Table Tennis Stars Club

Call Directions Website Contact the business

Table Tennis Stars Club Prepare yourself everyday to be the best

20/11/2026

Former champ, same fire.



18/11/2026

တရုတ်နည်းပြနှင့်မြန်မာနည်းပြပေါင်းစပ်မှု😎🏓

အားကစားတခုခု အတတ်ပညာရပ်တခုခုကို သင်ယူတဲ့အခါ အသက်အရွယ်ငယ်တဲ့အချိန်မှာ သင်ယူတာပိုကောင်းပါတယ်။ကျွန်တော်တို့ Table Tennis St...
11/11/2026

အားကစားတခုခု အတတ်ပညာရပ်တခုခုကို သင်ယူတဲ့အခါ အသက်အရွယ်ငယ်တဲ့အချိန်မှာ သင်ယူတာပိုကောင်းပါတယ်။
ကျွန်တော်တို့ Table Tennis Stars မှာ
ကစားဖို့လာစုံစမ်းတဲ့အခါ အမေးများတဲ့ မေးခွန်းလေးတွေကို ပြန်လည်ဖြေကြားပေးပါမယ်။

Q-ဘယ်အရွယ်မှာစသင်လို့ရပြီလဲ?

A-5နှစ်(တချို့အရပ်ထွက်တဲ့ကလေးဆို4နှစ်)ကနေစပြီး သင်ယူလို့ရပါပြီ။

Q-သင်တန်းနေရာလေးပြောပေးပါ

A-တာမွေနဲ့ရန်ကင်း၂ခုရှိပါတယ်။
(𝟏)𝐓𝐚𝐛𝐥𝐞 𝐓𝐞𝐧𝐧𝐢𝐬 𝐒𝐭𝐚𝐫𝐬-ချိန်လိန်ကိန်း
ဒဂုံလွင်လမ်း၊ချိန်လိန်ကိန်းဗုဒ္ဓဘာသာဘုရားကျောင်း၊တာမွေလေးရပ်ကွက်၊တာမွေမြို့နယ်။

(𝟐)𝐓𝐚𝐛𝐥𝐞 𝐓𝐞𝐧𝐧𝐢𝐬 𝐒𝐭𝐚𝐫𝐬-𝐆𝐨𝐥𝐝𝐞𝐧 𝐂𝐢𝐭𝐲
ရန်ကင်းလမ်း၊Golden City Office Tower,ရန်ကင်းမြို့နယ်။

Q-သင်တန်းကြေးဘယ်လိုယူလဲ?

A-သင်တန်းနေရာ၊သင်တန်းအမျိုးအစား၊အကြိမ်အရေအတွက်ပေါ်မူတည်ပြီး မတူညီတာဖြစ်လို့ သင်တန်းတက်မဲ့သူတစ်ယောက်ချင်းပေါ် ပြန်လည်မေးမြန်းပြီး Cbကနေဖြေကြားပေးရခြင်းဖြစ်ပါတယ်။

Q-အဲကွန်းပုံမှန်ဖွင့်ပေးလား?

A-သင်တန်းချိန်အပြည့် အဲကွန်းဖွင့်ပေးနိုင်ဖို့စီစဉ်ပေးထားပါတယ်။

Q-ကလေးတွေပဲသင်တာလား?လူကြီးတွေရောကစားကြလား?

A-ဟုတ်ကဲ့၊ကျန်းမာရေးအရ လာကစား/သင်ယူကြတဲ့ လူကြီးတွေလဲရှိပါတယ်။

Q-သင်တန်းမသင်ပဲ ဒီတိုင်းလာဆော့လို့ရလား?

A-Memberဝင်ပြီးလာကစားလို့ရပါတယ်။
TT Stars Club ၂ခုလုံးရဲ့သင်တန်းတွေမှာ ကလေးတွေများတာဖြစ်လို့ ကလေးတွေရဲ့ လုံခြုံရေးကိုဦးစားပေးတာကြောင့် Walk in အနေနဲ့ Membershipမဟုတ်ပဲ(အချိန်ပိုင်း)လာကစားတဲ့သူတွေကိုတော့ ခွင့်မပြုရခြင်းဖြစ်ပါတယ်။

Q-အခြေခံ ဘယ်နှလသင်ရလဲ?

A-အခြေခံနည်းစနစ်တကျ သင်ယူနိုင်ဖို့အတွက် ကလေးတစ်ဦးချင်းရဲ့ပါရမီ၊အာရုံစူးစိုက်မှု၊သင်တန်းရက်မှန်ကန်မှု စတာတွေအပေါ်
မူတည်ပြီး 3လ-၆လအတွင်း သင်ယူရပါတယ်။
အခြေခံသင်ယူပြီးတဲ့ ကလေးအနေနဲ့ ကျောင်းပြိုင်ပွဲ၊clubတွင်းပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်နိုင်ရန်လေ့ကျင့်သင်ကြားပေးလျက်ရှိပါတယ်။

ကျွန်တော်တို့သင်တန်းမှာ အတော်များများမသိသေးတဲ့အချက်တွေထဲကတခုက TTStarsရဲ့သင်တန်းသားတွေရဲ့ လက်ရည်စီစစ်တဲ့ Clubတွင်းပြိုင်ပွဲကို လက်ရည်Levelခွဲပြီး (ပျမ်းမျှ )၁လခွဲ-၂လတကြိမ်ပြုလုပ်ပါတယ်။အခြေခံလေ့ကျင့်ပြီးတဲ့ ပြိုင်ပွဲစjoinလို့ရမဲ့ကလေးတွေဝင်ကစားလို့ရပါတယ်။
ဒီပြိုင်ပွဲကနေ အသင်းအဖွဲ့စိတ်ရှိဖို့၊သူငယ်ချင်းတွေတိုးလာစေဖို့နဲ့မိမိရဲ့လက်ရည် levelနဲ့အားသာချက်၊အားနည်းချက်တွေကို ပိုမိုသိလာစေဖို့၊အရှုံးအနိုင်ကို လက်ခံနိုင်ဖို့ရည်ရွယ်ပါတယ်။

ဒီဘက်ခေတ်မှာ ကျန်းမာရေးကိုပိုပြီးအရေးပေးလာကြပါပြီ။စာအုပ်ထဲက အသိပညာကို လက်တွေ့ဘဝမှာ အသုံးချနိုင်ဖို့ ခန္ဓာကိုယ်က
ကျန်းမာနေဖို့လိုပါတယ်။

✅အားကစားလုပ်တဲ့ကလေးတွေဟာ

✅စိတ်ဖိစီးမှုကို ပိုခံနိုင်ရည်ရှိတယ်။

✅အာရုံစူးစိုက်မှု ပိုကောင်းတယ်။

✅ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလည်း ပိုမြင့်မားစေတာဖြစ်လို့ အားကစားတခုခုကိုစတင်သင်ယူဖို့
တိုက်တွန်းလိုက်ရပါတယ်ခင်ဗျား။

☎️ 09 776 350 402

☎️ 09 797 251 769

Stars International Schools Tournament 2026 ပြိုင်ပွဲကြီး အောင်မြင်စွာ ပြီးမြောက်ခဲ့ပါပြီ🏓🏆အကြိတ်အနယ် ပြိုင်ဆိုင်မှုတွေက...
09/11/2026

Stars International Schools Tournament 2026 ပြိုင်ပွဲကြီး အောင်မြင်စွာ ပြီးမြောက်ခဲ့ပါပြီ🏓🏆

အကြိတ်အနယ် ပြိုင်ဆိုင်မှုတွေကြားကနေ ထူးချွန်စွာ ဆုတွေ ဆွတ်ခူးသွားကြတဲ့ ကစားသမား​များကို ဂုဏ်ယူစွာဖြင့် ဖော်ပြလိုက်ပါတယ်ရှင် 🌟✨

🏆 ဆုရရှိသူများ စာရင်း 🏆

U-8 Boys Singles Event
Champion 🏆- Hayden Cho Lee(ISY)
Finalist 🥈-Moe Myint Thar Chit
Semi Finalists🥉-Lynn Bhone Myat Thaw(ISY)/ Nyan Htet Naing(Brainwork)

U- 8 Girls Singles Event
Champion 🏆- May Arkar Htet
Finalist 🥈- Katie Choi Qiao Li (Network)
Semi Finalists🥉-Saung Wut Yee(MISY)/
Hsu Myat Nadi(ISY)

U- 12 Boys Singles Event
Champion 🏆- Myat Hein Sett Aung (Thalun)
Finalist 🥈-Kaung Satt Aung(IIP)
Semi Finalists🥉-Francis (ISM)/Victor (TBMIS)

U- 12 Girls Singles Event
Champion 🏆- Harper Cho Lee(ISY)
Finalist 🥈- Ellie (The One World )
Semi Finalists🥉-Gina(ISM)/Kyi Shin Thant(PEC)

U- 15 Boys Singles Event
Champion 🏆- Lin Myat Aung (MISY)
Finalist 🥈-Sai San Hein (KBTC)
Semi Finalists🥉-Kaung Khit Htoo Naing (Thalun)/Aung Myo Han (KBTC)

U- 15 Girls Singles Event
Champion 🏆- Lynn Waddy Eain (ISY)
Finalist 🥈- Ja Seng Ing(ELBC)
Semi Finalists🥉-Hnin Pwint Wai(Hinthar)/
Hayman Shoon Lae(SDEC)

U- 19 Boys Singles Event
Champion 🏆- Hpone Pyae Pai Mhu(Thalun)
Finalist 🥈- Nyan Htoo Nay (Helix)
Semi Finalists🥉- Zay Yar Min Khant(King’s International/ Wai Yan Myo(SDEC)

U- 19 Girls Singles Event
Champion 🏆- Yoon Yamone Thwe(YAIS)
Finalist 🥈- Moe Myint May Thu(SIS)
Semi Finalists🥉- Than Sin (Helix)/
Shoon Lae Kay Khine Thwe(EMPS)

ပါဝင်ယှဉ်ပြိုင်ကြသူများနှင့် ဆုရရှိကြသူ ကစားသမားများ အားလုံးအတွက် ပိုမိုတောက်ပတဲ့ အားကစားအနာဂတ်ကို ပိုင်ဆိုင်နိုင်ပါစေလို့
Table Tennis Stars Club မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။🤗💕

Table Tennis Stars Club မှ ကြီးမှူးကျင်းပတဲ့ Stars International Schools Tournament ဖွင့်ပွဲအခမ်းအနားကို အောင်မြင်စွာ ကျ...
07/11/2026

Table Tennis Stars Club မှ ကြီးမှူးကျင်းပတဲ့ Stars International Schools Tournament ဖွင့်ပွဲအခမ်းအနားကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါပြီ ။🏓✨

ဖွင့်ပွဲအခမ်းအနားသို့ မြန်မာနိုင်ငံစားပွဲတင်တင်းနစ်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးကျော်ကျော် နှင့် Bio Water Founder
ဦးမင်းထက်နိုင် တို့ မှတက်ရောက်ချီးမြှင့်ပေးခဲ့ကြပြီး MTTFနှင့် Table Tennis Stars Club တို့ ပူးပေါင်း တင်ဆက်ခဲ့ခြင်း ဖြစ်ပါသည်။

ကြွရောက်အားပေးကြပါသော ဂုဏ်သရေရှိလူကြီးမင်းအပေါင်းကို အထူးပင် ကျေးဇူးတင်ရှိပါသည်ရှင့် 🤗💕

အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့တဲ့ ဖွင့်ပွဲအမှတ်တရ ဓာတ်ပုံပုံရိပ်များကို တင်ဆက်ပေးလိုက်ပါတယ်ရှင် 📸✨

The opening ceremony of the Star International Schools Tournament, organized by the Table Tennis Stars Club, has been successfully concluded🏓✨

The ceremony was graced by U Kyaw Kyaw, President of the Myanmar Table Tennis Federation (MTTF), and U Min Htet Naing, Founder of Bio Water. This event was jointly presented by MTTF and the Table Tennis Stars Club.

We would like to express our sincere gratitude to all distinguished guests who attended and supported the event 🤗💕🤍

Here are some memorable photo highlights from the successful opening ceremony 📸✨

STARS INTERNATIONAL SCHOOL TOURNAMENT 2026⭐️ပြိုင်ပွဲ ပွဲစဉ်နှင့် အချိန်ဇယား⭐️မင်္ဂလာပါရှင်။ STARS INTERNATIONAL SCHOOL ...
06/11/2026

STARS INTERNATIONAL SCHOOL TOURNAMENT 2026

⭐️ပြိုင်ပွဲ ပွဲစဉ်နှင့် အချိန်ဇယား⭐️

မင်္ဂလာပါရှင်။
STARS INTERNATIONAL SCHOOL TOURNAMENT 2026 ပြိုင်ပွဲဝင်များနှင့် မိဘများ သိရှိရန် အောက်ပါအတိုင်း အသိပေး အကြောင်းကြားအပ်ပါသည်။

ရောက်ရှိရမည့်အချိန်: နံနက် (၇:၄၀) နာရီ အရောက် လာရောက်ပေးပါရန်။

ဝတ်ဆင်ရမည့်ဝတ်စုံ: ဖွင့်ပွဲတွင် သက်ဆိုင်ရာ ကျောင်း၏ PE (အားကစား) အင်္ကျီ ကို ဝတ်ဆင်လာပေးရမည်။ ပြိုင်ပွဲကစားရာတွင် (ဘောလုံးအရောင်နှင့် ရောထွေးနိုင်သဖြင့် အင်္ကျီအဖြူရောင် ဝတ်ဆင်ခြင်း လုံးဝ ခွင့်မပြုပါ) မိမိနှစ်သက်ရာ အားကစားဝတ်စုံကို (အဖြူမှလွဲ၍) ပြိုင်ပွဲတွင်ဝတ်ဆင်ယှဉ်ပြိုင်နိုင်ပါသည်။

ဖွင့်ပွဲအခမ်းအနား: နံနက် (၈:၃၀) နာရီ တွင် စတင်ကျင်းပမည်ဖြစ်ပါသဖြင့် ပြိုင်ပွဲဝင်များ (မပျက်မကွက်)တက်ရောက်ပေးပါရန် လေးစားစွာ ပန်ကြားအပ်ပါသည်။

STARS INTERNATIONAL SCHOOL TOURNAMENT 2026

Match Schedule & Guidelines

Arrival Time: Please check in by 7:40 AM.

Dress Code: Players must wear their official School PE Uniform. (White shirts are strictly prohibited to avoid ball blending)

Opening Ceremony: Begins promptly at 8:30 AM. All players are requested to attend without fail.

05/11/2026

Just 2 days left❗️The tension is real. 🔥🏓

02/11/2026

🔥 𝟒 𝐃𝐀𝐘𝐒 𝐓𝐎 𝐆𝐎 𝐅𝐎𝐑 𝐒𝐈𝐒𝐓 𝟐𝟎𝟐𝟔🔥

Stars International Schools Tournament 2026 🏆🏓အားလုံးပဲ မင်္ဂလာပါခင်ဗျာ ..International School ကျောင်းများမှ အားကစားသမား...
27/10/2026

Stars International Schools Tournament 2026 🏆🏓

အားလုံးပဲ မင်္ဂလာပါခင်ဗျာ ..

International School ကျောင်းများမှ အားကစားသမားလေးတွေ စွမ်းရည်ပြသယှဉ်ပြိုင်နိုင်မယ့် Stars International Schools စားပွဲတင်တင်းနစ် ပြိုင်ပွဲကြီး ရောက်ရှိလို့ လာပါပြီ ။📢📣

🗓️ ကျင်းပမည့်ရက်: နိုဝင်ဘာလ (၇) ရက် နှင့် (၈) ရက်နေ့

📍 နေရာ: မြန်မာနိုင်ငံ စားပွဲတင်တင်းနစ် အဖွဲ့ချုပ်

မိမိတို့ကျောင်းရဲ့ လက်ရွေးစင် ကစားသမားလေးတွေ ပါဝင်ယှဉ်ပြိုင်နိုင်ဖို့အတွက် ပြိုင်ပွဲအသေးစိတ် မေးမြန်းရန်နှင့် စာရင်းပေးသွင်းရန် ဖော်ပြပါ ဖုန်းနံပါတ်များသို့ အမြန်ဆုံး ဆက်သွယ်နိုင်ပါပြီခင်ဗျာ။

ကျောင်းပေါင်းစုံမှ ကစားသမားကောင်းတွေရဲ့ စိတ်လှုပ်ရှားဖွယ် ပွဲကောင်းများစွာနဲ့အတူ အတူတူ ဆုံတွေ့ကြရအောင် ဖိတ်ခေါ်လိုက်ရပါတယ်ခင်ဗျ။🏆

📢 Stars International Schools Tournament 2026 🏆✨

Hello everyone
👋
The Stars International Schools Table Tennis Tournament is finally here, where young athletes from international schools can showcase their skills and talent
🏓🔥

🗓️ Date: November 7th & 8th

📍 Venue: Myanmar Table Tennis Federation

To enter your school's top players, please contact the provided phone numbers as soon as possible for details and registration.

We invite you all to join us for an exciting sporting event featuring great matches from top school players.

See you there🏆

Address

Ranchi

Alerts

Be the first to know and let us send you an email when Table Tennis Stars Club posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Table Tennis Stars Club:

Shortcuts

Share

Category

Nearby gyms & sports facilities