Hnin - Life Coach

Hnin  - Life Coach Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Hnin - Life Coach, Coach, Ranchi.

15/08/2024

လူတွေဝေဖန်မှာမကြောက်ပါနဲ့
ကိုယ်ယုံကြည်ရာကို လုပ်ဆောင်ပါ..
လုပ်ရပ်တိုင်းမှာ ကောင်းမွန်တဲ့ရည်ရွယ်ချက်သာပါပါစေ..

Hnin Lae 🌻

15/08/2024

ကိုယ့်စိတ်ခံစားချက်ကို အရမ်းလေးလံပြီးဖိအားမဖြစ်ပါစေနဲ့။
ကိုယ်ထိန်းချုပ်နိုင်တဲ့အရာကိုသာထိန်းချုပ်ပါ။
မထိန်းချုပ်နိုင်တဲ့အပိုင်းကိုလွှတ်ချပါ။

Hnin Lae 🌻

13/08/2024

ကျွန်မတို့ရဲ့ မည်သည့်ပေါင်းသင်းဆကျဆံရေးမှာမဆျို မှန်ကန်တဲ့သစ္စာရှိဖို့ အရေးကြီးပါတယ်။

မိသားစု၊လုပ်ဖော်ကိုင်ဖက်၊သူငယ်ချင်း၊မိတ်ဆွေအပေါင်းအသင်း စသဖြင့် သူတို့အပေါ်မှာသစ္စာမရှိဘူးဆိုရင် ကိုယ့်ကိုယ်ကိုယ်လည်း သစ္စာရှိမှာမဟုတ်ပါဘူး။

ယုံကြည်မှုဆိုတာက တခါပျက်စီးသွားရင်ပြန်လည်တည်ဆောက်လို့ရတဲ့အရာမဟုတ်ဘူးဆိုတာ ကျွန်မတို့အားလုံးအသိပဲဖြစ်ပါတယ်။

ဒါကြောင့် ကိုယ့်ကိုယ့်ကိုယ်လေးစားတဲ့သူတွေကသာ သစ္စာရှိပြီး တန်ဖိုးမြင့်မားကြတဲ့သူတွေဖြစ်ပါတယ်။

ကိုယ့်အနေနဲ့ကော ဘယ်လိုအရည်အသွေးရှိတဲ့
ဆက်ဆံရေးကိုရချင်တာလဲ ကျေးဇူးပြုပြီး ဖြေခဲ့ပေးပါရှင်။

With warm regards;
Hnin Lae 🌻

13/08/2024

တစ်ချို့သူတွေက ကျွန်မတို့အပေါ်မှာ သစ္စာရှိတာမဟုတ်ပါဘူး။သူတို့လိုချင်တဲ့အရာတွေက ကျွန်မတို့မှာရှိလို့ အဲဒီအရာတွေအပေါ်မှာသာ သစ္စာရှိကြတာဖြစ်ပါတယ်။

13/08/2024

လူတစ်ယောက်က ကိုယ့်ကိုယ် အကြိမ်ကြိမ်အခါခါ နာကျင်နေစေပြီဆိုရင် ကိုယ့်အပေါ်မှာ စာနာမှုမရှိဘူးဆိုတာကို သတိရှိစွာ လက်ခံရတော့မှာဖြစ်ပါတယ်။

13/08/2024

လူတိုင်းကိုယ်စီမှာမတူညီတဲ့ အားသာချက်၊အားနည်းချက် ရှိတယ်ဆိုတာကို ကျွန်မတို့အားလုံးအသိပဲဖြစ်ပါတယ်။

ကျွန်မတို့ရဲ့ အားနည်းချက်ဆိုတာ အပြစ်တင်ဖို့မဟုတ်ပဲ ဖြည့်စွက်ဖို့အတွက်သာဖြစ်ပြီး၊ အားသာချက်ဆိုတာ အသုံးချဖို့ဖြစ်ပါတယ်။

ဒါကြောင့် ခကျခဲတဲ့ကိစ်စတှရေငျဆျိုငျလာရတိုငျး ကိုယ့်ရဲ့အားနည်းချက်တွေကိုသာကြည့်ပြီး အတွေးတွေထဲမှာ ပြသနာတွေကိုပဲဦးတည်ပြီး အာရုံစိုက်နေမယ့်အစား၊ကိုယ့်ဆီမှာရှိနေတဲ့ အားသားချက်တွေ၊လုပ်နိုင်စွမ်းတွေ၊အရည်အချင်းတွေကို အကောင်းဆုံးအသုံးချပြီး အဖြေရဖို့အတွက်် အာရုံစိုက်ဖို့သာ အဓိက ကျပါတယ်ရှင့်။

ကိုယ့်ဆီမှာ ရှိနေတဲ့ အားသာချက် (၃) ချက်ဆိုရင်ကော ဘာလေးဖြစ်မလဲရှင်?

With Warm Regards;
Hnin Lae 🌻

17/07/2024

လူတွေရဲ့ ခံစားချက်ဆိုတာ အရမ်းအရေးကြီးသလို
ကူးစက်လည်းလွယ်ပါတယ်။

ကောင်းတဲ့ခံစားချက်ဖြစ်ပါစေ၊မကောင်းတဲ့ခံစားချက်ဖြစ်ပါစေ အာရုံငါးပါးဆိုတဲ့(အမြင်၊အကြား၊အနံ့၊အရသာ၊အထိအတွေ့ )ကနေ ကိုယ်သိသည်ဖြစ်စေ မသိသည်ဖြစ်စေ ကူးစက်နေပါတယ်။

ဒါကြောင့်နေ့စဥ်မှာ ကိုယ်ကဘယ်အရာကိုခံစားပြီး ကိုယ့်ကိုယ်ကိုယ်ကူးစက်ခံနေလဲဆိုတာ သတ်ိပြုဖို့လိုပါတယ်။

ခံစားချက်ကောင်းတွေရဖို့ဆိုရင် ကျွန်မတို့အနေနဲ့ ဘာတွေလုပ်လို့ရမယ်လို့ထင်ပါသလဲ?

With warm regards;
Hnin Lae 🌻

Uncoachable ( ူလို့မရနိုင်သောသူများ)(၁)ယုတ္တိမရှိသော ပန်းတိုင်လိုသောသူ(၂)Coachအပေါ်တွင် အယုံအကြည်မရှိသောသူ(၃)ကိုယ်မှလွှဲ...
15/07/2024

Uncoachable ( ူလို့မရနိုင်သောသူများ)

(၁)ယုတ္တိမရှိသော ပန်းတိုင်လိုသောသူ
(၂)Coachအပေါ်တွင် အယုံအကြည်မရှိသောသူ
(၃)ကိုယ်မှလွှဲ၍ကျန်ရာကိုအပြစ်တင်တတ်သောသူ
(၄)စိတ်ကျန်းမာမှု မရှိသောသူ
(၅)စိတ်ပိတ်ထားသောသူ

With Warm Regards;
Hnin Lae 🌻

Coachingအပေါ်မှာလွဲမှားစွာယူဆထားတဲ့အချက်တွေအများကြီးရှိပါတယ်။အဓိကအားဖြင့် ၃ ချက်ကတော့...(၁)အကြံညဏ်ကောင်းတွေပေးမယ်(၂)ငွေပ...
15/07/2024

Coachingအပေါ်မှာလွဲမှားစွာယူဆထားတဲ့အချက်တွေအများကြီးရှိပါတယ်။အဓိကအားဖြင့် ၃ ချက်ကတော့...

(၁)အကြံညဏ်ကောင်းတွေပေးမယ်
(၂)ငွေပေးရင်ချက်ချင်းကောင်းမယ်
(၃)ကုသနည်း၊ကုထုံးလုပ်ပေးမယ်

အထက်ပါအချက်တွေက Coaching အပေါ်ယူဆချက်အမှားများပဲဖြစ်ပါတယ်ရှင့်။

With Warm Regards;
Hnin Lae 🌻

ဘယ်လိုမျိုးလူတွေက Coaching ယူလို့ရတာလဲ?ဘယ်လိုအခြေအနေမျိုးမှာ Coaching လုပ်လို့ရလဲ?''The skill/will matrix''(Also known a...
15/07/2024

ဘယ်လိုမျိုးလူတွေက Coaching ယူလို့ရတာလဲ?
ဘယ်လိုအခြေအနေမျိုးမှာ Coaching လုပ်လို့ရလဲ?

''The skill/will matrix''
(Also known as the competence /commitment matrix)

(skill high + will high)
Skill High - အရည်အချင်း၊ကျွမ်းကျင်မှုရှိပြီးသူ။
Will High - မိမိလိုချင်တဲ့ပန်းတိုင်ကိုရောက်ဖို့အတွက်လုပ်ဆောင်ရန်စိတ်စွမ်းအားထက်သန်သောသူ။

Empower is need a coach.
Coach is only for special.

With Warm Regards;
Hnin Lae 🌻

Address

Ranchi

Telephone

+959799636632

Website

Alerts

Be the first to know and let us send you an email when Hnin - Life Coach posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Hnin - Life Coach:

Share

Category