Goal 365

Goal 365 သင့်ရဲ့အိမ်မက်တွေကိုအကောင်ထည်ဖော်ဖို့ Bago Sport 365 နဲ့လက်တွဲလိုက်ပါ။

၂၀၂၄ ကိုပါအမေရိကပြိုင်ပွဲ အုပ်စု (C) ပွဲစဉ်ပွဲပြီးရလဒ် ဥရုဂွေး 5-0 ဘိုလစ်ဗီးယား⚽ Pellistri 8' ⚽ Nunez 21' ⚽ M.Araujo 77'...
28/06/2024

၂၀၂၄ ကိုပါအမေရိကပြိုင်ပွဲ အုပ်စု (C) ပွဲစဉ်
ပွဲပြီးရလဒ်
ဥရုဂွေး 5-0 ဘိုလစ်ဗီးယား
⚽ Pellistri 8' ⚽ Nunez 21' ⚽ M.Araujo 77' ⚽ Valverde 81' ⚽ Bentacur 89'
ဘိုလစ်ဗီးယားကို ဂိုးပြတ်ခြေပြတ်နဲ့ အပြတ်အသတ် အနိုင်ယူပြီး ကွာတားဖိုင်နယ် တက်လှမ်းဖို့ လုံးဝ သေချာသွားတဲ့ ဥရုဂွေး
ဒီရလဒ်ကြောင့် အုပ်စုနောက်ဆုံးပွဲမှာ ဥရုဂွေးနဲ့ ရင်ဆိုင်ရမယ့် အမေရိကန်အတွက် အုပ်စုတက်ရေးဟာ ပိုအခက်တွေ့လာရဖို့ ရှိနေပါတယ်။

Euro 2024 News   အင်္ဂလန်အသင်းရဲ့ တိုက်စစ်ကစားသမား ဖေးလ် ဖိုဒန်ဟာ မိသားစုအရေးကိစ္စကြောင့် ယူရိုပြိုင်ပွဲ ဆင်နွဲနေတဲ့ အင်...
27/06/2024

Euro 2024 News
အင်္ဂလန်အသင်းရဲ့ တိုက်စစ်ကစားသမား ဖေးလ် ဖိုဒန်ဟာ မိသားစုအရေးကိစ္စကြောင့် ယူရိုပြိုင်ပွဲ ဆင်နွဲနေတဲ့ အင်္ဂလန်အသင်း camp ကနေ ယာယီထွက်ခွာခဲ့ပြီး ဗြိတိန်ဆီကို ပြန်သွားခဲ့ရတယ်လို့ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ကနေ အတည်ပြု ထုတ်ပြန်ထားပါတယ်။

ရော်နယ်ဒိုက တူရကီနဲ့ပွဲမှာ စီးခဲ့တဲ့ ဘောကန်ဖိနပ်ကို ဘရူနိုဖာနန်ဒက်စ်ဆီက ငှားဝတ်ခဲ့တယ်လို့ ဓာတ်ပုံမှတ်တမ်းတွေက ဖော်ပြလာတယ...
26/06/2024

ရော်နယ်ဒိုက တူရကီနဲ့ပွဲမှာ စီးခဲ့တဲ့ ဘောကန်ဖိနပ်ကို ဘရူနိုဖာနန်ဒက်စ်ဆီက ငှားဝတ်ခဲ့တယ်လို့ ဓာတ်ပုံမှတ်တမ်းတွေက ဖော်ပြလာတယ်။ ဘယ်လိုသိကြလဲဆိုတော့ အဲ့ဒီဖိနပ်မှာ ဘရူနိုဖာနန်ဒက်စ်ရဲ့ သမီးနာမည်ကို ရေးထိုးထားလို့။
အဲ့ဒါကြောင့်လည်း ဒီဖိနပ်က သေချာပေါက် ဘရူနိုရဲ့ဖိနပ်ပဲဖြစ်မယ်၊ ဒီပွဲမှာ ရော်နယ်ဒိုက ဘရူနိုဆီက ငှားစီးခဲ့တယ်ဆိုပြီး သုံးသပ်နေကြတာ။
ဒီပွဲရဲ့ဒုတိယပိုင်းမှာလည်း ရော်နယ်ဒိုက သူကန်ရင်တောင် ဂိုးနိုင်တဲ့ အပိုင်အခွင့်အရေးကို ဘရူနိုဖာနန်ဒက်စ် လွတ်လွတ်ကျွတ်ကျွတ် ဂိုးသွင်းနိုင်အောင် ဖန်ပေးခဲ့သေးတယ်။ သူ့ကို ဖိနပ်ငှားလို့ ဘရူနိုကို ကျေးဇူးပြန်ဆပ်လိုက်ပုံပါပဲ။






ယူရို ၂၀၂၄ ပြိုင်ပွဲ အုပ်စု (C) အုပ်စုနောက်ဆုံးပွဲစဥ် ပွဲပြီးရလဒ်အင်္ဂလန် 0-0 ဆလိုဗေးနီးယား ဒိန်းမတ် 0-0 ဆာဘီးယားအုပ်စုတ...
26/06/2024

ယူရို ၂၀၂၄ ပြိုင်ပွဲ အုပ်စု (C) အုပ်စုနောက်ဆုံးပွဲစဥ်
ပွဲပြီးရလဒ်
အင်္ဂလန် 0-0 ဆလိုဗေးနီးယား
ဒိန်းမတ် 0-0 ဆာဘီးယား
အုပ်စုတစ်ခုလုံးပေါင်းမှ သွင်းဂိုး (၇)ဂိုးတည်းရခဲ့တဲ့ အုပ်စုမှာ အင်္ဂလန်က ရမှတ်(၅)မှတ်တည်းနဲ့ အုပ်စုပထမနေရာကို ရရှိခဲ့ပါတယ်။

ဒိုမနစ် ဆိုဘော့ဇ်ဆလိုင်း (စစ်မှန်တဲ့ အသင်းခေါင်းဆောင်🫡)   ဟန်ဂေရီနဲ့ စကော့တလန်အသင်းတို့ရဲ့ ယူရို-၂၀၂၄ အုပ်စု(A) နောက်ဆုံ...
25/06/2024

ဒိုမနစ် ဆိုဘော့ဇ်ဆလိုင်း (စစ်မှန်တဲ့ အသင်းခေါင်းဆောင်🫡)
ဟန်ဂေရီနဲ့ စကော့တလန်အသင်းတို့ရဲ့ ယူရို-၂၀၂၄ အုပ်စု(A) နောက်ဆုံးပွဲ အုပ်စုတက်ရေး အဆုံးအဖြတ်ပွဲမှာ စကော့တလန် ဂိုးသမားဂန်းနဲ့ ဟန်ဂေရီ တိုက်စစ်ကစားသမား ဗာဂါတို့ ထိခိုက်မိရင်း ဗာဂါက အသက်အန္တရာယ်ပါ ရှိသွားနိုင်တဲ့အထိ တော်တော်လေး ပြင်းထန်တဲ့ ဝေဒနာ ခံစားသွားရရင်း ပစ်လဲကျသွားချိန်မှာ ဟန်ဂေရီ အသင်းခေါင်းဆောင် ဆိုဘော့ဇ်ဆလိုင်းက ဗာဂါကို ကွင်းထဲကနေ ဆေးရုံဆီ အလျင်အမြန် ပို့ဆောင်ဖို့အတွက် ထမ်းစင်နဲ့ သယ်သွားတဲ့ ဆေးအဖွဲ့ဝင်တွေနဲ့အတူ ထမ်းစင်ကို လျင်လျင်မြန်မြန် လိုက်သယ်ပေးရင်း ထိရောက်တဲ့ ဆေးကုသမှုတွေ အမြန်ဆုံး ခံယူရနိုင်အောင် ကူညီပေးနိုင်ခဲ့ပါတယ်။
ဒါ့အပြင် ဟန်ဂေရီက နောက်ဆုံးမိနစ် သွင်းဂိုးကို သွင်းယူလိုက်ပြီး နိုင်ပွဲရသွားချိန်မှာလည်း ဆိုဘော့ဇ်ဆလိုင်းက သူကိုယ်တိုင် ဗာဂါရဲ့ ဂျာစီနဲ့ အောင်ပွဲခံခဲ့ရင်း သူ့အသင်းဖော်ဆီကို အားပေးမှုတွေ လုပ်ဆောင်သွားခဲ့ပါတယ်။

ယူရို ၂၀၂၄ ပြိုင်ပွဲ အုပ်စု (F) ပွဲစဥ် (၂)ပွဲပြီးရလဒ်ပေါ်တူဂီ 3-0 တူရကီ⚽ B.Silva 21' ⚽ Akaydin (og)29' ⚽ B.Fernandes 56'...
23/06/2024

ယူရို ၂၀၂၄ ပြိုင်ပွဲ အုပ်စု (F) ပွဲစဥ် (၂)
ပွဲပြီးရလဒ်
ပေါ်တူဂီ 3-0 တူရကီ
⚽ B.Silva 21' ⚽ Akaydin (og)29' ⚽ B.Fernandes 56'
တူရကီကို ဂိုးပြတ် အနိုင်ယူပြီး ရှုံးထွက် (၁၆)သင်းအဆင့်ဆီ တက်လှမ်းသွားခဲ့တဲ့ ပေါ်တူဂီ
GOAT ကြီး ရော်နယ်လ်ဒိုကတော့ ဖာနန်ဒက်စ်ရဲ့ ဂိုးကို ဖန်တီးပေးခဲ့ပြီးနောက် ယူရိုပြိုင်ပွဲရဲ့ ဂိုးဖန်တီးမှု အများဆုံး ကစားသမားပါ ဖြစ်လာခဲ့ပါတယ်





တစ်ကိုယ်ကောင်းဆန်တဲ့ဆိုတဲ့ လူကြီးပေါ့ ❤️လူကျွံထောင်ချောက်ကိုကျော်ဖြတ်ပြီး တစ်ယောက်ချင်းအနေအထားမှာ ဘရူနိုကို ဖန်တီးပေးခဲ့...
23/06/2024

တစ်ကိုယ်ကောင်းဆန်တဲ့ဆိုတဲ့ လူကြီးပေါ့ ❤️
လူကျွံထောင်ချောက်ကိုကျော်ဖြတ်ပြီး တစ်ယောက်ချင်းအနေအထားမှာ ဘရူနိုကို ဖန်တီးပေးခဲ့တယ် 🎯




ယူရို ၂၀၂၄ ပြိုင်ပွဲ အုပ်စု(D) ပွဲစဥ် (၂)ပွဲပြီးရလဒ်ပြင်သစ် 0-0 နယ်သာလန်ပြင်သစ်နဲ့ နယ်သာလန်တို့ပွဲက ယူရို ၂၀၂၄ပြိုင်ပွဲရ...
22/06/2024

ယူရို ၂၀၂၄ ပြိုင်ပွဲ အုပ်စု(D) ပွဲစဥ် (၂)
ပွဲပြီးရလဒ်
ပြင်သစ် 0-0 နယ်သာလန်
ပြင်သစ်နဲ့ နယ်သာလန်တို့ပွဲက ယူရို ၂၀၂၄ပြိုင်ပွဲရဲ့ ပထမဆုံး ဂိုးမရှိသရေပွဲအဖြစ် အဆုံးသတ်ခဲ့ပြီးနောက် ပြင်သစ် နယ်သာလန်တို့အုပ်စုထဲက တစ်မှတ်မှ မရသေးတဲ့ ပိုလန်အသင်းဟာလည်း ယူရို ၂၀၂၄ပြိုင်ပွဲမှာ အုပ်စုနဲ့ပဲ ကျေနပ်လိုက်ရတဲ့ ပထမဆုံးအသင်းပါ ဖြစ်လာခဲ့ပါပြီ။





-Training မှာတွေ့ရတဲ့ ဂုတ်ကြီးရဲ့ ပုံရိပ်များ...-ဒီဘဲကြီး သူ့ရဲ့ နောက်ဆုံး Euro ပြိုင်ပွဲကြီးကို ပျော်ပျော်နဲ့ အဆုံးသတ်ဖ...
21/06/2024

-Training မှာတွေ့ရတဲ့ ဂုတ်ကြီးရဲ့ ပုံရိပ်များ...
-ဒီဘဲကြီး သူ့ရဲ့ နောက်ဆုံး Euro ပြိုင်ပွဲကြီးကို ပျော်ပျော်နဲ့ အဆုံးသတ်ဖို လုပ်နေတာဖြစ်မယ်...
-ဘာပဲဖြစ်ဖြစ်ပါ သူပျော်နေရင်ပဲ ကျေနပ်နေပါပီ...





၂၀၂၄ ကိုပါအမေရိကပြိုင်ပွဲ အုပ်စု (A)ပွဲစဥ်ပွဲပြီးရလဒ်အာဂျင်တီးနား 2-0 ကနေဒါ⚽ Alvarez 49' ⚽ La.Martinez 88'ဒုတိယပိုင်း သွ...
21/06/2024

၂၀၂၄ ကိုပါအမေရိကပြိုင်ပွဲ အုပ်စု (A)ပွဲစဥ်
ပွဲပြီးရလဒ်
အာဂျင်တီးနား 2-0 ကနေဒါ
⚽ Alvarez 49' ⚽ La.Martinez 88'
ဒုတိယပိုင်း သွင်းဂိုးများနဲ့ ကနေဒါကို ဂိုးပြတ် အနိုင်ယူပြီး တာထွက်ကောင်းခဲ့တဲ့ လက်ရှိချန်ပီယံ အာဂျင်တီးနား
ကိုပါအမေရိက ပြိုင်ပွဲသမိုင်းတစ်လျှောက် ပွဲအများဆုံး ကစားသူအဖြစ် စံချိန်သစ်တင်နိုင်ခဲ့တဲ့ မက်ဆီကတော့ မာတီနက်ဇ်ရဲ့ သွင်းဂိုးကို ဖန်တီးပေးသွားနိုင်ခဲ့ပါတယ်

ဟော်တယ်နောက်မှာလာစောင့်တဲ့ ပရိသ-တ်တွေအတွက် ချုံတွေကြားထဲကနေဖြတ်ပြီး အမှတ်တရဓါတ်ပုံရိုက်ပေးခဲ့တဲ့ ရော်နယ်ဒို ❤️📸 တချို့ကတ...
20/06/2024

ဟော်တယ်နောက်မှာလာစောင့်တဲ့ ပရိသ-တ်တွေအတွက် ချုံတွေကြားထဲကနေဖြတ်ပြီး အမှတ်တရဓါတ်ပုံရိုက်ပေးခဲ့တဲ့ ရော်နယ်ဒို ❤️📸

တချို့ကတော့ ဒီဘဲကြီးကို မာနကြီးတယ်တဲ့ဗျာ...


ဟန်ဂေရီနဲ့ပွဲက တိုနီခရူးစ်ဟာ ယူရိုပြိုင်ပွဲသမိုင်းမှာ ပီယာလိုနဲ့အတူတူ တစ်ပွဲတည်းဘောလုံးပေးပိုနိုင်မှု ဒုတိယအများဆုံးကစား...
20/06/2024

ဟန်ဂေရီနဲ့ပွဲက တိုနီခရူးစ်ဟာ ယူရိုပြိုင်ပွဲသမိုင်းမှာ ပီယာလိုနဲ့အတူတူ တစ်ပွဲတည်းဘောလုံးပေးပိုနိုင်မှု ဒုတိယအများဆုံးကစားသမားဖြစ်လာပါတယ်။ (၁၃၁ ကြိမ်) ✨

ဒီလို ခြေစွမ်းကောင်းကောင်းကြီးနဲ့ အနားယူသွားမှာကတော့ တကယ့်နှမြောစရာပါဘဲ။






Address

Bago

Alerts

Be the first to know and let us send you an email when Goal 365 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share