YGR - Your Gear Room

YGR - Your Gear Room Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from YGR - Your Gear Room, Outdoor & Sporting Goods Company, Dagon.

Headlamp စျေးနှုံး တစ်သောင်းကျော်လေးနဲ့ အဆင်ပြေပြေသုံးလို့ရမယ့် Headlamp လေးပါ။250LM. 1100mah battery.Rechargeable Type ...
11/04/2024

Headlamp

စျေးနှုံး တစ်သောင်းကျော်လေးနဲ့ အဆင်ပြေပြေသုံးလို့ရမယ့် Headlamp လေးပါ။

250LM. 1100mah battery.
Rechargeable Type C. Motion sensor.
Instock color - Black. Orange.

Price 17500ks

Black Snow 700GDown Sleeping Bag ဒီSleeping Bag လေးကတော့ Lightweight ဖြစ်ပြီး Packing ကျစ်ကျစ်လစ်လစ်နဲ့ Hiking. Trekking...
04/04/2024

Black Snow 700G
Down Sleeping Bag

ဒီSleeping Bag လေးကတော့ Lightweight ဖြစ်ပြီး Packing ကျစ်ကျစ်လစ်လစ်နဲ့ Hiking. Trekking. Backpacking. သွားတဲ့အခါ တကယ်အသုံးတည့်စေမယ့် Down Sleeping Bag လေးပါ

မင်မင်ကိုယ်တိုင် ၃နှစ်နီးပါးအတွင်း တခြားခရီးတော်တော်များများနဲ့ ဖုန်ကန်၊ဖုန်ရင်၊ဖုန်ရန်(ဖန်ဂရန်)နဲ့ မဒွယ်ရာဇီတို့တက်ရင်း အချိန်တော်တော်ကြာကြာ အဆင်ပြေပြေသုံးခဲ့တဲ့ Sleeping bag ဖြစ်ပါတယ်။

◼️Specifications

* Shell Fabric: 400T 20D Nylon
* Filling Material: 95% White Goose Down
* Size: 210cm* 80cm* 50cm
* Filling Power: 800
* Type: Mummy
* Weight: 1150g
* Temperature rating: Comfort 10°C 50°F Limit-3°C 26°F
* Packed size: 20cm x 30cm
* Zip: YKK Zipper

Instock Color: Black. Orange. Red. Green

Price 255000ks

How to choose your sleeping Bag!!Sleeping Bag ဟာ Hiking. Trekking. Camping. တွေသွားတဲ့အခါ မပါမဖြစ် Gear တွေထဲကတစ်ခုပါ ဒါ...
31/03/2024

How to choose your sleeping Bag!!

Sleeping Bag ဟာ Hiking. Trekking. Camping. တွေသွားတဲ့အခါ မပါမဖြစ် Gear တွေထဲကတစ်ခုပါ ဒါကြောင့် အမြဲတမ်းသယ်သွားသယ်လာလုပ်ရမယ့် ပစ္စည်းတစ်ခုဖြစ်တဲ့အပြင် အရေးပါတဲ့ Gear တစ်ခုဖြစ်တဲ့ အတွက် တကယ်အသုံးတည့်ပြီး သင့်တော်မယ့် Sleeping Bag တစ်လုံးဖြစ်နေဖို့လိုပါတယ် ဒါကြောင့် သေခြာလေး ရွေးချယ်ဝယ်ယူတာမျိုးလုပ်သင့်ပါတယ်

တကယ် အနွေးဓါတ်မပေးနိုင်တဲ့ Sleeping Bag တစ်လုံးဟာ ကိုယ့်ကို တကယ် နွေးထွေးမှုမပေးနိုင်တဲ့ ချစ်သူတစ်ယောက်လိုပါပဲ 🌚

ကိုယ်တကယ်လိုအပ်နေချိန်မှာ ထင်သလောက် နွေးထွေးမှုမပေးနိုင်သလို အထောက်ကူမပြုတဲ့အပြင် သူ့ကိုယုံစားမိလို့ ညတွေမှာ အိပ်မပျော်ရတာတွေပါဖြစ်နေမှာပါ….🥲

Sleeping Bag တစ်လုံးကိုရွေးချယ် ဝယ်ယူတော့မယ်ဆိုရင် အကြမ်းဖျင်းအားဖြစ် ထည့်စဉ်းစားပြီးရွေးချယ်ရမယ့် အချက်တွေရှိပါတယ်

Temperature. Weight. Down or Synthetic. Shape ဆိုတဲ့ဒီအချက် ၄ချက်ကိုကြည့်ပြီး ကိုယ်အသုံးပြုရမယ့် ပတ်ဝန်းကျင်အခြေနေနဲ့ ကိုယ့်အတွက် တကယ်သင့်တော်ပြီး အသုံးတည့်မယ့် Sleeping Bag ဖြစ်မဖြစ်ကိုရွေးချယ်နိုင်ပါတယ်

◼️Temperature

Sleeping bag တစ်လုံးဟာ အပူချိန် ဘယ်လောက်ကနေ ဘယ်လောက်အတွင်း အသုံးပြုဖို့သင့်တော်တယ်ဆိုတာကို Sleeping Bag ဒါမှမဟုတ် Sleeping Bag ထည့်တဲ့အိတ်မှာ Comfort. Limit. Extreme. ဆိုပြီးအပိုင်းသုံးပိုင်းခွဲပြီး ပြထားပါတယ်။

ဥပမာ Comfort 5 C° Limit 0 °C Extreme - 15 °C လို့ပြထားတယ်ပဲဆိုကြပါစို့

Comfort 5 C° ကနေ Limit 0 °C အတွင်းသုံးလို့ သင့်တော်တဲ့ Sleeping Bag လို့သက်မှတ်လို့ရပါတယ် 5 C° ထပ်ပိုတဲ့အပူချိန်ရှိတဲ့ပတ်ဝန်းကျင်မှာသုံးမယ်ဆိုရင်တော့ သက်သောင့်သက်သာမရှိပဲ နွေးတယ်ဆိုတာထပ်ပိုပြီး ပူအိုက်တာမျိုးဖြစ်နိုင်ပါတယ် 0°C ထပ်ပိုအေးတဲ့ အပူချိန်မှာဆိုရင်တော့ အနွေးဓါတ်လျှော့ကျလာပြီး အေးလာမှာပါ။

မြန်မာပြည်ရဲ့ ရာသီဥတုနဲ့ အပူချိန်ကို ပြန်းမျှ တွက်ကြည့်ရင် မြန်မာပြည်ရဲ့ အအေးပိုင်း ဒေသတွေနဲ့ မြန်မာပြည် မြောက်ဖျားက အပျော်တန်းတက်ရေခဲတောင် တချို့မှာဆိုရင် အပူချိန်က 20°C နဲ့ -5°C ကြားမှာရှိတယ်လို့ အကြမ်းဖျင်းခန့်မှန်းလို့ ရပါတယ်

ဒါက Sleeping Bag အသုံးပြုဖို့ သိပ်မလိုတဲ့ အပူပိုင်းဒေသတွေနဲ့ ခန့်မှန်း နေ့အပူချိန်ကို ထည့်မတွက်ထားပါဘူး

ဒါကြောင့် 20°C နဲ့ -5°C အတွင်းသုံးဖို့သင့်တော်မယ့် Sleeping Bag မျိုးတွေကို ရွေးချယ်ဖို့သင့်တော်တယ်လို့ဆိုနိုင်ပါတယ်။

Sleeping Bag အမျိုးစားပေါ်မှုတည်ပြီး Temperature Rating ပြတဲ့ပုံစံနဲ့
Temperature Rating မှာပြထားတာနဲ့ လက်တွေ့ ခံနိုင်ရည်မှာ အနည်းငယ် ကွဲပြားမှုတွေရှိတတ်ပါတယ်။

◼️Weight

ဒီမှာတော့ Sleeping Bag တစ်လုံးဝယ်ရင် တွေ့မိသလောက်တော့ အများစုကြုံရတဲ့ ပြဿနာက တကယ် အသုံးမတည့်တဲ့ Sleeping Bag မျိုးတွေဝယ်မိတာတွေ တွေ့ရတတ်ပါတယ်

ဥပမာ တကယ် အေးတဲ့ ရာသီဥတုမှာ သုံးဖို့ မသင့်တော်တဲ့ Sleeping Bag တွေဝယ်မိကြတာနဲ့ လိုတာထပ်ပိုကြီးပြီး Weight လေးတဲ့ Sleeping Bag တွေကိုဝယ်မိကြတာပါပဲ

ဥပမာ 40L Backpack တစ်လုံးထဲကို Sleeping Bag ထည့်လိုက်ရင် Sleeping Bag တစ်လုံးနဲ့တင် Backpack ကနေရာတစ်ဝတ်လောက်ပြည့်သွားတာမျိုးပေါ့…..

ဒါကတော့ Sleeping Bag တစ်လုံးကို ဘယ်လိုရွေးချယ်သင့်တယ်ဆိုတာ မသိသေးတာကြောင့်ရော ပြည်တွင်းစျေးကွက်ထဲမှာလည်း များများစား သိပ်ရွေးချယ်စရာရှိမနေတာ ကြောင့်ရော တော်တော်လေး တွေ့တွေ့နေရတဲ့ ပြဿနာမျိုးပါ

◼️Down or Synthetic

Down ဆိုတာကတော့ ဘဲ or ဘဲငန်း ရဲ့အမွှေးနုလေးတွေပဲဖြစ်ပါတယ်

Synthetic ဆိုတာကတော့ polyester fibers ကိုအခြေခံပြီး ထုတ်လုပ်ထားတဲ့ အမျှင်အမျိုးစားပဲဖြစ်ပါတယ်

Down Sleeping Bag တွေက ပိုပေါ့ပြီး packing ပိုင်းမှာပိုကျစ်ကျစ်လစ်လစ်ရှိပါတယ် သယ်ရလွယ်ကူပြီး နူးနူးညံ့ညံ့ပိုရှိပါတယ် Down Sleeping Bag-Jacket တွေကို သန့်ရှင်းရေးလုပ်တဲ့အခါ ရေနဲ့ဆက်ပြာနဲ့စိမ်ပြီး လျှော်တာမျိုးတွေ မလုပ်သင့်ပါဘူး စျေးနှုန်းအရတော့ Synthetic Sleeping Bag တွေထက်တော့ သိသိသာသာ စျေးပိုကြီးပါတယ်

Synthetic Sleeping Bag တွေကတော့ Down Sleeping Bag တွေထက် စျေးနှုန်းပိုင်း ပိုသက်သာပြီး Packing ပိုင်းမှာပိုပွပြီး Weight ပိုလေးပါတယ် ရေစိုရင်တော့ Down ထက် Synthetic ကပိုပြီး အခြောက်မြန်ပါတယ် လျှော်လို့လဲရပါတယ်

◼️Shape

Sleeping Bag တွေမှာ အဓိက Shape ၃မျိုးရှိပါတယ် Mummy. Semiectangular. Rectangular ဆိုပြီး Shape ၃မျိုးရှိပါတယ်

◼️Mummy

Mummy Type Sleeping Bag တွေဟာ တခြား Sleeping Bag type တွေထက် Weight ပိုပေါ့ပြီး Packing လည်းပိုသေးသလို အနွေးဓါတ်ပိုပေးနိုင်တယ့် Sleeping Bag type မျိုးဖြစ်ပါတယ်
လူခန္တာကိုယ်နဲ့ fit ဖြစ်ပြီး အတွင်းပိုင်းမှာ လေဟာနယ်ဖြစ်ဖို့ Space နည်းတာကြောင့် အနွေးဓါတ်ရဖို့ပိုမြန်စေပြီး ပိုနွေးစေပါတယ်
ဒါကြောင့် Backpacking အတွက်နဲ့
20 °C အောက်နဲ့ -°C တွေမှာဆို Mummy Type Sleeping Bag တွေကပိုသင့်တော်ပါတယ်

◼️Semirectangular

Semirectangular Type Sleeping Bag တွေကတော့ Mummy type Sleeping Bag တွေလောက် ခန္တာကိုယ်နဲ့ fitting ဖြစ်မနေပဲ အတွင်းပိုင်း Space နည်းနည်းပိုကျယ်တာကြောင့် ပိုသက်သောင့်သက်သာဖြစ်စေပေမဲ့ Mummy Type ထပ်တော့နည်းနည်း Weight ပိုလေးနိုင်ပြီး အနွေးဓါတ်လည်းနည်းနိုင်ပါတယ် Backpacking အတွက်ဆိုရင်တော့ Mummy type နဲ့ Tapered Rectangular Type နှစ်မျိုးကသင့်တော်ပါတယ်

◼️Rectangular

ဒီ Sleeping Bag တွေကတော့ အတွင်းပိုင်း Space ပိုကျယ်တာကြောင့် ပိုသက်သောင့်သက်သာရှိစေပေမယ့် Weight ပိုလေး Packing Size ပိုကြီးပြီး နည်းပညာပိုင်းဆိုင်ရာ အခြေခံပြီးထုပ်လုပ်ထားမှုနည်းပါတယ်
Rectangular Type Sleeping Bag တွေကိုတော့ Camping ထွက်တွဲ့အခါမျိုးနဲ့ 20°C နဲ့အထက်ရှိတဲ့ အပူချိန်တွေမှာပဲသုံးဖို့အတွက်ပိုသင့်တော်ပါတယ်။







“ စိမ်းမြအေးချမ်းတဲ့ရေခဲတောင်တန်းတွေဆီသို့ ……ချစ်ခြင်းအားဖြင့်MKS & EIRIKR ”  ဆိုတဲ့ စာလေးနဲ့အတူ Screeshot ထဲက acc ပိုင်...
26/03/2024

“ စိမ်းမြအေးချမ်းတဲ့
ရေခဲတောင်တန်းတွေဆီသို့ ……

ချစ်ခြင်းအားဖြင့်

MKS & EIRIKR ”

ဆိုတဲ့ စာလေးနဲ့အတူ Screeshot ထဲက acc ပိုင်ရှင် အစ်မအတွက်

Sun hat နဲ့ Aluminum Mug လေးကို Surprise Gift လေးပေးသွားပါတယ်ခင်ဗျ။

QUECHUA 20L Backpack 🎒 Price 40000ks
18/03/2024

QUECHUA 20L Backpack 🎒

Price 40000ks

Geertop Libra | 2 Person 4 Season Backpacking Tent ⛺️ Price 270000ks
18/03/2024

Geertop Libra | 2 Person 4 Season Backpacking Tent ⛺️

Price 270000ks

Enamel MugPrice 15000ks
10/03/2024

Enamel Mug

Price 15000ks

Mini Stove Head21000ks
09/03/2024

Mini Stove Head

21000ks

Trekking pole39000ks
09/03/2024

Trekking pole

39000ks

Sock 🧦 Size 37 to 433500ks (1 piece)
09/03/2024

Sock 🧦
Size 37 to 43

3500ks (1 piece)

Capture Camera ClipTrekking တွေ Hiking တွေသွားတဲ့အခါ Camera ကိုလွယ်ကြိုးနဲ့ လွယ်ပြီးသုံးတာထပ် ဒီ Capture Camera Clip နဲ့...
07/03/2024

Capture Camera Clip

Trekking တွေ Hiking တွေသွားတဲ့အခါ Camera ကိုလွယ်ကြိုးနဲ့ လွယ်ပြီးသုံးတာထပ် ဒီ Capture Camera Clip နဲ့သုံးရတာက ပိုသက်သောင့်သက်သာဖြစ်ပြီး ပိုအဆင်ပြေစေမှာပါ

Trekking တွေ Hiking တွေသွားတဲ့အခါ Camera ကိုကြိုးနဲ့ပဲ လွယ်ပြီးသုံးတာပဲ ဖြစ်ဖြစ် မကြာခန အိတ်ထဲက ထုပ်လိုက်ထည့်လိုက်လုပ်ရတာပဲဖြစ်ဖြစ်ဆို ပိုအလုပ်ရှုပ်ပြီး လူကိုလဲ သက်သောင့်သက်သာ မဖြစ်စေပဲ Camera ကိုလဲ ပိုထိခိုက်နိုင်ခြေများပါတယ်

ကျွန်တော်ကိုယ်တိုင်လဲ ခရီးသွားတိုင်း Camera အမြဲပါတတ်သူမို့ အမြဲတမ်း သုံးဖြစ်နေတဲ့ ပစ္စည်းလေးပါ။

Price 62000ks

Outdoor Sun hat 22000ks
06/12/2023

Outdoor Sun hat

22000ks

Address

Dagon

Website

Alerts

Be the first to know and let us send you an email when YGR - Your Gear Room posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share