FOF-Team

FOF-Team FOR OUR FUTURE (FOF) TEAM က ပြည်သူ့ဘက်တော်သားတွေအတွ?

24/08/2022
FOF Team မှာ ကိုယ်တတ်နိုင်သမျှ အဖက်ဖက် မှ ပါဝင်ကူညီ လှူဒါန်းပေးကြသော ညီအစ်ကို မောင်နှမ အားလုံးကို ကျေးဇူးပါခင်ဗျာ။ညီအစ်က...
13/08/2022

FOF Team မှာ ကိုယ်တတ်နိုင်သမျှ အဖက်ဖက် မှ ပါဝင်ကူညီ လှူဒါန်းပေးကြသော ညီအစ်ကို မောင်နှမ အားလုံးကို ကျေးဇူးပါခင်ဗျာ။

ညီအစ်ကို တို့ မောင်နှမ တို့ ပါဝင်ပေးလို့ အခုလို့ လှူပေးနိုင်တာ ဖြစ်ပါတယ် ။

ကျွန်တော် FOF အမည်ယူပြီး ရော မယူခင်က အလှူခံ ရရှိငွေ ရှင်းတမ်းလေးပါ ခင်ဗျာ။

6 လပိုင်း အလှူခံ ရရှိငွေ -250000 ကျပ်

AI PDF သို့ အလှူငွေ -200000 ကျပ်
တော်လှန် ကောမစ် page သို့-50000 ကျပ်

7 လပိုင်းထဲ မှာ July 19 (အာဇာနည်​ေန​ ့)တစ်ရက်
အလှူခံရငွေ=57500 ကျပ်
တော်လှန် ကောမစ် page ကို အားလုံး လှူလိုက်ပါတယ် ခင်ဗျာ ။

ယခု 8 လ ပိုင်း အလှူခံ ရငွေ= 333000 ကျပ်

Al PDF သို့အလှူငွေ =150000 ကျပ်
ကျွန်တော့် ညီလေး တစ်ယောက်အဆက်အသွယ်နဲ့ (သိချင်ရင် လာမေးလို့ ရပါတယ် ခင်ဗျာ) အလှူငွေ=30000 ကျပ်
လက်ကျန် ငွေ = 153000 ကျပ်

ကျွန်တော်ထံ ကျန်ရှိငွေ ကို နောက်လ အလှူခံ ရငွေ နဲ့ ပေါင်ပြီး NUG အစိုးရ ထံမှ Bonds ဝယ်ယူမည် ဖြစ်ပါသည် ခင်ဗျာ။

Bonds ဝယ်ယူခြင်းဖြင့် ယခု လက်ရှိပြည်သူ့ အစိုးရ ကိုလည်း အကူအညီ ဖြစ် နောက် တော်လှန်ရေး အောင်မြင်ပြီး အစိုးရမှ Bonds ပြန်ဝယ်ယူ တဲ့ အခါမှာ ပြန်လည် ရရှိမယ့် ငွေကို ပြန်လည် ထူထောင်ရေး လုပ်တဲ့ အချိန်မှာ ပညာရေး ၊ကျန်းမာရေး စသည့် ပြည်သူ့ လိုအပ်ချက် တွေမှာ ပြန်လည် လှူဒါန်းသွားမှာ ဖြစ်ပါတယ် ခင်ဗျာ ။

အာလုံးကို ကျေးဇူးပါ ခင်ဗျာ ။
#အရေးတော်ပုံအောင်ရမည်။

07/08/2022

မနက်ဖြန်ဆိုရင် ကျွန်တော်တို့ရဲ့ မပြီးသေးတဲ့ ရှစ်လေးလုံးအရေးတော်ပုံ ကို မျိုးဆက်သစ်တွေဆက်ပြီးတော်လှန်မယ်။ အခုက မျိုးဆက်ဟောင်း / သစ်
ပူပေါင်းပြီး အာဏာရှင်ကို အမြစ်ဖြတ်နေတာပါ ။ကုိယ်တတ်နိုင်တဲ့ ဘက်က တော်လှန်ရေးကို ပါဝင်ရပါမယ် ။ကြွေလွင့်သွားတဲ့ အသက်တွေ န​ဲ့ဆက်ပြီး တောက်ပလို့ မရတော့တဲ့ အနာဂတ်တွေ ရှိခ​ဲ့တယ် ။သူတို့ကို အားနာရမယ်။​ေတာ်လှန်​​ရေးက ကောက်ရိုးမီးဖြစ်လို့မရဘူး ။ ငါတို့မနိုင်မချင်း ဖွဲ မီးလို တမြေ့မြေ့ ကျွမ်းလောင်နေရမှာ ။ လက်နက်ကိုင် တော်လှန်နိုင်တဲ့ ရဲဘော်တွေက လက်နက်ကိုင်တယ် ။ အဲဒီလို လက်နက်ကိုင်ပြီး ရေရှည်တိုက်ပွဲ ဝင်နိုင်ဖို့ ဘက်ဂျက်ကအရမ်းအရေးကြီးတယ် ။ နည်းမျိုးစုံ နဲ့ ကူလို့လှူလို့ ရနေတာပဲ ။ကူကြပါ လှူကြပါ ။ ကလစ် ကြပါ ။ အောင်ပွဲက ဘယ်လောက္မှ မလိုတော့ပါဘူး ။ ဝိုင်းတွန်းလိုက်ကြရအောင်ပါ ။
#အရေးတော်ပုံအောင်ရမည်

#ထောက်ပို့ရဲဘော်များ

02/08/2022

FOF Team နဲ့ အတူ ပါဝင်ကူညီ ထောက်ပံ့ ပေးကြတဲ့ ထောက်ပို့ ရဲဘော် အားလုံး ကို ကျေးဇူပါ ခင်ဗျာ။မပါ ရသေးရင်လည်း နောက်မကြသေးပါဘူး ခင်ဗျာ 10 ရက်နေ့ ထိ စုပြီးမှ သက်ဆိုင်ရာ အဖွဲ့အစည်း တွေဆီ ပို့သွားမှာပါ။

#အရေးတော်ပုံအောင်ရမည်

01/08/2022

ကဲ FOF Team ရေ ဒီလ အတွက်လေး စလိုက်ရအောင် အရင်လက ကလိုပဲ 10 ရက်နေ့ နောက်ဆုံးထားပြီး လွှဲပါမယ် ။ တတ်နိုင်သလောက် ပါဝင်ကြဖို​့တိုက်တွန်း ချင်ပါတယ် ။မတရားမှု ကကြာကြာထားလို့မကောင်းပါဘူး။ ပြည်သူအားလုံးမပါတောင် အများဆုံး ပါ ရင် အမြန်ဆုံးပြီးနိုင်ပါတယ်။

#အရေးတော်ပုံအောင်ရမည်။

27/07/2022

လကုန်ရက်နီးလာပြီဆိုတော့ ကျွန်တော်တို့ FOF Team လေး လှုပ်ရှားကြအုံးစို့ ခင်ဗျာ ။ ဒီတစ်ခေါက် ပိုပြီး ​ပို့နိုင်မယ်လို့ မျှော်လင့်ပါတယ် ။ တစ်ပတ်အတွင်း စစ်ကြောင်း သုံးခါတောင်ဆိုတော့ အထိအခိုက်အဆုံးအရှုံး များပါတယ် ။အပြစ်မဲ့ အသက်တွေ ပေးရပါတယ်။ ပြည်သူတွေ အင်နဲ့အားနဲ့ မပါဝင်သ၍ ကိုယ့် အလှည့်ဘယ်တော့လဲသာ စောင့်နေဖို့ ရှိပါတယ် ။နီးစပ်ရာကို လှူပါကူပါ ။ကလစ်နိုင်ရင် ပိုပြီး အဆင်ပြေပါတယ်။
​ကမ္ဘာမကြေးဘူး အတူတူ ​ေအာ်ခဲ့ကြပြီး သွေးအေးသွားလို့ အဆင်မပြေပါဘူး ။မတရားမှုက ငါနဲ့မဆိုင်ဘူးဆိုတာမရှိပါဘူး
တစ်နေ့ ဆိုက္ဆိုက္မြိုက္မြိုက်ကြီးရောက်လာပါလိမ့်မယ်။ အဲ့ဒါကြောင့် ဒီပွဲအောင်နိုင်ဖို့ ကျွန်တော်တို့ ရဲဘော်တွေကို ထောက်ပံ့ ရအောင်ပါ။

ဒီpage မှာလာရောက် ဆက်သွယ်နိုင်ပါတယ်။
#အရေးတော်ပုံအောင်ရမည်

နေသာသလိုနေကြလို့ အပစ်မဲ့အသက်တွေ ဆုံးရှုံးနေရတယ်😒😔
27/07/2022

နေသာသလိုနေကြလို့ အပစ်မဲ့အသက်တွေ ဆုံးရှုံးနေရတယ်😒😔

အကြမ်းဖက်စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အသက် ၄ နှစ်အရွယ်ကလေးတစ်ဦးသေဆုံး

27 July 2022 By MPA 003

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ကျားပစ်ကန်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သောကြောင့် အသက် ၄ နှစ်အရွယ်မိန်းကလေးငယ်တစ်ဦး ထိမှန်သေဆုံးသွားသည်ဟု ဒေသခံများထံမှ သိရသည်။

ယနေ့ နံနက် ၈ နာရီအချိန်တွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ နှင့် ပျူစောထီးများ ပူးပေါင်းပြီး အင်အား ၇၀ ကျော်ဖြင့် ကျားပစ်ကန်ကျေးရွာအတွင်း ဝင်ရောက်လာချိန် လက်နက်ကြီးများပစ်ခတ်ခဲ့သောကြောင့် ကျေးရွာရှိ အပြစ်မဲ့ကလေးငယ်တစ်ဦး သေဆုံးသွားပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်း သိရသည်။

“ ဒီမနက် လက်နက်ကြီးထိပြီးဆုံးသွားတဲ့ကလေးမက အိမ်မှာ သူ့အဖိုးနဲ့ကျန်ခဲ့တာ။ သူ့အမေ၊ သူ့အဖေ၊ သူ့အစ်ကိုတို့က တောထဲသွားတယ်။ သူ့ကို တောထဲခေါ်သွားဖို့ စိတ်မချလို့ဆိုပြီး အိမ်မှာသူ့အဖိုးနဲ့ကျန်ခဲ့တာ။ အခု သူ့အဖိုးလည်း လက်နက်ကြီးထိထားတယ်။ သူတို့အိမ်ဘေးကအဖွားတစ်ယောက်လည်း လက်နက်ကြီးအစ ထိမှန်ထားတယ် ” ဟု ကျားပစ်ကန်ဒေသခံတစ်ဦးကပြောသည်။

လက်နက်ကြီးထိမှန်ပြီး သေဆုံးသွားသူမှာ အသက် (၄) နှစ်သာရှိသေးသော မသိမ့်သိမ့်ဖြူ ဖြစ်ပြီး သူမနှင့်အတူ အသက် (၆၀) အရွယ် အဘိုးဖြစ်သူမှာလည်း လက်နက်ကြီးထိမှန်ကာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ကျားပစ်ကန်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးများက ယခုလိုဝင်ရောက်ခဲ့သည်မှာ ၄ ကြိမ်မြောက်ရှိပြီဖြစ်ကြောင်း ကျေးရွာသို့ ဝင်လာသည့်အကြိမ်တိုင်း ရွာသားများ၏နေအိမ်များကို ဝင်ရောက်မွှေနှောက်သွားပြီး ရွာသားများကို ဖမ်းဆီးရိုက်နှက်မှုများပြုလုပ်ကာ ကျားပစ်ကန်ကျေးရွာကို မကြာခင်မီးရှို့ပစ်မည်ဖြစ်ကြောင်း ခြိမ်းခြောက်ပြောဆိုမှုများလည်း ပြုလုပ်ခဲ့သည်။

“ ရွာထဲကို စစ်ခွေးဝင်လိုက်၊ ပျူစောထီးတွေဝင်လိုက်၊ ပြီးရင်သူတို့နှစ်ဖွဲ့ပေါင်းပြီးဝင်တယ်။ အခုလို ရွာထဲကိုဝင်တာ ဒလန်သတင်းပေးလို့ဝင်တာလည်းရှိတယ်။ ပြီးရင် အရင်က ကျားပစ်ကန်ရွာကဘုန်းကြီးက တစ်ရွာလုံးကို ပျူစောထီးလုပ်ဖို့ကြံစည်နေတာ မိသွားတော့ အသတ်ခံလိုက်ရတယ်။ အဲဒါတွေနဲ့ပတ်သက်ပြီး သူတို့ကမကျေနပ် လို့ ရွာကိုဝင်တာမျိုးလည်းဖြစ်တယ်။ ဒီမနက် ရွာထဲကိုဝင်လာတာ PDF တွေလက်ထဲကလွတ်သွားတဲ့ ဒလန် ဒေါ်သန်းအေးက ဦးဆောင်ပြီးခေါ်လာတာ။ သူက ရွာထဲက သတင်းမှန်သမျှကို ပျူစောထီးတွေကိုပို့ပေးတာ ” ဟု ကျားပစ်ကန်ကျေးရွာရှိ ထွက်ပြေးတိမ်းရှောင်နေရသူ ဒေသခံတစ်ဦးကပြောသည်။

ကျားပစ်ကန်ကျေးရွာတွင် အိမ်ခြေ ၂၀၀ ကျော်ရှိပြီး ယခုတွင်လည်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးများက ကျေးရွာအတွင်း တပ်စွဲထားသောကြောင့် ကျေးရွာရှိပြည်သူများမှာ နီးစပ်ရာတောထဲသို့ ထွက်ပြေးတိမ်းရှောင်နေကြရပြီး အကြမ်းဖက်စစ်တပ်က အပြစ်မဲ့ပြည်သူ၅ဦးကို ဖမ်းဆီးထားကာ ရိုက်နှက်မှုများပြုလုပ်နေကြောင်းဒေသခံသတင်းအရင်းမြစ်ထံမှ သိရသည်။

Photo- CJ
ပုံစာ-မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ကျားပစ်ကန်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သောကြောင့် အသက် ၄ နှစ်အရွယ်မိန်းကလေး

#မကွေး #ပေါက် #ကျားပစ်ကန်ကျေးရွာ #လေးနှစ်အရွယ်ကလေး #မသိမ့်သိမ့်ဖြူ #လက်နက်ကြီးထိမှန်

သတင်းအပြည့်အစုံ ဖတ်ရှုရန် >>> https://bit.ly/3S59fOD
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en

27/07/2022

ကဲ ကလစ်ဖို့ လိုတာပဲ။

26/07/2022

#သတိ

Address

Seoul

Website

Alerts

Be the first to know and let us send you an email when FOF-Team posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share