03/09/2026
ချဲလ်ဆီးပရိသတ်တွေက Moises Caicedo ရဲ့ ကြံ့ခိုင်မှုအခြေအနေကို သိချင်နေကြပေမဲ့ နည်းပြ ဇာဘီ အလွန်ဆို ကတော့ ဒီအကြောင်းကို အသိပေးချင်ပုံမရပါဘူး။
ဘာလို့လဲဆိုတော့ ပရိသတ်တွေ သိသွားပြီဆိုတာနဲ့ တစ်ပြိုင်နက် Mikel Arteta နဲ့ အာဆင်နယ်အသင်းတို့ပါ ကိုင်စေဒိုရဲ့ အခြေအနေကို သိသွားမှာဖြစ်လို့ပါ။ ယခင် နည်းပြဟောင်းတွေနဲ့ ယှဉ်လိုက်ရင် လက်ရှိမှာ အသင်းရဲ့ အချက်အလက်တွေကို ပိုပြီး လျှို့ဝှက်ထားလာတာကို သတင်းထောက်တွေအနေနဲ့ သတိထားမိလာတယ်လို့သိရပါတယ်။
Kieran Gill
Photo Credit