောခဲ့ပါအုံး😅

မိုးရာသီ Promotions
25/06/2026

မိုးရာသီ Promotions

🏆 ကြိုးစားမှုတိုင်းမှာ ရလဒ်ရှိတယ်…ပုံထဲက>> Happy Gym မှာ စခဲ့တဲ့ ၃ နှစ်ကျော် ၄ နှစ်နီးပါး  ချွေး၊ စည်းကမ်း၊ ဇွဲနဲ့ တည်ဆေ...
15/06/2026

🏆 ကြိုးစားမှုတိုင်းမှာ ရလဒ်ရှိတယ်…

ပုံထဲက>> Happy Gym မှာ စခဲ့တဲ့ ၃ နှစ်ကျော် ၄ နှစ်နီးပါး ချွေး၊ စည်းကမ်း၊ ဇွဲနဲ့ တည်ဆောက်ခဲ့တဲ့
Body Transformation တစ်ခု။
[Bulking//Cutting အလုပ်နိုင်ဆုံး လူသား]😅

အားနည်းချက်တွေ၊ လုပ်နိုင်ပါ့မလားဆိုတဲ့အ တွေးတွေ ရှိခဲ့ပေမယ့် နေ့တိုင်း ကိုယ့်ကိုယ်ကို အနည်းငယ်စီ တိုးတက်အောင် ကြိုးစားလာခဲ့တဲ့ ရလဒ် က ဒီနေ့မြင်နေရတဲ့ ပြောင်းလဲမှု ဖြစ်ပါတယ်။

ဒါဟာ လူတစ်ယောက်တည်းရဲ့ အောင်မြင်မှု မဟုတ်ပါဘူး။ Gym/ Trainers တွေရဲ့ အောင်မြင်မှုပဲဖြစ်ပါတယ်..
Gym တခုရဲ့အောင်မြင်မှုက members တွေရဲ့
Body Transformation နဲ့ ထပ်တူကျပါတယ်။

Happy Gym members တွေထဲမှာ ကျစ်ကျစ်လစ်လစ်နဲ့weightကျလာသူတွေ၊ Body Shape ပြောင်းလဲလာသူတွေ၊ ကြံ့ခိုင်သန်မာလာသူတွေ အများကြီးရှိနေပါတယ်။

အရေးကြီးတာက စတင်ဖို့ပါပဲ။

💪 Happy Gym က Personal Trainer မရှိလည်း စိတ်မပူရပါဘူး။
ထားဝယ်မြို့ထဲရှိပီး သွားရလာရလွယ်ကူစွာလာရောက်လေ့ကျင့်နိုင်ပြီး ကိုယ်တိုင်စနစ်တကျ ကြိုးစားလေ့ကျင့်လို့ ရလဒ်ကောင်းတွေ ရယူနိုင်တဲ့ Gym တစ်ခု ပါ။

ကျွန်တော်တို့ရဲ့ Gym က စိတ်ဓာတ်၊ ကြိုးစားမှုနဲ့ ပြောင်းလဲချင်တဲ့ ဆန္ဒရှိသူတွေကို ကြိုဆိုနေတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။

မနက်ဖြန်ကောင်းဖို့ ဒီနေ့စတင်ပါ။

Your Body. Your Discipline. Your Transformation.

📍 HAPPY GYM Dawei
အလယ်လမ်း ဘုရားရှစ်မြှောင့်အနီး ထားဝယ်မြို့

GYM စဖွင့်ကတည်းကအခုထိချိန်ဆော့ဖူးတဲ့ Member အဟောင်းမည်သူမဆို promotions ရယူနိုင်ပါသည်...May လ ၁ရက်နေ့မတိုင်ခင်အချိန်အတွင...
18/04/2026

GYM စဖွင့်ကတည်းကအခုထိချိန်
ဆော့ဖူးတဲ့ Member အဟောင်း
မည်သူမဆို promotions ရယူနိုင်ပါသည်...

May လ ၁ရက်နေ့မတိုင်ခင်အချိန်အတွင်း
Member အဟောင်း မည်သူမဆို
၂ဦးနှင့်အထက် ပေါင်းသွင်းပီး
၁၇%သက်သာခွင့်ရယူလိုက်ပါ....




ယနေ့၁၄ရက်နေ့သင်္ကြန်အကျနေ့မုန့်လုံးရေပေါ်လှူပါသည်HappyGymဘက်ရောက်ပါကမုန့်လုံးရေပေါ်လေးတွေဝင်ရောက်သုံးဆောင်နိုင်ပါတယ်ခင်ဗ...
14/04/2026

ယနေ့၁၄ရက်နေ့
သင်္ကြန်အကျနေ့
မုန့်လုံးရေပေါ်လှူပါသည်

HappyGymဘက်ရောက်ပါက
မုန့်လုံးရေပေါ်လေးတွေ
ဝင်ရောက်သုံးဆောင်နိုင်ပါတယ်ခင်ဗျာ

ပျော်ရွင်စရာနှစ်သစ်အခါသမယလေး
ဖြစ်ကြပါစေကြောင်း
ဆုမွန်ကောင်းတောင်းရင်းဖြင့်

Address

No. 89, Alae Street
Dawei

Opening Hours

Monday 06:00 - 20:00
Tuesday 06:00 - 20:00
Wednesday 06:00 - 20:00
Thursday 06:00 - 20:00
Friday 06:00 - 20:00
Saturday 06:00 - 20:00

Telephone

+959775202952

Website

Alerts

Be the first to know and let us send you an email when HAPPY GYM posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share