The Reds YGN

The Reds YGN You'll Never Walk Alone

သတင်းထောက် >> ရီးရဲလ်မက်ဒရစ်က အာနိုးဆီချဉ်းကပ်ပြီးတဲ့နောက်မှာ ..      မင်းအာနိုးနဲ့ စကားပြောခဲ့သလား .. ? အာနီစလော့ >> ငါ...
03/01/2025

သတင်းထောက် >> ရီးရဲလ်မက်ဒရစ်က အာနိုးဆီချဉ်းကပ်ပြီးတဲ့နောက်မှာ .. မင်းအာနိုးနဲ့ စကားပြောခဲ့သလား .. ?

အာနီစလော့ >> ငါက ကစားသမားတိုင်းနဲ့ ခဏခဏ စကားပြောတယ်။ ထရန့်အတွက်လည်းအတူတူပဲ။ ငါသူနဲ့လည်း ပြောခဲ့တယ်။

🔴 ဘာတွေ ပြောခဲ့ကြတယ်ထင်လဲ .. ?


🔴 လီဗာပူးလ်ရဲ့ .. နံပတ် (၁) set-piece နည်းပြ   ပြီးခဲ့တဲ့ နွေရာသီတုန်းက လီဗာပူးလ်အသင်းက set-piece နည်းပြတယောက်ကို ကမ်းလှ...
02/01/2025

🔴 လီဗာပူးလ်ရဲ့ .. နံပတ် (၁) set-piece နည်းပြ

ပြီးခဲ့တဲ့ နွေရာသီတုန်းက လီဗာပူးလ်အသင်းက set-piece နည်းပြတယောက်ကို ကမ်းလှမ်းဖို့ ကြိုးစားခဲ့ဖူးတယ်။ ဒါပေမဲ့ ..မခေါ်ယူဖြစ်ခဲ့ဘူး။

လက်ရှိ ပထမရာသီဝက်အပြီးမှာ လီဗာပူးလ်အသင်းက အဆင့် ၁ နေရာမှာ ရှိနေပြီး၊ ပရီးမီးယားလိဂ်တိုက်စစ်အကောင်းဆုံးအသင်းအဖြစ် ရှိနေပေမဲ့ set-piece သွင်းဂိုးက နှစ်ဂိုးသာရှိထားသေးတာဖြစ်တယ်။

ဒါကြောင့် .. သူတို့အနေနဲ့ လက်ရှိဖီယင်နုအသင်းရဲ့ .. set-piece နည်းပြဖြစ်တဲ့ ရီဂျ်နန်းကို ခေါ်ယူဖို့ ပစ်မှတ်ထားနေတာပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နွေရာသီတုန်းက အလုပ်လုပ်ခွင့်ပါမစ်ကြောင့် ပျက်ပြယ်ခဲ့တဲ့ အပြောင်းအရွှေ့ကို ပြန်အသက်သွင်းဖို့ကြံစည်နေတာဖြစ်ပြီး.. အာနီစလော့ကလည်း ခေါ်ယူဖို့ ထောက်ခံချက်ပေးထားတာကို တွေ့ရပါတယ်။

-JK-" လက်ရှိမှာ ကစားသမားတွေအနေနဲ့ နိုင်ငံတကာပွဲစဥ်တွေရှိတာကြောင့် သူတို့အနေနဲ့ မိခင်နိုင်ငံအသင်းတွေဆီကို ထွက်ခွာသွားကြပါ...
06/09/2023

-JK-

" လက်ရှိမှာ ကစားသမားတွေအနေနဲ့ နိုင်ငံတကာပွဲစဥ်တွေရှိတာကြောင့် သူတို့အနေနဲ့ မိခင်နိုင်ငံအသင်းတွေဆီကို ထွက်ခွာသွားကြပါပြီ။ ကျွန်တော်တို့ ၁၆ရက်နေ့စနေနေ့မှာ Wolverhampton Wanderers အသင်းနဲ့ သူတို့ရဲ့အိမ်ကွင်းမှာသွားရောက် ယှဥ်ပြိုင်ရမှာပါ။ ပြင်ဆင်ချိန် ၄၈နာရီပဲ ရှိပါတယ် ဒီလိုကျဥ်းမြောင်းတဲ့ ပြင်ဆင်ချိန်တွေအတွက် ခက်ခဲမယ်ဆိုတာသိပါတယ် ဒါ့ကြောင့် အဆင်သင့်ဖြစ်အောင် သေချာလုပ်ဆောင်ရပါလိမ့်မယ်။ "

   Al-Ittihadအသင်းအနေနဲ့ နောက်လာမယ့် ၄၈နာရီအတွင်း Salahကိုခေါ်ယူနိုင်လိမ့်မယ်လို့ ယုံကြည်နေခဲ့သလို လီဗာပူးလ်အသင်းကို ပေါ...
04/09/2023



Al-Ittihadအသင်းအနေနဲ့ နောက်လာမယ့် ၄၈နာရီအတွင်း Salahကိုခေါ်ယူနိုင်လိမ့်မယ်လို့ ယုံကြည်နေခဲ့သလို လီဗာပူးလ်အသင်းကို ပေါင်သန်း၂၀၀ဖြင့်ရောင်းချဖို့အတွက် ဖိအားပေးနေခဲ့ပါတယ်။ Salahကိုခေါ်ယူဖို့အတွက် ဆော်ဒီကလပ်ရဲ့ ကိုယ်စားလှယ်တွေဟာ စနေနေ့ထဲက ရောက်ရှိနေခဲ့တာလည်း ဖြစ်ပါတယ်။

- Koeman - "သူ့နိုင်ငံအတွက် ကစားပေးဖို့ Ryan Gravenberch က ငြင်းဆန်တဲ့အတွက် ကျွန်တော်တို့ မပျော်ပါဘူး။"ခင်ဗျားမပျော်ပေမယ...
04/09/2023

- Koeman -

"သူ့နိုင်ငံအတွက် ကစားပေးဖို့ Ryan Gravenberch က ငြင်းဆန်တဲ့အတွက် ကျွန်တော်တို့ မပျော်ပါဘူး။"

ခင်ဗျားမပျော်ပေမယ့် ကျွန်တော်တို့တော့ပျော်တယ်....
သူလည်း ဂျာမနီကနေ အင်္ဂလန်ကိုလာရတာဆိုတော့ ပင်းပန်နေတာကြောင့် ငြင်းလိုက်တာထင်ပါတယ်.... 😁

Ibrahima Konate ဟာ ဒဏ်ရာကနေ ပြန်လည်ကောင်းမွန်လာပေမယ့် ကြံ့ခိုင်မှူအနေအထားမပြည့်၀သေးတာကြောင့် အိုင်ယာလန်နဲ့ ဂျာမနီတို့နဲ့...
04/09/2023

Ibrahima Konate ဟာ ဒဏ်ရာကနေ ပြန်လည်ကောင်းမွန်လာပေမယ့် ကြံ့ခိုင်မှူအနေအထားမပြည့်၀သေးတာကြောင့် အိုင်ယာလန်နဲ့ ဂျာမနီတို့နဲ့ ကစားမယ့် နိုင်ငံတကာပွဲစဥ်တွေအတွက် ပြင်သစ်အသင်းရဲ့လူစာရင်းကနေ ချန်လှပ်ခြင်း ခံခဲ့ရပါတယ်။

လစ်ပြီနော်...Alexis reporting for 🇦🇷 duty😁😁
04/09/2023

လစ်ပြီနော်...Alexis reporting for 🇦🇷 duty😁😁

Clubအသင်းပွဲစဥ်တွေ တစ်ပတ်နားပါမယ်....နိုင်ငံအသင်းပွဲစဥ်တွေနဲ့အတူ ကစားသမားတွေအနေနဲ့လည်းမိခင်နိုင်ငံသို့ ထွက်ခွာကြရမှာပဲဖြ...
04/09/2023

Clubအသင်းပွဲစဥ်တွေ တစ်ပတ်နားပါမယ်....

နိုင်ငံအသင်းပွဲစဥ်တွေနဲ့အတူ ကစားသမားတွေအနေနဲ့လည်းမိခင်နိုင်ငံသို့ ထွက်ခွာကြရမှာပဲဖြစ်ပါတယ်....

ဒီတစ်ပတ်ထဲမှာ မပျင်းရအောင်လို့ အမေးအဖြေကဏ္ဍတွေနဲ့အတူ ဆက်လက်ပြီးတင်ဆက်သွားမှာဖြစ်သလို ဆောင်းပါးအချို့နဲ့ နိုင်ငံအသင်းတွေက ကစားသမားတွေရဲ့ သတင်းတွေကိုလည်း လက်လှမ်းမှီသလောက် တင်ဆက်ပေးသွားပါမယ်ဆိုတဲ့ အကြောင်း ကြိုတင်အသိပေးပါရစေ....

Liverpool Vs Aston Villa (3-0) Review__________________________________Arnoldရဲ့ ဦးဆောင်မှုနဲ့အတူ Kloppရဲ့ PLပွဲ ၃၀၀ပြည...
04/09/2023

Liverpool Vs Aston Villa (3-0) Review
__________________________________

Arnoldရဲ့ ဦးဆောင်မှုနဲ့အတူ Kloppရဲ့ PLပွဲ ၃၀၀ပြည့်မြောက်ခဲ့တဲ့အချိန်ဟာ Anfieldမှာ သက်သောင့်သက်သာနဲ့ နိုင်ပွဲတစ်ပွဲကိုရှာဖွေခဲ့ကြပါတယ်။ Szoboszlaiရဲ့ အဖွင့်ဂိုး Nunezရဲ့ ပိတ်သွင်းမှုမှာ ပါ၀င်လာခဲ့တဲ့ Matty Cash ရဲ့ OGနဲ့အတူ Salahရဲ့ ဂိုးတွေနဲ့ ဒီရာသီရှုံးပွဲမရှိသေးတဲ့ လီဗာပူးလ်အသင်းကတော့ ပုံစံကောင်းတွေကို ဆက်လက်ဆုပ်ကိုင်ထားဆဲပဲ ဖြစ်ပါတယ်။

ဒါပေမယ့် ဒီပွဲရဲ့ Passတွေအားလုံးက Arnoldဆီမှာပါ။

Arnoldဟာ fullbackကနေ နေရာပြောင်းပြီး Deepline Midfieldနေရာကို တက်ဆော့တဲ့အချိန်တွေမှာ Normal Passတွေနဲ့ Long Passတွေကို တိတိကျကျပြုလုပ်ခဲ့သလို ဗီလာရဲ့ ခံစစ်​၃ယောက်တန်းရဲ့ Spaceကြားထဲတွေကိုလည်း Killer Passတွေ ပို့ပေးခဲ့ပါသေးတယ်။ သူပေးဖို့ခဲ့တဲ့ Passအရေအတွက်ဟာ ၆၉ကြိမ်ထိရှိခဲ့ပြီး အကြိမ်၂၀လောက်က ဗီလာရဲ့ခံစစ်ကို ကောင်းကောင်းကြီး အလုပ်ရှုပ်သွားစေခဲ့ပါတယ်။

ဒုတိယပိုင်း ၇၁မိနစ် အရောက်မှာတော့ Arnoldဟာ လူစားလဲခံခဲ့ရပြီး သူ့ရဲ့စွမ်းဆောင်ရည်ထက် သူ့ရဲ့ ဒဏ်ရာအခြေအနေပေါ်ကြည့်ပြီး Kloppဟာ လူစားခဲ့တာပဲ ဖြစ်ပါတယ်။ Kloppအနေနဲ့ သူထိခိုက်မိသွားတဲ့ ဒဏ်ရာက သိပ်မပြင်းထန်ဖို့အတွက် မျှော်လင့်မိပါတယ်ဆိုတဲ့အကြောင်းကိုလည်း ပွဲပြီး​ဆုံးချိန်မှာတော့ မီဒီယာတွေကိုဖြေကြားခဲ့ပါသေးတယ်။

Arnoldအနေနဲ့ သူနဲ့တွဲဆော့တဲ့ Wingဖက်ခြမ်းက Szoboszlaiကိုလည်း ဘောလုံးလမ်းကြောင်းတွေ ကောင်းကောင်းရှာဖွေပေးနိုင်ခဲ့ပြီး။ Arnoldဟာ ရရှိလာတဲ့ဒေါင့်ကန်ဘောကနေ ဖန်တီးမှုပြုလုပ်နိုင်ခဲ့ပြီး Szoboszlaiအနေနဲ့ဘယ်ခြေနဲ့လှလှပပ ကန်သွင်းနိုင်ထဲ့ပြီး ၎င်းဟာပရီးမီးယားလိဂ်မှာ စတုတ္တထမြောက်ဂိုးသွင်းယူနိုင်တဲ့ ဟန်ဂေရီသားအဖြစ်လည်း မှတ်တမ်း၀င်သွားခဲ့ပါတယ်။

ဒုတိယဂိုးကလည်း Arnoldဆီကနေ စတင်ခဲ့ပြီး Defence Midfieldနေရာကနေတစ်ဆင့် Salahဆီကို ကောင်းမွန်တဲ့ Passingပေးပို့နိုင်ခဲ့ပြီး Salahရဲ့ ဖန်တီးပေးပို့မှုကနေ Nunezပိတ်သွင်းခဲ့ရာမှာတော့ တိုင်ထိထွက်ခဲ့ပေမယ့် ပြန်ထွက်လာတဲ့ ဘောလုံးဟာ Powerပါလာတာကြောင့် Matty Cashအနေနဲ့ တားဆီးဖို့ကြိုးစားရင်း ဒုတိယဂိုးကိုထပ်မံခွင့်ပြုလိုက်ရပါတယ်။ လီဗာပူးလ်အနေနဲ့ ပထမပိုင်းမှာ ဖရိုဖရဲဖြစ်နေတဲ့ ဗီလာရဲ့ကစားပုံကြောင့် ၂ဂိုးထက်မနည်း အခွင့်အရေးတွေရခဲ့ပါတယ်။ Arnoldရဲ့ ပစ်ဒဏ်ဘောကနေတစ်ဆင့် ဖန်တီးပေးပို့ခဲ့တဲ့ဘောလုံးဟာ Matipရဲ့ ခေါင်းတိုက်မှုကောင်းခဲ့ပေမယ့် ဂိုးအဖြစ်တော့ မပြောင်းလဲနိုင်ခဲ့ပါဘူး။

Arnoldအနေနဲ့ ပထမပိုင်း အစမှာ ဖန်တီးမှု ၅ကြိမ်လောက်ထိပြုလုပ်နိုင်ခဲ့ပြီး ၃ကြိမ်လောက်က ဂိုးရသင့်တဲ့အနေအထားတွေလို့ဆိုရင် မမှားပါဘူး။ အထူးသဖြင့် Nunezရဲ့ ကန်သွင်းမှုတွေသာ ဂိုးရရှိခဲ့မယ်ဆိုရင် လီဗာပူးလ်အနေနဲ့ ၅ဂိုးလောက်ထိ ဖြစ်သွားနိုင်ပါတယ်။

သို့ပေမယ့် အဲ့ဒါက တကယ်အရေးမကြီးပါဘူး။ ဗီလာဟာ ဒုတိယပိုင်းမှာတော့ ပုံစံကောင်းအချို့ကို ပြသလာနိုင်ခဲ့ပါတယ် Lucas Digneရဲ့ Crossballနဲ့အတူ Cashရဲ့ ခေါင်းတိုက်မှုဟာ အတော်လေးကောင်းမွန်ခဲ့ပေမယ့် Alissonရဲ့ လက်စွမ်းပြကာကွယ်မှုကြောင့် ဗီလာတို့အနေနဲ့ ခြေပဂိုးရနိုင်မယ့် အခွင့်အရေးကနေ ဆုံးရှုံးသွားခဲ့ပါတယ်။ ဗီလာရဲ့ ကစားပုံကို ခြုံကြည့်ရမယ်ဆိုရင် Unai Emeryရဲ့ အသင်းသားတွေဟာ လီဗာပူးလ်ကို ကောင်းကောင်းဖွင့်မတိုက်ရဲသလို ကောင်းမွန်တဲ့ ဖန်တီးပေးပို့မှုတွေကိုလည်း သေချာမလုပ်ဆောင်နိုင်ခဲ့ကြပါဘူး။ ဒါကဘာ့ကြောင့်လည်းဆိုရင် လီဗာပူးလ်ရဲ့ Passing တွေဟာ အဓိကကျတဲ့ အခန်းကဏ္ဍကနေပါ၀င်နိုင်ခဲ့ခြင်းကြောင့်လို့ ဆိုရပါလိမ့်မယ်။ ဗီလာအနေနဲ့ ဘောလုံးပိုင်ဆိုင်မှု ၃၅ရာခိုင်နှုန်းဆိုတဲ့ ပမာဏဟာ ဧည့်သည်အသင်းအနေနဲ့ တန်ပြန်တိုက်စစ်တွေကို ကောင်းကောင်း လုပ်ဆောင်လို့ရတဲ့ ရာခိုင်နှုန်းတစ်ခုလို့ မြင်မိပါတယ်။

ဗီလာတို့ဟာ Anfieldသို့ အလည်လာရောက်ခဲ့တဲ့ နောက်ဆုံး ၆ကြိမ်မှာတော့ သရေ၁ပွဲသာစွမ်းဆောင်နိုင်ခဲ့ပြီး ၅ပွဲထိရှုံးနိမ့်ထားခဲ့တာပဲ ဖြစ်ပါတယ်။ လီဗာပူးလ်အသင်းအနေနဲ့ ကတော့ ပထမဆုံး Cleansheetတစ်ပွဲကို ရှာဖွေနိုင်ခဲ့ပြီး Anfieldဟာ လီဗာပူးလ်သားတို့အတွက် ရေခံမြေခံကောင်းနေစဲဆိုတာကိုပြောရင်း ပွဲစဥ်၄အပြီးမှာတော့ အဆင့်၃ကို တက်လှမ်းလာနိုင်ခဲ့ပြီပဖြစ်ပါတယ်။

Anfieldအတွက် ထွန်းလင်းတော့မယ့် ကြယ်တစ်လုံး....
03/09/2023

Anfieldအတွက် ထွန်းလင်းတော့မယ့် ကြယ်တစ်လုံး....


ယနေ့ Anfieldကွင်းရဲ့ ရာသီဥတု🌞   ☀
03/09/2023

ယနေ့ Anfieldကွင်းရဲ့ ရာသီဥတု🌞

Liverpool Vs Aston Villa (Sunday)Match Preview______________________________________လီဗာပူးလ်အသင်းအနေနဲ့ ဘုန်းမောက်စ်နှင...
03/09/2023

Liverpool Vs Aston Villa (Sunday)Match Preview
______________________________________

လီဗာပူးလ်အသင်းအနေနဲ့ ဘုန်းမောက်စ်နှင့် ကာဆယ်တို့ကို ဆက်တိုက်အနိုင်ရရှိခဲ့ပြီးချိန်မှာတော့ ဒီတစ်ပတ်မှာ ဗီလာအသင်းကို ဧည့်ခံယှဥ်ပြိုင်ကစားသွားရမှာပဲ ဖြစ်ပါတယ်။ ကာဆယ်ကို အနိုင်ရလိုက်ခြင်းက လီဗာပူးလ်အနေနဲ့ ယုံကြည်မှုတွေကို ပိုမိုပေးစွမ်းနိုင်ခဲ့တာလည်းဖြစ်သလို Kloppရဲ့ နည်းစနစ်ပိုင်း ရှု့ဒေါင့်တွေက အကောင်းဆုံးအနေအထားမှာရှိနေတာကို မြင်တွေ့ရပြီး ကစားသမားတွေအနေနဲ့ကလည်း ၁ယောက်လျော့နေတဲ့ကြားက နိုင်ပွဲတွေရှာဖွေပေးခဲ့တဲ့ သူတို့ရဲ့နည်းပြကိုယုံကြည်မှု အားကောင်းနေတာပဲဖြစ်ပါတယ်။

ဗီလာဟာ ရာသီအဖွင့်ပွဲစဥ်မှာ နယူးကာဆယ်ကို ဂိုးပြတ်နဲ့ ရှုံးနိမ့်သွားခဲ့ပြီးနောက်မှာတော့ အဲလ်ဗာတန် နှင့် ဘန်လေတို့ကို ပြန်လည်၍ဂိုးပြတ်အနိုင်ယူပြခဲ့ပြီး ဆိုးရွားတဲ့ ရာသီအစကို အကောင်းမွန်ဆုံးခြေဖျက်နိုင်ခဲ့ပါတယ်။ ဗီလာအသင်းအနေနဲ့ ကြားရက်တွေမှာ UEFA ယူရိုပါလိဂ်ကွန်းဖရက်လိဂ်မှာလည်း ဟီဘာနီယံကို နှစ်ကျော့ပေါင်း ၈ဂိုးအထိသွင်းထားပြီး Unai Emeryရဲ့ ကစားသမားတွေဟာ အကောင်းမွန်ဆုံး ခြေဖျက်ပြနေခဲ့ပါတယ်။

လက်ရှိနွေအပြောင်းအရွှေ့စျေးကွက်မှာလည်း အထင်ကြီးစရာကောင်းတဲ့ခေါ်ယူမှုတွေကို လုပ်ဆောင်နိုင်ခဲ့ပြီး သူတို့အနေနဲ့ မည်သည့်အသင်းနဲ့မဆို ပုံစံကောင်းတစ်ခုနဲ့ ရင်ဆိုင်ဖို့ အသင့်ဖြစ်နေပြီလို့ပဲ ဆိုရပါလိမ့်မယ်။ လီဗာပူးလ်ဟာ စာရွက်ပေါ်မှာပဲ ပိုကောင်းတဲ့အသင်းတစ်သင်း မဟုတ်တာကို သူတို့တွေသိထားပြီးသားပါ ဗီလာအသင်းအနေနဲ့ ဘာတွေလုပ်ပြနိုင်မလဲဆိုတာကတော့ စောင့်ကြည့်သွားရမှာပဲ ဖြစ်ပါတယ်။

လီဗာပူးလ်အသင်းအနေနဲ့ ပေါင်ခြံဒဏ်ရာရှိထားတဲ့ ကွင်းလယ်ကစားသမားသီယာဂိုဟာ ထပ်မံအနားယူရအုန်းမှာဖြစ်ပြီး။ စပိန်လက်ရွေးစင်ကစားသမားဟာ ဒီတစ်ပတ်မှာ ပြန်လည်ပါ၀င်လာနိုင်ဖို့ မျှော်လင့်ထားပေမယ့် အပေါ့စားလေ့ကျင့်ခန်းတွေပြန်လည် ပြုလုပ်ချိန်မှာတော့ ဒဏ်ရာမသက်မှုကို ခံစားခဲ့ရပြီး အချိန်ကာလတစ်ခုလောက်ထိစောင့်ကြည့်ရပါအုန်းမယ်။

တစ်ချိန်ထဲမှာပဲ ဗန်ဒိုက်အနေနဲ့ နယူးကာဆယ်နဲ့ပွဲမှာ အနီကဒ်ပြခံခဲ့ရပြီး ၎င်းပွဲစဥ်ကိုလွဲချော်မှာပဲ ဖြစ်ပါတယ်။ ကိုလ်နက်တီအနေနဲ့ကလည်း ဒီပွဲစဥ်အတွက် အစဥ်သင့်မဖြစ်သေးကြောင်း ကလော့ပ်က အတည်ပြုထားခဲ့ပြီးဖြစ်တယ်။ အယ်လီဆင်ဘက်ကာနဲ့ အတူ လီဗာပူးလ်တို့ဟာ 4-3-3ပုံစံနဲ့ပဲ ပွဲထွက်လာပါလိမ့်မယ်။

Fullbackတွေအနေနဲ့ Arnold ၊ Robertsonတို့နဲ့ စတင်လာမှာဖြစ်သလို ဖန်တီးမှုအားကောင်းတဲ့ သူတို့နှစ်ယောက်လုံးဟာ Centerbackတွေကို ကောင်းမွန်တဲ့ ကာကွယ်မှုတွေကိုလုပ်ဆောင်ပေးသွားရမှာပဲဖြစ်ပါတယ်။ Alexandet-Arnoldအနေနဲ့ ဒီနေ့ပွဲစဥ်ရဲ့ အခြေအနေကိုဖတ်ရှု့ပြီး ကွင်းလယ်တက်ကစားဖို့အတွက် ဒီပွဲမှာ ပွဲထွက်လာနိုင်တဲ့ CB၂ယောက်က Matipနဲ့ Gomezဖြစ်နိုင်တာကြောင့် သူ့အနေနဲ့ ကွင်းလယ်ကိုတက်ကစားဖို့ထက် Fullbackရဲ့အလုပ်တစ်မျိုးထဲကိုပဲ အာရုံစိုက်သင့်တယ်လို့ ထင်မိပါတယ်။

ကွင်းလယ်ပိုင်းရဲ့အစုအဖွဲ့တွေဖြစ်ကြတဲ့ Endo ၊ Mac Allister နဲ့ Szoboszlaiတို့က ပွဲထွက်လာမှာဖြစ်ပြီး Endoကတော့ DMနေရာကို အဓိကထား တာ၀န်ယူရမှာဖြစ်သလို Mac Allisterနဲ့ Szoboszlaiတို့၂ဦးကတော့ box-to-box ကွင်းလယ်နည်းစနစ်ပိုင်းမှာ ဘယ်လိုတွေ ဖန်တီးပြအုန်းမလဲဆိုတာ စောင့်ကြည့်သွားရမှာပဲဖြစ်ပါတယ်။

အပြောင်းအရွှေ့ နောက်ဆုံးရက်မှ ရောက်ရှိလာတဲ့ Gravenberch ကတော့ ပါ၀င်လာဖို့မရှိပါဘူး။ ပြီးခဲ့တဲ့တစ်ပတ်က ကာဆယ်ကို ခြေပဂိုးနှင့် အသဲခွဲဂိုးတွေကို သွင်းယူပေးခဲ့တဲ့ Nunezအနေနဲ့ ယုံကြည်မှုတွေကို ပြန်လည်တည်ဆောက်လာနိုင်ခဲ့ပြီး တိုက်စစ်ပိုင်းမှာတော့ Salah , Diaz တို့နဲ့အတူ ပွဲထွက်လာနိုင်ပါတယ်။

ဗီလာအသင်းအနေနဲ့ Emiliano Buendia နှင့် Tyrone Mingsတို့ဟာ အသင်းနဲ့မပူးပေါင်းနိုင်သေးပါဘူး။ သူတို့၂ဦးလုံးဟာ ဒူးဒဏ်ရာကြောင့် ကာလရှည်အနားယူနေရတာဖြစ်သလို Jacob Ramseyဟာလည်း ခြေကျင်း၀တ်ဒဏ်ရာနဲ့ လွဲချော်တော့မှာပဲ ဖြစ်ပါတယ်။ ထို့အတူ Coutinho နှင့် Alex Morenoဟာလည်း ပေါင်ခြံဒဏ်ရာကြောင့် ဒီပွဲစဥ်ကို လွဲချော်မှာပဲ ဖြစ်ပါတယ်။

Unai Emeryရဲ့ ကစားကွက်ဟာ 3-4-2-1နဲ့ စတင်လာမှာဖြစ်ပြီး Emilianoနဲ့ Martinezတို့ဟာ သွင်းဂိုးတွေ သွင်းယူထားသလို ခံစစ်၃ယောက်ဖြစ်ကြတဲ့ Ezri Konsa , Diego Carlos နဲ့ Pau Torres တို့က ပါ၀င်လာမှာပဲ ဖြစ်ပါတယ်။ သူတို့အနေနဲ့ လီဗာပူးလ်တိုက်စစ်ကို ဟန့်တားနိုင်မလားဆိုတာ စောင့်ကြည့်သွားရမှာပဲ ဖြစ်ပါတယ်။

Matty Cash နှင့် Lucas Digneတို့ကတော့ Wing-backအဖြစ်ပွဲထွက်လာနိုင်ပြီး တိုက်စစ်ကို ပံ့ပိုးပေးရမှာဖြစ်သလို Salah နဲ့ Diazတို့ရဲ့ လုပ်အားနှုန်းတွေကို ဟန့်တားရမှာပဲ ဖြစ်ပါတယ်။ Boubacar Kamara နှင့် Douglas Luizတို့ကတော့ ကွင်းလယ်မှာ ပွဲထွက်လာမှာဖြစ်ပြီး လီဗာပူးလ်ရဲ့ ကွင်းလယ်ကို ခြေဖျက်နိုင်ပါ့မလား ဒါဟာ သူ့တိူ့၂ယောက်လုံးပေါ်မှာ မူတည်နေခဲ့ပါတယ်။

Moussa Diaby နှင့် John McGinn တို့က တိုက်စစ်ကိုလိုက်ပါလာမှာဖြစ်သလို ကျယ်ပြန့်တဲ့ နေရာလွတ်တွေကိုရှာဖွေပြီး Ollie Watkinsကတော့ တိုက်စစ်ကိုဦးဆောင်ပွဲထွက်လာနိုင်ပါတယ်။

ဥရုဂွေးလက်ရွေးစင်ဟာ ယခုအပတ်မှာ သတိထားရမယ့်သူဖြစ်သလို နယူးကာဆယ်အသင်းနဲ့ပွဲမှာအနိုင်ရရှိပြီးနောက်မှာတော့ သူဟာ ယုံကြည်မှုအပြည့်ရှိလာတာကြောင့် အက်စတွန်ဗီလာနဲ့ပွဲမှာလည်း သူ့ရဲ့ယုံကြည်မှုတွေကို ထပ်မံတည်ဆောက်ဖို့ကြိုးစားမှာဖြစ်ပါတယ်။

Nunezအနေနဲ့ လီဗာပူးလ်အတွက် ပုံမှန်ပွဲထွက်ခွင့်နေရာကို တိုက်ပွဲ၀င်ရမှာဖြစ်ပြီး ပြိုင်ပွဲတိုင်း ပါ၀င်နိုင်ရန် ဆက်တိုက်ဆိုသလို ခြေစွမ်းပြနေရမည်ကို သူ့အနေနဲ့သိထားပြီးသားလည်းဖြစ်ပါတယ်။ Nunezဟာ အက်စတွန်ဗီလာခံစစ်ကို အရှိန်အဟုန်နဲ့အတူ သူ့ရဲ့လှုပ်ရှားမှုတွေနဲ့ ဒဏ်ခတ်နိုင်ဖို့ အရည်အသွေးရှိပါတယ်။

ဒီပွဲစဥ်ဟာ Redsတို့အနေနဲ့က ပိုကောင်းတဲ့အသင်းတစ်သင်းဖြစ်ပေမယ့် အဓီက ခံစစ်မှုး၂ယောက်မပါ၀င်လာနိုင်ခဲ့ပါဘူး။ ထို့ကြောင့် ဗီလာအနေနဲ့ အချိန်အတော်ကြာမှ ပြန်လည်တွဲဖက်ပြီး ပွဲထွက်လာခဲ့တဲ့ Matipနဲ့ Gomezတို့၂ဦးရဲ့ ခံစစ်ကြောင်းကို သေချာပေါက်စိတ်ကူးယဥ်သွားမှာပါ။

အ​ေ၀းကွင်းမှာ လီဗာပူးလ်ကို ဒုက္ခပေးနိုင်မယ့်တိုက်စစ်အရည်အသွေးတွေရှိသလို ၎င်းထိပ်တိုက်တွေ့ဆုံမှုမှာ ၂သင်းစလုံးအနေနဲ့ ပုံစံကောင်းတွေနှင့်အတူ စိတ်ဓာတ်ပိုင်းတွေအရမှာပါ အကောင်းဆုံးအနေအထားမှာရှိနေပါတယ်။

ကျွန်တော်ကတော့ လီဗာပူးလ်အနေနဲ့ မည်သည့်ရလဒ်ကိုဖော်ဆောင်သွားမလဲဆိုတာကိုပဲ စောင့်ကြည့်လိုက်ကြရအောင်ပါ....

ခင်ဗျားတို့ရော လီဗာပူးလ်အသင်းအနေနဲ့ ဗီလာကို ဘယ်နှစ်ဂိုးနဲ့ နိုင်မလဲဆိုတာ ခန့်မှန်းပေးခဲ့ကြပါအုန်း....


Address

Liverpool
Central Liverpool

Website

Alerts

Be the first to know and let us send you an email when The Reds YGN posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to The Reds YGN:

Share

Category