Moon Light Star - လရောင်ကြယ်

Moon Light Star - လရောင်ကြယ် Welcome to Our Agriculture & Livestock Online Service

သားသား၊မီးမီးလေး  ပျော်ရွှင်စေဖို့ရန် ချစ်တတ်တဲ့ မိဘတိုင်းကအမြဲ ဖြည့်စွက်နိူင်ဖို့ ကြိုးစားကြပါတယ်။သားသား၊မီးမီးတွေ အိပ်...
15/07/2022

သားသား၊မီးမီးလေး ပျော်ရွှင်စေဖို့ရန် ချစ်တတ်တဲ့ မိဘတိုင်းကအမြဲ ဖြည့်စွက်နိူင်ဖို့ ကြိုးစားကြပါတယ်။
သားသား၊မီးမီးတွေ အိပ်ရာဝင်တဲ့အချိန်မှာ ပျော်ရွှင်နှစ်သက်စေဖို့ သားသား၊မီးမီး တိုင်းကြိုက်တဲ့ ဆိုဖာအိပ်ကုတင်လေးနဲ့ ဖေဖေ မေမေ တို့ကို မိတ်ဆက်ပေးပါရစေခင်ဗျာ။
ဈေးနှုန်းလည်းချိုသာ၊ပစ္စည်း Qualityလည်းအရမ်းကောင်းတဲ့ အတွက် မိတ်ဆွေတို့ အကြိုက်ဖြစ်စေမှာပါ။ စက်ရုံးတိုက်ရိုက်ဈေးဖြစ်တာကြောင့် ဈေးနှုန်းလည်း သက်သာစေပါတယ်ခင်ဗျာ။

မှာယူအားပေးချင်ပါတယ်ဆိုရင်တာ့
page messageကနေမှာယူလို့ရသလို
☎️896156828/769514634 ကိုလည်း တိုက်ရိုက် ဆက်သွယ် ဝယ်ယူအားပေးလို့ရပါတယ်ခင်ဗျာ



20/06/2022
27/04/2022

အမြဲ့ရိုးသားတယ်

"ဆူးပုပ်စိုက်ပျိုးနည်း" အကြောင်း သိကောင်းစရာ ၁။ မူရင်းဒေသဆူပုပ်၏မူရင်းဒေသကို မှတ်တမ်းတင်ခြင်း မတွေ့ရသေးပါ။ ဆူးပုပ်ကို မြ...
02/12/2021

"ဆူးပုပ်စိုက်ပျိုးနည်း" အကြောင်း သိကောင်းစရာ

၁။ မူရင်းဒေသ

ဆူပုပ်၏မူရင်းဒေသကို မှတ်တမ်းတင်ခြင်း မတွေ့ရသေးပါ။ ဆူးပုပ်ကို မြန်မာပြည်အနှံ့အပြား တွေ့ရှိရပါသည်။

၂။ ဆူးပုပ်မျိုးများ

ဆူးပုပ်ကလေးမျိုးနှင့် ဆူးပုပ်ကြီးမျိုးဟူ၍ (၂)မျိုးရှိသည်။

(က) ဆူးပုပ်ကလေးမျိုး

ဆူးပုပ်ကြီးမျိုးထက် အရွက်အရွယ်အစားရော အပင်အရွယ်အစားပါ သေးငယ်သည်။ အရွက်အနံ့မှာလည်း ဆူးပုပ်ကြီးလောက် မပြင်းချေ။ ဆူးပုပ်ကလေးသည် မကွေး၊ ကျောက်ပန်းတောင်းကဲ့သို့ မြေလတ်ဒေသများတွင် အစိုက်များသည်။ ထိုဒေသများတွင် ဆူးပုပ်ကြီးထက် ဆူးပုပ်ကလေးကို ပို၍အသုံးများသည်။

(ခ) ဆူးပုပ်ကြီးမျိုး

ဆူးပုပ်ကြီးမျိုးသည် ဆူးပုပ်ကလေးမျိုးထက် အပင်နှင့်အရွက် အရွယ်အစား ပိုကြီးသည်။ အရွက်အနံ့မှာလည်း ဆူးပုပ်ကလေးထက် ပို၍ပြင်းသည်။ ပဲကြီးဟင်းချိုချက်ရာတွင် ဆူးပုပ်ကြီးကို အများဆုံးထည့်ချက်သည်။

ဆူးပုပ်ကြီးမျိုး(၃)မျိုးရှိသည်။

(၁) ဆူးကျဲမျိုး
(၂) ဆူးလတ်မျိုး
(၃) ဆူးစိပ်မျိုး

၃။ ရေမြေ ရာသီဥတု

ဆူးပုပ်သည် မြန်မာပြည်အနှံ့အပြား တောင်ပေါ်မြေပြန့်မရွေး ဖြစ်ထွန်းသဖြင့် ရာသီဥတုမရွေးသော အပင်ဖြစ်သည်။ ဆူးပုပ်သည် ရေ၀ပ်သည့် စိမ့်စွဲမြေမျိုးကို အနှစ်သက်ပါ။ မြေစေး၊ စနယ်မြေစေးကိုလည်း အနှစ်သက်ပါ။ မြေအောက်ပိုင်းတွင် ဂဝံမြေ၊ သဲမြေ၊ ကျောက်စရစ် အနည်းငယ်ခံသောမြေတို့တွင် အပေါ်ယံမြေသား ထူကကောင်းပါသည်။ ရေနှုတ်အားကောင်းသော မြေမျိုးဖြစ်ရပါမည်။

၄။ စိုက်ခင်းမြေပြုပြင်ခြင်း

ဆူးပုပ်စိုက်ခင်း ပြုလုပ်မည့်နေရာသည် မြေရိုင်းဖြစ်ပါက မိုးမကျမီ သစ်ငုတ်တူးခြင်း၊ သစ်ငုတ်များပြောင်အောင် ကောက်ခြင်းများ ပြုလုပ်ရပါမည်။ မိုးကျပြီးနောက် ထယ်၀င်၍ရသည်နှင့် ထယ်တစ်လွှာထိုး၊ ထွန်မွှေပြီး မြေကိုပြန်ညှိထားရပါသည်။
စိုက်မြောင်းများဆွဲရာတွင် ၁၀ လံ( ၄၀ ပေ)မြောင်းများ ဆွဲလေ့ရှိသည်။ စိုက်မြောင်းများကို တောင်နှင့်မြောက် ဆွဲလေ့ရှိသည်။

၅။ စိုက်ပျိုးခြင်း

မြောင်ဆွဲဖေါ်ထားသော စိုက်မြောင်းများတွင် အနက်(၈)လက္မခန့်နှင့် အကျယ်(၄-၆)လက္မခန့် ကျင်းကလေးများ တူးရသည်။ ကျင်းတစ်ခုနှင့်တစ်ခု (၆)ပေစီခြား၍ တူးရသည်။ မြေထုပ်စည်းပင်ကို ကျင်းထဲတွင် (၄)လက္မမြှုပ်၍ စိုက်ရသည်။ စိုက်ရာတွင် အပင်ကိုထောင်မတ်နေအောင် စိုက်ပြီး မြေပြန်ဖုံးရသည်။ ထို့နောက် အပင်ခြေရင်း ရေမ၀ပ်စေရန်အတွက် (၆)လက္မအမြင့် ဦးချွန်မြေပုံကလေးကို အပင်ခြေရင်းတွင် ပြုလုပ်ပြီး မြေမဟာစေရန် ဖိသိပ်ပေးရသည်။

၆။ မြေသြဇာကျွေးခြင်း

စိုက်ပြီး(၁၁)ရက်ခန့်တွင် (၁၀)လံမြောင်းတစ်မြောင်းကို နွားချေး( ၁ - ၆ )တောင်းအထိထည့်သည်။ နွားချေး မြေသြဇာထည့်ပြီး ရေဝအောင်လောင်းပေးရသည်။
နို၀င်္ဘာ၊ ဒီဇင်္ဘာလခန့်တွင် အပင်များကိုနွားချေးမြေသြဇာထပ်ကျွေးရသည်။ (၁၀)လံမြောင်းတစ်မြောင်းကို တင်းတောင်းဖြင့် နွားချေး(၆)တောင်းခန့် ကျွေးရသည်။ နွားချေးကျွေးတိုင်း ဘောင်ခတ်ပြီး မြက်များကို ရှပ်၍ ဘောင်တွင်မြှုပ်ပေးရသည်။

၇။ အပင်ပြုစုခြင်း

ဆူးပုပ်စိုက်ခင်းတွင် မြေထုပ်စည်းပင် စိုက်ပြီး(၆)လခန့်အကြာတွင် အပင်မှ အတက်ကြီးများ ထွက်လာသည်။ ထိုအတက်ကြီးများကို(၁)ပေခန့်မြင့်လာလျှင် ဖြတ်ပေးရသည်။ ထိုအတက်များသည် အရွက်နုထွက်မည့် ကိုင်းတက်များဖြစ်လာသည်။ ထိုအတက်ကြီးများမှ အညွန့်သစ်များ လိုက်လာ၍ ခူးရန်အနေတော်ဖြစ်လျှင် အောက်ဆုံးအရွက် တစ်လက်ချန်၍ ခူးရသည်။ အောက်ဆုံးအရွက် တစ်လက်ချန်ရခြင်းမှာ အညွန့်သစ်ထပ်မံ လိုက်နိုင်ရန် ဖြစ်သည်။ ဆူးပုပ်သည် ကင်ပွန်းချဉ်ကဲ့သို့ ကိုင်းများစွာ ချိုင်ခြင်းကို မနှစ်သက်ချေ။ ကိုင်းဖြတ်များပါက အပင်သေသည်အထိ ဖြစ်နိုင်သည်။ သို့ရာတွင် ကိုင်းခြောက်များ၊ နာနေသောအကိုင်းများ ကိုမူ ဖြတ်တောက်ဖယ်ရှားပေးသင့်သည်။

၈။ မျိုးပွားနည်း

မျိုးကိုင်းအဖြစ် မြေထုပ်စည်းခြင်းကို သြဂုတ်လ၊ စက်တင်္ဘာလအတွင်း ပြုလုပ်ကြသည်။ နောက်တစ်လခန့်တွင် မြေထုတ်စည်းကိုင်းကို ဖြတ်ပြီး စိုက်ခင်းတွင်စိုက်ကြသည်။
မြေထုတ်စည်းရန် အသက်တစ်နှစ်သားခန့်ရှိပြီး လုံးပတ်လက်သန်းလုံးမှ လက်ညှိုးလုံးခန့်ရှိ၍ စိမ်းစိုနေသော အကိုင်းကို မြေထုတ်စည်းရန် ရွေးချယ်ရသည်။

၉။ ဆွတ်ခူးခြင်းနှင့် အထွက်

မြေထုတ်စည်းပင် စိုက်ပြီး(၆)လခန့်ရှိလျှင် ကိုင်းမကြီးများမှ ထွက်လာသော အညွန့်များကို အောက်ဆုံးမှ အရွက်တစ်လက်ချန်၍ ခူးရမည်။ အညွန့်သစ်ထွက်နိုင်ရန်အတွက် အရွက်တစ်လက်ချန်ရန် အရေးကြီးပါသည်။ အညွန့်ခူးခြင်းကို (၁)ရက်ခူး (၃)ရက်အနားပေး စနစ်ဖြင့် ခူးကြသည်။
ဆူးပုပ်ပင်သည် အသက်(၂၅)နှစ်ခန့် ရှိလျှင်အပင်အိုပြီး အထွက်နည်းလာတတ်သဖြင့် အပင်သစ်များ လဲလှယ်စိုက်ပျိုးနိုင်ပါက ပိုကောင်းပါသည်။
စိုက်ပြီးစ အပင်စတင်ခူးချိန်တွင် တစ်ဧက တစ်ကြိမ်ခူးလျှင် တစ်စည်း(၂-၃)ညွန့်ပါအစည်းပေါင်း (၄၀၀-၅၀၀)ခန့် ရသည်။ ဖေဖေါ်ဝါရီလမှ ဇွန်လအတွင်းခူးရာတွင် တစ်ဧက တစ်ကြိမ်ခူးလျှင် အစည်း(၁၀၀၀-၁၅၀၀)အထိ ထွက်သည်။ ဇူလိုင်လနှင့် သြဂုတ်လတွင် ပြန်နားပြီး စက်တင်္ဘာမှ နို၀င်္ဘာလအတွင်း တစ်ဧက တစ်ကြိမ်ခူးရာတွင် အစည်း(၁၀၀၀-၁၅၀၀)ထွက်သည်။
ဒုတိယနှစ်တွင် တစ်ဧကတစ်ကြိမ်ခူးလျှင် အစည်း(၂၀၀၀-၃၀၀၀)အထိ ထွက်နိုင်သည်။ တတိယနှစ်မှ နောက်ပိုင်းတွင် တစ်ဧကတစ်ကြိမ်ခူးလျှင် အစည်း(၅၀၀၀)ခန့် အထိထွက်နိုင်သည်။

#စာသား Credit

https://www.facebook.com/groups/770186820227750/?ref=share

ဗဟုသုတ Post တွေကို Public ဖြင့် တင်ပေးထားပါတယ် ကြိုက်ရင် Follow နှင့် 𝐋𝐢𝐤𝐞 𝐚𝐧𝐝 𝐬𝐡𝐚𝐫𝐞 လုပ်နိုင်ပါတယ် ခင်ဗျာ 🙏

🌍♻📝သုတဇုန် ထွန်းလင်း

ခရမ်းသီးစိုက်ပျိုးနည်းhttps://greenway.page.link/eggplantခရမ်းပင်သည် ပူနွေးသော ရာသီဥတုကို နှစ်သက်သည်။ တောင်ပေါ်ဒေသ အေးသေ...
12/10/2021

ခရမ်းသီးစိုက်ပျိုးနည်း
https://greenway.page.link/eggplant

ခရမ်းပင်သည် ပူနွေးသော ရာသီဥတုကို နှစ်သက်သည်။ တောင်ပေါ်ဒေသ အေးသောနေရာ မှအပ မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် စိုက်ပျိုးနိုင်ပါသည်။ ခရမ်းပင်စိုက်ပျိုးရန် အကောင်းဆုံး အချိန်မှာ အောက်တိုဘာ၊ နိုဝင်ဘာ ဖြစ်ပါသည်။

မြေအမျိုးအစားနှင့် ရာသီဥတု

ခရမ်းပင်အတွက် ဖြစ်နိုင်သမျှ နေရာင်ရသောနေရာကို ရွေးပါ။ သဲဆန်သော မြေမှ နုံးမြေစေး အထိ မြေအမျိုးအစားများများတွင် ဖြစ်ထွန်းနိုင်ပါသည်။ မည်သို့ပင်ဖြစ်စေ ဇီဝပစ္စည်း ကြွယ်ဝသည့် ရေနှုတ်ကောင်းသော မြေများကို ပို၍နှစ်သက်ပါသည်။ အချဉ်ဓါတ်ရှိသော မြေအခြေအနေကို အသင့်အတင့် ခံနိုင်ရည် ရှိပါသည်။ မြေအချဉ်ငံဓါတ် ၅.၅ မှ ၇.ဝ အကြားတွင် ဖြစ်ထွန်းပြီး၊ ကယ်လ်စီယမ်ဓါတ် လိုအပ်မှု ရှိပါကလည်း ထုံးထည့်ပေးသင့်ပါသည်။

တစ်ဧကမျိုးစေ့နှုန်း

တစ်ဧကအတွက် မျိုးစေ့ (၃ဝဝ) ဂရမ် လိုအပ်ပါသည်။

မြေဩဇာထည့်ခြင်း

ဟင်းသီးဟင်းရွက်များ စိုက်ပျိုးခြင်းအတွက် အကောင်းဆုံးမြေဩဇာသည် နွားချေး၊ မြေဆွေး နှင့် စီးပွားဖြစ်ထုတ်လုပ်ရောင်းချသော ဇီဝမြေဩဇာများကဲ့သို့ သဘာဝဇီဝမြေဩဇာများ ဖြစ်ပါသည်။ တစ်ဧကအတွက် နွားချေး (၁ဝ)တန်မှ (၁၅)တန်အထိ လိုအပ်ပါသည်။ ဓါတု သို့မဟုတ် ဇီဝ မြေဩဇာများ အားလုံးကို မြေခံအဖြစ် ထည့်သွင်းပေးသင့်ပါသည်။

မြေပြုပြင်ခြင်း

ခရမ်းပင်ကို ပြောင်းရွှေ့စိုက်ပျိုးရပါမည်။ (၃ဝ)ပေ * (၁ဝ)ပေ အရွယ်ပျိုးခင်းနေရာကို ကောင်းစွာ ဆွေးမြေ့ပြီးသော ဇီဝပစ္စည်းများ အသုံးပြု၍ ပြင်ဆင်ပေးသင့်ပါသည်။ ပျိုးခင်းတွင် တန်းကြားကို (၄)လက်မ ထားပေးသင့်ပါသည်။ သေးနုပ်သော အပင်များနှင့် သန်စွမ်းမှုမရှိသော ပျိုးပင်များ ဖြစ်ပေါ်ခြင်းကို ရှောင်ရှားရန် အပင်ခွဲပေးခြင်းကို ပြုလုပ်ပေးသင့်ပါသည်။

စိုက်ပျိုးခြင်း

ပျိုးပင်များ မူမှန်ရွက် (၅)ရွက် ရရှိသည့်အရွယ်တွင် ညနေပိုင်း၌ စိုက်ခင်းသို့ ပြောင်းရွှေ့ စိုက်ပျိုးသင့် ပါသည်။ ပြောင်းရွှေ့စိုက်ပျိုးခြင်း မပြုလုပ်မီ အပင်ကို ကြံ့ခိုင်ခြင်း ပြုလုပ်ပေးရပါသည်။ ထောက်ခံထားသော အကွာအဝေးမှာ တန်းကြား (၃)ပေမှ (၄)ပေနှင့် ပင်ကြား (၂)ပေမှ (၃)ပေ ဖြစ် ပါသည်။ အပူချိန်မြင့်မားလွန်းလျှင် သို့မဟုတ် အလင်းပြင်းအား များလွန်းလျှင် အစိုဓါတ် ထိန်းပေး ရန်နှင့် ပေါင်းပင်များ ပေါက်ရောက်မှုကို ဟန့်တားပေးရန် ယာယီအရိပ်စင်နှင့် ကောက်ရိုးများဖြင့် မြေပြင်ကို ဖုံးအုပ်ပေးခြင်းတို့ကို မဖြစ်မနေ ပြုလုပ်ပေးရပါသည်။

ပြုစုမှု အလေ့အထ

အသီးများ မြေကြီးနှင့် လွတ်နေစေရန် အပင်မြင့်ပျိုးများကို စိုက်ပျိုးပါ။

ရေသွင်းခြင်း

သီတင်းတစ်ပတ်လျှင် ရေ (၁)လက်မခန့် ခရမ်းပင်ကို ရေပေးပါ။ အပင်များ စိုက်ပျိုးပြီးပါက အစိုဓါတ်ထိန်းပေးရန်နှင့် ပေါင်းပင်များ ပေါက်ရောက်မှုကို ဟန့်တားပေးရန် မြေဖုံးပစ္စည်းများ ဖုံးအုပ် ပေးခြင်းတစ်ကြိမ် ပြုလုပ်ပါ။

ဖျက်ပိုး

အပင်ညှိုးခြင်း၊ သီးထိုးပိုးနှင့် ခရမ်းလှေးကျိုင်းတို့သည် ခရမ်းတွင် အဓိကကျရောက်သော ရောဂါနှင့် အင်းဆက်များ ဖြစ်ပါသည်။ အင်းဆက်ဖျက်ပိုးများကို ကာကွယ်နှိမ်နင်းရန် ဒီစစ် ပိုးသတ်ဆေးကို အသုံးပြုပါ။

ရိတ်သိမ်းခြင်းနှင့်အထွက်နှုန်း

အသုံးပြုရန် လုံလောက်သော အရွယ်ထိ ကြီးလာလျှင် စတင်ခူးဆွတ်ပါ။ အသီးများ ချောမွတ်မှု မရှုံးဆုံးမီ ခူးဆွတ်ခြင်းကို ပြုလုပ်ပါ။ အသီးများ ညိုလာလျှင်၊ ရင့်လာလျှင် သင်သည် အချိန်ကြာရှည်စွာ စောင့်ရပါမည်။ ယေဘုယျအားဖြင့် မျိုးကူးစပ်သန္ဓေတည်ပြီး ရက်(၃ဝ)တွင် ခရမ်းသီးကို ခူးဆွတ်နိုင်ပါသည်။ အသီးခူးခြင်းကို ပုံမှန်ပြုလုပ်ခြင်းဖြင့် အထွက်ကောင်း စေနိုင် ပါသည်။ အထွက်နှုန်းမှာ တစ်ဧကလျှင် ပိဿာ (၅ဝဝဝ) မှ (၇ဝဝဝ) ဝန်းကျင် ရှိပါသည်။ (တစ်ဧက လျှင် (၈ဝဝဝ) မှ (၁၁ဝဝဝ) ကီလိုဂရမ်)။

အင်္ဂလိပ်အမည် - Egg plant or Brinijal

မြန်မာအမည် - ခရမ်းသီး

သခွါးသီး စိုက်ပျိုးနည်းhttps://greenway.page.link/cucumberသခွားသီးပင်သည် ဘူးဖရုံမျိုးရင်းဝင်ဖြစ်ပြီး အသီးကင်း၊ အသီးနုနှင...
11/10/2021

သခွါးသီး စိုက်ပျိုးနည်း
https://greenway.page.link/cucumber

သခွားသီးပင်သည် ဘူးဖရုံမျိုးရင်းဝင်ဖြစ်ပြီး အသီးကင်း၊ အသီးနုနှင့် အသီးရင့် နှစ်မျိုးလုံးကိုစားသုံးကြသည်။ အသီးနုကို တို့စား၊ သုတ်စားပြီး အသီးရင့်ကိုအမှည့်ထားပြီးဟင်းချက်စား၊ သုတ်စားကြသည်။ အသီးကင်းလေးများကို အချဉ်စိမ်ပြီးကြာရှည်ထားခံအောင်ပြုလုပ်ထားပြီးစားသုံးကြသည်။ သခွားသီးသည် အရေးပါသောစည်သွပ်ကုန်ကြမ်း သီးနှံတစ်မျိုးဖြစ်သည်။ လတ်လတ်ဆတ်ဆတ်စားသုံးရန် သခွားသီးများကိုစင်တင်၊ တိုင်ထောင်ပြီးစိုက်ပျိုးကြပြီး စည်သွပ်ရန်သခွားသီး အကင်းနှင့် အငယ်လေးများကို မြေပေါ်တွင် လွှတ်၍ စိုက်ပျိုးကြသည်။

၁. သီးနှံမျိုးကွဲများ

သခွားမျိုးများမှာ အရွယ်အစားလိုက်၍ ငြုပ်သခွား၊ သခွားချဉ် စသည်ဟုခေါ်ပြီး၊ နိုင်ငံခြားမှလာသော မျိုးများကိုအမည်များပေး၍ထားသကဲ့သို့၊ စည်သွပ်သခွား ကိုလည်း ဂါကင်သခွား ဟုခေါ်ကြသည်။ သို့သော် လည်း မြန်မာပြည်ရှိ ဒေသ မျိုးများကို အိုပီ (OP) ခေါ် သဘာဝ အလျောက်ရရှိသော မျိုးစေ့များကို ပြန်လည် စိုက်ပျိုး နိုင်သောမျိုးများ ရှိသကဲ့သို့ စပ်မျိုး ( Hybrid) များသည် မျိုးထား၍ ပြန်လည် မစိုက်ပျိုးနိုင်သော မျိုးများဖြစ်သည်။ စပ်မျိုးများသည် အထွက် နှုန်းကောင်းခြင်း၊ သီးလုံး ညီညာခြင်း၊ အရောင်အသွေး လှပခြင်း စသည့် လက္ခဏာများဖြင့် ပြည့်စုံသည်။

အိုပီ (OP) ခေါ်ဒေသမျိုးများမှာ မျိုးစေ့ကိုခံယူပြီးပြန်လည် စိုက်ပျိုးနိုင်ပြီး၊ ဒေသရာသီ ဥတုပတ်ဝန်းကျင်နှင့် ကိုက်ညီ သော မျိုးများဖြစ်သည်။ နှစ်စဉ်မျိုး ယူ၍ ပြန်လည် စိုက်ပျိုးနိုင်သည်။ စည်သွပ်ရန် မျိုးများမှာ အမမျိုး ဟူ၍ခေါ်ပြီး အဖိုပင်နှင့်ရော၍ စိုက်ပျိုးရသည် သို့မဟုတ်ဟော်မုန်း ဖျန်း၍ အသီးတင်အောင်ပြုလုပ်ရသည်။ သခွားပင်တွင်လည်း အဖိုပွင့်နှင့် အမပွင့် သီးခြားပွင့်သဖြင့် ပျား၊ ပိတုန်းများဖြင့် ဝတ်မှုံကူးရသည်။ ထို့ကြောင့် သခွားစိုက်ပျိုးလျှင် ပိုးသတ်ဆေး မဖျန်းရန်နှင့် ဖျန်းလျှင်လည်း ညနေပိုင်း ဝတ်မှုံကူးပြီးမှ ဖျန်းရန်သတိပြု ရမည်။

၂. မြေအမျိုးအစား

မြေအမျိုးအစားမှာ ရေမဝပ်သော နုံးမြေများသည် အသင့်တော်ဆုံးဖြစ်သည်။ မိုးရာသီ တွင် ဘောင်အမြင့်များ ပြုလုပ်ပြီး စိုက်ပျိုးရသည်။

၃. ရာသီဥတု

သခွားသီးကို မိုးရာသီတွင် အများဆုံးစိုက်ပျိုးကြပြီး ရေရရှိသောဒေသများတွင် တစ်နှစ်ပတ်လုံး စိုက်ပျိုးနိုင် သည်။ သို့သော်လည်း ပူပြင်းသောရာသီတွင် ရောဂါပိုးမွှားများစွာ ကျရောက်တတ်သည်။ အိမ်ခြံမြေ ဥယျာဉ်တွင် မိုးရာ သီနှင့်ဆောင်းရာသီများတွင် စိုက်ပျိုးသင့်သည်။

၄. စိုက်ပျိုးခြင်း

(၁) ပျိုးထောင်ခြင်း

သခွားပင်များ ကိုဘောင်များပေါ်တွင် တိုက်ရိုက်စိုက်ပျိုးရသည်။ သခွားပင်များ သည် ကြီးမြန်သော မျိုးဖြစ်သော ကြောင့်ရွှေ့ပြောင်းဒဏ်ကို မခံနိုင်ပါ။ သို့သော်လည်း ပလပ်စတစ်အိတ်တွင် ပျိုးပြီး (၂)ပတ်အတွင်း မြေဆိုင်ခဲ မပျက် စိုက်ပျိုး၍ရသည်။

(၂) စိုက်ပျိုးခြင်း

သခွားပင်များကို တစ်ကျင်းတွင် တစ်စေ့သာ ထည့်၍ ပင်ကြားတန်းကြား (၂x၂) ပေခွဲထား၍ စိုက်ပျိုးပါ။ သက်လျင်များကို တိုင်ထောင်ပေးပြီး သက်ကြီးမျိုးများ (သခွားချဉ်)ကိုစင်တင်၍ စိုက်ပျိုးရမည်။ တိုင်ထောင်ရာတွင် ကြက်ခြေ ခတ်ထောင်ခြင်း၊ ၄၅ ဒီဂရီစောင်း ထားပြီး ဘောင်နှစ်ဘောင်မှ အပင်များကို တင်ခြင်းစသည့် နည်းများဖြင့်ပြုလုပ်ကြသည်။

(၃) အပင်ပြုစုစောင့်ရှောက်ခြင်း

သခွားစိုက်ပြီး (၁၅-၂၀)ရက်အတွင်း ပေါင်းတစ်ကြိမ်လိုက်ပေးရပါသည်။ သခွားသက်တမ်း တစ်လျှောက် တွင်ပေါင်း အခြေအနေအရ (၂-၃) ကြိမ်ပေါင်း လိုက်ပေးရပါမည်။ အပင်လေးများ ခါးကြပ်နေပါက အပင်ခြေ ရင်းကို မြေဆွပေးပြီးနောက် မြေတောင် မြှောက်ပေး ရပါမည်။ ဆောင်းစိုက်ပင်များ အတွက် မြေအစိုဓာတ် အခြေအနေအရ တစ်နေ့ လျှင်ရေ (၂-၄) ကြိမ်အထိ ရေလောင်းပေးရန်လိုပါသည်။

(၄) မြေသြဇာကျွေးခြင်း

စိုက်ပျိုးရေးတွင် အရေးပါသည့် မြေချဉ်ငန်ဓာတ် pH ကို မေ့မထားသင့်ပါ။ မြေချဉ်ငန်ဓာတ် လျော့ကျနေခြင်း၊ သို့မဟုတ် များနေခြင်း ရှိမရှိ စစ်ဆေးပါ။ အကောင်းဆုံးမှာ pH 6-7 ဝန်းကျင်ဖြစ်ပါသည်။ (မြေချဉ်ငန်အကြောင်း အပြည့် အစုံဖတ်ရန် နှိပ်ပါ။) မြေချဉ်ငန်ဓာတ်ကို သဘာဝမြေသြဇာများများထည့်၍ အကောင်းဆုံးအနေအထားကို ထိန်းထားပါ။ အပင်အဟာရ ပြည့်စုံလုံလောက်နေပါက ရောဂါပိုးမွှားကျရောက်မှု နည်းပါးသည့်အတွက် ဓာတုဆေးလွတ် စိုက်ပျိုးလိုသူများအတွက် အထောက်အကူ များစွာ ပြုပါသည်။ သခွားအတွက် အကောင်းဆုံး ရွက်ဖြန်းအားဆေးမှာ ဘူး၊ ဖရုံမျိုးနွယ် အရွက်များဖြင့် ပြုလုပ်ထားသော အချဉ်ဖောက်ထားသော အရွက်ရည် ဖြစ်ပါသည်။

(ဓာတ်တု ဆေးသုံးစွဲလိုသူများအတွက်) သခွားသည် လျင်မြန်စွာကြီးထားပြီး အသီးစားသော အပင်ဖြစ်၍ နွားချေးမြေဆွေးများနှင့် ဓါတ်မြေသြဇာ အစုံ (N, P, K) ကိုကျွေးရသည်။ ဘောင်များပြုပြင် ချိန်တွင် နွားချေးနှင့်ဓာတ်မြေသြဇာ (P, K) တို့ကို ထည့်ပေး ပါ။ အပင်များပေါက်လာပြီး (၂) ပတ်အကြာတွင် ပုလဲဓါတ်မြေသြဇာလ္ဘက်ရည်ဇွန်း (၂) ဇွန်းကိုရေ (၄) ဂါလံနှင့် ဖျော်၍ နှစ်ပတ်တစ်ကြိမ်လောင်းပေးပါ။

(၅) ပိုးမွှားရောဂါကာကွယ်ခြင်း

ဖျက်ပိုးများဖြစ်သော ဘူးဖရုံကျိုင်း၊ ရွက်ထွင်းပိုး၊ သီးလုံးဖောက်ပိုး၊ သရစ်များ ကျရောက်ဖျက်ဆီးတတ်သဖြင့် ဖျက်ပိုးများ၏ စားသောက်ပုံ အမျိုးအစားအလိုက် မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းတွင် မှတ်ပုံတင်ထားသော ပိုးသတ်ဆေး အမျိုးများကို ခွဲခြားအသုံးပြုခြင်းဖြင့် ကာကွယ်နှိမ်နင်းနိုင်ပါသည်။

ရောဂါများအဖြစ် ဖားဥမှိုရောဂါ၊ မှဲ့ပြောက်စွန်းရောဂါ၊ ပင်စည်အစေးထွက်ရောဂါ၊ ဒေါင်းနီးရွက်ခြောက် ရောဂါများ ကျရောက်တတ်သဖြင့် မြန်မာ့စိုက်ပျိုးရေး လုပ်ငန်းတွင် မှတ်ပုံတင်ထားသော မှိုသတ်ဆေးများဖြင့် ကာကွယ်နှိမ် နင်းနိုင်ပါသည်။ ရောဂါကျရောက်သော အပင်အစိတ်အပိုင်းများကို ဖယ်ရှားပြီး မီးရှို့ဖျက်ဆီးပါ။

၅.ဆွတ်ခူးခြင်း၊ ရိတ်သိမ်းခြင်း

သခွားသီးများကို( ၄၅) ရက်မှ စတင် ဆွတ်ခူးနိုင်ပါသည်။ မျိုးအလိုက် ဈေးကွက်ကြိုက် နှစ်သက်သော အရွယ်တွင်ဆွတ်ခူးပါ။

၆. မျိုးစေ့ထုတ်လုပ်ခြင်း

ဒေသမျိုးများမှသာ မျိုးစေ့ထုတ်ယူနိုင်ပါသည်။ (သို့သော် ဆရာကြီးတစ်ဦး၏ အဆိုအရ စပ်မျိုးများမှ သေချာရွေးချယ်၍ မျိုစေ့ထုတ်လျှင်လည်း ၂-၃ နှစ်ထိ စိုက်ပျိုးနိုင်ပါသည်။) မျိုးစေ့ထုတ်ယူခြင်းအတွက် မိခင်ပင်စည် အဆစ်နံပါတ် (၈-၁၅) ဆစ်မှ ထွက်သော ဘေးကိုင်းများမှ မျိုးသီးယူပါ။ ရောဂါပိုးမွှားကင်း၍ ပန်းပွင့်ပြီး (၁)လပတ်ဝန်းကျင်ရှိ ကောင်းစွာရင့်မှည့်သော အသီးကိုခူး၍ အရိပ်အောက်တွင် အသီးဇောက်ထိုး ထောင်ထားပြီး တစ်ပတ်ခန့် သိမ်းဆည်းထားရပါမည်။ အစေ့ရှိသော အပျော့ပိုင်းကို ခွဲထုတ်၍ အစေ့ထုတ်ယူပြီး အချွဲနှင့်အတူ (၂၄)နာရီ (၁-ရက်) အချဉ်ဖောက်ခံထားရပါမည်။ ထို့နောက် အချွဲပြောင်အောင် ဇကာဖြင့် ဖြေးဖြေးတိုက်ပြီး ရေပြောင်အောင် ဆေးရပါမည်။

ဆေးပြီး (၄၅)မိနစ်အတွင်း နေရောင်အောက်တွင် နေ့ဝက်ခန့် ရေခြောက်အောင်လှန်း၍ အရိပ်တွင် (၂) ရက် လေသလပ်ခံ အခြောက်လှန်းပါ။ အခြောက်လှန်းစဉ် သခွားစေ့များကို လက်သန့်သန့် ဖြင့်မွှေပေးပါ။ ခြောက်သွေ့သော အစေ့ကို ပုလင်း၊ သံပုံးများတွင် ထည့်၍ လေလုံအောင် အဖုံးပိတ်ပါ။ ထိုသို့ သိမ်းဆည်း ရာတွင် ထုံးကျောက်မှုန့်ကို အိတ်နှင့် ချုပ်၍ အစိုဓာတ်ထိန်းရန် ထည့်ပေးရပါမည်။

ကိုးကား - အစိမ်းရောင်လမ်း စိုက်ပျိုးရေး သင်ရိုးစာအုပ်မှ

ငှက်ပျော စိုက်ပျိုးနည်းမျိုးသီးမွှေး (အခွံစိမ်း/ အခွံဝါ/ ရွှေနီ)၊ ဝက်မလွတ်၊ ဖီးကြမ်း၊ ရခိုင်/ပြည်မျိုး၊ သူငယ်စာ၊ နံ့သာပွ...
16/07/2021

ငှက်ပျော စိုက်ပျိုးနည်း
မျိုး
သီးမွှေး (အခွံစိမ်း/ အခွံဝါ/ ရွှေနီ)၊ ဝက်မလွတ်၊ ဖီးကြမ်း၊ ရခိုင်/ပြည်မျိုး၊ သူငယ်စာ၊ နံ့သာပွတ်၊ တရုတ် ငှက်ပျောမျိုးများ စိုက်ကြသည်။သီးမွှေး နှင့် ဖီးကြမ်းအား စီးပွားဖြစ်စိုက်ကြသည်။

မြေအမျိုးအစား

မြေဆီသြဇာထက်သန်ပြီး သစ်ဆွေးဓါတ်များသောမြေ၊ ရေမဝပ်စိမ့်မစွဲသောမြေ၊ မြေသားထုထူပြီး နိုက်ထရိုဂျင် နှင့် ပိုတက်ကြွယ်ဝသောမြေကိုကြိုက်နှစ်သက်သည်။ မြေချဉ်ငံဓါတ် (၆.၅-၇.၅) အတွင်း ဖြစ်ထွန်းသည်။ မြေချဉ်ငံဓါတ် (၇.၅) ကျော်သောမြေတွင် ငှက်ပျော မစိုက်သင့်ပါ။မြေချဉ်ငံဓါတ် (၆.၅) ထက်နည်းပါက စီကာတိုဂါနှင့်ဖြူစေရီယမ်ရောဂါ ကျလွယ်သည်။

စိုက်ချိန်
ယေဘုယျအားဖြင့် အလွန်ပူပြင်းသောနွေရာသီ (၃၄ဒီဂရီစင်တီဂရိတ်နှင့်အထက်) နှင့် အလွန်အေးသော ဆောင်းရာသီ (၁၈ဒီဂရီစင်တီဂရိတ်အောက်)မှလွဲ၍ ရေလုံလောက်ပါက တစ်နှစ်လုံးစိုက်နိုင်သည်။နေ့အပူချိန် (၂၈) ဒီဂရီစင်တီဂရိတ်နှင့် လေထုစိုထိုင်းဆ (၇၅%) အထက်ရှိပါက ငှက်ပျောသားတက်များ ရွှေ့စိုက်ရန် အကောင်းဆုံးဖြစ်သည်။
မေ၊ ဇွန်လများအတွင်း မြေကြီးအစိုဓါတ် လုံလောက်အောင် မိုးရွာပြီးချိန်တွင် ရွှေ့စိုက်သင့်သည်။ ကချင်၊ တရုတ်ငှက်ပျောကို ဧပြီ၊ မေလအတွင်းရွှေ့စိုက်ကြသည်။

သားတက်ခွဲခြင်း
ငှက်ပျော အဖီး၊ အခိုင် မထွက်မီအတွင်း ထွက်သမျှ သားတက်များအားဖြတ်ထုတ်ပေးပါ။ ငှက်ပျောခိုင်အတွင်း နောက်ဆုံးအဖီး(၈ဖီးမြောက်) အပြည့်အဝပေါ်ပြီးမှသာ သားတက် (၃) ပင် စမွေးပါ။ နောက်ပိုင်း အသန်ဆုံး (၁) တက်သာချန်ပြီး ကျန်သားတက်များ ခုတ်ပစ်ပါ။
ယင်းသားတက် မွေးပြီးနောက်ပိုင်း ထွက်သမျှ သားတက်များလည်း ဖြတ်ထုတ်ပေးရမည်။ ငှက်ပျောပင်သစ်မှ နောက်ထပ် သားဆက် (၂)ဆက်အထိ စိုက်နိုင်သည် (၃ သီးစား စိုက်ပြီးပါက အပင်အသစ် ပြန်စိုက်ရသည်)။

အပင်ကြား အတန်းကြားအကွာအဝေးနှင့် စိုက်စနစ်

အပင်ပုမျိုး (၇-၉) ပေခြား၊ အပင်ကြီးမျိုး (၁၂-၁၅) ပေခြား စိုက်သင့်ပါသည်။ တရုတ်ငှက်ပျောအား (၅-၆)ပေခြား အပင်ကြား၊ အတန်းကြားထား(၂)တန်းပူးစိုက်ပြီး အပူး(၂)ခုကြား (၁ဝ)ပေခြား၍ နောက်ထပ် (၂)တန်းပူးစနစ်ဖြင့် စိုက်ကြသည်။
လေထုစိုထိုင်းဆ (၅၀%) ကျော်ပြီးအပူချိန်(၂၇-၃ဝ) ဒီဂရီစင်တီဂရိတ်ရှိသော အခြေအနေတွင် ငှက်ပျောသားတက်များအား ရွှေ့စိုက်ပါ (မေ၊ ဇွန်)။ ၁ပေအကျယ်၊ ၁ပေ အနက် တူးထားသောမြေကျင်းတွင် (၄)ပေခန့် အမြင့်အရွယ်ရှိ သားတက်များရွှေ့စိုက်ပါ။ သားတက်တွင် သေးရှည်သော အရွက် ၄-၅ ရွက်ထွက်နေသင့်ပြီး ပါလာသောအမြစ်များအား (၁-၂) လက်မချန်အောင် ဖြတ်ပြီးမှ စိုက်ပါ။ ပင်စည်အရင်း(၁)လက်မခန့် မြေအတွင်းဝင်အောင် စိုက်ပြီးမြေဖို့၍ မတင်းမပျော့ဖိနှိပ်ပေးပါ။ တရုတ်ငှက်ပျော တစ်သျူးမျိုးများတွင် အမြစ်ဖြတ်စရာမလိုပါ။ မြေလုံးမပျက် ပျိုးအိတ်အတွင်းမှ ရွှေ့စိုက်ပါ။

ကြိုက်နှစ်သက်သော ရာသီဥတု
မပူလွန်း၊ မအေးလွန်ဘဲ မျှတသောရာသီရှိသည့်ဒေသ၊ မြေအတွင်း အစိုဓါတ်ထိန်းနိုင်ပြီး လေထုစိုထိုင်းဆ များသောဒေသကို ကြိုက်နှစ်သက်သည်။
လေပြင်းတိုက်သောဒေသ၊ ပူလွန်းအေးလွန်းသောဒေသ၊ အစိုဓါတ် မထိန်းနိုင်သော မြေများတွင် စိုက်မရပါ။ လေထုစိုထိုင်းဆ (၅ဝ%)ထက်များသော ရာသီဥတု ပုံမှန်ရှိပါက ပိုမိုဖြစ်ထွန်းပါသည်။ အပူချိန် (၂၆-၃ဝ) ဒီဂရီစင်တီဂရိတ်အတွင်း ဖြစ်ထွန်းသည်။ အပူချိန် (၁၄)ဒီဂရီစင်တီဂရိတ် ရောက်လျှင် အပင်မကြီးတော့ဘဲ (၃၄) ဒီဂရီစင်တီဂရိတ်ထက် ပူလျှင်လည်း မကြိုက်ပါ။ မိုးရေချိန် တစ်နှစ် (၇၅-၉ဝ) လက်မရွာသော ရာသီကို ကြိုက်နှစ်သက်သည် ။

မြေသြဇာကျွေးခြင်း
ငှက်ပျောပင်သည် နိုက်ထရိုဂျင်၊ ဖော့စဖရပ်နှင့် ပိုတက်စီယံ အချိုး (၃း၁း၆) လိုအပ်သည်။
အပင်စိုက်ပြီးပြီးချင်း အပင်ခြေပတ်လည် (၁)ပေခန့်တွင် ဝိုက်၍ မြေသြဇာ စကျွေးပါ။ (၁)

ပေါင်းနှိမ်နင်းခြင်း
ငှက်ပျောပင်သည် ပေါင်းမြက်အလွန်ကြောက်သော အပင်ဖြစ်၍ ငှက်ပျောမစိုက်မီ ပေါင်းပေါက်နေသော မြေပြင်အား ပေါင်းကေလာပေါင်းသတ်ဆေးဖြင့် ပေါင်းကြိုသတ်ပေးပါ။ ပြီးလျှင် ထယ်(၃-၄) စပ်ဝင်ပြီး ထွန်၊ ရိုတာစက်များဖြင့် မှုန့်ညက်နေအောင် ဝင်သင့်သည်။
မြေပြင်ညီညာအောင်လည်း ညှိရမည်။

ရေသွင်းခြင်း
သာမန်အားဖြင့် မိုးရာသီတွင် ရေသွင်းရန်မလိုပါ။ ခြောက်သွေ့သောရာသီတွင် (၄-၇) ရက်ခြား ရေပေးသွင်း သင့်ပါသည်။ စိုက်ခင်းမြေသား(၁) လက်မခန့်အား လက်ချောင်းဖြင့် နှိုက်စမ်းကြည့်ပါ။ အစိုဓါတ်တွေ့ပါက မသွင်းရသေးပါ။ ခြောက်သွေ့နေပါက ရေသွင်းရန် ဆုံးဖြတ်ပါ။ရေအိုင်နေအောင်လည်း မသွင်းရပါ။

အပင်ပြုစုခြင်း
အရွက်ရင့်များ ဝါလာ၊ ခြောက်လာပါက ဖြတ်ထုတ်ပေးပါ။ နောက်ထပ် အပင်သစ်မမွေးမီအတွင်း ထွက်လာသောသားတက်များအားဖြတ်ထုတ်ပါ။ အပင်ငယ်စဉ် အပင်ခြေ ပတ်ပတ်လည် (၆) လက်မခန့်ခွာ၍ သစ်ရွက်ဆွေး အမှိုက်ဆွေးများ သဘာဝမြေသြဇာမျာအုပ်ပေးခြင်းဖြင့် ပေါင်းမြက်သက်သာစေပြီး၊ အပင်ကို နေအပူချိန်မှ သက်သာစေသည်။ ငှက်ပျောခိုင်ထွက်လာပြီး အသီးများရင့်စပြုပါကပိုးငှက်ကာကွယ်ရန်နှင့် အသီးအရည်အသွေးကောင်းစေရန်အတွက် ပလပ်စတစ်နှင့် စက္ကူစပ်ထားသော အိပ်စွပ်သင့်သည်။ မိုးများလျှင် ရေမဝပ်စေရန် စိမ့်မြောင်းများဖောက်ထားရမည်။

ရိတ်သိမ်းခြင်း
ငှက်ပျောဖူးမှ အသီးများစထွက်ပြီး (၁၀၀-၁၂၀) ရက်ကြာလျှင် ရိတ်သိမ်းနိုင်သည်။ ဒုတိယမြောက်အဖီးမှ အသီးများ အားလုံး ဇောင်းလုံးသွားလျှင်အခိုင်ခုတ်နိုင်ပါပြီ။ အသီးများအားလုံး အစိမ်းရောင်မပျောက်မီ ခုတ်မှ အဝေးတင်ခံပါမည်။ အဝါရောင်သန်းသွားလျှင် အထားမခံ၊ အဝေးတင်မခံနိုင်ပါ။

ငှက်ပျောတွင် ပိုးမွှားရောဂါကင်းစင်စေရန်

၁။ အပင်ကြား၊ အတန်းကြား ပုံမှန်စိုက်ပါ။
၂။ ရေမဝပ်၊ စိမ့်မစွဲပါစေနှင့်။
၃။ ရောဂါ ကင်းသောမျိုး ရှာစိုက်ပါ။
၄။ ပေါင်းမြက် မရှိအောင် ဆောင်ရွက်ပါ။
၅။ လောင်းရိပ် မမိအောင် ဆောင်ရွက်ပါ။
၆။ မိုးတွင်း အစိုဓါတ်များနေလျှင် ထုံး မကြာ မကြာ ဖြူးပေးပါ။
၇။ ရောဂါကူးစက်ပေးသော ပျ၊ ယင်ဖြူ၊ ပိုးစေးနှဲ စသော စုပ်စားပိုးများ မကျအောင် ကာကွယ်ပါ။
၈။ ရောဂါရ အပင်အစိတ်အပိုင်းများ မီးရှို့ဖျက်ဆီးပါ။

ငှက်ပျောစိုက်တောင်သူကြီးများ အရည်အသွေးမြင့် ငှက်ပျောများ စိုက်ပျိုးထုတ်လုပ်ပြီး ဈေးကောင်းရနိုင်ကြပါစေ။
----------------------------------------------------------

ငှက်ပျော စိုက်ပျိုးနည်း
မျိုး
သီးမွှေး (အခွံစိမ်း/ အခွံဝါ/ ရွှေနီ)၊ ဝက်မလွတ်၊ ဖီးကြမ်း၊ ရခိုင်/ပြည်မျိုး၊ သူငယ်စာ၊ နံ့သာပွတ်၊ တရုတ် ငှက်ပျောမျိုးများ စိုက်ကြသည်။သီးမွှေး နှင့် ဖီးကြမ်းအား စီးပွားဖြစ်စိုက်ပျိုးကြသည်။

မြေအမျိုးအစား

မြေဆီသြဇာထက်သန်ပြီး သစ်ဆွေးဓါတ်များသောမြေ၊ ရေမဝပ်စိမ့်မစွဲသောမြေ၊ မြေသားထုထူပြီး နိုက်ထရိုဂျင် နှင့် ပိုတက်ကြွယ်ဝသောမြေကိုကြိုက်နှစ်သက်သည်။ မြေချဉ်ငံဓါတ် (၆.၅-၇.၅) အတွင်း ဖြစ်ထွန်းသည်။ မြေချဉ်ငံဓါတ် (၇.၅) ကျော်သောမြေတွင် ငှက်ပျော မစိုက်သင့်ပါ။မြေချဉ်ငံဓါတ် (၆.၅) ထက်နည်းပါက စီကာတိုဂါနှင့်ဖြူစေရီယမ်ရောဂါ ကျလွယ်သည်။

စိုက်ချိန်
ယေဘုယျအားဖြင့် အလွန်ပူပြင်းသောနွေရာသီ (၃၄ဒီဂရီစင်တီဂရိတ်နှင့်အထက်) နှင့် အလွန်အေးသော ဆောင်းရာသီ (၁၈ဒီဂရီစင်တီဂရိတ်အောက်)မှလွဲ၍ ရေလုံလောက်ပါက တစ်နှစ်လုံးစိုက်နိုင်သည်။နေ့အပူချိန် (၂၈) ဒီဂရီစင်တီဂရိတ်နှင့် လေထုစိုထိုင်းဆ (၇၅%) အထက်ရှိပါက ငှက်ပျောသားတက်များ ရွှေ့စိုက်ရန် အကောင်းဆုံးဖြစ်သည်။
မေ၊ ဇွန်လများအတွင်း မြေကြီးအစိုဓါတ် လုံလောက်အောင် မိုးရွာပြီးချိန်တွင် ရွှေ့စိုက်သင့်သည်။ ကချင်၊ တရုတ်ငှက်ပျောကို ဧပြီ၊ မေလအတွင်းရွှေ့စိုက်ကြသည်။

သားတက်ခွဲခြင်း
ငှက်ပျော အဖီး၊ အခိုင် မထွက်မီအတွင်း ထွက်သမျှ သားတက်များအားဖြတ်ထုတ်ပေးပါ။ ငှက်ပျောခိုင်အတွင်း နောက်ဆုံးအဖီး(၈ဖီးမြောက်) အပြည့်အဝပေါ်ပြီးမှသာ သားတက် (၃) ပင် စမွေးပါ။ နောက်ပိုင်း အသန်ဆုံး (၁) တက်သာချန်ပြီး ကျန်သားတက်များ ခုတ်ပစ်ပါ။
ယင်းသားတက် မွေးပြီးနောက်ပိုင်း ထွက်သမျှ သားတက်များလည်း ဖြတ်ထုတ်ပေးရမည်။ ငှက်ပျောပင်သစ်မှ နောက်ထပ် သားဆက် (၂)ဆက်အထိ စိုက်နိုင်သည် (၃ သီးစား စိုက်ပြီးပါက အပင်အသစ် ပြန်စိုက်ရသည်)။

အပင်ကြား အတန်းကြားအကွာအဝေးနှင့် စိုက်စနစ်
အပင်ပုမျိုး (၇-၉) ပေခြား၊ အပင်ကြီးမျိုး (၁၂-၁၅) ပေခြား စိုက်သင့်ပါသည်။ တရုတ်ငှက်ပျောအား (၅-၆)ပေခြား အပင်ကြား၊ အတန်းကြားထား(၂)တန်းပူးစိုက်ပြီး အပူး(၂)ခုကြား (၁ဝ)ပေခြား၍ နောက်ထပ် (၂)တန်းပူးစနစ်ဖြင့် စိုက်ကြသည်။
လေထုစိုထိုင်းဆ (၅၀%) ကျော်ပြီးအပူချိန်(၂၇-၃ဝ) ဒီဂရီစင်တီဂရိတ်ရှိသော အခြေအနေတွင် ငှက်ပျောသားတက်များအား ရွှေ့စိုက်ပါ (မေ၊ ဇွန်)။ ၁ပေအကျယ်၊ ၁ပေ အနက် တူးထားသောမြေကျင်းတွင် (၄)ပေခန့် အမြင့်အရွယ်ရှိ သားတက်များရွှေ့စိုက်ပါ။ သားတက်တွင် သေးရှည်သော အရွက် ၄-၅ ရွက်ထွက်နေသင့်ပြီး ပါလာသောအမြစ်များအား (၁-၂) လက်မချန်အောင် ဖြတ်ပြီးမှ စိုက်ပါ။ ပင်စည်အရင်း(၁)လက်မခန့် မြေအတွင်းဝင်အောင် စိုက်ပြီးမြေဖို့၍ မတင်းမပျော့ဖိနှိပ်ပေးပါ။ တရုတ်ငှက်ပျော တစ်သျူးမျိုးများတွင် အမြစ်ဖြတ်စရာမလိုပါ။ မြေလုံးမပျက် ပျိုးအိတ်အတွင်းမှ ရွှေ့စိုက်ပါ။

ကြိုက်နှစ်သက်သော ရာသီဥတု
မပူလွန်း၊ မအေးလွန်ဘဲ မျှတသောရာသီရှိသည့်ဒေသ၊ မြေအတွင်း အစိုဓါတ်ထိန်းနိုင်ပြီး လေထုစိုထိုင်းဆ များသောဒေသကို ကြိုက်နှစ်သက်သည်။
လေပြင်းတိုက်သောဒေသ၊ ပူလွန်းအေးလွန်းသောဒေသ၊ အစိုဓါတ် မထိန်းနိုင်သော မြေများတွင် စိုက်မရပါ။ လေထုစိုထိုင်းဆ (၅ဝ%)ထက်များသော ရာသီဥတု ပုံမှန်ရှိပါက ပိုမိုဖြစ်ထွန်းပါသည်။ အပူချိန် (၂၆-၃ဝ) ဒီဂရီစင်တီဂရိတ်အတွင်း ဖြစ်ထွန်းသည်။ အပူချိန် (၁၄)ဒီဂရီစင်တီဂရိတ် ရောက်လျှင် အပင်မကြီးတော့ဘဲ (၃၄) ဒီဂရီစင်တီဂရိတ်ထက် ပူလျှင်လည်း မကြိုက်ပါ။ မိုးရေချိန် တစ်နှစ် (၇၅-၉ဝ) လက်မရွာသော ရာသီကို ကြိုက်နှစ်သက်သည် ။

မြေသြဇာကျွေးခြင်း
ငှက်ပျောပင်သည် နိုက်ထရိုဂျင်၊ ဖော့စဖရပ်နှင့် ပိုတက်စီယံ အချိုး (၃း၁း၆) လိုအပ်သည်။
အပင်စိုက်ပြီးပြီးချင်း အပင်ခြေပတ်လည် (၁)ပေခန့်တွင် ဝိုက်၍ မြေသြဇာ စကျွေးပါ။

ပေါင်းနှိမ်နင်းခြင်း
ငှက်ပျောပင်သည် ပေါင်းမြက်အလွန်ကြောက်သော အပင်ဖြစ်၍ ငှက်ပျောမစိုက်မီ ပေါင်းပေါက်နေသော မြေပြင်အား ပေါင်းရှင်းပါ။

ရေသွင်းခြင်း
သာမန်အားဖြင့် မိုးရာသီတွင် ရေသွင်းရန်မလိုပါ။ ခြောက်သွေ့သောရာသီတွင် (၄-၇) ရက်ခြား ရေပေးသွင်း သင့်ပါသည်။ စိုက်ခင်းမြေသား(၁) လက်မခန့်အား လက်ချောင်းဖြင့် နှိုက်စမ်းကြည့်ပါ။ အစိုဓါတ်တွေ့ပါက မသွင်းရသေးပါ။ ခြောက်သွေ့နေပါက ရေသွင်းရန် ဆုံးဖြတ်ပါ။ရေအိုင်နေအောင်လည်း မသွင်းရပါ။

အပင်ပြုစုခြင်း
အရွက်ရင့်များ ဝါလာ၊ ခြောက်လာပါက ဖြတ်ထုတ်ပေးပါ။ နောက်ထပ် အပင်သစ်မမွေးမီအတွင်း ထွက်လာသောသားတက်များအားဖြတ်ထုတ်ပါ။ အပင်ငယ်စဉ် အပင်ခြေ ပတ်ပတ်လည် (၆) လက်မခန့်ခွာ၍ သစ်ရွက်ဆွေး အမှိုက်ဆွေးများ သဘာဝမြေသြဇာမျာအုပ်ပေးခြင်းဖြင့် ပေါင်းမြက်သက်သာစေပြီး၊ အပင်ကို နေအပူချိန်မှ သက်သာစေသည်။ ငှက်ပျောခိုင်ထွက်လာပြီး အသီးများရင့်စပြုပါကပိုးငှက်ကာကွယ်ရန်နှင့် အသီးအရည်အသွေးကောင်းစေရန်အတွက် ပလပ်စတစ်နှင့် စက္ကူစပ်ထားသော အိပ်စွပ်သင့်သည်။ မိုးများလျှင် ရေမဝပ်စေရန် စိမ့်မြောင်းများဖောက်ထားရမည်။

ရိတ်သိမ်းခြင်း
ငှက်ပျောဖူးမှ အသီးများစထွက်ပြီး (၁၀၀-၁၂၀) ရက်ကြာလျှင် ရိတ်သိမ်းနိုင်သည်။ ဒုတိယမြောက်အဖီးမှ အသီးများ အားလုံး ဇောင်းလုံးသွားလျှင်အခိုင်ခုတ်နိုင်ပါပြီ။ အသီးများအားလုံး အစိမ်းရောင်မပျောက်မီ ခုတ်မှ အဝေးတင်ခံပါမည်။ အဝါရောင်သန်းသွားလျှင် အထားမခံ၊ အဝေးတင်မခံနိုင်ပါ။

ငှက်ပျောတွင် ပိုးမွှားရောဂါကင်းစင်စေရန်

၁။ အပင်ကြား၊ အတန်းကြား ပုံမှန်စိုက်ပါ။
၂။ ရေမဝပ်၊ စိမ့်မစွဲပါစေနှင့်။
၃။ ရောဂါ ကင်းသောမျိုး ရှာစိုက်ပါ။
၄။ ပေါင်းမြက် မရှိအောင် ဆောင်ရွက်ပါ။
၅။ လောင်းရိပ် မမိအောင် ဆောင်ရွက်ပါ။
၆။ မိုးတွင်း အစိုဓါတ်များနေလျှင် ထုံး မကြာ မကြာ ဖြူးပေးပါ။
၇။ ရောဂါကူးစက်ပေးသော ပျ၊ ယင်ဖြူ၊ ပိုးစေးနှဲ စသော စုပ်စားပိုးများ မကျအောင် ကာကွယ်ပါ။
၈။ ရောဂါရ အပင်အစိတ်အပိုင်းများ မီးရှို့ဖျက်ဆီးပါ။

ငှက်ပျောစိုက်တောင်သူကြီးများ အရည်အသွေးမြင့် ငှက်ပျောများ စိုက်ပျိုးထုတ်လုပ်ပြီး ဈေးကောင်းရနိုင်ကြပါစေ။

Photo FB

12/07/2021
စားတော်ပဲစိုက်ပျိုးနည်း----------------------စားတော်ပဲကို ကမ္ဘာတစ်ဝန်းလုံးတွင်စားသုံးကြပြီး တိရစ္ဆာန်အစာအဖြစ်လည်း အများဆ...
11/07/2021

စားတော်ပဲစိုက်ပျိုးနည်း
----------------------
စားတော်ပဲကို ကမ္ဘာတစ်ဝန်းလုံးတွင်စားသုံးကြပြီး တိရစ္ဆာန်အစာအဖြစ်လည်း အများဆုံးအသုံးပြုကြပါသည်။ များသောအားဖြင့် လူတွေသည် ခန္ဓာကိုယ်အလေးချိန်ထိန်းရာတွင် စားတော်ပဲကိုအများဆုံးအသုံးပြုကြသည်။ စားတော်ပဲတွင် အမိုင်နိုအက်စစ် (amino acid)၊ လိုင်စင်း (lysine)၊ ထရိုင်တိုဖန် (tryptophan) ဓာတ်များပါဝင်မှုသည် နှံစားသီးနှံတွေထက်မြင့်မားသည်။ ပရိုတင်းပါဝင်မှု ၂၁မွ ၂၅ ရာခိုင်နှုန်း၊ ကာဗွန်ဟိုက်ဒိုက် ပါဝင်မှုမြင့်မားပြီး အမျှင်ဓာတ်ပါဝင်မှု နည်းကာ အစာကျေလွယ်သော အာဟာရဓာတ်များအားလုံးပေါင်း ၈၆ မွ ၈၇ ရာခိုင်နှုန်းအထိပါဝင်သည်။ ထို့ကြောင့် တိရစ္ဆာန်အစာအတွက်လည်း အလွန်အသုံးဝင်သည်။ သုတေသနတွေအရ ဝက်၊ အသားစားနွား၊ နို့စားနွား နှင့် ကြက် တို့အတွက် ပရိုတင်းဓာတ်များများထောက်ပံ့ပေးနိုင်သည်ဟု လေ့လာသိရှိရပါသည်။ စားတော်ပဲပင်များကို မြေဖုံးသီးနှံပင်အဖြစ်လည်းစိုက်ပျိုးကြသည်။ သစ်ရွက်စိမ်းမြေသြဇာအပင်အဖြစ်စိုက်ပျိုးနိုင်ပြီး ရေငွေ့ပျံခြင်း၊ ပင်ငွေ့ပျံခြင်းမျာ၊ မြေဆီလွှာတိုက်စားခြင်းများကို လျော့နည်းစေပါသည်။

စိုက်ပျိုးခြင်း

စားတော်ပဲသည် တစ်ရာသီသီးနှံဖြစ်သည်။ မြေအမျိုးအစားအမျိုးမျိုးတွင်စိုက်ပျိုးနိုင်ပြီး မစေးလွန်း မဖွယ်လွန်းသောမြေတွင် ကောင်းစွာဖြစ်ထွန်းသည်။ နှစ်ရှည်ပေါင်းပင်များပေါက်ရောက်တတ်သောမြေတွင် စိုက်ပျိုး၍မကောင်းပါ။ နှံစားသီးနှံများ၏ အစိုဓာတ်လိုအပ်မှုနှင့်တူညီပြီး ဆားပေါက်ဒဏ်၊ ရေလွှမ်းဒဏ်ကိုခံနိုင်ရည်မရှိပါ။ စတော်ပဲသည် ကောင်းစွာမထွန်ယက်ထားသောမြေတွင်လည်း ဖြစ်ထွန်းသည်။ ဆောင်းဦးတွင်စိုက်ပျိုးမည်ဆိုပါက ပျိုးဘောင်များ ခြောက်သွေ့တာမျိုးမဖြစ်စေရန် မြေအလွန်အကျွံ ထွန်ယက်ခြင်းကို မပြုလုပ်သင့်ပါ။ အညှောင့်ဖောက်ရာတွင် နှံစားသီးနှံတွေထက် အစိုဓာတ်ပိုမိုလိုအပ်ပါသည်။ တန်းကြား ၆-၁၂ လက်မဖြင့် စိုက်ပျိုးနိုင်သည်။

စားတော်ပဲသည် နိုက်ထရိုဂျင်ပမာဏကို လေထုထဲကသော်လည်းကောင်း မြေကြီးထဲတွင်ရှိသော အကျိုးပြုဘက်တီးရီးယားများမှသော်လည်းကောင်း ဖမ်းယူနိုင်စွမ်းရှိသည်။ ပဲများတွင် နိုက်ထရိုဂျင်လိုအပ်မှုပမာဏသည် နိုက်ထရိုဂျင်ဖမ်းယူနိုင်တဲ့ပေါ်မှာ အမျိုးမျိုးကွဲပြားပါသည်။ ပင်ပိုင်းကြီးထွားမှုနောက်ပိုင်းနှင့် မျိုးပွားပိုင်းအစောပိုင်းအဆင့်တွင် အပူချိန်မြင့်မားပြီး မြေကြီးခြောက်သွေ့နေပါက နိုက်ထရိုဂျင်ဖမ်းယူနိုင်မှုတွင် ထိခိုက်နိုင်သည်။ စတော်ပဲသည် နိုက်ထရိုဂျင်ဖမ်းယူမှုကောင်းသောသီးနှံဖြစ်ပြီး ကြီးထွားမှုကောင်းသောအခြေအနေတွင် နိုက်ထရိုဂျင်လိုအပ်မှုရဲ့ ၈၀ ရာခိုင်နှုန်းကို ဖမ်းယူခြင်းဖြင့် ရရှိသည်။

စားတော်ပဲမျိုးစေ့များကို ပဲမြစ်ဖုဇီဝမြေသြဇာဖြင့်လူးနယ်စိုက်ပျိုးဖို့လိုအပ်ပါသည်။ မျိုးစေ့များကို ပဲမြစ်ဖုဇီဝမြေသြဇာလူးနယ်ခြင်းသည် အရေးကြီးသည်။ လူးနယ်စိုက်ပျိုးရာ၌ နည်းလမ်းမမှန်လျှင်လည်း နိုက်ထရိုဂျင်ဓာတ်ဖမ်းယူရရှိနိုင်မှု ကျဆင်းတတ်သည်။ လုပ်ငန်းစဉ်အောင်မြင်မမြင်ကို အပင်ပေါက်ပြီး နှစ်ပတ်၊ လေးပတ်တွင် အပင်အချို့ကို သေချာစွာဆွဲနုတ်၍ အမြစ်များတွင် မြစ်ဖုလေးများရှိမရှိစစ်ဆေးနိုင်ပါသည်။ ပန်းရောင် (သို့) အနီရောင်မြစ်ဖုလေးများတွယ်ကပ်နေပါက အောင်မြင်ပါသည်။ အကယ်၍ လူးနယ်စိုက်ပျိုးမှုမအောင်မြင်ခဲ့ပါက နိုက်ထရိုဂျင်ဓာတ်မြေသြဇာကျွေးပေးဖို့လိုပါမည်။

စိုက်ချိန်

ရှမ်းပြည်နှင့်အေးသောဒေသများတွင် ဧပြီနှင့် မေလဝက်ကြားတွင်စိုက်ပျိုးကြသည်။ မြေပြန့်ဒေသများတွင် အောက်တိုဘာနှင့် နိုဝင်ဘာလတို့တွင်စိုက်ပျိုးသည်။ စိုက်ပျိုးပြီး ရက် ၄၀-၅၀ တွင်ပန်းစတင်ပွင့်သည်။ ကြီးထွားမှုအလေ့အထနှင့် ပတ်ဝန်းကျင်ပေါ်မူတည်ပြီး ပန်းပွင့်ချိန် ၂ ပတ်မှ ၄ ပတ်အထိ ကြာမြင့်သည်။ မေလဝက်နောက်ပိုင်းတွင် မစိုက်ပျိုးသင့်ပါ။ နောက်ကျမှစိုက်ပျိုးပါက ပန်းပွင့်ချိန်နောက်ကျသွားပြီး မှိုရောဂါများဝင်ရောက်နိုင်သဖြင့် အထွက်နှုန်းများလျော့နည်းနိုင်ပါသည်။ စိုက်ချိန်မှန်အောင်ဂရုစိုက်သင့်ပါသည်။

မျိုးစေ့နှုန်းထား

တစ်ဧကစိုက်ပျိုးရန် စားတော်ပဲမျိုးစေ့ ၆ပြည်မှ ၈ပြည်လိုအပ်သည်။ မျိုးစေ့ချရာတွင် မြေအနက် ၂ လက်မချ၍ စိုက်ပျိုးနိုင်သည်။ စားတော်ပဲများတွင် ပင်ညှိုးရောဂါ၊ အမြစ်ပုပ်ရောဂါနှင့် ပျိုးပင်ပေါက်အရွယ်တွင် ခါးရိရောဂါများဖြစ်ပွားတတ်သဖြင့် မျိုးစေ့ကို မှိုသတ်ဆေးဖြင့် လူးနယ်ပြီးမှ မျိုးညှောင့်ဖောက်သင့်သည်။

မြေသြဇာကျွေးခြင်း

မြေသြဇာလိုအပ်မှုပေါ်မူတည်ပြီး နိုက်ထရိုဂျင်နှင့် ဖော့စဖောရပ် မြေသြဇာများကိုကျွေးပေးနိုင်သည်။ နိုက်ထရိုဂျင်ဓာတ်မြေသြဇာကို လိုအပ်မှုအလိုက် အပင်ပေါက်ခါစတွင် ကျွေးပေးရမည်။ နိုက်ထရိုဂျင်ဓတ်အလွန်အကျွံသုံးခြင်းကို ရှောင်ရှားပါ။ တစ်ဧကတွင် နိုက်ထရိုဂျင် ၄၃ ပေါင်၊ ဖော့စဖောရပ် ၁၀၈ ပေါင်နှုန်းခန့်ကျွေးပါက ပဲအထွက်နှုန်းကောင်းပါသည်။

ပေါင်းနှိမ်နင်းခြင်း

စားတော်ပဲခင်းများတွင် ပေါင်းပေါက်ရောက်ခြင်းကိုထိထိရောက်ရောက်နှိမ်နင်းဖို့လိုပါသည်။ အပင်ကြီးထွားပိုင်းအဆင့်တွင် ပေါင်းရှင်းပေးဖို့လိုအပ်ပြီး နောက်ပိုင်းလိုအပ်သလို ကြားလိုက် ပေါင်းသင်ပေးရပါမည်။ ပေါင်းများကို စိုက်ပျိုးနည်းစနစ်၊ ဘက်စုံပေါင်းနှိမ်နင်းခြင်းစနစ်များဖြင့် နှိမ်နင်းပေးပါ။

ရောဂါပိုးမွှားများ

သီးလှည့်စိုက်ပျိုးခြင်းဖြင့် ရောဂါများကိုထိန်းချုပ်နိုင်သည်။ လေးနှစ်စိုက်ပျိုးပြီး မျိုးစိတ်မတူသော သီးနှံများသီးလှည့်စိုက်ပျိုးပေးခြင်းဖြင့် ရောဂါများကို ထိန်းချုပ်ကာကွယ်နိုင်သည်။

ရောဂါများအနေဖြင့်

ရွက်ခြောက်ရောဂါ၊ အမြစ်ပုပ်ရောဂါ၊ ပင်စည်ပုပ်ရောဂါ၊ ဖားဥမှိုရောဂါများ ကျရောက်တတ်သည်။

ပိုးများမွာ

လှေးပိုး၊ ပဲဂ်ပိုး၊ ဖြုတ်စိမ်းများကျရောက်တတ်သည်။

ရိတ်သိမ်းခြင်း

အထွက်နှုန်းကောင်းပြီး အရည်အသွေးကောင်းဖို့အတွက်သည် ရိတ်သိမ်းစနစ်တွင်လည်း မူတည်ပါသေးသည်။ စားတော်ပဲများကို ရိတ်သိမ်းရာတွင် အသီးတောင့်ထိပ်ပိုင်းစိမ်းနေပြီး အလယ်လောက်တွင် ဝါနေပြီဆိုပါက စတင်ရိတ်သိမ်းနိုင်သည်။ အခြောက်ခံရာတွင် အစေ့အစိုဓာတ် ၂၅-၃၀ ရာခိုင်နှုန်းသည် အကောင်းဆုံးဖြစ်သည့်အတွက် အစိုဓာတ် ၁၈-၂၀ ရှိချိန်တွင် စတင်ရိတ်သိမ်းပြီး အခြောက်ခံဖို့ပုံထားသင့်သည်။ ရိတ်သိမ်းသည့်အခါတွင် ပေါင်းမြက်များမပါဖို့သတိပြုရပါမည်။ အားလုံးရင့်မှည့်ပြီးခြောက်မှရိတ်သိမ်းလျှင် အလေ့အလွှင့်များနိုင်သည့်အတွက် သီးတောင့်အစိမ်းရောင်မှ အဝါရောင်ပြောင်းစတွင် ရိတ်သိမ်းပြီး စုပုံ၍နေလှန်းထားသင့်သည်။ မနက်စောစောပိုင်းနှင့်ညနေပိုင်းများတွင် ရိတ်သိမ်းနိုင်သည်။ ထိုအချိန်များတွင်ရိတ်သိမ်းပါက အစိုဓာတ်များရှိနေသောကြောင့် ကြွေဖို့ရာခိုင်နှုန်းနည်းစေပါသည်။

Crd.. အစိမ်းရောင်လမ်း

ကြွက်နားရွက်မှိုစိုက်ပျိုးနည်းသိပ္ပံ​နည်း​ကျ ​မှို စိုက်​ပျိုး​ရာ​တွင် ​စား​သုံး​မှို ​နှင့်​ဆေး​ဖက်​ဝင်​မှိုများ​ကို ​စ...
09/07/2021

ကြွက်နားရွက်မှိုစိုက်ပျိုးနည်း

သိပ္ပံ​နည်း​ကျ ​မှို စိုက်​ပျိုး​ရာ​တွင် ​စား​သုံး​မှို ​နှင့်​ဆေး​ဖက်​ဝင်​မှိုများ​ကို ​စိုက်​ပျိုး​ကြ​သည်။ ​စား​သုံး​မှိုများ​မှာ ​ငွေ​နှင်း​မှို၊ ​ငွေ​နား​မှို၊ ​ကြွက်​နား​ရွက်​မှို၊ ​ရှီ​တာ​ကီ​မှို၊ ​ကောက်​ရိုး​မှို ​အ​စ​ရှိ​သည်​တို့ ​ဖြစ်​ကြ​သည်။ ​သိ​ပွံနည်း​ကျ ​မှို​မွေး​မြူ ​စိုက်​ပျိုး​ရာ​တွင် ​မှိုမျိုး​တစ်​မျိုး​နှင့် ​တစ်​မျိုး ​ကွာ​ခြား​မှု ​သိပ်​မ​များ​ပေ။ ​မှို​မွေး​မြူ​စိုက်​ပျိုး​ရာ​တွင် ​ပြု​လုပ်​ရ​သည့် ​လုပ်​ငန်း ​အ​ဆင့် (၄)​ဆင့်​ရှိ​သည်။ ၎င်း​တို့​မှာ-

၁။ ​မှို​မျိုး​သန့်​မွေး​မြူ​ခြင်း
၂။ ​မှို​မျိုး​စေ့ / ​မှိုပွား​စာ ​ပြု​လုပ်​ခြင်း
၃။ ​မှိုစိုက်​ထုပ်​ပြု​လုပ်​ခြင်း ​နှင့်
၄။ ​မှိုစိုက်​ပျိုး​ခြင်း ​တို့​ဖြစ်​သည်။

​မှို​ကို ​စ​တင်​စိုက်​ပျိုး​သူ​များ ​အ​နေ​ဖြင့် ​အ​ဆင့် (၄) ​မှ ​စ​တင်​ပြီး ​ကျွမ်း​ကျင်​လာ​မှု​အ​ရ ​အ​ထက် ​အ​ဆင့်​များ​သို့ ​တစ်​ဆင့်​ပြီး​တစ်​ဆင့် ​တိုး​တက်​ လုပ်​ကိုင်​ သွား​ရ​မည်။ ​ယ​ခု​ဆောင်း​ပါး​တွင် ​အ​ဆင့်(၄) ​ကြွက်​နား​ရွက်​မှို​ စိုက်​ပျိုး​နည်း ​အ​ကြောင်း​ကို​သာ ​သီး​သန့်​ဖော်​ပြ​ သွား​ပါ​မည်။

​ကြွက်​နား​ရွက် ​မှို​စိုက်​ပျိုး​ရန်​အ​တွက် ​ရှေး​ဦး​စွာ ​မှိုစိုက်​ခန်း ​ပြင်​ဆင်​ရ​ပါ​မည်။ ​မိ​မိ​ စိုက်​ပျိုး​လို​သည့် ​မှို​စိုက်​ထုပ် ​အ​ရေ​အ​တွက်​ကို​ လိုက်​၍ ​အ​ခန်း​ကို ​ပြင်​ဆင်​ရ​ပါ​မည်။ ​သီး​သန့် ​မှို​စိုက်​ခန်း ​မ​ပြင်​ဆင်​နိုင်​သူ​များ​အ​တွက် ​မိ​မိ​အိမ်​ရှိ ​ရေ​ချိုး​ခန်း၊ ​အ​ခန်း​လွတ်​များ ​အ​သုံး​ပြု​နိုင်​ပါ​သည်။ သို့​ရာ​တွင် ​လေ​ဝင်​လေ​ထွက်​ကောင်း​ပြီး ​တိုက်​ရိုက် ​နေ​ရောင်​ခြည် ​မ​ကျ​သော ​အ​ခန်း​ဖြစ်​ရ​မည်။ ​အ​သစ်​ဆောက်​မည့်​သူ​များ​အ​တွက် ​သ​က္ကယ် ​သို့​မ​ဟုတ် ​ဓ​နိ​မိုး​ပြီး ​ထ​ရံ​ကာ ​အ​ဆောက်​အ​ဦး​သည် ​အ​သင့်​တော်​ဆုံး ​ဖြစ်​သည်။ ​အ​ခန်း ​ကြမ်း​ပြင်​ကို ​သဲ​ခင်း​ပေး​ရ​မည်။ (​ရေ​လောင်း​သော​အ​ခါ ​ဗွက်​ မ​ထ​စေ​ရန်​နှင့် ​အ​စို​ဓာတ်​ထိန်း​ရန် ​ဖြစ်​သည်။) ​အ​ထုပ်​များ​ထား​ရှိ​ စိုက်​ပျိုး​နိုင်​ရန် ​စင် ​သို့​မ​ဟုတ် ​တန်း​များ ​ထည့်​သွင်း​ထား​ရ​မည်။ ​စိုက်​ခန်း​ကို ​အ​ပူ​ချိန်၂၅​ဒီ​ဂ​ရီ ​မှ ၃၂​ဒီ​ဂ​ရီ ​နှင့် ​စို​ထိုင်း​ဆ ၈၀-၉၅ ​ရာ​ခိုင်​နှုန်း ​ရ​ရှိ​ရန် ​ပြု​လုပ်​ပေး​ရ​မည်။ ​သာ​မို​မီ​တာ ​တပ်​ဆင်​ထား​ပြီး ​ချိန်​ညှိ​နိုင်​သည်။ ​စိုက်​ခန်း ​ကြမ်း​ပြင် ​သဲ​ခင်း​အား ​ရေ​ဝ​အောင်​လောင်း​ထား​ ရ​မည်။

​စိုက်​ခန်း ​ပြင်​ဆင်​ပြီး​ပါ​က ​ကြွက်​နား​ရွက်​မှိုမျိုး​ ထည့်​သွင်း ​ရင့်​ကျက်​ထား​သော ​ကြွက်​နား​ရွက်​မှို ​ အ​ဆင်​သင့်​ စိုက်​ထုပ်​များ​ကို​ ဝယ်​ယူ​ရ​မည်။ ​ဝယ်​ယူ​ရ​ရှိ​လာ​သော ​မှိုစိုက်​ထုပ်​များ ​အ​ခန်း​နှင့်​လိုက်​လျော​ညီ​ထွေ ​တည်​ငြိမ်​လာ​အောင် ​အ​ခန်း​တွင်း​ထား​၍ ၂​ရက်​ခန့်​ အ​နား​ပေး​ရ​မည်။ ​ထို့​နောက် ​အ​ထုပ်​ထိပ်​ဝ​ကို ​ကြိုး​ဖြင့် ​တင်း​တင်း​စည်း​ပေး​ ရ​မည်။ ​ပြီး​လျှင် ​အ​ထုပ်​လေး​ဖက် ​လေး​တန် ​မျက်​နှာ​ပြင်​နှင့် ​အ​ထုပ်​ ဖင်​ခြေ​တို့​ကို ​ဓား​ခွဲ​ပေး​ရ​မည်။ ​မျက်​နှာ​ပြင်​ တစ်​ဖက်​တွင် ​ဓားချက်၂​ချက်​နှုန်း​ဖြင့် ​လေး​ဖက်​အ​တွက် ၈​ချက်​နှင့် ​ဖင်​ခြေ​အ​တွက် ၂​ချက် ​စု​စု​ပေါင်း ​တစ်​ထုပ်​အ​တွက် ​ဓားချက် ၁၀​ချက် ​ရှိ​ရ​မည်။ ​ဓားချက်​ အ​ရွယ်​မှာ ၁​လက်​မ​ခွဲ ​မှ ၂​လက်​မ ​ရှိ​ရ​မည်။ ​ဓား​ခွဲ​ရာ​တွင် ​မှို​ စိုက်​ထုပ်​၏ ​အ​ပေါ်​ယံ​ ပ​လပ်​စ​တစ်​သား ​ပြဲ​ရုံ​သာ ​ခွဲ​ရ​မည်။ (​စိုက်​ထုပ်​အ​တွင်း ​မှို​မျှင်​များ​ ရှိ​နေ​သော ​အ​တုံး​ထဲ ​ဓား ​မ​နစ်​စေ​ရန် ​သ​တိ​ပြု​ရ​မည်။) ​လေး​ဖက် ​လေး​တန် ​မျက်​နှာ​ပြင်​အား ​ဓား​ခွဲ​ရာ​တွင် ​ဓား​ချက် ​တစ်​ချက်​နှင့် ​တစ်​ချက် ​တေ့​ဆက်​ ပုံ​စံ​ဖြင့် ​ခပ်​စောင်း​စောင်း ​ခွဲ​ပေး​ရ​မည်။ ​ထို့​နောက် ​စိုက်​ထုပ်​များ​ကို ​ကြိုး​ဖြင့်​တွဲ​သီ​၍ ​စိုက်​ခန်း​အ​တွင်း ​စင် ​သို့​မ​ဟုတ် ​တန်း​များ​တွင်​တွဲ​လောင်း​ ချိတ်​ဆွဲ​ရ​မည်။

​အ​ထက်​ပါ​ အ​ဆင့်​များ​ပြီး​ဆုံး​ပါ​က ​တစ်​နေ့​လျှင် ​ရေ ၁-၂​ကြိမ်​လောင်း​ပေး​ ရ​မည်။ ​ရေ​ပိုက် ​အ​သုံး​ပြု​၍ ​လောင်း​နိုင်​သော်​လည်း ​ရေ​မှုန် ​ရေ​မွှား အ​ဖြစ်​လောင်း​ပေး​နိုင်​ပါ​က ​ပို​ကောင်း​သည်။ ​ရေ​စ​လောင်း​သည့်​အ​ချိန်​မှ ၁​ပတ်​အ​တွင်း ​မှို​စ​တင်​ ထွက်​ရှိ​နိုင်​ပြီး ၂​ပတ်​မှ ၃​ပတ်​အ​တွင်း ​ဆွတ်​ခူး​နိုင်​သည်။ ​မှို စိုက်​ထုပ်၁​ထုပ်​မှ ၂​ကြိမ်-၃​ကြိမ် ​ဆွတ်​ခူး​နိုင်​ပြီး ​မှို ​စိုက်​ထုပ်​မူ​လ ​အ​လေး​ချိန်​၏ ၃​ပုံ၁​ပုံ ​မှို ​ထွက်​ရ​ရှိ​မည်။ ​သ​တိ​ပြု​ရန်​မှာ ​ကြွက်​နား​ရွက်​ မှို​စိုက်​ပျိုး​ရန် ​မိုး​နှင့်​ဆောင်း​မှာ ​သင့်​တော်​ပြီး ​နွေ​ရာ​သီ​တွင် ​အ​ပူ​ချိန်​ကြောင့် ​အ​ဆင်​မ​ပြေ​နိုင်​ပါ။ ​နွေ​ရာ​သီ​တွင် ​မ​ဖြစ်​မ​နေ ​စိုက်​ပျိုး​မည်​ဆို​ပါ​က ​အ​ပူ​ချိန်​ကို ​အ​ထူး​ထိန်း​ချုပ် ​ပေး​ရ​ပါ​မည်။
Credit

မျိုးမင်း (တမာမြေ

Address

Buthidaung

Telephone

+959984779571

Website

Alerts

Be the first to know and let us send you an email when Moon Light Star - လရောင်ကြယ် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Moon Light Star - လရောင်ကြယ်:

Shortcuts

Share