မန်ယူ မကောင်းကြောင်း နေ့စဉ်တင်မည်

မန်ယူ မကောင်းကြောင်း နေ့စဉ်တင်မည် မန်ယူအားပေးတဲ့သူတွေ ပျင်းနေမှာ စိုးလို့ပါ

"ဝက် မthay ပဲ ခွေး thay သွားတဲ့ပွဲ" (သို့မဟုတ်)သီတင်းကျွတ်ပေမယ့် ဝဋ်မကျွတ်သေးတဲ့ မန်ယူ
27/10/2024

"ဝက် မthay ပဲ ခွေး thay သွားတဲ့ပွဲ"

(သို့မဟုတ်)

သီတင်းကျွတ်ပေမယ့် ဝဋ်မကျွတ်သေးတဲ့ မန်ယူ

လောလောလတ်လတ်ကမှ ချန်ပီယံလိဂ်မှာဘိုင်ယန်မြူးနစ်ကို အနိုင်ယူထားတဲ့ နည်းပြကြီး အူနိုင်းအမ်မရီရဲ့ အက်စတွန်ဗီလာအသင်းဟာ ဆာအဲလက...
06/10/2024

လောလောလတ်လတ်ကမှ ချန်ပီယံလိဂ်မှာ
ဘိုင်ယန်မြူးနစ်ကို အနိုင်ယူထားတဲ့ နည်းပြကြီး
အူနိုင်းအမ်မရီရဲ့ အက်စတွန်ဗီလာအသင်းဟာ
ဆာအဲလက်ဖာဂူဆန်လို ယူနိုက်တက်အတွက်
သက်တော်ရှည်နည်း​ပြကြီးဖြစ်လာမယ့်
အဲရစ်တန်ဟက်၏ "ဘောလုံးပဲကျော်ပါစေ လူတော့မကျော်စေနဲ့" ဆိုတဲ့
ကစားကွက်အောက်ဝယ် 1 ကတ် 5 ကတ် ဆိုတဲ့ ရလဒ်နဲ့အတူ
အဝါကတ် အပြန်အသတ် ရှုံးနိမ့်ခဲ့ရပါတယ်။

ဒါ့ကြောင့် ယူနိုက်တက်အသင်းဟာ အဆင့်တစ်နေရာက
Liverpool အသင်းကို ရမှတ် ၁၀ မှတ်အကွာကနေ ဆက်လက်
ဖိအားပေးနိုင်ခဲ့သလို ဇယားအောက်ဆုံးက Wolves အသင်းကို
၇ မှတ်အထိ ဖြတ်ထားနိုင်ခဲ့ပါပြီ။

မန်စီးတီးနဲ့ ဖူဟမ်ပွဲမှာ ဖူဟမ်ကွင်းလယ်လူပါရဲယား တယောက် အဖွင့်ဂိုးသွင်းပြီးနောက် ရော်နယ်ဒို့စတိုင်အတိုင်း အောင်ပွဲခံနိုင်...
05/10/2024

မန်စီးတီးနဲ့ ဖူဟမ်ပွဲမှာ ဖူဟမ်ကွင်းလယ်လူ
ပါရဲယား တယောက် အဖွင့်ဂိုးသွင်းပြီးနောက်
ရော်နယ်ဒို့စတိုင်အတိုင်း အောင်ပွဲခံနိုင်ခဲ့ပေမယ့်
အသင်းရဲ့ ကစားကွက်က မန်ယူအသင်းစတိုင်ဖြစ်နေလို့
3-2 ဂိုးဆိုတဲ့ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ရပါတယ်။

မိမိညံ့လို့ မဟုတ်ပဲ မန်ယူအသင်းကသာ အသုံးမကျခဲ့ကြောင်းကိန်းဂဏန်းများနှင့် သက်သေပြခဲ့သော Goat ကြီး CR7မန်ယူ နဲ့ စပါး ပွဲအပြ...
01/10/2024

မိမိညံ့လို့ မဟုတ်ပဲ မန်ယူအသင်းကသာ အသုံးမကျခဲ့ကြောင်း
ကိန်းဂဏန်းများနှင့် သက်သေပြခဲ့သော Goat ကြီး CR7

မန်ယူ နဲ့ စပါး ပွဲအပြီးမှာ CR7 တယောက်ဟာ သူ့ရဲ့
Youtube Channel ကနေ စက္ကန့်သုံးဆယ်စာ
Video Clip လေးတခုကို တင်ဆက်ခဲ့ပါတယ်။
အဲ့ Video လေးဟာ မန်ယူအသင်းနဲ့ပတ်သက်ပြီး
ပြောဆိုသွားခဲ့တာပါ။ Admin မှတ်မိသလောက်
ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်။

" ကျွန်တော်ဒီအသင်းကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက်
ကယ်တင်ခဲ့ပါသေးတယ်။ ဒါပေမယ့် ကြားထဲက ငထွား ခါးနာတာပဲ
အဖတ်တင်လို့ စွန့်ခွာခဲ့တာပါ။ ကျွန်တော် ကောင်း၊မကောင်းဆိုတာ
အယ်နာဆာနဲ့ ရထားတဲ့ ဖလားက သက်သေပြနေပါတယ်။ ဒါကြောင့်
ကျွန်တော်ညံ့တာ မဟုတ်ပါဘူး။ မန်ယူအသင်းကသာ အသုံးမကျခဲ့တာပါ "

(အခုတော့ အဲ့ video လေးကို Goat ကြီးက ပြန်ဖျက်သွားပါပြီ။
Channel မှာမန်ယူအသင်းအကြောင်းတင်ရင် မန်ယူဖန်တွေ
လာလာဆဲကြလွန်းလို့ပါတဲ့)

မန်ယူအသင်းဟာ လမ်းကြောင်းမှန်ပေါ်  ပြန်ရောက်လာပါပြီ။ယခင့်ယခင်ကလည်း အိုးထရက်ဖို့ရှ်ကွင်းမှာ စပါးကို 1-6 နဲ့ ရှုံးဖူးပြီးသာ...
29/09/2024

မန်ယူအသင်းဟာ လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာပါပြီ။
ယခင့်ယခင်ကလည်း အိုးထရက်ဖို့ရှ်ကွင်းမှာ စပါးကို 1-6 နဲ့ ရှုံးဖူးပြီးသားပါ။
အခု တယောက်လျော့ကန်ရတာတောင် စပါးကို 0-3 နဲ့ပဲ ရှုံးတာဆိုတော့
ခြေစွမ်းက နှစ်ဆနီးပါး ပိုကောင်းလာပြီလို့ သတ်မှတ်ရမှာဖြစ်ပါတယ်။

သူများအသင်းက ၂ နှစ်နီးပါးလောက် အပွဲပွဲ ကန်လာတာတောင်  သုံးဂိုးပဲ သွင်းနိုင်ခဲ့တဲ့ ဘရိုက်တန်လိုအသင်းမျိုးကို မင်းက မိနစ်လေ...
28/09/2024

သူများအသင်းက ၂ နှစ်နီးပါးလောက် အပွဲပွဲ ကန်လာတာတောင်
သုံးဂိုးပဲ သွင်းနိုင်ခဲ့တဲ့ ဘရိုက်တန်လိုအသင်းမျိုးကို
မင်းက မိနစ်လေးဆယ်တည်းနဲ့ လေးဂိုးအထိသွင်းပြနိုင်ခဲ့တယ်။

Palmer ရေ...... မင်းပါတဲ့ ချီးကို အထုပ်လေးတွေထုပ်ပြီး
အိပ်မက် ကဇာတ်ရုံကြီးထဲက လူပြက်တွေကို လိုက်ဝေပေးလိုက်စမ်းပါကွာ။

Eleven FC နဲ့ FC Twente တို့ရဲ့ အားပြိုင်မှုကတော့ တစဖက်တဂိုးစီနဲ့ သရေရလဒ်သာ ထွက်ပေါ်ခဲ့ပါတယ်။
25/09/2024

Eleven FC နဲ့ FC Twente တို့ရဲ့ အားပြိုင်မှုကတော့
တစဖက်တဂိုးစီနဲ့ သရေရလဒ်သာ ထွက်ပေါ်ခဲ့ပါတယ်။

ဂုတ်ကြီး ရော်နယ်ဒိုရဲ့ သွင်းဂိုး ကိုးရာပြည့်အတွက်ကျွန်တော်တို့မြင်ဖူးနေကြ ကိန်းဂဏန်းလေးနဲ့ ဂုဏ်ပြုပေးလိုက်တဲ့မန်ယူ
18/09/2024

ဂုတ်ကြီး ရော်နယ်ဒိုရဲ့ သွင်းဂိုး ကိုးရာပြည့်အတွက်
ကျွန်တော်တို့မြင်ဖူးနေကြ ကိန်းဂဏန်းလေးနဲ့ ဂုဏ်ပြုပေးလိုက်တဲ့မန်ယူ

မန်ချက်စတာကြက်မကြီးနဲ့ တော်ဝင်ကြိုးကြာနီတို့ရဲ့ အားပြိုင်မှုကတော့တဖက်စောင်းနင်းဆန်စွာ ပြီးဆုံးသွားခဲ့ပြီပဲ ဖြစ်ပါတယ်။မန်...
01/09/2024

မန်ချက်စတာကြက်မကြီးနဲ့ တော်ဝင်ကြိုးကြာနီတို့ရဲ့ အားပြိုင်မှုကတော့
တဖက်စောင်းနင်းဆန်စွာ ပြီးဆုံးသွားခဲ့ပြီပဲ ဖြစ်ပါတယ်။

မန်ယူဖန်တွေရဲ့ ပါးစပ်ဖျားတိုင်းမှာ
ငါတို့ရဲ့ ကွင်းလယ်က Tank ကြီးလို့ တင်စားခံခဲ့ရတဲ့
သူထူးစံရဲ့ ခြေစွမ်းဟာ Faw ကား သာသာလောက်ပဲ ကျန်ပါတော့တယ်။
ရီးရဲလ်မက်ဒရစ် ထည့်ပေးခဲ့တဲ့ဂျင်းအတောင့်က အခုမှ
ပူရှိန်းရှိန်းအရသာမှန်း တန်ဟက်တယောက် သဘောပေါက်သွားခဲ့ပါပြီ။
မိုင်နူးဟာ အိမ်ရောက်ရင် မိုင်လို ပြန်သောက်ဖို့ လိုပါလိမ့်မယ်။

လီဗာလ်ပူးရဲ့ တိုးမပေါက်ခံစစ်ကြောင့် အရှက်ပြေ ရဂိုး ၁ ဂိုးမှ
မရခဲ့တဲ့အပြင် ပေးဂိုး သုံးဂိုးခွင့်ပြုလိုက်ရတဲ့ မန်ယူအသင်းရဲ့ ခြေစွမ်းဟာ
ယခုရာသီမှာ တန်းတက်လာတဲ့ Ipswich ရဲ့ ခြေစွမ်းထက် ပိုမိုနိမ့်ကျနေပါတယ်။
(Ipswich 0 - 2 Liverpool)

မန်ယူပြန်လာပါလိမ့်မယ်။ ခဏလေးတော့ စောင့်ပေးကြပါခင်ဗျား။
လားစီးလာတာမို့ နည်းနည်းတော့ ကြာပါလိမ့်မယ်။

၂၀၂၄/၂၅ ဘောလုံးရာသီရဲ့ ချန်ပီယံလိဂ်အတွက် မဲအိုး နံပါတ် ၅ ကတော့ ထွက်ပေါ်လို့လာပြီပဲ ဖြစ်ပါတယ်။ Source : UEFA
29/08/2024

၂၀၂၄/၂၅ ဘောလုံးရာသီရဲ့ ချန်ပီယံလိဂ်အတွက်
မဲအိုး နံပါတ် ၅ ကတော့ ထွက်ပေါ်လို့လာပြီပဲ ဖြစ်ပါတယ်။

Source : UEFA

ဒီလောက်ဆို ဘရိုက်တန်ကိုမန်ယူရဲ့ငယ်နိုင်လို့သတ်မှတ်လို့ရပါပြီ။
24/08/2024

ဒီလောက်ဆို ဘရိုက်တန်ကို
မန်ယူရဲ့ငယ်နိုင်လို့သတ်မှတ်လို့ရပါပြီ။

ဒါ မင်းတို့ လက်ခံရမယ့်အရှုံး!!
__________________

ကမ်းစပ်ကိုကြည့်လိုက်တော့
ထပ်ထောင်တာ ဗိုလ်ထုနဲ့ ချီလာခဲ့တဲ့
စင်ရော်ငှက်တွေထဲမှာ ကိုင်စီဒိုမပါ။
မက် အလက်စတာ မပါ။

အဆုံးအစမဲ့သမုဒ္ဒရာ
အရှူံးသမားတို့ရဲ့ မျက်ရည်ကြောင့်
ပိုကျယ်လာရရှာ။

စင်ရော်ငှက်တို့အတွက် အိုးထရက်ဖို့ရှ်ဟာ
ဘယ်တော့မှ ပြန်မခွာချင်တော့တဲ့
ဆိပ်ကမ်းမြို့လေးပါ။

သက်တောင့်သက်သာရှိတယ်။ လုပ်တိုင်းဖြစ်တယ်။
ဒီဇာဘီဟာ မန်ယူအသင်းနဲ့ပဲ ပွဲတိုင်းကန်ချင်တယ်။

မအောင်မြင်တဲ့အသင်းဟာမန်ယူ
မဝင်တဲ့ဂိုးတွေကို ရက်ရှ်ဖို့သွင်းခဲ့တာ။

ပရီးမီးယားလိဂ် ရာသီအသစ်မှာလည်း
မန်ယူဟာ မန်ယူ ဆန်နေဆဲ။
ပါစကယ်ဂရော့စ်ဟာလည်း သောမတ်မူလာ ဆန်နေဆဲ။

သည်သောင်ယံက မခွါနိုင်တဲ့ စင်ရော်ငှက်တို့ရဲ့ဇာတ်လမ်းတွေ
နောက်တကြော့မှာလည်း တွေ့ကြရဦးမယ်။

(မှတ်ချက် - Nကြယ်မင်း အထာလေး ရေးပေးထားပါတယ်)

ငယ်နိုင်
24/08/2024

ငယ်နိုင်

Address

Manchester

Website

Alerts

Be the first to know and let us send you an email when မန်ယူ မကောင်းကြောင်း နေ့စဉ်တင်မည် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category