အဖိုးတန် ကျောက်စိမ်း ရတနာ

အဖိုးတန် ကျောက်စိမ်း ရတနာ စိန်ရတနာများ အဆက်မပြက်
ကြည့်ရှူနိုင်ရန်
ပေ့ကို Like ပေးထားပါ😍🙏🏻🙏🏻

 #ကျောက်ပညာဆိုတာ..💚✨✨စာဖတ်ပြီး လေ့လာယုံ နဲ့  " လုံးဝ "  မတတ်ပါဘူး သင်တန်းတက်ပြီးတော့လည်း လုပ်ငန်းခွင်ထဲဆင်းလို့မရပါဘူး.....
02/01/2025

#ကျောက်ပညာဆိုတာ..💚✨✨
စာဖတ်ပြီး လေ့လာယုံ နဲ့ " လုံးဝ " မတတ်ပါဘူး သင်တန်းတက်ပြီးတော့လည်း လုပ်ငန်းခွင်ထဲဆင်းလို့မရပါဘူး..ဗဟုသုတအဖြစ် သိသွားတာမျိုး ကြားဘူးသွားတာမျိုးပဲ ရှိမှာပါ

နှစ်နဲ့ချီပြီး သင်ယူနေရတဲ့ ကျောက်ပညာဟာ တစ်ခြား လုပ်ငန်းမျိုးတွေနဲ့မတူတာက ငွေဘယ်လောက်ပဲချမ်းသာနေပါစေ အကုန်သင်ပြပေးဆိုတာမျိုးလည်းမရဘူး

မှတ်ဉာဏ်ဘယ်လောက်ကောင်းနေပါစေ.. ခဏလောက်သင်ယူပြီး စျေးကွက်ထဲဝင်လို့လည်းမရပါဘူး
ကိုယ်က မှတ်အားကောင်းတဲ့အတွက် သိတာ တတ်တာ မြန်ပေမည့် ကျောက်ပညာရပ်တစ်ခုထဲကိုပဲ သိယုံနဲ့တော့မရပါဘူး စျေးကွက်က အဓိက မိန်းကြပါတယ် ပညာရပ်ကောစျေးကွက်ကော နားလည်ထားနိုင်မှသာ ရပါမယ် ဝိုင်းထဲမှာ တကယ်လက်တွေ့ဆင်းပြီး လုပ်ကိုင်နေတဲ့သူနဲ့ တွဲသွားမှ လိုက်ကြည့်မှ သင်ပြပေးတဲ့သူရှိမှသာရနိုင်တယ်

အတွေ့အကြုံ တစ်ခုရလာဖို့အတွက်ဆိုတာ အချိန်အရင်းအနှီး ငွေအရင်းအနှီး အများကြီးပေးဆပ်ပြီးမှသာ ရလာတာမျိုးပါ ကျောက်လုပ်ငန်းမှာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တစ်ခု ချနိုင်ဖို့အတွက်ဆိုတာ ငွေကြေးရှိခြင်းထက်ပိုပြီး ပညာရပ်နဲ့ အတွေ့အကြုံပိုင်းကသာ ပိုပြီး အဓိကပိုပြီး အခရာကြပါတယ်

တကယ်တတ်ချင်ရင် ကိုယ့်ကို သေချာ သင်ပြပေးမည့် ဆရာကောင်းတစ်ယောက် လိုကိုလိုပါတယ် ရှိကိုရှိရပါမယ် ကိုယ်က ဒီလောကထဲကိုဝင်တော့မယ်ဆိုရင် သေချာစဥ်းစား ဆုံးဖြတ်ဖို့တော့လိုပါတယ်

ဝယ်ရောင်းနောက်လိုက်ပြီး သင်ယူမှာလား... ပွဲစားနောက်လိုက်လုပ်ပြီး သင်ယူမှာလား ရွေးချယ်ရပါမယ်

ဆရာထံတစ်ပါးမှာ နှစ်နဲ့ချီ အချိန်အတိုင်းတာတစ်ခုပေးပြီး ကိုယ်တိုင်ကလည်းဇွဲရှိရှိ နဲ့ မှတ်ယူနိုင်စွမ်းအပြည့်ရှိရပါမယ်

ကြံခိုင်တဲ့ စိတ်ဓါတ်နဲ့ ကြိုးစားလိုစိတ်လည်း ရှိနေရပါမယ်..။ ကိုယ်တိုင်ကလည်း ဒီပညာကို တန်ဖိုးထားပြီး လေးစားတတ်ဖို့လည်း လိုပါတယ်

နေ့စဥ် ဒီအလုပ်ထဲမှာ လူကော စိတ်ကော နှစ်ပြီး လေလာပြီး သင်ယူနိုင်မှသာ လုပ်ရင်းကိုင်ရင်းနဲ့ အချိန်တစ်ခုကို တစ်ဖြည်းဖြည်းချင်းနဲ့မှ ရောက်လာတာပါ
လေ့လာသင်ယူလို့မကုန်တဲ့ ကျောက်ပညာရပ်ဟာ အရမ်းကို နက်နဲပါတယ် လေ့လာလို့ကို မကုန်နိုင်တဲ့ ပညာရပ်တစ်ခုပါ
ကျောက်မှာက ဖြစ်စဥ်အရမ်းများတဲ့ အတွက် ခေါင်းကျောက်လိုင်း ဖြတ်သားလိုင်း အပွင့်လိုင်း ပုတီးလိုင်း ပန်းပုလိုင်း လက်ကောက်လိုင်း အစရှိသဖြင့် သူလိုင်းနဲ့သူ လိုင်းတွေမျိုးစုံ အများကြီး ခွဲထွက်သွားပါတယ်

လူတိုင်းကလည်း အားလုံးဘက်စုံ လိုင်းပေါင်းစုံမှာ
ပြီးပြည့်စုံအောင်ကျွမ်းကျင်တဲ့ ကျောက်သမားဆိုတာလည်း မရှိသေးပါဘူး
ကိုယ်လိုင်းတစ်လိုင်းမှာပဲ ပြီးပြည့်စုံအောင် ကျွမ်းကျင် ပိုင်ပိုင်နိုင်နိုင် လုပ်ကိုင်‌နေကြသူတွေကြီး ရှိတာပါ
ဒါကြောင့် ကိုယ်လည်း လိုင်းတစ်လိုင်းထဲကိုပဲ ကျွမ်းကျင် ပိုင်နိုင်အောင်ပဲ လုပ်ယူရပါမယ်
ကျွမ်းကျင်တဲ့ ကျောက်သမားတစ်ယောက်ဖြစ်ဖို့ အတွေ့ကြုံကသာအဆုံးအဖြတ်ပေးသွားပါလိမ့်မယ်
#မင်္ဂလာကျောက်စိမ်း

Adresse

Democratic Republic Of The

Site Web

Notifications

Soyez le premier à savoir et laissez-nous vous envoyer un courriel lorsque အဖိုးတန် ကျောက်စိမ်း ရတနာ publie des nouvelles et des promotions. Votre adresse e-mail ne sera pas utilisée à d'autres fins, et vous pouvez vous désabonner à tout moment.

Raccourcis

Partager