19/01/2024
Special One တမ်းချင်းကို ဘယ်အသင်းတွေ သီကုံးကြမှာလဲ ... ?
Sir Alex Ferguson ကြီး ယူနိုက်တက်ကနေ အနားယူတဲ့ အချိန်မှာ သူ့အသက်ဟာ 71 နှစ် အရွယ်ရှိခဲ့ပြီ။ သူဟာ သူ့ရဲ့အရွယ်လွန်ခြင်းတွေကို ဆုဖလားအောင်မြင်မှုဆိုတဲ့ နုပျိုခြင်းတွေနဲ့ ဖုံးကွယ်ထားနိုင်ခဲ့ပုံပါဘဲ။ သူ့ကိုဆုံးရှုံးခဲ့ရတဲ့ ယူနိုက်တက်ဟာ ဆက်ခံသူ လူရွယ်နည်းပြတွေနဲ့ အဆင်မပြေနေလိုက်တာများ ဒီကနေ့ထိဆိုပါတော့။
ရိုးမားအသင်းဟာ ရလာဒ်တွေဆိုးရွားနေခဲ့တာကြောင့် နည်းပြ မော်ရင်ဟိုကို ထုတ်ပယ်လိုက်ပြီဖြစ်ကြောင်း ကြားရတော့ ကျနော်တို့ရဲ့ Special One ကြီး အိုနေပြီလားပေါ့။
2003-2004 မှာ ပေါ်တို အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလား ရယူနိုင်ခဲ့တဲ့ သူက ချဲဆီးအသင်းကို ရောက်ရှိလာခဲ့ပြီး လန်ဒန်မြေက ခြင်္သေ့ပြာတွေကို တစ်ခေတ်ဆန်းစေခဲ့တယ်။
အဲ့ဒီအချိန်က ပရီးမီးယားလိဂ်ရဲ့ အသက်အငယ်ဆုံးနည်းပြ အဖြစ်နဲ့ 41 နှစ်သားဟာ မော်ရင်ဟိုပေါ့။သူ့ရဲ့ ငယ်ဂုဏ် ၊ မာကျောခက်ထန်မှု ၊ ပွဲမတိုင်ခင် စကားလုံးစစ်ထိုးမှု ၊ မြက်ခင်းပြင်ပေါ်က Reaction တွေဟာ အင်္ဂလိပ်ဘောလုံးလောကမှာ ကြီးစိုးခဲ့သေးတာပေါ့။
ချဲဆီးကို ရောက်ရောက်ချင်း ပထမရာသီမှာတင် ရွှေဖလားနဲ့ ကပ်ပြီးလွဲခဲ့တာမဟုတ်လား။ မန်စီးတီးအသင်းနဲ့ ပွဲစဉ် 9 မှာ နစ်ကိုးလပ်စ်အနယ်ကာရဲ့ ပင်နယ်တီသာ ခွင့်မပြုခဲ့ရရင် အဲ့နှစ်က မော်ရင်ဟိုရဲ့ အဖွင့်ဟာ ရွှေဖလားပေါ့။
မဟုတ် မခံ ၊ ဒုတ်ထိုး အိုးပေါက်ပြောတတ်တဲ့ လူမှန်ကြီးဟာ Bus ကား ကစားကွက်လို့ ပြောခံရလောက်တဲ့အထိ သူ့ရဲ့ ခံစစ် အသားပေးလေ့ရှိတဲ့ ကစားပုံနဲ့ဘဲ သူ့ကိုယ်သူ Special One လို့ကြွေးကြော်ခဲ့သေးတာ မဟုတ်ပါလား။
ခုများတော့ Special One ကြီးဟာ အသင်းလက်မဲ့။ မြန်မာနိုင်ငံမှာတော့ အသက် 60 ဆို ပင်စင်ယူကြပြီတဲ့လေ။ သူတို့ဟာ အနားယူရတော့မယ် အရွယ်တွေမဟုတ်လား။ ဒီလိုဆိုတော့သမိုင်းထဲက ဦးပေါင်းကျားနဲ့ မြင်းကျားရှင် ၊ အလောင်းစည်သူမင်းကြီးဟာ မင်းတို့ နှောင်းလူတွေ တယ်ခက်သကိုးလို့များ စကားဆိုလေမလား။ အင်္ဂလန်ပရီးမီးယားလိဂ်မှာ ခရစ်စတယ် ပဲလေ့စ်နဲ့အတူ ခရီးနှင်နေဆဲ 76 နှစ်အရွယ် နည်းပြကြီး ရွိုင်းဟော့ဒ်ဆန်က ဟာသဘဲကွာဆိုပြီး ဟားတိုက်နေလိမ့်မလား
ဟုတ်ပါတယ်... ဘောလုံး အားကစားဆိုတာ သံယောဇဉ်ဖြတ်ဖို့ခက်တဲ့အားကစားတစ်ခုဘဲ။ မော်ကြီးလို နည်းပြမျိုးဟာလဲ မြက်ခင်းစိမ်းတွေကို ချစ်တဲ့သူ တစ်ယောက်မဟုတ်လား။ သူ့အတွက်တော့ သူချစ်တဲ့ မြက်ခင်းစိမ်းတွေ အတွက်ဆိုလျင် အသက် 60 ဆိုတာ ကိန်းဂဏန်းတစ်ခုလို့ဘဲ သတ်မှတ်လိမ့်မယ် ထင်ပါတယ်။
နှစ်ပေါင်း 60 ရှိပြီဖြစ်တဲ့ နှစ်ချို့ဝိုင်တစ်လုံးရဲ့ စွဲမက်ဖွယ် အရသာကို ဘယ်တံဆိပ်အောက်မှာ ကျနော်တို့ မြည်းစမ်းကြရမှာပါလိမ့်။ ချဲဆီးလ်နဲ့ တတိယမြောက် ဟန်းနီးမွန်းမှာလား ၊ ယူနိုက်တက် အိမ်အပြန်မှာလား ၊ သို့မဟုတ် ကမ္ဘာကျော်ရေမွှေးတွေထွက်ရာ ပြင်သစ်မြေမှာလား ၊ အရှေ့အလည်ပိုင်း ဒေသတွေမှာလား ၊ ဒါမှမဟုတ် ဒီရက်ပိုင်းတွေမှာ 34 နှစ်အရွယ်ထိ နုပျိုလှပနေဆဲ Scarlet Witch လို့ ကျနော်တို့ခင်ဗျားတို့သိတဲ့ Elizabeth Olsen ရှိရာ အမေရိက ဖက်ဆီကိုလား။ Special One တမ်းချင်းကို ဘယ်အသင်းတွေ သီကုံးမှာလဲ ဆိုတာကတော့ ....
-----------------------
ဘော်ဒါတို့ အနေနဲ့ 1xbet မှာ ဘောလုံး, dota နဲ့ တစ်ခြား online beting တွေလုပ်တယ် ဆိုရင် ကျနော် တို့ ဆီမှာ 1xbet unit ကို MMK နဲ့ လိုသလောက်ရနိုင်ပါပြီ။ Page messenger ကိုသာလာခဲ့လိုက်ပါ။