Yoyarlay Sports

Yoyarlay Sports yoyarlay sports page from YoYarLay Digital Media

ရီးရဲလ်အသင်း လာလီဂါချန်ပီယံ ဖြစ်သွားပါပြီ။ ရီးရဲလ်က ကာဒဇ်ကို ၃ ဂိုးပြတ် အနိုင်ရပြီး အနီးဆုံးပြိုင်ဘက် ဘာစီလိုနာက ဂီရိုနာ...
04/05/2024

ရီးရဲလ်အသင်း လာလီဂါချန်ပီယံ ဖြစ်သွားပါပြီ။ ရီးရဲလ်က ကာဒဇ်ကို ၃ ဂိုးပြတ် အနိုင်ရပြီး အနီးဆုံးပြိုင်ဘက် ဘာစီလိုနာက ဂီရိုနာကို ရှုံးနိမ့်ခဲ့တာကြောင့် လက်ကျန်ပွဲစဥ် ၄ ပွဲအလိုမှာတင် ရီးရဲလ် ချန်ပီယံ ဖြစ်ခဲ့တာပါ။

ရီးရဲလ်ရဲ့ အခါးသီးဆုံးပြိုင်ဘက် ဘာစီလိုနာကတော့ ဒီရာသီမှာ ဖလားလက်မဲ့ ရာသီသိမ်းရတော့မှာပါ။

အာဆင်နယ် 5-0 ချဲလ်ဆီးချဲလ်ဆီးနဲ့ ကစားခဲ့သမျှ ပြိုင်ပွဲစုံပွဲစဥ်တွေထဲမှာ အာဆင်နယ်ရဲ့ ဂိုးအပြတ်ဆုံးနိုင်ပွဲပါပဲ။ အာဆင်နယ်က...
23/04/2024

အာဆင်နယ် 5-0 ချဲလ်ဆီး

ချဲလ်ဆီးနဲ့ ကစားခဲ့သမျှ ပြိုင်ပွဲစုံပွဲစဥ်တွေထဲမှာ အာဆင်နယ်ရဲ့ ဂိုးအပြတ်ဆုံးနိုင်ပွဲပါပဲ။ အာဆင်နယ်က ပထမဆုံးမှာ ဂိုးပေါ​က် ၁၃ ကြိမ်၊ ဒုတိယပိုင်းမှာ ဂိုးပေါက် ၁၄ ကြိမ် ကန်သွင်းနိုင်ခဲ့တာဖြစ်ပြီး ပက်ထရိုဗစ်သာ မကာကွယ်နိုင်ခဲ့ရင် ဒီထက် ဂိုးထပ်ပြတ်သွားမှာပါ။

ချဲလ်ဆီးကတော့ အာဆင်နယ်ကို လုံးဝမယှဥ်နိုင်ခဲ့သလို အပိုင်အခွင့်အရေးတစ်ကြိမ်ကိုလည်း နစ်ကိုလက်စ်ဂျွန်ဆင်က ဖြုန်းတီးပစ်ခဲ့ပါတယ်။

အာဆင်နယ်အတွက်တော့ ဒီရာသီမှာ ၅ ဂိုးနဲ့အထက် သွင်းပြီး အနိုင်ရတဲ့ ၆ ပွဲမြောက်ပွဲစဥ် ဖြစ်လာခဲ့ပါတယ်။

ပရီးမီးယားလိဂ်သမိုင်းမှာ အသင်းခေါင်းဆောင်အဖြစ် ပရီးမီးယားလိဂ်ဖလား ၅ လုံး ကိုင်မြှောက်နိုင်ခဲ့တဲ့ တစ်ဦးတည်းသော ကစားသမားကတ...
23/04/2024

ပရီးမီးယားလိဂ်သမိုင်းမှာ အသင်းခေါင်းဆောင်အဖြစ် ပရီးမီးယားလိဂ်ဖလား ၅ လုံး ကိုင်မြှောက်နိုင်ခဲ့တဲ့ တစ်ဦးတည်းသော ကစားသမားကတော့ ချဲလ်ဆီးခံစစ်မှူး ဂျွန်တယ်ရီပါပဲ။ ချဲလ်ဆီးတစ်ခေတ်ဆန်းချိန်မှာ အဓိက ကစားသမားအဖြစ် ပါဝင်ခဲ့သူပါ။ အခုတော့ ပရီးမီးယားလိဂ်ရဲ့ နာမည်ကျော်ပြခန်းမှာ ဂျွန်တယ်ရီ ပါဝင်လာခဲ့ပါပြီ။

ဘာစီလိုနာနဲ့ အက်သလက်တီကို ရှုံးပွဲကိုယ်စီကြုံပြီး ချန်ပီယံလိဂ်မှ ထွက်ခဲ့ရပထမအကျော့မှာ နိုင်ပွဲရထားကြတဲ့ ဘာစီလိုနာနဲ့ အက်...
16/04/2024

ဘာစီလိုနာနဲ့ အက်သလက်တီကို ရှုံးပွဲကိုယ်စီကြုံပြီး ချန်ပီယံလိဂ်မှ ထွက်ခဲ့ရ

ပထမအကျော့မှာ နိုင်ပွဲရထားကြတဲ့ ဘာစီလိုနာနဲ့ အက်သလက်တီကိုတို့ ဂိုးပြတ်ရှုံးပွဲ ကိုယ်စီကြုံခဲ့လို့ ချန်ပီယံလိဂ်ကနေ ထွက်ခဲ့ရပါတယ်။ ဘာစီလိုနာဟာ ဦးဆောင်ဂိုး သွင်းနိုင်ခဲ့ပေမဲ့ အရူဂျိုရဲ့ တိုက်ရိုက်အနီကတ်က ပွဲကို အပြောင်းအလဲ ဖြစ်စေခဲ့ပြီး အိမ်ကွင်းမှာ 1-4 ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာပါ။

ဒေါ့မွန် - အက်သလက်တီကိုပွဲကတော့ သွင်းဂိုးတွေ မြိုငိဆိုင်ခဲ့ပြီး ဒေါ့မွန်က ပထမပိုင်းမှာ ၂ ဂိုးပြတ် ဦးဆောငိနေရာကနေ ဒုတိယပိုင်း မိနစ် ၂၀ အတွင်း ချေပဂိုး ၂ ဂိုး ပြန်ပေးခဲ့ရပါတယ်။ ဒါပေမဲ့ ပွဲချိန် ၇၁၊ ၇၄ မိနစ်တွေမှာ ဖူးခရက်၊ ဆဘစ်ဇာတို့က ဒေါ့မွန်အတွက် အနိုင်ဂိုးတွေ သွင်းခဲ့တာပါ။ ဒေါ့မွန်ကတော့ ၂၀၁၃ ခုနှစ်နောက်ပိုင်း ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ကို ပထမဆုံးအကြိမ် တက်ရောက်နိုင်ခဲ့တာပါ။

အစောပွဲမှာ အဓိကပြိုင်ဘက် လီဗာပူးအသင်း ရှုံးပွဲကြုံခဲ့တာကို အာဆင်နယ်က အခွင့်ကောင်းမယူနိုင်ခဲ့တဲ့အ​ပြင် သူတို့ကိုယ်တိုင် အ...
14/04/2024

အစောပွဲမှာ အဓိကပြိုင်ဘက် လီဗာပူးအသင်း ရှုံးပွဲကြုံခဲ့တာကို အာဆင်နယ်က အခွင့်ကောင်းမယူနိုင်ခဲ့တဲ့အ​ပြင် သူတို့ကိုယ်တိုင် အိမ်ကွင်းမှာ ၂ ဂိုးပြတ် ရှုံးနိမ့်ခဲ့တာကြောင့် ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့်မရှိတော့ဘဲ မန်စီးတီး ခြေချော်မယ့်အချိန်ကိုသာ စောင့်ဆိုင်းရတော့မှာပါ။ အာဆင်နယ်ဟာ အပိုင်အခွင့်အရေးတွေ လွဲချော်ခဲ့ပြီး ခံစစ်ပိုင်းက လူကပ် ကစားပုံ အားနည်းခဲ့တာကြောင့် ၂ ဂိုး ပေးခဲ့ရတာပါ။

ဗီလာရဲ့ အဖွင့်ဂိုးမှာ ဘိုင်လေကို လူကပ်ထားခြင်း မရှိခဲ့သလို ဒုတိယဂိုးကလည်း ကောင်တာပေါက်ပြီး ခံစစ်မှူးတွေ တစ်ယောက်မှ ပြန်မဆင်းနိုင်ချိန်မှာ အိုလီဝက်ကင်က စမစ်ရိုးလ်ကို ကျော်ဖြတ်ရင်း သွင်းယူသွားခဲ့တာပါ။

အိမ်ကွင်းမှာ ခရစ္စတယ်ပဲလေ့စ်ကို ရှုံးနိမ့်ခဲ့တဲ့ လီဗာပူးကတော့ ပရီးမီးယားလိဂ် ချန်ပီယံမျှော်လင့်ချက် မှေးမှိန်သွားခဲ့ပါပြ...
14/04/2024

အိမ်ကွင်းမှာ ခရစ္စတယ်ပဲလေ့စ်ကို ရှုံးနိမ့်ခဲ့တဲ့ လီဗာပူးကတော့ ပရီးမီးယားလိဂ် ချန်ပီယံမျှော်လင့်ချက် မှေးမှိန်သွားခဲ့ပါပြီ။

ပွဲချိန် ၁၄ မိနစ်မှာကလည်း အက်ဇီရဲ့ ဦးဆောင်ဂိုးကြောင့် နောက်ကလိုက် ကစားခဲ့ရတဲ့ လီဗာပူးဟာ အဓိက ကစားသမား အစုံအလင် ထည့်ပြီး ချေပဂိုးရဖို့ ကြိုးစားခဲ့ပေမဲ့ အပိုင်အခွင့်အရေးတွေ လွဲချော်ခဲ့ပြီး အိမ်ကွင်းရှုံးပွဲ ကြုံခဲ့လို့ လက်ကျန် ၆ ပွဲပဲ ကျန်တော့တဲ့အချိန်မှာ မန်စီးတီးထက် ၂ မှတ်လျော့၊ အာဆင်နယ် (ဗီလာနဲ့ မကစားခင်)နဲ့အမှတ်တူအဖြစ် အဆင့် ၃ ကို ရောက်သွားခဲ့ပါပြီ။

ထာဝရအကောင်းဆုံး ရေကူးသမားဖြစ်လာဖို့ ၅ နှစ်တိုင်တိုင် တစ်ရက်မှ လေ့ကျင့်မှုမပျက်ကွက်ခဲ့တဲ့ မိုက်ကယ်ဖဲလ်အမေရိကန် ရေကူးသမားဟ...
10/04/2024

ထာဝရအကောင်းဆုံး ရေကူးသမားဖြစ်လာဖို့ ၅ နှစ်တိုင်တိုင် တစ်ရက်မှ လေ့ကျင့်မှုမပျက်ကွက်ခဲ့တဲ့ မိုက်ကယ်ဖဲလ်

အမေရိကန် ရေကူးသမားဟောင်း မိုက်ကယ်ဖဲလ်ဆိုတာ သမိုင်းတစ်လျှောက် အအောင်မြင်ဆုံး အိုလံပစ်ရေကူးသမားဖြစ်ပြီး ဆုတံဆိပ် ၂၈ ဆု ဆွတ်ခူးနိုင်ခဲ့သူပါ။ အိုလံပစ်ရွှေတံဆိပ်ဆု ၂၃ ခု ဆွတ်ခူးနိုင်ခဲ့ပြီး စံချိန်တင်ထားသူလည်း ဖြစ်ပါတယ်။ သူ့ရဲ့ အောင်မြင်မှု လျှို့ဝှက်ချက်ကတော့ ၅ နှစ်ဆက်တိုက် နေ့စဉ်နေ့တိုင်း မပျက်မကွက် လေ့ကျင့်ခဲ့တာပါပဲ။

'' ၅ နှစ်အတွင်း ကျွန်တော် တစ်ရက်မပျက်မကွက် လေ့ကျင့်ခဲ့တယ်။ ၃၆၅ ရက်လုံးလုံးပေါ့။ ရေကူးအားကစားလောကမှာ လေ့ကျင့်မှု တစ်ရက်ပျက်တာနဲ့ ၂ ရက် နောက်ကျသွားမယ်။ အဲဒီတော့ ကျွန်တော် နေ့တိုင်း လေ့ကျင့်ရတာပေါ့။ တစ်ခါတလေ လေ့ကျင့်မှု မလုပ်ချင်တဲ့ အချိန်တွေရှိတယ်။ အဲဒီလိုနေ့မျိုး လူတိုင်းကြုံဖူးမှာပါ။ ဒါပေမဲ့ အဲဒီလိုနေ့မျိုးမှာ လေ့ကျင့်မှုမပျက်မှ တိုးတက်မှာပါ'' လို့ မိုက်ကယ်ဖဲလ်က ဆိုပါတယ်။

Ref: Michael Phelps fearlessly trained every single day for 5 straight years
Team ( ရိုးရာလေး)

သွင်းဂိုးတွေ မြိုင်ဆိုင်ခဲ့ပြီး သရေရလဒ်တွေနဲ့သာ အဆုံးသတ်ခဲ့တဲ့ ချန်ပီယံလိဂ် ကွာတားပွဲစဥ်များဒီနံနက် ကစားခဲ့တဲ့ အာဆင်နယ် ...
09/04/2024

သွင်းဂိုးတွေ မြိုင်ဆိုင်ခဲ့ပြီး သရေရလဒ်တွေနဲ့သာ အဆုံးသတ်ခဲ့တဲ့ ချန်ပီယံလိဂ် ကွာတားပွဲစဥ်များ

ဒီနံနက် ကစားခဲ့တဲ့ အာဆင်နယ် - ဘိုင်ယန်၊ ရီးရဲလ် - မန်စီးတီးတို့ရဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဥ်တွေကတော့ သရေရလဒ်နဲ့သာ အဆုံးသတ်ခဲ့ပါတယ်။ ပရီးမီးယားလိဂ်မှာ ခြေစွမ်းပြနေတဲ့ အာဆင်နယ်ဟာ ဘိုင်ယန်နဲ့ပွဲမှာတော့ ရုန်းကန်ခဲ့ရပါတယ်။

ပွဲအစ ၁၁ မိနစ်မှာ ဆာကာက အဝေးထောင့်ကန်ချက်နဲ့ ဦးဆောင်ဂိုး သွင်းပေးခဲ့ပေမဲ့ ဂိုးသမား ရာယာရဲ့အမှားကတစ်ဆင့် ဂနာဘရီက ချေပဂိုး၊ ဟာရီကိန်းက ပင်နယ်တီနဲ့ ဒုတိယဂိုးတွေ သွင်းခဲ့ပြီး ဒုတိယပိုင်းကျမှ လူစားဝင် ကစားသမား ထရော့ဆက်က ချေပဂိုး ပြန်သွင်းခဲ့တာပါ။ ထရော့ဆက်ဟာ ပထမဆုံး ချန်ပီယံလိဂ် အိမ်ကွင်းပွဲစဥ်၄
ပွဲဆက်တိုက် ဂိုးသွင်းနိုင်တဲ့ စတုတ္ထမြော​က် ကစားသမား ဖြစ်ပါတယ်။

အချိန်ပိုမှာ ကိုမန်း ပိတ်တဲ့ဘောလုံး ဂိုးသမား ခြေထောက်ကြားက ဝင်သွားပေမဲ့ တိုင်ထိခဲ့လို့ ဘိုင်ယန် ဂိုးထပ်မရခဲ့တာပါ။ နျူအာရဲ့ ခြေထောက်ကို ဝင်တိုက်ပြီး ပင်နယ်တီတောင်းခဲ့တဲ့ ဆာကာရဲ့ဖြစ်ရပ်ကလည်း လူပြောများခဲ့ပါတယ်။

ရီးရဲလ် - မန်စီးတီးပွဲစဥ်မှာတော့ လှပတဲ့သွင်းဂိုးတွေနဲ့အတူ ၃ ဂိုးစီ သရေကျခဲ့ပါတယ်။ မန်စီးတီးအတွက် ပွဲအစ ၂ မိနစ်မှာပဲ ဆေးလ်ဗားက ဦးဆောင်ဂိုး သွင်းခဲ့ပေမဲ့ ပွဲချိန် ၁၂ မိနစ်၊ ၁၄ မိနစ်တွေမှာ ရီးရဲလ်က ၂ ဂိုးဆက် ပြန်သွင်းနိုင်ခဲ့ပါတယ်။ ဒီပွဲမှာ မန်စီးတီးအတွက် ဂါဒီယို၊ ဖိုဒင်တို့ရဲ့ သွင်းဂိုးတွေ လှပခဲ့သလို ဗယ်ဗာဒီကလည်း အားပြင်းတဲ့ မြေမကျကန်ချက်နဲ့အတူ ရီးရဲလ်အတွက် ချေပဂိုး သွင်းပေးခဲ့တာပါ။

လီဗာပူးရဲ့ ချန်ပီယံပြေးလမ်းကို ဟန့်တားခဲ့တဲ့ မန်ယူနောက်ပိုင်းပွဲတွေမှာ လီဗာပူးက အသာစီးရနေလျက်နဲ့ မကစားတတ်တာမျိုး ဖြစ်လာတ...
07/04/2024

လီဗာပူးရဲ့ ချန်ပီယံပြေးလမ်းကို ဟန့်တားခဲ့တဲ့ မန်ယူ

နောက်ပိုင်းပွဲတွေမှာ လီဗာပူးက အသာစီးရနေလျက်နဲ့ မကစားတတ်တာမျိုး ဖြစ်လာတယ်။ ဥပုသ်စောင့်နေရတဲ့ ဆာလာရဲ့ ခြေစွမ်း ကျဆင်းမှုနဲ့အတူ လီဗာပူးတိုက်စစ်ကလည်း ပြိုင်ဘက်ခံစစ်လိုင်းတွေကို ထိုးဖောက်မှု အားနည်းလာတယ်။ ပြီးတော့ အပိုင်အခွင့်အရေးလွဲချော်မှု၊ Third Zone မှာ မလိုအပ်တဲ့ Short pass တွေကလည်း ပရိသတ်တွေအတွက် အားမလို အားမရ ဖြစ်စေခဲ့တယ်။

ဒီနေ့ပွဲမှာ မန်ယူ သွင်းသွားတဲ့ ၂ ဂိုးလုံးက ဖာနန်ဒက်စ်နဲ့ မိုင်နူးတို့ရဲ့ လျှင်မြန်တဲ့၊ ခိုင်မာတဲ့ ဆုံးဖြတ်နိုင်စွမ်းအပေါ် မူတည်တယ်။ မန်ယူ ရသွားတဲ့ ပထမဂိုးက လီဗာပူးရဲ့ Build Up မှာ Patience အားနည်းလာတာကို ပြနေသလိုပဲ။ Pass Combination မှာ ဖြစ်ကို မဖြစ်သင့်တဲ့ အမှားမျိုးပဲ။ ဒုတိယဂိုးကတော့ မိုင်နူး တကယ်ကောင်းပါတယ်။

ဝုဗ်နဲ့ပွဲမှာ သူကန်သွားသလို အချိုးမျိုးပဲ။ ညာထောင့်ကို ညာခြေနဲ့ ပွတ်ကန်တာ။ ဂိုးသမားရဲ့ Blind Side ကို ဒီကောင်လေး ကောင်းကောင်း သိပုံပဲ။ Technical Skill ကြွယ်ပါတယ်။

လီဗာပူးအတွက် ထိချက်နာတဲ့ပွဲပါ။ အာဆင်နယ်က ကျော်တက်သွားပြီ။ ချန်ပီယံမျှော်လင့်ချက်ရှိတဲ့ ၃ သင်းကြား ၁ မှတ်ပဲ ကွာတော့ ပရီးမီးယားလိဂ်ရဲ့ Climax က အထွတ်အထိပ် ပိုရောက်လာတာပေါ့။

ဒီနေ့ မန်ယူနိုက်တက်ရဲ့ စိတ်ဓာတ်ကိုရော၊ ကစားပုံကိုရော ချီးကျူးရမှာပါ။ လီဗာပူးလို ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး အသင်းတစ်သင...
17/03/2024

ဒီနေ့ မန်ယူနိုက်တက်ရဲ့ စိတ်ဓာတ်ကိုရော၊ ကစားပုံကိုရော ချီးကျူးရမှာပါ။ လီဗာပူးလို ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး အသင်းတစ်သင်းကို အချိန်ပိုမှာ အံ့အားသင့်စရာ Comeback လုပ်ပြနိုင်ခဲ့တာကတော့ တော်ရုံနိုင်လိုစိတ်ပြင်းပြမှုမဟုတ်တာ သေချာပါတယ်။

ရက်ရှ်ဖို့ဒ်လည်း သာမန်ပွဲချိန်အတွင်း အပိုင်အခွင့်အရေး လွဲခဲ့တာကို ဂိုးတစ်ဂိုးနဲ့ ပြန်ချေဖျက်နိုင်ခဲ့လို့ ဖိအားကင်းလွတ်သွားခဲ့ပါပြီ။

ချန်ပီယံလိဂ် ၁၆ သင်းအဆင့် မဲခွဲမှုမှာ နာပိုလီ - ဘာစီလိုနာ၊ အင်တာမီလန် - အက်သလက်တီကို၊ လာဇီယို - ဘိုင်ယန်မြူးနစ်နဲ့ လိုက်...
18/12/2023

ချန်ပီယံလိဂ် ၁၆ သင်းအဆင့် မဲခွဲမှုမှာ နာပိုလီ - ဘာစီလိုနာ၊ အင်တာမီလန် - အက်သလက်တီကို၊ လာဇီယို - ဘိုင်ယန်မြူးနစ်နဲ့ လိုက်ဇစ် - ရီးရဲလ်တို့ တွေ့ဆုံတဲ့ပွဲစဉ်တွေ ထွက်ပေါ်လာခဲ့ပါတယ်။

ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပွဲစဉ်များ

ပေါ်တို - အာဆင်နယ်
နာပိုလီ - ဘာစီလိုနာ
ပီအက်စ်ဂျီ - ဆိုစီဒက်
အင်တာမီလန် - အက်သလက်တီကို
ပီအက်စ်ဗီ - ဒေါ့မွန်
လာဇီယို - ဘိုင်ယန်မြူးနစ်
ကိုပင်ဟေဂင် - မန်စီးတီး
လိုက်ဇစ် - ရီးရဲလ်

ကမ္ဘာ့ဖလားချန်ပီယံ အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီဟာ ဟာလန်းနဲ့ အမ်ဘာပေတို့ကို ကျော်ဖြတ်ပြီး ၂၀၂၃ ခုနှစ်အတွက် Ballon d...
31/10/2023

ကမ္ဘာ့ဖလားချန်ပီယံ အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီဟာ ဟာလန်းနဲ့ အမ်ဘာပေတို့ကို ကျော်ဖြတ်ပြီး ၂၀၂၃ ခုနှစ်အတွက် Ballon d'Or ဆု ဆွတ်ခူးသွားခဲ့ပါတယ်။

မက်ဆီအတွက် ၈ ကြိမ်မြောက် Ballon d'Or ဆွတ်ခူးနိုင်မှုဖြစ်ပါတယ်။

Address

No. 132, Anawrahta Road
Dagon
11161

Alerts

Be the first to know and let us send you an email when Yoyarlay Sports posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category