21/11/2022
ဝိတ်လျှော့နေတဲ့ လူအများစု က
သူတို့ကို ကြက်ဥစားခိုင်းရင် အရမ်းလန့်ကြပါတယ်
ကြက်ဥက အရမ်းဝတယ်ဆိုပြီး။
တကယ်တော့ ကြက်ဥပြုတ် တစ်လုံးမှာပါတဲ့
ကယ်လိုရီ ပမာဏ ပာာ 75 ပဲ ရှိပါတယ်။ Protein ဓါတ် အဓိက ပါ လို့ Gym ကစားနေတဲ့ သူတွေ အတွက်ကော ကလေးများ အတွက်ပါ အလွန် အသုံးဝင်တဲ့ အစားအစာတစ်ခုပါ။
ပြီးတော့ ကြက်ဥ အနှစ်မှာပါတဲ့ Vitamins and Minerals တွေ က တန်ဖိုးမဖြတ်နိုင်ပါဘူး။ အသေးစိတ်ပြောရရင် ကြက်ဥတစ်လုံးမှာ
ဗီတာမင် A,D, B12,B6 အပြင် Magnesium,
သံဓါတ် နဲ့ Calcium ထုံးဓါတ်တွေ လည်း ပါပါတယ်
- သာမာန် လူတစ်ယောက် အတွက် ကတော့ တစ်နေ့ကို ကြက်ဥနှစ်လုံးစားပေးတာပာ ကျန်းမာရေးကို များစွာ အထောက်အကူဖြစ်စေပါတယ်။
- ဝိတ်လျော့နေတဲ့ လူတွေ အတွက်ကလည်း မနက် ကြက်ဥ တစ်လုံး မနက်စာ မှာ ရောစားတာ ညနေပိုင်း ကြက်ဥ တစ်လုံးစားပေး ခြင်းဖြင့် အဆာခံ နိုင်တဲ့ အပြင် ကယ်လိုရီလည်း သိပ်မတက် တော့ ဝိတ်လည်း အလွယ် တကူ ကျစေပါတယ်။
- Gym ဆော့နေတဲ့ သူတွေ အနေ ကလည်း ကြက်ဥ နှစ်လုံး ကို အနှစ်ပါစားပေး ပြီး နောက်ထပ် လေးလုံး ကို အကာ တွေချည်း စားပေးခြင်းဖြင့် လည်း ပရိုတင်း ဓါတ် ပြည့်ဝ ပြီး muscle build အတွက် အရမ်း အသုံးဝင်ပါတယ်။ ကြက်ဥတစ်လုံး မှာ protein 6 g ပါဝင်ပါတယ်။ အခု လူအများစုသောက်နေတဲ့ Protein Supplement Powder ၂ ဇွန်းမှာ protein 20 g ပါဝင်ပါတယ်။ ကြက်ဥ ကို နည်းမှန် လမ်း မှန် စားပေးခြင်းဖြင့် စျေးကြီးပေးဝယ်သောက် နေရတဲ့ protein supplements တွေ သောက်စရာ မလိုပါဘူး။
မှတ်ချက် - ပြောထားသော ကယ်လိုရီ ပမာဏ သည် ကြက်ဥပြုတ် ကို သာ ရည်ရွယ်ပါသည်။ ကြက်ဥကြော် ကြက်ဥပာင်း တွေ ကတော့ အသုံးပြု တဲ့ ဆီပမာဏ ပေါ် မူတည်ပြီး ကယ်လိုရီ ပမာဏ ကွာသွားပါမယ်💕
ဒေါက်တာ ညီညီကျော်
Crd