I don’t chase happiness, I wait for Arsenal goals

I don’t chase happiness, I wait for Arsenal goals ᴍʏ ᴀʀꜱᴇɴᴀʟ ᴛᴀᴋᴇꜱ

ဒီနေ့ညမှာ ကမ္ဘာကြီးရဲ့အကြည့်တွေဟာ အီတီဟတ်ကွင်းဆီကို စုပြုံကျရောက်နေပါလိမ့်မယ်။ ဒါဟာ ပရီးမီးယားလိဂ်ရဲ့ ရာဇဝင်သစ်ရေးထိုးမယ...
19/04/2026

ဒီနေ့ညမှာ ကမ္ဘာကြီးရဲ့အကြည့်တွေဟာ အီတီဟတ်ကွင်းဆီကို စုပြုံကျရောက်နေပါလိမ့်မယ်။ ဒါဟာ ပရီးမီးယားလိဂ်ရဲ့ ရာဇဝင်သစ်ရေးထိုးမယ့် "The Final Showdown" လို့ တင်စားရမယ့် ပွဲစဉ်တစ်ခုပါ။
အီတီဟတ်ရဲ့ မုန်တိုင်းနဲ့ ၂၂ နှစ်ကြာ မျှော်လင့်ခြင်း ည။ ရေခဲပြင်လို အေးစက်တည်ငြိမ်ပြီး အမှားအယွင်းမရှိတဲ့ စက်ယန္တရားကြီးသဖွယ် ကစားတတ်တဲ့ စီးတီး။ သူတို့ဟာ အောင်ပွဲတွေနဲ့ ယဉ်ပါးနေပြီး အခုလည်း ထုံးစံအတိုင်း ရာသီကုန်ခါနီးမှာ ကြောက်မက်ဖွယ် ခြေစွမ်းနဲ့ ဖလားလမ်းကြောင်းပေါ် ပြန်တက်လာခဲ့ပြီ။
အခြားတစ်ဖက်မှာတော့ဆယ်စုနှစ် နှစ်ခုကျော်ဖုန်တက်နေခဲ့တဲ့ အိမ်မက်ဟောင်းကို ပြန်လည်အသက်သွင်းဖို့ ကြိုးစားနေတဲ့ အဖွဲ့။ လွန်ခဲ့တဲ့ လအနည်းငယ်က အမှတ်ပေးဇယားထိပ်မှာ ပြတ်ပြတ်သားသား ဦးဆောင်နေခဲ့ပေမဲ့ အခုတော့ အနည်းငယ် ယိမ်းယိုင်လာတဲ့ ခြေလှမ်းတွေကြောင့် ဝေဖန်သံတွေ၊ သံသယတွေရဲ့ ဝိုင်းရံခြင်းကို ခံနေရပါတယ်။
တစ်ကမ္ဘာလုံးက ကျွမ်းကျင်သူတွေ၊ ပရိသတ်တွေနဲ့ ဂုဏ်သရေရှိ ပုဂ္ဂိုလ်တွေအားလုံးက "ဒီညမှာတော့ စီးတီးကပဲ အပြတ်အသတ် နိုင်သွားလိမ့်မယ်" လို့ တညီတညွတ်တည်း ဟောကိန်းထုတ်နေကြတယ်။
ဒါပေမဲ့ ဘောလုံးဆိုတာ ရင်ဘတ်ထဲက "ဆာလောင်မှု" နဲ့ ကစားတာပါ။ အာဆင်နယ်ကစားသမားတွေရဲ့ သွေးကြောထဲမှာ အရှုံးပေးလို့မရတဲ့ မာန်မာနတွေနဲ့ ဖလားကို အရယူချင်တဲ့ ပြင်းပြတဲ့ စိတ်ဆန္ဒတွေ တောက်လောင်နေပါတယ်။ သူတို့အတွက် ဒီပွဲဟာ နည်းဗျူဟာထက် စိတ်ဓာတ်ခွန်အားက ပိုအရေးကြီးတဲ့ တိုက်ပွဲပါ။
တချို့သောအာဆင်နယ်ရပ်ဝန်းများပင်အပါအဝင် တလောကလုံးရဲ့ မြှားဦးက City အနိုင်ဆိုတာကို ညွှန်ပြနေပေမဲ့... ငါတို့မှာ လုပ်စရာက ဒီတခုတည်းရှိတော့တယ်။ တခြားရွေးခြယ်စရာမရှိဘူး... အဲ့တာဟာ စီးတီးကို အနိုင်ကန်ဖို့ပဲ ။

Address

-
Colney
-

Website

Alerts

Be the first to know and let us send you an email when I don’t chase happiness, I wait for Arsenal goals posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category