Yedashe Badminton Group

Yedashe Badminton Group Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Yedashe Badminton Group, Sports Team, Bago.

25/03/2023

အရင်လို စုံစုံလင်လင်လေးနဲ့ ကွင်းထဲမှာ ပြန်စုံချင်ပါတယ်ဗျာ
မိတ်ဆွေ ညီကို မောင်နှမများ သတိရလျက် 🥵

" ၂၀၂၂ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ကြက်တောင်ပြိုင်ပွဲ "ပဲခူးတိုင်းဒေသကြီးအဖွဲ့  ဖွင့်ပွဲနေ့ပုံရိပ်များ
19/08/2022

" ၂၀၂၂ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ကြက်တောင်ပြိုင်ပွဲ "

ပဲခူးတိုင်းဒေသကြီးအဖွဲ့

ဖွင့်ပွဲနေ့ပုံရိပ်များ

First Trip to Thakhonsite in Yangon 🚗🏸🔥Yedashe Badminton Group
11/05/2022

First Trip to Thakhonsite in Yangon 🚗🏸🔥

Yedashe Badminton Group

မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ မြန်မာနှစ်ဆန်း(၁)ရက်နေ့မှစ၍​မြန်မာ့ ကြက်တောင်ဝါသနာရှင်များ ၊ ကြက်တောင် အားကစားသမားများ နှင့် ...
17/04/2022

မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊
မြန်မာနှစ်ဆန်း(၁)ရက်နေ့မှစ၍

​မြန်မာ့ ကြက်တောင်ဝါသနာရှင်များ ၊ ကြက်တောင် အားကစားသမားများ နှင့် ကြက်တောင်အဖွဲဝင် မိသားစုများအားလုံး
စီးပွါးလာဘ်လာဘ များတိုးပွါးပြီး ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ပါစေကြောင်း

Yedashe Badminton Group မိသားစုမှ
မြန်မာ့နှစ်ဦးအလှူများပြုလုပ်ရင်း
ဆုတောင်းမေတ္တာပို့သအပ်ပါတယ်ရှင့်။ ❤️🎉


21/02/2022

Fun Match 😬

မြန်မာ့ကြက်တောင် လက်ရွေးစင်ကစားသမား Ko  Aung Myo Htoo  နှင့် Yedashe Badminton အဖွဲ့သားအချို့တို့၏ အမှတ်တရ Thank You ❤️❤...
20/02/2022

မြန်မာ့ကြက်တောင် လက်ရွေးစင်ကစားသမား Ko Aung Myo Htoo နှင့် Yedashe Badminton အဖွဲ့သားအချို့တို့၏ အမှတ်တရ
Thank You ❤️❤️🔥

Warmly Welcome To Yedashe Badminton Group ❤️🏸

20/02/2022

Fun Match
MD| Aung Myo Htoo , Ko Sam Maung Vs Ko Mitar , Hein Htet Lin

20/02/2022

Fun Match 🏸🤝💥⭐️

MD| Aung Myo Htoo ,Ko Min Min Naing Vs Myo Htet Naung ,Khant Si Thu

16/02/2022

အားကစားခြေအိတ်နဲ့ ရိုးရိုးခြေအိတ် ဘာကွာလဲ?
▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️
🔺 အများစုက အဆင်ပြေတဲ့ခြေအိတ်စွပ်ပြီး အားကစားလုပ်လေ့ရှိတယ်။ အားကစားခြေအိတ်ဟာ အရေးပါတယ်ဆိုတာ သိရှိသူကတော့ လူနည်းစုပဲ ရှိပါလိမ့်မယ်။ အားကစားခြေအိတ်ဟာ ရိုးရိုးပုံမှန်ခြေအိတ်တွေနဲ့ ယှဉ်ရင် ချုပ်လုပ်ပုံ၊ အသုံးပြုထားတဲ့ Material တွေ(လုံးဝ)မတူညီပါဘူး။ အားကစားအမျိုးအစားတွေပေါ်မူတည်ပြီး ခြေအိတ်အမျိုးအစားမျိုးစုံရှိသလို၊ စျေးလည်းအတန်သင့် ကြီးပါတယ်။

အားကစားခြေအိတ်ရဲ့ စွမ်းဆောင်နိုင်ချက်များ
*******************************************
✳️ လူအတွက် သက်တောင့်သက်ရှိမှု(Comfort)နဲ့ အောက်ခံအထောက်အပံ့ကောင်း(Support)ရှိမှု စတာတွေရစေပါတယ်။
✳️ လေဝင်လေထွက်ကောင်းပြီး ချွေး၊ရေ တို့ကို အလွယ်တကူခြောက်သွေ့စေနိုင်ပါတယ်။
✳️ အရည်ကြည်ဖုထခြင်းကိုကာကွယ်ဖို့ Anti-blister နည်းပညာနဲ့ ပြုလုပ်ထားလေ့ရှိပါတယ်။
✳️ အားကစားလုပ်တဲ့ Performance ကောင်းစေပြီး၊ ခြေထောက်ကိုအထူးသက်သာနေစေပါတယ်။

_______________________________________
​အားကစားခြေအိတ်ရဲ့အသား(Material)
*************************************
🔸 အားကစားခြေအိတ်စစ်စစ် တစ်ထည်ဝယ်ခါနီး ပါကင်မှာပါရှိတဲ့ Overview ကိုဖတ်ကြည့်ပါ။ ခြေအိတ်သားပြုလုပ်ထားတဲ့ Material အမျိုးအစားဟာ မိမိနဲ့သင့်တော်မှုရှိ/မရှိ ကို ချင့်ချိန်နိုင်ပါတယ်-

🚫 ချည်ထည်(Cotton) နဲ့ပြုလုပ်ထားတဲ့ အားကစားခြေအိတ်သားကိုတော့(လုံးဝ)အသုံးမပြုသင့်ပါဘူး။ ချည်သားဟာ Moisture ထိန်းထားနိုင်လို့၊ အရေပြားဒဏ်ရာရစေပြီး ခြေထောက်သားနဲ့ပွတ်တိုက်နေတာ၊ အရည်ကြည်ဖုထတာတွေ ဖြစ်နိုင်ပါတယ်။

✅ အကောင်းဆုံးသော အားကစားခြေအိတ်သားတွေကတော့-
▪️Merino Wool- အပူချိန်ထိန်းညှိတာ
ကောင်းတဲ့အသားဖြစ်ပြီး၊ ချွေး/ရေကို
မြန်မြန်ခြောက်စေပါတယ်။
▪️Polyester- Moisture လျှော့ချပေးနိုင်
စွမ်းကောင်းပါတယ်။
▪️Nylon- အကြမ်းခံလွန်းတဲ့ခြေအိတ်သား
မျိုးဖြစ်ပါတယ်။ Trail Run သမားတွေ
အသုံးပြုလေ့ရှိပါတယ်။
▪️Acrylic- ခြေထောက်ကို သက်တောင့်
သက်သာရှိနေစေပြီး၊ အခုအခံကောင်း
ကောင်းပေးတဲ့ Cushion သားမျိုး
ဖြစ်ပါတယ်။
_______________________________________
အားကစားခြေအိတ် အမျိုးအစားများ
**********************************
🧦 Seamless - ခြေအိတ်တစ်ထည်ဟာ ခြေချောင်းတွေရှိတဲ့အတွင်းဘက်နေရာမှာ ချုပ်ရိုးပါလေ့ရှိပါတယ်။ Seamless ခြေအိတ်တွေကတော့ ချုပ်ရိုးမပါရှိတာကြောင့် အားကစားခြေအိတ်တွေမှာအသုံးပြုလေ့ရှိပါတယ်။ ချုပ်ရိုးကြောင်းမပါရှိခြင်း(Seamless) ပုံစံက ချုပ်ရိုးသားကို ဖျောက်ဖျက်ပေးထားလို့ ခြေထောက်နဲ့ခြေအိတ်ပွတ်တိုက်မှုကိုအထူးကာကွယ်ပေးနိုင်ပါတယ်။ အရည်ကြည်ဖုဖြစ်ခြင်း၊ Chaffing ဖြစ်ခြင်းဒဏ်မှကင်းဝေးစေပါတယ်။

🧦 Arch Support- ခြေဖဝါးအကွေးနေရာမှာ အတွန့်၊ အလွှာဒီဇိုင်းပုံတွေ ထည့်ပေးထားတာမျိုးဖြစ်တယ်။ ခြေဖဝါးအကွေး(Arch) ကိုအထောက်အပံ့ကောင်းပေးနိုင်တဲ့ အားကစားခြေအိတ်ပဲဖြစ်ပါတယ်။

🧦 Ankle Support- ခြေကျင်းဝတ်နေရာကို အထောက်အပံ့ကောင်းရဖို့ ပုံဖော်ထားတဲ့ခြေအိတ်အမျိုးအစားပဲဖြစ်ပါတယ်။

🧦 Odour-repellent -လေဝင်လေထွက်ကောင်းလွန်းတဲ့ခြေအိတ်ပုံစံမျိုးဖြစ်ပြီး၊ အနံ့အသက်တွေဖယ်ထုတ်နိုင်စွမ်းကောင်းတဲ့ ခြေအိတ်အမျိုးအစားလည်းဖြစ်ပါတယ်။

🧦 Compression- ခြေသလုံးကြွက်သားကို ညင်ညင်သာသာ ဖိညှစ်ထားနိုင်တဲ့ခြေအိတ်မျိုးဖြစ်ပါတယ်။ ဒါကြောင့် သွေးလည်ပတ်မှုကို တိုးတက်ကောင်းမွန်စေပါတယ်။ခြေသလုံး တောင့်တင်းခြင်းကို ကာကွယ်ပေးနိုင်ပြီး အချိန်ကြာပြုလုပ်ရတဲ့ Outdoor အားကစားတွေ၊ ဘောလုံးသမားတွေမှာ ဝတ်ဆင်အသုံးပြုလေ့ရှိပါတယ်။
_______________________________________
🔷🔷🔷 ရိုးရိုး Casual Wear ခြေအိတ်တွေမှာတော့ ဒီလို Features တွေ ပါဝင်လေ့မရှိပါဘူး။ အားကစားခြေအိတ်တွေကတော့ အားကစားအမျိုးအစားတွေပေါ်မူတည်ပြီး ခြေအိတ်အသား၊ ချုပ်လုပ်တဲ့နည်းပညာတွေမျိုးစုံရှိကြပါတယ်။ အားကစားခြေအိတ်ကောင်းတဲ့အခါအားကစားPerformance ကိုကောင်းစေသလို၊ Recovery ပါပိုမြန်စေပါတယ်။ ခြေအိတ်အထူ/အပါး အသုံးပြုခြင်းကတော့ သုံးစွဲသူရဲ့ Feeling ပေါ်သာမူတည်၍ရွေးချယ်နိုင်ပါတယ်။ ဒါကြောင့် အားကစားသမားတစ်ယောက်အတွက် ဖိနပ်ကောင်းကောင်းတစ်ရံက အရေးပါသလို အားကစားခြေအိတ်တစ်စုံကလည်း အထူးအရေးပါကြောင်း ဖော်ပြပေးချင်ပါတယ်။
Freelance Runner
15.2.2022.

Address

Bago
1122

Website

Alerts

Be the first to know and let us send you an email when Yedashe Badminton Group posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category