Ki 225588 free fire เพจ

Ki 225588 free fire เพจ မင်္ဂလာပါ

08/08/2021
11/01/2021

သူများလို မျိုးလုပ်ကြင့်တယ်

09/01/2021
10/10/2020

55

01/08/2019
UFO
27/05/2019

UFO

တဖန်​ပြန်​လည်​မျှ​ဝေသည်​။သမိုင်းမတွင်ရစ်ခဲ့ရပါသော သမိုင်းမှန်ကရင်ပြည်မှ မူလအစ ကရင်တော်လှန်ရေးသမားများ*******************...
23/03/2019

တဖန်​ပြန်​လည်​မျှ​ဝေသည်​။
သမိုင်းမတွင်ရစ်ခဲ့ရပါသော သမိုင်းမှန်
ကရင်ပြည်မှ မူလအစ ကရင်တော်လှန်ရေးသမားများ
********************************************
သမိုင်းမှန်ကိုဘယ်သူလိမ်
အများဆုံးအဖြေပေးကြမှာကတော့
ဗမာတွေကလိမ် ပေါ့
ဟုတ်တယ်မဟုတ်လား
မှန်တာကိုပြောရရင်
သမိုင်းမှန်ကိုလိမ်တာ ဗမာကအများဆုံးပါ ဆိုပေမယ့်
ကတုံးပေါ်ထိပ်ကွပ် အမြင်ကျဉ်းလူ့အတ္တတွေဆိုတာ တကယ်တော့ မိမိတို့ရဲ့အမျိုးထဲမှာလည်း ရှိခဲ့တာပါပဲ
ကရင်တော်လှန်ရေး ဘယ်ကစ
KNU က စ
ဒါကအများသိပါ
တကယ်တော့ ယခုလက်ရှိကရင်ပြည် ကရင်နယ်မြေကနေကြည့်ရင်
ဟိုးရှေးမြန်မာပဒေသရာဇ်မင်းခေတ်
ပြီးတော့ အင်္ဂလိပ်ခေတ် ဂျပန်ခေတ် ခေတ်အဆက်ဆက် ကရင်အမျိုးသားရေးလက္ခဏာ တည်တံ့ခိုင်မြဲဖို့အတွက် နိုင်ငံရေးမပါ အမျိုးသားရေးသက်သက်ဖြင့် မြန်မာပဒေသရာဇ်
အင်္ဂလိပ်ကုလားဖြူမင်း ဂျပန်တွေပါမကျန် ရိုးရာလက်နက်(တုတ် ဓါး ဒူးလေး မြှား လှံ ) တွေကို စွဲကိုင်ပြီး အင်းအိုင်လက်ဖွဲ့ မန္တန်ယန္တယား ကရင်ရိုးရာ '' ခုန်ချောင့်ဃွှီး '' စသော မိရိုးဖလာအတတ်ပညာ မျိုးစုံနဲ့ ကရင်ပြည်တလွှားမှာ မိမိအမျိုးသားများအတွက် ခုခံကာကွယ် တော်လှန်ခဲ့ကြသော အဦးအဖျား ကရင်တော်လှန်ရေးသမားတွေကတော့
အောက်မှာပါရှိတဲ့ '' တလာဂုဏ် '' ကရင်မောင်မယ်လေးတွေရဲ့ ဘိုးဘွားဘီဘင်တွေပါပဲ………
ယုံနိုင်ကြပါ့မလားဟင်
ဘယ်သမိုင်းစာအုပ်ထဲမှာမှ မရှာပါနဲ့
ဒီအကြောင်းဘယ်သူမှ ရေးမထားခဲ့ပါ
စာတတ်ပုဂ္ဂိုလ်ကြီးအမျိုးမျိုး(အင်္ဂလိပ်စာတတ်ပုဂ္ဂိုလ်များ မြန်မာစာတတ်ပုဂ္ဂိုလ်များ)က သူတို့ရဲ့တော်လှန်ရေးသမိုင်းကို အနည်းငယ်မျှပင် ဂုဏ်ဖေါ်ပေးထားခဲ့ခြင်း မရှိဖူးလို့ပါ
#လက်တွေ့သူတို့ရဲ့တော်လှန်ရေးဘဝတွေထဲမှာကလည်း ဗမာစာတတ်ဖို့မလို အင်္ဂလိပ်စာတတ်ဖို့မလို လောက်အောင်ကို ပြီးပြည့်စုံပါတယ်လို့ သူတို့က ခံယူထားလိုက်တဲ့အခါကျတော့ မြန်မာအက္ခရာသုံး သမိုင်းစာမျက်နှာ ရောမအက္ခရာသုံး သမိုင်းစာမျက်နှာတွေထဲ သူတို့အကြောင်းတွေဟာလည်း မပါနိုင်တော့ဘူးပေါ့
သူတို့ရဲ့တော်လှန်ရေးဆိုတာကလည်း သူတပါးနယ်မြေသိမ်းပိုက်စိုးမိုးရေးဆိုတဲ့ နယ်ချဲ့ဝါဒကမပါ ခုခံကာကွယ်ရေးသက်သက်ဝါဒသာ ဖြစ်နေတော့ နောက်ဆုံးတော့ မထင်မရှားနဲ့ သမိုင်းမှတ်ကျောက် မတင်နိုင်ခဲ့သော တော်လှန်ရေး ကမ္ဘာက သိပင်မသိလိုက်ရသော တော်လှန်ရေး ခေတ်မမီသောတော်လှန်ရေးအဖြစ်နဲ့ပဲ ပျောက်ကွယ်သွားပါတော့တယ်
ဒီအကြောင်းသိသူပညာရှင်တစ်ချို့ရှိပေမယ့် ပညာရှင်မဆန်သောအတ္တစိတ်တွေကြောင့် မရေးကြတာလည်း အကြောင်းတစ်ရပ်ပါပဲ
သူတို့ဟာ
သူတို့ရဲ့အမျိုးသားရေးဂုဏ်သိက္ခာအတွက်
တစ်ပါးအမျိုးအနွယ်တွေနဲ့မတူတဲ့ သူတို့ရဲ့ဗုဒ္ဓသာသနာတော်အတွက် ခုခံစစ်ကို ဆင်နွှဲခဲ့ကြတာပါ
#သာတကအနေနဲ့ပြောရရင်
KNU မာနယ်ပလောစခန်းမကျရှုံးခင်တုန်းက
မာနယ်ပလောစခန်းမှာ လူအများက တရုပ်ရှောင်လင်ဘုန်းကြီးတွေလို့ ပြောပြောနေခဲ့တဲ့ သျှောင်ထုံးကြီးနဲ့ ဓါးရှည်ကိုလွယ်ကာ ရိုးရာကရင်ဝတ်စုံအမြဲဝတ်တတ်တဲ့ ထူးဆန်းတဲ့ ကရင်တော်လှန်ရေးတပ်ဖွဲ့တစ်ဖွဲ့ရှိခဲ့ဖူးပါတယ်
အဲဒါကတော့ အခုတင်ပြပြောဆိုလိုတဲ့ ရှေးအကျဆုံး အဦးဆုံးသော ''တလာဂုဏ်'' ကရင်တော်လှန်ရေးသမားများရဲ့ နောကဆုံးအသုတ်ပဲလို့ အကြမ်းဖျင်း မှတ်ချက်ပေးလိုက်ရပါတယ်…
#ကရင်တော်လှန်ရေးသမိုင်းဆရာများ အမြင်သစ်တွေ ပွင့်လင်းတောက်ပြောင် လာနိုင်ကြပါစေ

(မှတ်ချက်။ ။အောက်ကမောင်မယ်နှစ်ဦးရဲ့ပုံဟာ ရှေးကရင် တော်လှန်ရေးသမားများပုံမဟုတ်ပါ သူတို့ရဲ့ ဘိုးဘွားဘီဘင်တွေဟာ ရှေးအကျဆုံးသော လောဘမရှိသော ဒေါသမရှိသော ခေတ်မမီသော နိုင်ငံရေးမပါ အမျိုးသားရေးနှင့်သာသနာရေးသာပါသော သေနတ်မကိုင် ဓါးရှည်သာကိုင်သော ကရင်တော်လှန်ရေးသမားတွေပါ လို့ပဲ ပြောပြလိုတာပါ)

Adresse

M'sila

Notifications

Soyez le premier à savoir et laissez-nous vous envoyer un courriel lorsque Ki 225588 free fire เพจ publie des nouvelles et des promotions. Votre adresse e-mail ne sera pas utilisée à d'autres fins, et vous pouvez vous désabonner à tout moment.

Partager