04/09/2026
#နောက်ဆုံးရအားကစားသတင်းတိုများ
======================
အာဂျင်တီးနားဟာ မက်ဆီရဲ့ ကျောနံပါတ် ၁၀ ကို ထာဝရ အနားပေးချင်နေပေမယ့် ဖီဖာက ခွင့်ပြုချက်ပေးမှာ မဟုတ်ကြောင်း သတင်းရရှိပါတယ်။
မန်စီးတီးထံ ပြောင်းလာတဲ့ ဖာနန်ဒက်ဇ်ကတော့ နည်းပြဟောင်း မာရက်စ်ကာကြောင့် ယခုလို ရွေးချယ်ခဲ့ခြင်း ဖြစ်ကြောင်း ဖွင့်ဟလာခဲ့ပါတယ်။
နယူးကာဆယ် ဘယ်နောက်ခံလူ လူးဝစ်ဟောကို ခေါ်ယူဖို့ နောက်ဆုတ်ခဲ့ရတဲ့ မန်ယူအသင်းဟာ အဆိုပါ နေရာအတွက် အင်အားဖြည့်တင်းမှုတွေ ပြုလုပ်လိုနေသေးကြောင်း သတင်း ရရှိပါတယ်။
လာမယ့်နွေမှာ အသင်းရဲ့ နောက်တန်းကို ယူနိုက်တက်တို့ အဓိက ပြင်ဆင်မှာ ဖြစ်ပြီး ပေါင် သန်း ၅၀၀ လောက်အထိ အသုံးပြုလိုနေပါတယ်။
တီကိုမှ အဲဗားရက်ဇ်ကို မခေါ်နိုင်ခဲ့ပေမယ့် အင်တာမီလန်မှ မာတီနက်ဇ်ကိုတော့ အာဆင်နယ်တို့ ခေါ်ယူလိုနေပါသေးတယ်။
မန်ယူ၊ ချဲလ်ဆီးတို့ စိတ်ဝင်စားနေတဲ့ စကိုင်လေကတော့ အာဆင်နယ်ကနေ ထွက်ခွါမှာ မဟုတ်ကြောင်း သတင်း ရရှိပါတယ်။
ချဲလ်ဆီးအသင်းဟာ အပြောင်းအရွှေ့နောက်ဆုံးနာရီမှာ အဲဗာတန်မှ ဂျိမ်းစ် ဂါနာကို ကမ်းလှမ်းခဲ့ပေမယ့် ငြင်းပယ်ခံခဲ့ရပါတယ်။
အဲဗားရက်ဇ်ကို ခေါ်ဖို့ နောက်ဆုတ်မှာ မဟုတ်တဲ့ ဘာစီလိုနာဟာ လာမယ့်ဆောင်းမှာ ဆက်လက်ကြိုးစားနေဉီးမှာ ဖြစ်ပါတယ်။
မော်ရင်ဟိုရဲ့ အဓိက ပစ်မှတ်က ချဲလ်ဆီးမှ ဖာနန်ဒက်ဇ် ဖြစ်ခဲ့ကြောင်း သတင်းရရှိပါတယ်။
ဘီဘာအို အသင်းနောက်ခံလူ လာပေါ်တေးဟာ ဘာစီလိုနာအသင်းထံ ရောက်ဖို့ အတော်လေး နီးစပ်ခဲ့ကြောင်း သတင်းရရှိပါတယ်။
အသင်းနဲ့ အဆင်မပြေ ဖြစ်နေတဲ့ ရီးရဲလ် နောက်ခံလူ အက်ဆန်စီယိုဟာ ဒဏ်ရာရနေချိန်အတွင်း အရက်သောက်စား ကားမောင်းခဲ့တာကြောင့် အသင်းနဲ့ ပိုမို အဆင်မပြေ ဖြစ်နေပါတယ်။