Lethwei Japan

Lethwei Japan A 🇯🇵official member of INTERNATIONAL LETHWEI FEDERATION👊. A official member of 🇲🇲 Myanmar Boxing Commission🥊. Lethwei, Boxing, 🇯🇵Muaythai and 🇯🇵Kickboxing.

Made “full house” 🇲🇲MLWC 2026.5 of 6 bouts were draw but its Yoya Lethwei. I think there's value in filling the venue to...
10/08/2026

Made “full house” 🇲🇲MLWC 2026.
5 of 6 bouts were draw but its Yoya Lethwei.
I think there's value in filling the venue to capacity with only young fighters.👏

But I also feel like I want to watch matches where the fighters clash with each other rather than just competing in terms of technique.

Preparations for tomorrow MLWC 11🇲🇲 are complete.👊Tomorrow 9th Aug. 2pm
08/08/2026

Preparations for tomorrow MLWC 11🇲🇲 are complete.👊
Tomorrow 9th Aug. 2pm

၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၉ ရက် (တနင်္ဂနွေ)၊ နေ့လယ် ၂ နာရီအချိန် သိမ်ဖြူမြန်မာ့ရိုးရာလက်ဝှေ့ခန်းမတွင် ကျင်းပမယ့် (၁၁) ကြိမ်မြေ...
04/08/2026

၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၉ ရက် (တနင်္ဂနွေ)၊ နေ့လယ် ၂ နာရီအချိန် သိမ်ဖြူမြန်မာ့ရိုးရာလက်ဝှေ့ခန်းမတွင် ကျင်းပမယ့် (၁၁) ကြိမ်မြောက် မြန်မာ့ရိုးရာလက်ဝှေ့ကမ္ဘာချန်ပီယံပြိုင်ပွဲကြီး (11th Myanmar Lethwei World Championship – MLWC-11) ပွဲကြီးမှာ ပါဝင်ယှဉ်ပြိုင်မယ့် မြန်မာ့လက်ဝှေ့ကျော် တွဲဆိုင်းများ
Bout 1 – (၅၃) ကီလို/ ၄ ချီ။ ဒေါင်းမိုက်သွေး (Nine Lethwei) Vs စောရူဘီ (YMA)
Bout 2 – (၆၅) ကီလို/ ၄ ချီ။ အောင်ကိုလတ် (Ray) Vs စောထိန်လင်း (555 Sports)
Bout 3 – (၅၆) ကီလို/ ၅ ချီ။ ဆလိုင်းထန်ခွီးရှိန် (ကျားမနိုင်) Vs ဟိန်းထွန်းအောင် (ခေးယူးဝါး)
Bout 4 – (၆၀) ကီလို/ ၅ ချီ။ အဲမွီ (အဲကညော) Vs သန့်ဇင် (Python Taw Win Ayar)
Co-Main Event – (၆၇) ကီလို/ ၅ ချီ။ နိုင်ဝင်းထွန်း (Nine Lethwei) Vs ကမ္ဘာရှား (ဇာထက်မိတ္ထီလာ)
Main Event – (၇၅) ကီလို/ ၅ ချီ။ ထွန်းမင်းအောင် (Top One) Vs ရာမန် (ရိုးရာစွမ်းအား)
တို့ဖြစ်သည်…။

MLWC-11 ပြိုင်ပွဲကြီးအတွက် ကြိုတင်လက်မှတ်များ ၀ယ်ယူလိုပါက -
၃၀,၀၀၀ ကျပ်၊ ၅၀,၀၀၀ ကျပ်နှင့် ၁၀၀,၀၀၀ ကျပ်တန် ကြိုတင်လက်မှတ်များကို
ကိုရဲမင်းကို ဖုန်း-09789951817 သို့ ဆက်သွယ်ဝယ်ယူနိုင်ပြီး ၁၅,၀၀၀ ကျပ်တန်လက်မှတ်များကိုတော့ ပြိုင်ပွဲကျင်းပမည့်အချိန် သိမ်ဖြူမြန်မာ့ရိုးရာလက်ဝှေ့ခန်းမတွင် ၀ယ်ယူနိုင်ပါသည်‌။

MMAG YouTube Official Channel Link
https://youtube.com/?si=B5ADXz4mZ2sZT5qP
MMAG TikTok Official Channel Link
https://www.tiktok.com/?_r=1&_t=ZS-98YTCkOwreJ
Myanmar Lethwei World Championship Official Page Link
https://www.facebook.com/share/19EtxSJYnr/

#လက်ဝှေ့

(၁၁) ကြိမ်မြောက် မြန်မာ့ရိုးရာလက်ဝှေ့ကမ္ဘာချန်ပီယံပြိုင်ပွဲကြီး (11th Myanmar Lethwei World Championship) လာမည့် ဩဂုတ်လတ...
21/07/2026

(၁၁) ကြိမ်မြောက် မြန်မာ့ရိုးရာလက်ဝှေ့ကမ္ဘာချန်ပီယံပြိုင်ပွဲကြီး (11th Myanmar Lethwei World Championship) လာမည့် ဩဂုတ်လတွင် ကျင်းပမည်

မြန်မာတို့၏ အသည်းနှလုံးထဲက သွေးချင်းနီးစေသည့် အားကစားတစ်ခုကို ပြပါဆိုလျှင် ရိုးရာလက်ဝှေ့ကိုပဲ လက်ညှိုးထိုးကြရပါလိမ့်မည်။ မြန်မာ့ဆိုင်းနှင့်အတူ ကြိုးဝိုင်းအလယ်က သွေးသတ္တိများ၊ လက်ဝှေ့ကျော်တို့၏ ပြင်းပျထက်သန်သော အားမာန်များဖြင့် ပရိသတ်ကို အမြဲတမ်း ရင်ခုန်စိတ်လှုပ်ရှားစေခဲ့သည်။ ယခုလည်း မြန်မာ့ရိုးရာလက်ဝှေ့လောက၏ သက်တမ်းရင့် ဂုဏ်သိက္ခာအရှိဆုံး ပြိုင်ပွဲကြီးတစ်ခုဖြစ်သည့် "မြန်မာ့ရိုးရာလက်ဝှေ့ကမ္ဘာ့ချန်ပီယံပြိုင်ပွဲ (Myanmar Lethwei World Championship - MLWC)" က မြန်မာ့ရိုးရာလက်ဝှေ့ပရိသတ်များကို တင်ဆက်ပေးဖို့ အဆင်သင့် ဖြစ်နေပြန်ပါပြီ။

Myanmar Martial Arts Group (MMAG) မှ ဦးစီးပြီး နှစ်စဉ်မပျက် ကျင်းပလာခဲ့သည့် MLWC ပြိုင်ပွဲကြီးသည် ယခု ၂၀၂၆ ခုနှစ်တွင် (၁၁) နှစ်တိုင်တိုင် သက်တမ်းရှိခဲ့ပြီ ဖြစ်သည်။ ဆယ်စုနှစ်တစ်ခုကျော် ကာလပတ်လုံး မြန်မာ့လက်ဝှေ့ကို ကမ္ဘာကသိအောင် ချပြရာတွင်လည်းကောင်း၊ ထိပ်သီးကစားသမားများ မွေးထုတ်ရာတွင်လည်းကောင်း ဤပြိုင်ပွဲသည် အဓိကမဏ္ဍိုင်တစ်ခုအဖြစ် ရပ်တည်ခဲ့သည်။

ယခုနှစ် (၁၁) ကြိမ်မြောက် မြန်မာ့ရိုးရာလက်ဝှေ့ကမ္ဘာ့ချန်ပီယံပြိုင်ပွဲကြီးကိုတော့ လာမည့် ဩဂုတ်လ ၉ ရက် (တနင်္ဂနွေနေ့)၊ နေ့လယ် ၂ နာရီအချိန်တွင် မြန်မာ့လက်ဝှေ့သမိုင်းကြောင်း စွဲထင်လျက်ရှိရာ ရန်ကုန်မြို့၊ သိမ်ဖြူမြန်မာ့ရိုးရာလက်ဝှေ့ခန်းမ ၌ စည်းကားသိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်သည်။

"အလဲထိုးစနစ်" ကို အဓိကထား အသုံးပြုသွားမည်ဖြစ်ပြီး အဖြူအမည်း သဲသဲကွဲကွဲ ပြတ်ပြတ်သားသား အနိုင်ယူချင်ကြသည့် ကစားသမားများအတွက် စိန်ခေါ်မှု ဖြစ်သလို၊ ပရိသတ်များအတွက်လည်း စက္ကန့်မလပ် ရင်ခုန်စိတ်လှုပ်ရှားကြရမည့် ပွဲကြီးတစ်ပွဲလည်း ဖြစ်သည်။

၁၁ ကြိမ်မြောက် MLWC ပြိုင်ပွဲကြီးမှာ မျိုးဆက်သစ်လူငယ်များ၏ တက်ကြွမှုနှင့် ဝါရင့်ချန်ပီယံတို့၏ ဂုဏ်သိက္ခာထိန်းပွဲများကို ဟန်ချက်ညီညီ စီစဉ်ထားခြင်း ဖြစ်သည်။ အားပြိုင်ကြမည့် တွဲဆိုင်း (၆) ဆိုင်းစလုံးသည် မျိုးဆက်သစ်လူငယ်လက်ဝှေ့ကျော်များ၏ သွေးသစ်စမ်းမှုမှစပြီး ထိပ်သီးချန်ပီယံတွေရဲ့ ဂုဏ်သိက္ခာထိန်းပွဲများအထိ စိတ်လှုပ်ရှားဖွယ်ရာ စီစဉ်ထားပါသည်။

ပွဲဦးထွက်တွဲဆိုင်း (၅၃ ကီလိုတန်း - ၄ ချီ) ပွဲစဉ်။ မြန်မာ့လက်ဝှေ့လောက၏ မျိုးဆက်သစ် လူငယ်လက်ဝှေ့ကျော်များဖြစ်ကြသည့် ဒေါင်းမိုက်သွေး (Nine Lethwei) [အနီထောင့်] နှင့် စောရူဘီ (YMA) [အပြာထောင့်] တို့၏ သွေးသစ်စမ်းအားပြိုင်မှု။

ဒုတိယတွဲဆိုင်း (၆၅ ကီလိုတန်း - ၄ ချီ) ပွဲစဉ်။ မြန်မာ့လက်ဝှေ့ပရိသတ်များ မျက်စိကျနေသည့် လူငယ်လက်ဝှေ့ကျော်၊ ကရင်အောင်လံဆုရှင် အောင်ကိုလတ် (Ray) [အနီထောင့်] နှင့် စောထိန်လင်း (555 Sports) [အပြာထောင့်] တို့၏ အကြိတ်အနယ်ပွဲ။

တတိယတွဲဆိုင်း (၅၆ ကီလိုတန်း - ၅ ချီ) ပွဲစဉ်။ ပြည်တွင်းပြည်ပ ပရိသတ်များ၏ တခဲနက်အားပေးမှုကို ရရှိထားတဲ့ MLWC ရွှေတံဆိပ်ရှင် ဆလိုင်းထန်ခွီးရှိန် (ကျားမနိုင်) [အနီထောင့်] နှင့် Sky Net ရွှေအောင်လံ ဒုတိယဆု၊ SEA Games ကြေးတံဆိပ်ဆုရှင် ဟိန်းထွန်းအောင် (ခေးယူးဝါး) [အပြာထောင့်] တို့၏ ထိပ်တိုက်အားချင်းပြိုင် သွေးချင်းဆိုင်ကြမည့် ဆုံတွေ့ပွဲ။

စတုတ္ထတွဲဆိုင်း (၆၀ ကီလိုတန်း - ၅ ချီ) ပွဲစဉ်။ MLWC ရွှေခါးပတ်ချန်ပီယံ အဲမွီ (အဲကညော) [အနီထောင့်] နှင့် Sky Net ရွှေအောင်လံဆုရှင် သန့်ဇင် (ပိုင်သွန်တော်ဝင်ဧရာ) [အပြာထောင့်] တို့၏ ချန်ပီယံ ရွှေခါးပတ်ရှင်နှင့် ရွှေအောင်လံရှင်တို့၏ ဂုဏ်သိက္ခာညှိပွဲ။

ဒုတိယခေါင်ပွဲစဉ် (၆၇ ကီလိုတန်း - ၅ ချီ) ပွဲစဉ်။ MLWC ရွှေတံဆိပ်ရှင် နိုင်ဝင်းထွန်း (Nine Lethwei) [အနီထောင့်] နှင့် ကရင်အောင်လံဆုရှင် ကမ္ဘာရှား (ဇာထက်မိတ္ထီလာ) [အပြာထောင့်] တို့၏ သွေးသတ္တိကို မော်ကွန်းတင်မည့် သက်သေပြကြမည့်ပွဲကြီး။

၇၅ ကီလိုတန်း (၅ ချီ) စိန်ခေါ်ပွဲကြီး။
ဒီပွဲစဉ်တစ်ခုလုံး၏ အသက်သွေးကြောနှင့် ပရိသတ်စိတ်ဝင်စားမှု အမြင့်ဆုံးပွဲဖြစ်သည်။ နာမည်ကျော် မြန်မာ့ရိုးရာလက်ဝှေ့ကျော် နှစ်ဦး၏ အလဲထိုးစနစ်အောက်က မဖြစ်မနေ ကြည့်ရမည့် ဂုဏ်သိက္ခာချင်း စိန်ခေါ်လောင်းကြေးထပ်ပြီး အသက်ရှူမှားလောက်အောင် ထိုးသတ်ကြမည့် ထိပ်တန်းတွဲဆိုင်း ဖြစ်ပါတယ်။

ထွန်းမင်းအောင် (Top One) [အနီထောင့်]။ ပြည်ပပွဲအတွေ့အကြုံများစွာရှိပြီး ပြည်တွင်းမှာလည်း နိုင်ငံခြားသားလက်ဝှေ့ကျော်များစွာကို ဧည့်ခံထိုးသတ်ခဲ့ဖူးတဲ့ MLWC ရွှေတံဆိပ်ရှင်။

ရာမန် (ရိုးရာစွမ်းအား) [အပြာထောင့်]။ ပြည်တွင်း/ပြည်ပ ပြိုင်ပွဲစုံကို ရင်ဆိုင်ထိုးသတ်ခဲ့ပြီး SEA Games ကြေးတံဆိပ်၊ မွန်ပြည်နယ်အကောင်းဆုံးလက်ဝှေ့ကျော်ဆုနဲ့ MLWC ရွှေတံဆိပ်ဆုတို့ကို သိမ်းပိုက်ထားတဲ့ စိန်ခေါ်သူ။

နှစ်ဦးစလုံးက အလဲထိုးနိုင်စွမ်းရှိတဲ့ ထိပ်သီးမြန်မာ့လက်ဝှေ့ကျော်တွေဖြစ်လို့ ကြိုးဝိုင်းအတွင်း မည်သူက သမိုင်းသစ်စိုက်ထူပြီး အောင်ပွဲခံသွားမလဲဆိုတာ ရင်ခုန်စိတ်လှုပ်ရှားစရာ အကောင်းဆုံးပါပဲ။

သိမ်ဖြူမြန်မာ့ရိုးရာလက်ဝှေ့ခန်းမအတွင်း ပရိသတ်များ၏ တစ်ခဲနက်အော်ဟစ်အားပေးသံများနှင့်အတူ အားပါးတရ ကြည့်ရှုနိုင်ရန် ရုံဝင်ကြေးလက်မှတ်ခများကို ၁၅,၀၀၀ ကျပ်၊ ၃၀,၀၀၀ ကျပ်၊ ၅၀,၀၀၀ ကျပ် နှင့် ကြိုးဝိုင်းနှင့် အနီးကပ်ဆုံးနေရာမှ အားပါးတရ ကြည့်ရှုနိုင်ဖို့အတွက် ၁၀၀,၀၀၀ ကျပ်ဟူ၍ သတ်မှတ်ထားသည်။

နောက်ဆက်တွဲ သတင်းအချက်အလက်များကို Myanmar Martial Arts Group (MMAG) ၏ တရားဝင် page ဖြစ်သည့် Myanmar Lethwei World Championship နှင့် MMAG YouTube Channel တို့တွင် ဆက်လက်စောင့်ကြည့်နိုင်ပါကြောင်းနှင့် ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၉ ရက်နေ့ တနင်္ဂနွေနေ့၊ နေ့လယ် ၂ နာရီအချိန် သိမ်ဖြူကြိုးဝိုင်းဆီသို့ လှမ်းခဲ့ကြဖို့ ခင်မင်စွာ ဖိတ်ခေါ်လိုက်ရပါသည်…

Myanmar Martial Arts Group (MMAG)
#မြန်မာ့ရိုးရာလက်ဝှေ့ #လက်ဝှေ့ #ထွန်းမင်းအောင် #ရာမန် #သန့်ဇင် #ဆလိုင်း # lethweichampionship

Global  နှင့် ကြေးမုံ သတင်းစာများတွင် ပါဝင်လာသော ခါးပတ်အကြိုပွဲစဥ်ဖြစ်သော PBM 10 ပွဲစဥ် ပုံရိပ်များနှင့် ကစားသမားများ၏ ပ...
13/07/2026

Global နှင့် ကြေးမုံ သတင်းစာများတွင် ပါဝင်လာသော ခါးပတ်အကြိုပွဲစဥ်ဖြစ်သော PBM 10 ပွဲစဥ် ပုံရိပ်များနှင့် ကစားသမားများ၏ ပွဲစဥ်ပုံရိပ်တစ်ချို့ 🥊🥊

MBC မှ ၁၁ လပိုင်းတွင်ကျင်းပမည့် ခါးပတ်လုပွဲအတွက် ၇ လပိုင်း ၁၁ ရက်နေ့တွင်ကျင်းပမည့်လူရွေးပွဲ Professional Boxing Matches ...
03/07/2026

MBC မှ ၁၁ လပိုင်းတွင်ကျင်းပမည့် ခါးပတ်လုပွဲအတွက် ၇ လပိုင်း ၁၁ ရက်နေ့တွင်ကျင်းပမည့်လူရွေးပွဲ Professional Boxing Matches 10 (PBM 10) လက်ဝှေ့ပြိုင်ပွဲအတွက်ပွဲစဥ်ဇယား

Professional Boxing Matches 10 (PBM 10) ကို၀င်ရောက်ယှဥ်ပြိုင်လိုသော Boxing ကစားသမားများသည် (၁၀.၇.၂၀၂၆) ရက်နေ့လည် ၁၂:၀၀ နာရီ အရောက်လာရမည်ဖြစ်ပြီး ၁၂:၀၀ နာရီတွင် ဆေးစစ် ဝိတ်ချိန်ခြင်းများပြုလုပ်ကာ ပွဲများကိုနေ့လည် ၂:၀၀ တွင်ကျင်းပမှာဖြစ်သည့်အတွက် ကိုယ်ပြိုင်မည့်ဝိတ်တန်း၏ 0.1 ကီလို / ပေါင် မျှလုံးဝကွဲလွဲ၍မရနိုင်ပါ။ ကိုယ်ယှဥ်ပြိုင်မည့် ဝိတ်တန်းအတိအကျသာဖြစ်ရပါမည်။ (အထူးသတိပြုရန် ကစားသမားများ မိမိတို့ ကစားမည့် ဝိတ်ထက် 0.1 ကီလို ပင် ကျော်လို့မရသဖြင့် weight cut များသေချာစွာ ပြုလုပ်ခဲ့ရန်လိုအပ်ပါသည်။)

ပြိုင်ပွဲဝင် ကစားသမားများ ပြိုင်ပွဲတွင် မိမိတို့ တကိုယ်ရည်သုံး ပစ္စည်းများဖြစ်သော mouth guard ( gum shield) ၊ Groin ( ဘောကာ ) နှင့် ဖိနပ်များ ယူဆောင်လာရန်လိုအပ်ပါသည်။

Myanmar Boxing Commission မှ ကျင်းပသော Professional Boxing Matches - 10 (PBM 10) သည် ယခု လာမည့် ၇ လပိုင်း ၁၁ ရက်နေ့ စနေနေ့ တွင်မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့ အဖွဲ့ချုပ် ၊အားကစားခန်းမ၊ သိမ်ဖြူကွင်းတွင် နေ့လည် (၂) နာရီ အချိန်၌ ပွဲစဥ် တွဲဆိုင်း (၈) ဆိုင်းဖြင့် စိတ်၀င်စားစရာ ပွဲစဥ်ကောင်းများစွာဖြင့် ကျင်းပတော့မည် ဖြစ်ကြောင်း လေးစားစွာဖြင့်အသိပေးအပ်ပါသည်။

ပွဲအတွင်း ကြည့်ရှုခွင့် လက်မှတ်ဈေးနှုန်းများမှာ ၅၀၀၀ကျပ် / ၁၅၀၀၀ကျပ် ရှိပြီး (11.07.2026) ပွဲနေ့တွင် သိမ်ဖြူရိုးရာ လက်ဝှေ့အားကစားရုံရှေ့တွင်ရောင်းချပေးသွားမည် ဖြစ်ပါသည်။

ကြိုတင်လက်မှတ်များကိုလဲရောင်းချပေးနေပြီ ဖြစ်လို့ ကြိုတင်လက်မှတ်များအား အမှတ် ၃၃၇/၁-A ၊(၁၁)ရပ်ကွက်၊ရတနာလမ်း၊တောင်ဥက္ကလာပမြို့နယ်ရှိ Myanmar Boxing Commission (MBC) ရုံးတွင်လည်း ဝယ်ယူနိုင်ပါသည်။
စုံစမ်းသိရှိလိုပါကလည်း MBC Viber ဖုန်းနံပါတ် 09 253 148 277 နှင့် 09 255 488 835 မှလည်းကောင်း မေးမြန်း စုံစမ်းနိုင်ပါသည်။
ထိုင်ခုံနံပါတ်များ သတ်မှတ်ထားခြင်းမရှိပါသဖြင့် နေရာကောင်းများမှကြည့်ရှုလိုပါက စောစီးစွာလာရောက်ပေးကြပါရန် လေးစားစွာပန်ကြားအပ်ပါတယ် ။

PBM 10 ရဲ့ ပွဲစဥ်ကောင်းတွေကို လာရောက်အားပေးကြည့်ရှုရန် အခက်အခဲရှိကြသော Boxing ချစ်ပရိသတ်များအတွက်လည်း Skynet မှရိုက်ကူး၍ Live အနေဖြင့် ထုတ်လွှင့်ပြသမည် ဖြစ်မှာမလို့ PBM 10 ပွဲစဥ်ကောင်းတွေကို Skynet Sports Channel နှင့် Skynet Applicationတွင် တိုက်ရိုက် Live ကြည့်ရှု အားပေးနိုင်ပါသည်။

I visited TOP ONE LETHWEI CLUB for the first time. I was impressed by the owner, staffs, and coaches' enthusiasm for dev...
30/06/2026

I visited TOP ONE LETHWEI CLUB for the first time. I was impressed by the owner, staffs, and coaches' enthusiasm for developing young fighters.
I'm confident that they will produce some great athletes near future. 🇯🇵🤝🇲🇲

PBM ပွဲများ အစီအစဉ် ပြောင်းလဲခြင်း (သို့) ကစားသမားများအတွက် သတင်းကောင်း၂၀၂၆ အတွင်း ကျင်းပရန်ကျန်ရှိသော PBM 10 , ၇ လပိုင်...
15/06/2026

PBM ပွဲများ အစီအစဉ် ပြောင်းလဲခြင်း (သို့) ကစားသမားများအတွက် သတင်းကောင်း

၂၀၂၆ အတွင်း ကျင်းပရန်ကျန်ရှိသော PBM 10 , ၇ လပိုင်း ၁၁ ရက် ၊ PBM 11 , ၉ လပိုင်းနှင့် PBM 12 အား ရက်/လ ပြောင်းလဲခြင်းမရှိသော်လည်း ပွဲစဉ်/ ဝိတ်တန်း သတ်မှတ်ချက်ပြောင်းပါသည်။ ယခု ဂျပန်နိုင်ငံတွင် သွားရောက်ကစားခဲ့ရာ ရှုံးပွဲများ ဖြစ်ပေမယ့်လည်း အဆိုးထဲက အကောင်းဖြစ်လာသောအရာကတော့ WBC/OPBF Myanmar, official recognised by WBC/OPBF ၊ Title Match ခါးပတ်ကို ခွင့်ပြုခဲ့ပါသည်။ အမျိုးမျိုးသောအခြေအနေရပ်များကြောင့် professional ကစားသမား level မြင့် များ ရှားပါးနေသောလည်း MBC အနေဖြင့် PBM 12 တွင် WBC/OPBF Myanmar international Belt ပြိုင်ပွဲအားကျင်းပသွားပါမည်။ ရည်ရွယ်ချက်မှာ မြန်မာမှာ နိုင်ငံတကာအသိမှတ်ပြု Title Match ခါးပတ်ပွဲရှိပီး အခြေနေအမျိုးမျိုးဖြစ်နေသော် ကစားသမားများ MBC ၏ professional Boxing လောက တိုးတက်ပီး နိုင်ငံတကာတွင် မြန်မာကစားသမားများ အောင်မြင်စေရန် လုပ်ဆောင်ချက်များဖြစ်ကြောင်းအသိပေးချင်တာပါ။
Title Match ကဘယ်လိုလဲ?
PBM 10 , ၇ လပိုင်း တွင် ဝိတ် တန်း ၄ တန်းကျင်းပပီး အကောင်းဆုံးကစားသမား အများစု ပါသည့် ဝိတ်တန်း ၂ တန်းမှ အနိုင်ရ ကစားသမားများ၊ PBM 11 တွင် ဆက်လက်ယှဉ်ပြိုင်ပီး ၊ PBM 12 တွင် Title Match မှာ ခါးပတ်လုရမှာပါ။ ဒီ ခါးပတ် WBC/OPBF ရဲ့ တရားဝင် international Myanmar ခါးပတ်ဖြစ်ပါတယ်။ ဝိတ်တန်းအသေးစိပ်ကို ထပ်တင်ပေးပါ့မယ်။

ဓါတ်ပုံက WBC/OPBF ရဲ့ Thailand ပွဲကပုံပါ။

住所

Minato, Tokyo

アラート

Lethwei Japanがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

ショートカット

  • 住所
  • アラート

共有する

カテゴリー