Aqua King Myanmar Swimming Club - ရေဘုရင် ရေကူးအသင်း

  • Home
  • Aqua King Myanmar Swimming Club - ရေဘုရင် ရေကူးအသင်း

Aqua King Myanmar Swimming Club - ရေဘုရင် ရေကူးအသင်း Aqua King Myanmar Swimming Club was a remarkable club which trained national swimmers.

06/01/2025

Hello Everyone

(၃၂) ကြိမ်မြောက် AQUA KING Myanmar Swimming Club  ရဲ့ ၂၀၂၅ခုနှစ် ဒီဇင်ဘာလအတွက် စံချိန်ယူပွဲ (Swim Trials for Dec 2024) က...
06/01/2025

(၃၂) ကြိမ်မြောက် AQUA KING Myanmar Swimming Club ရဲ့ ၂၀၂၅ခုနှစ် ဒီဇင်ဘာလအတွက် စံချိန်ယူပွဲ (Swim Trials for Dec 2024) ကို ၂၀၂၅ခုနှစ် ဇန္နဝါရီလ(၄-၅)ရက် (4-5 January 2025)(Sat-Sun) 4:00pm-6:00pm တွင်ရေကူးသမားဦးရေ ကျား-(၆၀)ဦး၊ မ-(၂၉)ဦး စုစုပေါင်း (၈၉)ဦး အောက်ပါပွဲစဉ်များတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါသည်။

(ပထမနေ့)
(၁) အမျိုးသား/အမျိုးသမီး မီတာ၁၀၀အလွတ်ကူး (100m Freestyle)၊
(၂) အမျိုးသား/အမျိုးသမီး ၂၅မီတာ အလွတ်ကူး(25m Freestyle)၊
(၃) အမျိုးသား/အမျိုးသမီး မီတာ၁၀၀ တဦးချင်းလေးမျိုးကူး (100m IM(Individual Medley)၊

(ဒုတိယနေ့)
(၁) အမျိုးသား/အမျိုးသမီး မီတာ၅၀ လိပ်ပြာကူး (50m Butterfly)၊
(၂) အမျိုးသား/အမျိုးသမီး မီတာ၅၀ ပက်လက်ကူး (50m Backstroke)၊
(၃) အမျိုးသား/အမျိုးသမီး မီတာ၅၀ ရင်ဘောင်တန်းကူး(ဖားကူး) (50m Breaststroke)၊
(၄) အမျိုးသား/အမျိုးသမီး မီတာ၅၀ အလွတ်ကူး(လက်ပစ်ကူး) (50m Freestyle)၊

ထိုစံချိန်ယူပွဲတွင် AQUA KING Myanmar Swimming Club မှ မဖြိုးသက်သခင်အောင် (၁၄နှစ်)က အမျိုးသမီး မီတာ(၅၀)အလွတ်ကူး(လက်ပစ်ကူး)ပွဲစဉ်တွင် ၂၀၂၄ခုနှစ် အောက်တိုဘာလက ၎င်းကိုယ်တိုင်တင်ထားခဲ့သော စံချိန်ဟောင်း ၃၀.၃၃ စက္ကန့်ကို စံချိန်သစ် ၃၀.၂၄ စက္ကန့် ကူးခတ်ကာ AQUA KING Myanmar Swimming Club စံချိန်သစ်ကို တင်နိုင်ခဲ့ပါသည်။

ဆက်လက်ပြီး AQUA KING Myanmar Swimming Club ၏ ၂၀၂၄ခုနှစ် ဒီဇင်ဘာလအတွက် စံချိန်ယူပွဲ (Swim Trials for Dec 2024)(၂)ရက်ပေါင်း စံချိန်ရလဒ်ပေါ်မူတည်၍ အကောင်းဆုံးရေကူးသမားဆု ( နေ့စဉ် လေ့ကျင့်မှုမှန်မှန်လာရောက်ပြုလုပ်ခြင်း၊ ကြိုးစားအားထုတ်ခြင်း၊ စံချိန်တိုးတက်မှုရှိခြင်း ) (၆)ဦးကို နည်းပြဆရာ(၆)ဦး ၏ မဲစံနစ်ဖြင့် ရွေးချယ်ခဲ့ရာ အောက်ပါ ရေကူးသမားများက ၂၀၂၄ခုနှစ် ဒီဇင်ဘာလအတွက် အကောင်းဆုံးရေကူးသမားဆုများကို အသီးသီးရရှိသွားကြပါသည်။

(၁) မောင်ဘုန်းမင်းမြတ် (၁၄နှစ်)
(၂) မဖြိုးသက်သခင်အောင် (၁၄နှစ်)
(၃) မောင်ဘိုဘိုမင်းစံ (၁၅နှစ်)
(၄) မရှင်းသန့်နွယ် (၁၁နှစ်)
(၅) မောင်ဘုန်းမြစံ (၁၃နှစ်)
(၆) မအိချောစု(၈နှစ်)

Address


Website

Alerts

Be the first to know and let us send you an email when Aqua King Myanmar Swimming Club - ရေဘုရင် ရေကူးအသင်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Want your business to be the top-listed Gym/sports Facility?

Share