Burma Blaugrana Blog

Burma Blaugrana Blog Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Burma Blaugrana Blog, Sport & recreation, Bago.

What happens in Barcelona… 👀 Victor Roque 🐯 is here!!!!ကျနော်တို့တွေ လနဲ့ချီပြီး မျှော်လင့်နေတဲ့ Roque တယောက် နောက်ဆုံးမ...
27/12/2023

What happens in Barcelona… 👀
Victor Roque 🐯 is here!!!!

ကျနော်တို့တွေ လနဲ့ချီပြီး မျှော်လင့်နေတဲ့ Roque တယောက် နောက်ဆုံးမှာတော့ ဒီ January Transfer မှာတင် အသင်းထံ ရောက်ရှိလာခဲ့ပါပြီ။

အသက်အားဖြင့် ၁၈ နှစ်အရွယ်၊ တိုက်စစ်မှူးစစ်စစ်၊ နောက်ပြီး ဘရာဇီးသား ကောင်လေးဆီက ရေရှည်အားကိုးနိုင်မယ့် စွမ်းဆောင်ရည်မျိုး မျှော်လင့်မိတယ်ဆိုရင် လွန်ရာကျမလား ? ဒါတွေကို အချိန်လေးတခုအရောက် timing ကျဖို့တော့ ဖေးကူရမှာပေါ့လေ နောက်ပြီး လက်ရှိ အသင်းရဲ့ တိုက်စစ်ပိုင်းမှာ တဦးတည်းရုန်းကန်နေရတဲ့ Lewan နဲ့လည်း အပြိုင် ပွဲထွက်ခွင့် ချိန်းခြောက်လာဖို့တော့ သေချာပေါက်ရှိလာမှာမို့ Xavi အတွက်လည်း နောက် ရွေးချယ်စရာကောင်းတခုဖြစ်လာမလား ?

ဒါတွေကို Roque တယောက် ဘယ်လိုဖြေပေးသွားမလဲ စောင့်ကြည့်ကြတာပေါ့လေ

ကနဦးထွက်ရှိလာတဲ့ စာချုပ်ပါအချက်အလက်တွေကတော့

🔴 2030/31 ရာသီအထိ စာချုပ်သက်တမ်း
🔵 စာချုပ်ဖျက်သိမ်းကြေး - သန်း 500
🔴 တသမတ် ပြောင်းရွေ့ကြေး - သန်း 30
🔵 စွမ်းဆောင်ရည်၊ သွင်းဂိုး၊ ဆုဖလားပေါ် အပိုဆုကြေး - 26 သန်း
🔴 𝐁𝐚𝐥𝐥𝐨𝐧 𝐝’𝐎𝐫 ဆု top 3 ဝင်ရင် အပိုဆုကြေး - 5 သန်း

( ဘာစီလိုနာအခြေစိုက် Mundo Deportivoနဲ့ Roque တို့တွေ လွန်ခဲ့တဲ့ ၂ လလောက်က လုပ်ထားတဲ့ interview လေးတခုရှိပါတယ် မကြာခင် တင်ပေးသွားပါမယ် )


Alex Balde 🔥⚡အသက် ၁၈ နှစ်အရွယ် ကောင်လေးတယောက်ဟာ သူပွဲထွက်ခွင့်ရတဲ့ ၅ ပွဲကစားအပြီးမှာ ဖန်တီးမှု ၃ ကြိမ် လုပ်ထားနိုင်ခဲ့ပါ...
18/09/2022

Alex Balde 🔥⚡

အသက် ၁၈ နှစ်အရွယ် ကောင်လေးတယောက်ဟာ သူပွဲထွက်ခွင့်ရတဲ့ ၅ ပွဲကစားအပြီးမှာ ဖန်တီးမှု ၃ ကြိမ် လုပ်ထားနိုင်ခဲ့ပါတယ်

ရှေ့နောက် အတက်ဆင်းမှန်မှန်နဲ့ ကစားနိုင်တဲ့ အဲ့ဒီကောင်လေးဟာ ကျနော်တို့ လာမစီယာထုတ်ကုန်စစ်စစ်လဲ ဖြစ်ပါတယ်တဲ့ဗျာ

နည်းပြ Xavi ရဲ့ အပြည့်အဝယုံကြည်မှုတွေနဲ့ အတူ Balde တယောက် ပရိသတ်တွေရဲ့ရင်ထဲ ဘယ်လောက်ထိ တိုးဝင်လာနိုင်မလဲဆိုတာ အတူတူစောင့်ကြည့်ကြတာပေါ့ ❤

မနှစ်ကတင်ထားခဲ့ဖူးတဲ့" နူးကမ့်မြက်ခင်းပေါ်သို့ တကျော့ပြန် လာမစီယာလား" post ကို ဒီမှာပြန်ခံစားနိုင်ပါတယ်

https://m.facebook.com/story.php?story_fbid=109478831421784&id=105120361857631

Dani Alves 🤩🤘မနေ့ကထရိန်နင်မတိုင်ခင် Dani Alves ရဲ့ စကားသံများ 💬" ဒီမှာရှိရတာ ကျေနပ်စရာပဲကွာ ဒီလောက်နှစ်တွေကြာပြီးမှ ဒီကိ...
16/11/2021

Dani Alves 🤩🤘
မနေ့ကထရိန်နင်မတိုင်ခင် Dani Alves ရဲ့ စကားသံများ 💬

" ဒီမှာရှိရတာ ကျေနပ်စရာပဲကွာ ဒီလောက်နှစ်တွေကြာပြီးမှ ဒီကိုပြန်လာရတာ ငါ့အတွက် ဂုဏ်ယူမိတယ် မင်းတို့နဲ့အတူ အချိန်တွေမျှဝေကုန်ဆုံးဖို့ မင်းတို့ဆီကလည်း သင်ယူစရာတွေ သင်ယူနိုင်ဖို့ကော ဒီကိုရောက်လာခဲ့တာပေါ့ ဒါပေမယ့် ဒီလူအိုကြီးဆီမှလဲ မင်းတို့ အများကြီးလေ့လာနိုင်ပါတယ်ကွာ "

" ဒီလောက်နှစ်များစွာ အဝေးရောက်နေတဲ့ ငါ့အတွက်တောင် ဒီကလပ် ဒီဂျာစီဟာ ဘာကိုရည်ညွှန်းတယ်ဆိုတာ အမြဲသိနေပြီးသားလေ ဘဝမှာရှင်သန်ဖို့ ကြီးကျယ်တဲ့အရာတွေလုပ်ဖို့ ဒီနေရာဟာ အကောင်းဆုံးနေရာပဲဆိုတာ ငါရှာတွေ့ခဲ့တာကြာပြီ ဒီမှာရှိနေတဲ့ မင်းတို့ဟာလည်း အဲဒါကို တန်ဖိုးထားရမယ် ဘာလို့လဲသိလား ဒီနေရာထက် ပိုကောင်းတဲ့နေရာ မရှိလို့ပဲ "

" ဒီမှာမင်းတို့နဲ့ဆုံရတာ ကျေနပ်စရာပဲဟေး ငါတို့ ပိုကောင်းတဲ့အရာတွေ လုပ်ပြကြမယ် ဒီကလပ်ကိုက ကြီးကျယ်ခမ်းနားတဲ့အရာတွေ လုပ်ဖို့ တည်ထောင်ထားတာကိုး "

Special Thanks to Vice-Captain 🔴🔵🔹 ဒီနေ့မှာတော့ အသင်းဟာ Memphis,  Eric Garcia နဲ့ Manaj တို့ကို လာလီဂါမှာ တရားဝင်မှတ်ပုံ...
14/08/2021

Special Thanks to Vice-Captain 🔴🔵

🔹 ဒီနေ့မှာတော့ အသင်းဟာ Memphis, Eric Garcia နဲ့ Manaj တို့ကို လာလီဂါမှာ တရားဝင်မှတ်ပုံတင်နိုင်ခဲ့ပါပြီ

🔹 ဒီလိုလုပ်နိုင်ဖို့အတွက် Pique တယောက် သူ့ရဲ့လစာကို သိသိသာသာလျော့ယူပေးခဲ့တာပါတဲ့

Pedri , Eric Garcia နဲ့ Mingueza တို့ဟာ ဒီနေ့မှာပဲ အသင်းနဲ့ လာပူးပေါင်းလိုက်ပါပြီ 💙❤
11/08/2021

Pedri , Eric Garcia နဲ့ Mingueza တို့ဟာ ဒီနေ့မှာပဲ အသင်းနဲ့ လာပူးပေါင်းလိုက်ပါပြီ 💙❤

Gerard Pique 💬" Lionel Messi မပါတဲ့ ဘာစီလိုနာဟာ ဘာစီလိုနာဖြစ်မနေတော့ပါဘူး " " အမြဲတမ်း အကောင်းဆုံးကစားသမား ထွက်ခွာသွားတဲ...
11/08/2021

Gerard Pique 💬

" Lionel Messi မပါတဲ့ ဘာစီလိုနာဟာ ဘာစီလိုနာဖြစ်မနေတော့ပါဘူး "

" အမြဲတမ်း အကောင်းဆုံးကစားသမား ထွက်ခွာသွားတဲ့အခါ ခင်ဗျားဟာ မှော်အစွမ်းတွေ၊ သူမတူတဲ့ပါရမီတွေ ပြည့်နှက်နေတဲ့ ဘက်ခြမ်းမှာ ရှိမနေတော့ပါဘူး "

" ဂိုးတွေ အများကြီးသွင်းပေးမယ့် အများကြီးဖန်တီးပေးမယ့်သူ၊ အဲ့လို အရေးကြီးတဲ့ တိုက်စစ်ကစားသမားတယောက်ကို ဆုံးရှုံးလိုက်ရပေမယ့် ခင်ဗျား ဆက်ယှဉ်ပြိုင်နေဖို့လိုပါတယ် "

" Leo မရှိရင် ကျနော်တို့က အရမ်းအရေးကြီးတဲ့အစိတ်အပိုင်းကို ဆုံးရှုံးလိမ့်မယ်ဆိုတာ သိပါတယ် သူဟာ သမိုင်းတစ်လျှောက်အကောင်းဆုံးကစားသမားပါ သူလုပ်ပြခဲ့တဲ့အဆင့်အထိ ကျနော်တို့က ထက်ထက်မြက်မြက် လုပ်လာနိုင်မှာမဟုတ်ပါဘူး ဒါပေမယ့် အသင်းကတော့ တခြားကဏ္ဍတွေမှာ ကြီးထွားလာဖို့ ရှိပါတယ် "

" ပိုပြီးတာဝန်ယူမှုတွေနဲ့အတူ အရေးကြီးကဏ္ဍတွေကို ထမ်းဆောင်ရမယ့်ကစားသမားတွေတော့ ရှိပါတယ် အဆုံးမှာ ကျနော်တို့ယှဉ်ပြိုင်ဖို့အသင့်ဖြစ်နေပြီး အနိုင်ရဖို့ ကြိုးစားနေရပါမယ် "

" ဒါက အထူးသဖြင့် သူနှင့် အချိန်များစွာကုန်ဆုံးခဲ့တဲ့ ကျနော်တို့အတွက်တော့ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုကို ပိုခံစားရစေပါတယ် ကျနော်တို့နဲ့ထပ်တူ သူ့ကိုလဲ နာကျင်စေမှာ အမှန်ပါပဲ "

" ဘောလုံးမှာ အဲ့ဒါက သိသာထင်ရှားပါတယ် ခင်ဗျားက
အချိန်တိုင်းရဲ့ အကောင်းဆုံးကစားသမားအကြောင်းပြောနေတာပါ အသင်းကတော့ အစားထိုးမှုတွေလုပ်လိမ့်မယ်လို့ ထင်ပါတယ် "

" အသင်းမှာ အရည်အချင်းရှိတဲ့ ကစားသမားတွေ အများကြီးရှိပါသေးတယ် အခုဖြစ်ပျက်သွားတဲ့အရာက အသင်းသားတွေကို တစုတစည်းထဲ ပိုဖြစ်စေလိုက်ပါတယ် ကိစ္စတွေဟာ ပြီးမြောက်သွားမှာပါ ကျနော်တို့က ဘာစီလိုနာပါ အဆုံးမှာတော့ ကျနော်တို့ဟာ ဖလားတွေအတွက် အမြဲတိုက်ပွဲဝင်နေရမှာပါ "

ဒါ့အပြင် Pique က အသင်း၏ပရိသတ်များမှ ဗဟိုခံစစ်ကစားသမား Samuel Umtiti ကို ဦးတည်သော လှောင်ပြောင်တဲ့ကိစ္စတွေနဲ့ ပတ်သတ်ပြီး ဖြေရှင်းလိုက်ပါတယ်

" အဲ့ဒါက အရမ်းရှုပ်ထွေးတဲ့ အခြေအနေတခုပါ လူတွေဟာသူတို့ကိုယ်သူတို့ မှန်တယ်ထင်တာ ထုတ်ဖော်ပြောဆိုပိုင်ခွင့်ရှိပါတယ် ဒါပေမယ့် ကျနော်တို့သာ သူတို့ရဲ့အခြေအနေမှာဆိုရင်ကော ဘာအတွက်ဒီလိုလုပ်ရမှာလဲ ? ဘာအတွက် လက်မှတ်ထိုးပေးလိုက်ရမှာလဲ ? ဆိုတာတွေမှာ အခြေအနေကိုယ်စီ ရှိနေကြမှာပါပဲ တခြားတဖက်မှာ ကိုယ့်ပြဿနာတွေနဲ့ အတူပေါ့ "

" ဘာဘဲဖြစ်ဖြစ် သူတို့လဲ အသင်းကို အလုပ်အကျွေးပြုနေတဲ့သူတွေပါပဲ အခုအခြေအနေတွေက ပိုရှုပ်ထွေးပါတယ် လူတွေက သူတို့ကို ဘယ်လောက်တင်းနေကြလဲ ကျနော်နားလည်ပါတယ် ဒါပေမယ့် ကျနော်ပြောချင်တာကတော့ အားလုံးကို တတန်းတည်း ဆက်ဆံပေးဖို့ပါ "

" အသင်းကို ကူညီပေးပါ ကျနော်တို့ဟာ အခုထက် အသင်းဖန်တွေ အများကြီးလိုအပ်တဲ့ ခေတ်သစ်တခုကို ရောက်နေပါပြီ ခင်ဗျားတို့ ဘယ်လောက်ပဲ စိတ်ပျက်နေကြပါစေ လှောင်ရယ်သံတွေကတော့ အကူအညီမဖြစ်ပါဘူး "

မက်ဆီပြီးရင် Pique တယောက်သာလျှင် လစာငွေလျော့ယူဖို့ plan ကို လက်ခံထားတာလို့ Espai Barca Commmision အမြဲတမ်းအဖွဲဝင် Jaume Llopis ရဲ့အဆိုအရ ထပ်သိရပါတယ်

Jersey Numbers 🔟မနေ့က Joan Gamper ဖလားပွဲမစခင်မှာပဲ အသင်းရဲ့ကစားသမားတချို့ကို ဂျာစီနံပါတ်တွေနဲ့ အတူ မိတ်ဆက်ပြခဲ့ပါတယ် ဒီ...
10/08/2021

Jersey Numbers 🔟

မနေ့က Joan Gamper ဖလားပွဲမစခင်မှာပဲ အသင်းရဲ့ကစားသမားတချို့ကို ဂျာစီနံပါတ်တွေနဲ့ အတူ မိတ်ဆက်ပြခဲ့ပါတယ် ဒီရာသီမှာခေါ်ယူထားတဲ့ Depay, Emerson တို့ကို တရားဝင်ဂျာစီနံပါတ်တွေ သတ်မှတ်ပေးခဲ့သလို အသင်းရဲ့ လူငယ်တချို့မှာလဲ အပြောင်းအ
လဲ ဖြစ်ခဲ့ပါတယ်

Memphis 🔵 9 🔴
Emerson 🔵 22 🔴
Ansu Fati 🔵 17 🔴
Riqui Puig 🔵 6 🔴
Braithwaite 🔵12🔴

အဆိုပါကစားသမားတွေဟာ ဒီရာသီမှာ အဲ့ဒီနံပါတ်တွေအတိုင်း ဝတ်ဆင်ကစားသွားမှာပါ အခုနံပါတ်တွေသာ အသင်းက official ကြေညာသေးတာဖြစ်ပြီး Leo Messi ရဲ့ legendary number ဖြစ်တဲ့ 10 ကိုတော့ ဘယ်သူဆက်ခံသွားမလဲဆိုတာ ရင်ခုန်စောင့်စားရမှာပဲဖြစ်ပါတယ်

Jordi Alba ©Jordi Alba ကတော့ အသင်းရဲ့ 4 ယောက်မြောက် အသင်းခေါင်း ဆောင် ဖြစ်လာခဲ့ပါပြီ အဆိုပါဘယ်နောက်ခံလူဟာ ဂိုးသမား Ter S...
09/08/2021

Jordi Alba Š

Jordi Alba ကတော့ အသင်းရဲ့ 4 ယောက်မြောက် အသင်းခေါင်း ဆောင် ဖြစ်လာခဲ့ပါပြီ အဆိုပါဘယ်နောက်ခံလူဟာ ဂိုးသမား Ter Stegen ကိုကျော်ပြီး ခန့်အပ်ခြင်းခံလိုက်ရတာပဲ ဖြစ်ပါတယ်

မနေ့က အသင်းနဲ့လမ်းခွဲသွားခဲ့ရတဲ့ Leo Messi ရဲ့ Captain လက်ပတ်ကို ဒုခေါင်းဆောင်ဖြစ်တဲ့ Sergio Busquets က
လက်ဆင့်ကမ်းရရှိခဲ့ပါတယ် ဒါကြောင့် ခုရာသီမှာတော့ Busi က Captain အဖြစ် ဦး‎ဆောင်သွားမှာဖြစ်ပြီး သူရဲ့နောက်မှာတော့ Pique, Sergi Roberto နဲ့ Jordi Alba တို့က အသီးသီး တာဝန်ယူသွားကြမှာပါ

Joan Gamper ဖလား Juventus နဲ့ နိုင်ပွဲအပြီး  Koeman 💬 "ကျနော်တို့က အသင်းအတွက်အကောင်းဆုံးကိုလိုချင်ကြတာပဲ ဒါပေမယ့် စာမျက်...
09/08/2021

Joan Gamper ဖလား Juventus နဲ့ နိုင်ပွဲအပြီး

Koeman 💬

"ကျနော်တို့က အသင်းအတွက်အကောင်းဆုံးကိုလိုချင်ကြတာပဲ ဒါပေမယ့် စာမျက်နှာကို နောက်တစ်ရွက်လှန်ပြီး လက်ခံရမယ်
ကျနော်တို့ဟာ Leo မပါသော်လဲဘဲ ကောင်းတဲ့အသင်းဖြစ်တယ်ဆိုတာကိုပြရမယ် "

"ခံစစ်ကောင်းတယ်လို့ နာမည်ကြီးတဲ့ အသင်းတစ်သင်းနဲ့ကစားရတာလေ ကစားပုံနဲ့ရလဒ်အတွက် ကျွန်တော်ပျော်ပါတယ်။ "

"Demir ဟာ ကြီးမားတဲ့အရည်အချင်းရှိသူဖြစ်သလို အသင်းအတွက်တော့ အရေးပါတဲ့လူငယ်ကစားသမားတွေထဲကတစ်ယောက်ပါ "

"Griezmann က ဒီနေ့သူ့နေရာမှာ အရမ်းကောင်းပါတယ်"

"ကျနော်တို့က ကမ္ဘာ့အကောင်းဆုံးကစားသမားကိုအမြဲလွမ်းနေရတော့မယ် ကျနော်တို့ပိုပြီး တိုးတက်နေဖို့လဲလိုတယ် အရင်လို မက်ဆီသွင်းယူပေးမယ့်ဂိုးတွေ မရှိတော့ဘူးလေ ကျနော်တို့ လူငယ်ကစားသမားတွေကို အခွင့်အရေးများများပေးမယ် ပြီးတော့ Memphis လိုတိုက်စစ်မှူးသစ်တွေလဲ ရှိပါသေးတယ် "

"ကွင်းလယ်ကစားသမားတွေပါ ဂိုးတွေများများသွင်းရမယ် လူစာရင်းအလိုက် ကျနော်တို့ တိုးတက်ဖို့လိုတယ် ရှေ့လျှောက် Leo မပါဘဲလုပ်ရတော့မှာ ဒါကိုလက်ခံရလိမ့်မယ် ကျန်ကစားသမားတွေကိုလဲ အချိန်နည်းနည်းပိုပေးရပါမယ် သူတို့မှာလဲ အနာဂတ်တွေရှိပါတယ်။ "

🐐 ရဲ့ နောက်ဆုံး နှုတ်ဆက်စကားများ 💙💔" ဒီရက်ပိုင်းတွေမှာ ကျနော်ဘာပြောနိုင်မလဲဆိုတာကို စဉ်းစားနေခဲ့တယ်၊ သေချာတာက ကျနော် ဘာက...
08/08/2021

🐐 ရဲ့ နောက်ဆုံး နှုတ်ဆက်စကားများ 💙💔

" ဒီရက်ပိုင်းတွေမှာ ကျနော်ဘာပြောနိုင်မလဲဆိုတာကို စဉ်းစားနေခဲ့တယ်၊ သေချာတာက ကျနော် ဘာကိုမှမတွေးနိုင်ဘူး၊ ဒါကကျနော့်အတွက်အရမ်းခက်ခဲပါတယ်၊ ကျနော် ဒီမှာ တစ်သက်လုံးရှိနေချင်ခဲ့တာ ကျနော် ဒီအတွက်အဆင်သင့်မဖြစ်သေးဘူး "

"ကျနော်ရော မိသားစုရောက ဒီမှာရှိတဲ့ကျနော်တို့အိမ်မှာ ဆက်ရှိသွားလိမ့်မယ်လို့ ယုံကြည်ခဲ့ကြတယ် ကျနော်တို့ ဘာစီလိုနာမှာ ဆက်နေမယ်လို့ တွေးထားခဲ့ကြတာ "

"ဒီနေ့မှာတော့ ဒီအရာအားလုံးကို နှုတ်ဆက်ရတော့မယ် ကျနော် အသက်၁၃ နှစ်အရွယ်ကလိုပဲ ခု ၂၁ နှစ်အကြာမှာတော့ ကျနော့်မိန်းမနဲ့ ကလေးသုံးယောက်နဲ့အတူ ထွက်သွားရတော့မယ် ဒါမဲ့ ဒီမှာက ကျနော်တို့အိမ်ပါ "

"နှစ်အနည်းငယ်အကြာမှာ ကျနော်တို့ဒီကိုပြန်လာမယ်ဆိုတာ သံသယဖြစ်စရာမလိုပါဘူး ဒါကျနော်တို့အိမ်ပဲ "

"လူအတော်များများ ကျနော့်ကိုပြခဲ့တဲ့ သူတို့ရဲ့ဂရုစိုက်မှုအတွက် အရမ်းကျေးဇူးတင်ပါတယ်"

"ဒီကပ်ရောဂါကြောင့် မနှစ်က ကျနော်တို့တွေ ပရိသတ်နဲ့ကစားခွင့်မရခဲ့ဘူး ကျနော် ပရိတ်သတ်တွေကိုမတွေ့ရတာတစ်နှစ်ခွဲလောက်ရှိပြီ ခုကျ ဒီအသင်းကနေ ထွက်သွားရတော့မယ် တကယ်တော့ ခုလိုမဟုတ်တဲ့ တခြားနည်းလမ်းနဲ့ ကွင်းထဲမှာ ပရိသတ်တွေကို နှုတ်ဆက်ချင်တာပါ "

"တစ်နေ့မှာ ကျနော် အသင်းကိုပြန်လာနိုင်မယ်လို့မျှော်လင့်မိတယ် ဘာကာကိုလဲ ကမ္ဘာ့အကောင်းဆုံးဖြစ်အောင် ဆက်လုပ်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ် "

" ကျနော် အသင်းအကြောင်း မပြောနိုင်ဘူး Laporta က သူတို့လဲ လာလီဂါကိုမလွန်ဆန်နိုင်ဘူးလို့ ပြောတယ် ကျနော်ပြောနိုင်တာကတော့ ဒီမှာဆက်နေခွင့်ရဖို့ ဖြစ်နိုင်သမျှအရာအားလုံးကိုလုပ်ခဲ့တယ်ဆိုတာပါပဲ မနှစ်တုန်းက မလုပ်ခဲ့ဘူးဆိုပေမယ့် ဒီနှစ် ဒီမှာဆက်နေချင်တယ်လို့ ကျနော်ပြောခဲ့တယ် အဲဒါကို ဘယ်လိုမှမတတ်နိုင်ခဲ့ဘူး "

" ဟုတ်တယ် ဒါဟာ ကျနော့် ကစားသမားဘ၀မှာအခက်ခဲဆုံးအခိုက်အတန့်ပဲ သံသယဖြစ်စရာမလိုပါဘူး ကျနော့်မှာ ခက်ခဲတဲ့ အခိုက်အတန့်တွေ၊ ရှုံးနိမ့်မှုတွေ အများကြီးရှိခဲ့တယ် ဒါပေမယ့် ခင်ဗျားသာဆို လေ့ကျင့်ရေးကွင်းမှာ ပြန်လေ့ကျင့်ပြီး အဲဒါတွေကို ပြန်လက်စားချေနိုင်သေးတယ် အခု ကျနော်တော့ ပြန်သွားလို့မရတော့ဘူး ဒီအသင်းမှာ ကျနော် ရှိနေချင်သေးတဲ့ အချိန်တွေဟာ ပြီးဆုံးသွားပြီ ဒါကြောင့် ဒါဟာ အခက်ခဲဆုံးအခက်အတန့်ပါ "

"ဘာမှ ပြန်လုပ်နိုင်ဖို့မရှိတော့ပါဘူး ဒါက ဒီမှာပဲအဆုံးသတ်သွားပါပြီ "

" PSG ဟာ ဖြစ်နိုင်ချေတခုပါ ဒါပေမယ့် အခုချိန်မှာ ကျနော် ဘယ်သူနဲ့မှ ချိတ်ထားတာမျိုးမရှိပါဘူး တခြားစိတ်ဝင်စားစရာအသင်းတွေ အများကြီးရှိပါတယ် ဘယ်အသင်းနဲ့မှတော့ မနီးစပ်သေးပါဘူး "

" ကျနော် နောက်ထပ် ချန်ပီယံလိဒ်ဖလားတလုံး ထပ်လိုချင်ခဲ့မိပါတယ် ကျနော်တို့ နီးလဲနီးစပ်ခဲ့ပါတယ် အဲ့လိုထပ်ယူနိုင်မယ့် မျိုး
ဆက်တခုလဲ ဘာကာမှာရှိနေခဲ့ပါတယ် ကျနော့်ရဲ့ ရည်မှန်းချက်တွေထဲက တခုက ချန်ပီယံလိဒ်ဖလား နောက်တကြိမ်ရယူနိုင်ဖို့ပါ ပြီးတော့ ဖြစ်နိုင်ရင် Dani Alves ရဲ့စံချိန်ကို မှီနိုင်လောက်တဲ့အထိ ဖလားတွေ ဆွတ်ခူးချင်ပါသေးတယ် "

" ဘာကာဟာ ကမ္ဘာပေါ်က အင်အားကြီးအသင်းတွေထဲက တသင်းပါ သူတို့မှာ ကောင်းမွန်တဲ့လူစာရင်းရှိပြီး အပြောင်းအရွေ့တွေလဲ လုပ်ထားနိုင်ပါတယ် အသင်းထက် ဘယ်တဦးတယောက်ကမှ ပိုအရေးမကြီးပါဘူး အရင်တုန်းကတော့ လူတွေဟာ အဲဒါကို ပျက်ရယ်ပြုလေ့ရှိကြပါတယ် ဒါပေမယ့် အဆုံးသတ်မှာတော့ အားလုံး ရှင်းလင်းသွားခဲ့ပါပြီ "

မက်ဆီအပေါ် အသင်းဖော်များရဲ့ နှုတ်ဆက်စကားများ 💙💔Ter Stegen: " လီယိုရေ၊ ဒီနှစ်တွေမှာ မင်းနဲ့အတူကစားခဲ့တာတွေ အရေးကြီးတဲ့ အခ...
08/08/2021

မက်ဆီအပေါ် အသင်းဖော်များရဲ့ နှုတ်ဆက်စကားများ 💙💔

Ter Stegen: " လီယိုရေ၊ ဒီနှစ်တွေမှာ မင်းနဲ့အတူကစားခဲ့တာတွေ အရေးကြီးတဲ့ အခိုက်အတန့်တွေနဲ့ ဖလားတွေအများကြီးရယူနိုင်ခဲ့တာကိုက ပျော်စရာကောင်းခဲ့ပါတယ် တခါတလေမှာ ငါတို့က တူညီတဲ့ထင်မြင်ချက်တွေမရှိကြပေမဲ့ အမြဲတမ်း ဦးတည်ချက်တစ်ခုတည်းနဲ့သွားခဲ့တယ် နိုင်တာပဲဖြစ်ဖြစ် ရှုံးတာပဲဖြစ်ဖြစ် အတူတူကြီးပြင်းလာခဲ့ကြတယ် ကျေးဇူးတင်ပါတယ် မင်းက မင်းဘ၀ရဲ့ကလပ်အသင်းသမိုင်းကို ဖန်ဆင်းပြောင်းလဲစေခဲ့ပြီး ဘယ်ကစားသမားမှလိုက်မချဉ်းကပ်နိုင်မယ့် အောင်မြင်မှုတွေနဲ့ စစ်မှန်တဲ့ legend တယောက်ပါပဲကွာ ဘောလုံးလောကကိုတောင် မင်းပြောင်းလဲလိုက်နိုင်တာပဲ ရှေ့မှာကြုံတွေရမယ့်အရာတွေအတွက် မင်းနဲ့မင်းမိသားစုကို အကောင်းဆုံးဖြစ်ပါစေလို့ဆုတောင်းပါတယ် Dani (his wife) နဲ့ Ben(son) တို့မှ နွေးထွေးသောပွေ့ဖက်မှုတို့နှင့်အတူ "

Griezmann: " ငါပြောနိုင်တာ သေချာတဲ့တစ်ခုကတော့ ဘောလုံးချစ်မြတ်နိုးတဲ့သူတိုင်း ဒါကိုပဲတွေးနေကြလိမ့်မယ် ကျေးဇူးတင်ပါတယ် ဆိုတာကိုပေါ့ ဘာစီလိုနာမှာ မင်းလုပ်ခဲ့သမျှတွေအတွက်လဲ ကျေးဇူးတင်ပါတယ်ကွာ ဒီမြို့တခွင် အသင်းသမိုင်းတလျောက် မင်းအရာအားလုံးကို ပြောင်းလဲပစ်လိုက်နိုင်ခဲ့တာပဲ ငါနှုတ်ဆက်တာ မဟုတ်ပေမယ့် နောက်မှတွေ့မယ်ကွာ မင်းဘာစီလိုနာကို နောက်တကြိမ်ပြန်လာကောင်း ပြန်လာပါရဲ့၊ မင်းအကောင်းဆုံးတွေ ဖြစ်ဖို့ ငါဆုတောင်းပါတယ် ဘယ်ကိုပဲသွားသွား မင်းနဲ့မင်းမိသားစုပျော်ရွှင်ပါစေ မက်ဆီလို ဖြစ်လာဖို့ဆိုတာ သိတဲ့သူအလွန်နည်းသလို မင်းကငါ့အတွက်တော့ အရာရာတိုင်းမှာ စံနမူနာရှင်ဖြစ်ရပါတယ် "

De Jong: " ကျနော်ငယ်ငယ်တုန်းက ခင်ဗျားရဲ့ကစားပွဲတိုင်းကို ကျနော့်ညီနဲ့အတူ အခန်းထဲကတီဗွီမှာကြည့်ရင်း အားပေးလာခဲ့ရတာပါ လွန်ခဲ့တဲ့2 နှစ် ကျနော်ဒီကိုရောက်လာထဲက ခင်ဗျားဟာ အံ့သြစရာကောင်းတဲ့သူတစ်ယောက်ဆိုတာ ကျနော်ရှာတွေ့ခဲ့တာပေါ့ အမြဲတမ်းအကောင်းဆုံးကစားသမားနဲ့ အတူကစားဖို့က အိမ်မက်တခုပဲလေ ကစားရတဲ့မိနစ်တိုင်းမှာရော ကွင်းပြင်ပမှာရော ကျနော်
ပျော်ခဲ့ရပါတယ် အခုလဲ ခင်ဗျားရဲ့ မှော်ဆန်ဆန် လုပ်ပြတာတွေကို ကျနော် ဆက်ပြီးရသမြောက်ခံစားနေမှာပါ ဒါပေမယ့် အရင်တုန်းကလို TV ရှေ့ကနေပဲ အားပေးခွင့်ရတော့မှာပေါ့ဗျာ အရာအားလုံးအတွက်ကို ကျေးဇူးတင်ပါတယ် လီယိုရေ အနာဂတ်မှာ ခင်ဗျားနဲ့ခင်ဗျားမိသားစုအတွက် အကောင်းဆုံးတွေပဲဖြစ်ဖို့ ကျနော်မျှော်လင့်ပါတယ် 🐐💙💔 "

Dembele: "ခင်ဗျားလို Legend တယောက်နဲ့တွဲကစားခွင့်ရခဲ့တာဟာ အထူးအခွင့်အရေးကြီးပါပဲဗျာ ကျနော့်ရဲ့ အကောင်းဆုံးအချိန်ရော အဆိုးဆုံးအချိန်မှာပါ ခင်ဗျား လုပ်ပေးခဲ့တာတွေနဲ့ ပံ့ပိုးမှုမှန်သမျှအတွက် ကျေးဇူးတင်ပါတယ် ဘာစီလိုနာနဲ့ ဘောလုံးအားကစားကို ချစ်မြတ်နိုးသူတွေအတွက် ခင်ဗျားလုပ်ပေးခဲ့တာတွေကို ဘယ်သူမှမေ့မှာမဟုတ်ပါဘူး ခင်ဗျားနဲ့ ခင်ဗျားရဲ့မိသားစုအားလုံး အကောင်းဆုံးဖြစ်ဖို့ ဆုတောင်းပေးပါတယ် ကျေးဇူးတင်ပါတယ် လီယို ❤️ "

Pedri Gonzalez: " ဒီနှစ်ရဲ့ ကျနော်တွေ့ကြုံခဲ့ရတဲ့အတွေ့အကြုံတွေအားလုံးထဲမှာ ခင်ဗျားဘေးမှာကစားရတာက အံ့သြစရာအကောင်းဆုံးတွေထဲက တစ်ခုဖြစ်ခဲ့ပါတယ် ကြီးကျယ်ခမ်းနားတဲ့လူနဲ့ တွေ့ဆုံခွင့်ရခဲ့တာကော အကောင်းဆုံးဘောလုံးသမားဆီကနေ နေ့တိုင်းသင်ယူဖို့ကောပေါ့ ဒီအခွင့်အရေးကိုရခဲ့တာ ကျနော် ဂုဏ်ယူရပါတယ် လီယိုရေ မနှစ်က ကျနော်တို့ အတူတကွမျှဝေခဲ့တဲ့အရာတွေကို အမြဲထိန်းသိမ်းနေမှာပါ ဒီပြောင်းလဲမှုအသစ်မှာ ပျော်ပါစေဗျာ အရာအားလုံးအတွက်လဲ ကျေးဇူးတင်ပါတယ် "

Dest: ငယ်ငယ်တုန်းက Leo Messi လိုကစားသမားတွေနဲ့အတူကစားနိုင်ဖို့ကို အိပ်မက်မက်ခဲ့ရတာပေါ့ တစ်နှစ်ပဲရှိသေးပေမယ့် ခင်ဗျားရဲ့ သမိုင်းတွေအများကြီးရှိတဲ့ဒီကလပ်မှာ ခင်ဗျားနဲ့အတူကစားခွင့်ရတဲ့အတွက် ကျနော်ဟာ ကောင်းချီးပေးခံရသလိုပါပဲ ဒီဟာက ကျနော့်ဘဝတစ်သက်တာအတွက် အမြတ်နိုးဆုံးအရာတစ်ခုဖြစ်နေမှာပါ နောင်နှစ်ပေါင်းများစွာ ဘယ်လောက်ကြာကြာ ကျနော်ပြောနိုင်တာကတော့ ခေတ်အားလုံးရဲ့အကြီးကျယ်ဆုံးကစားသမားနဲ့ တွဲကစားခွင့်ရခဲ့တာကို ကျနော် အမြဲအကျေနပ်ကြီးဖြစ်နေမှာပါဗျာ ခင်ဗျားနဲ့အတူကစားရတာ ဂုဏ်ယူစရာပါပဲ လီယိုရေ အသင်းအတွက်နဲ့ ဒီမှာရှိနေတုန်း ကျနော့်ကို ခင်ဗျားလုပ်ပေးခဲ့တဲ့အရာအားလုံးအတွက် ကျေးဇူးတင်ဖို့တောင် လုံလောက်မယ်မထင်ပါဘူး ခင်ဗျားရဲ့ဘဝအချိုးအကွေ့အတွက်လဲ ကံကောင်းပါစေ နှုတ်ဆက်ပါတယ် legendရေ "

Address

Bago

Website

Alerts

Be the first to know and let us send you an email when Burma Blaugrana Blog posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share