Myanmar Liverpool Love Fan

Myanmar Liverpool Love Fan Never Give up

RIP Diogoဝမ်းနဲကျွေကွဲဖွယ်ရာ ဒဏ်ရာရလိုက်ပြန်လာလိုက်ခြေစွမ်းကောင်းတေ ပြလိုက်နဲ့ မနေ့တနေ့ကလိုပါပဲကွာလီဗာပူလ်းတိုက်စစ်မှုး ...
07/03/2025

RIP Diogo
ဝမ်းနဲကျွေကွဲဖွယ်ရာ ဒဏ်ရာရလိုက်ပြန်လာလိုက်ခြေစွမ်းကောင်းတေ ပြလိုက်နဲ့ မနေ့တနေ့ကလိုပါပဲကွာ
လီဗာပူလ်းတိုက်စစ်မှုး ဒီရေဂို ဂျိုတာဟာ သူ့ရဲ့ညီဖြစ်သူ အန်ဒရီရယ် ဆေးဗားနဲ့အတူ ကားမတော်တဆမှုဖြင့်ဆုံးပါးသွားခဲ့ပြီဖြစ်ကြောင်းသိရှိရပါတယ်။😭💔

ဂျိုတာတို့မောင်းနှင်လာတဲ့ကားဟာ စပိန်နိုင်ငံ ဇာမိုရာပြည်နယ်ရဲ့ ကားလမ်းမပေါ်မှာ ပြင်းထန်တဲ့ကားမတော်တဆဖြစ်ခဲ့တာလို့ သိရပါတယ်။
လီဗာပူလ်းအသင်းနဲ့ ပေါ်တူဂီသား ဂျိုတာဟာ အတူနေချစ်သူနဲ့ ကလေးသုံးဦးရှိပြီး ထိုချစ်သူဖြင့် ပြီးခဲ့တဲ့ နှစ်ရက်လောက်ကမှ လက်ထပ်ခဲ့ကြသူလည်းဖြစ်ပါတယ်။
ဂျိုတာဟာ အသက် ၂၈နှစ်ဖြစ်ပြီး သူ့ရဲ့ညီကတော့ အသက် ၂၆နှစ်ရှိပြီဖြစ်ပါတယ်။

‼️ တောင်ငူ ‼️တောင်ငူ ရေဘေးကယ်ဆယ်ရေးလုပ်နေတယ် အိမ်တေအထိလိုက်ခေါ်ပေးနေတယ် နေအိမ်တွေကိုမစွန်နိုင်ဘူး အကြိမ်ကြိမ်ခေါ်တယ်မရဘူ...
09/14/2024

‼️ တောင်ငူ ‼️
တောင်ငူ ရေဘေးကယ်ဆယ်ရေးလုပ်နေတယ် အိမ်တေအထိလိုက်ခေါ်ပေးနေတယ် နေအိမ်တွေကိုမစွန်နိုင်ဘူး အကြိမ်ကြိမ်ခေါ်တယ်မရဘူး ရေအရမ်းတိုးပြီးရေကြမ်းလာတော့မှလာကယ်ပါတဲ့
အချိန်ကမှောင်နေပြီ

ဒါပေမဲ့မငြီးမငြူ သွားကယ်တယ် မှောင်နေတော့ကိုတေလဲစမ်းတဝါးဝါးနဲ့သွားရတယိ သေခြာဂရုစိုက်ကယ်တယိ

ကိူတေစက်လှေတေမှောက်တယိ ဒါပေမဲ့ကယ်ရမဲ့သူတေကိုမထိခိုက်ဘူး

ဖြစ်စေခြင်တာက ကယ််ရေးသမးတေလာခေါ်ရင် မိမိ ဥစ္စာထက်မိမိအသက်ကို ဦးစားပေးပါလို့

ကျနော်တို့လဲအသက်နဲ့ပါ
တနေ့တည်း ၃ကြိမ်မှောက်ရတယ်
ခုညကြီးမှောက်တော့ကို့ဘူတေမနည်းပြန်ရှာနေရပြီ

ပုံကရေစီးအားကိုကြည့်ပါ

Yegyi Yegyi~~Crd

သတင်းအပြည့်အစုံဖတ်ရန်‼️Breaking News- ရမည်းသင်းမြို့နယ်၊ မိုးထိမိုးမိ ရွှေလုပ်ကွက်များ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ...
09/13/2024

သတင်းအပြည့်အစုံဖတ်ရန်‼️

Breaking News- ရမည်းသင်းမြို့နယ်၊ မိုးထိမိုးမိ ရွှေလုပ်ကွက်များ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုကျပြီး အလုပ်သမားအများအပြား ပျောက်ဆုံးနေ၊ သပြေပင်ကျေးရွာ အပါအဝင် ရွာအများအပြား မြေကြီးအောက်ရောက်သွားကာ သေဆုံးသူအရေအတွက် ရာချီရှိနိုင်

ရန်ကုန်၊ စက်တင်ဘာ ၁၃

မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်၊ မိုးထိမိုးမိရွှေလုပ်ကွက်များတွင် မိုးသည်းထန်စွာ ရွာသွားမှုကြောင့် မြေပြိုကျမှုများ ဖြစ်ပေါ်ပြီး အလုပ်သမားအများပြား ပျောက်ဆုံးနေကြာင်း အဆိုပါ ရွှေလုပ်ကွက်မှ အလုပ်သမားတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာလ ၁၁ ရက်နေ့နှင့် စက်တင်ဘာလ ၁၂ ရက်နေ့ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရမည်းသင်းမြို့နယ်၊ မိုးထိမိုးမိရွှေလုပ်ကွက်ရှိ လုပ်ကွက်များတွင် မြေပြိုကျမှု များ ၊ ရွှေတူးဖော်ရေးလုပ်ကွက်နှင့် အလုပ်သမားများနေထိုင်ရာ နေရာများ ပြိုကျမှုများဖြစ်ပွားခဲ့ကြောင်း ၊ မိုးထိမိုးမိရွှေတူးဖော်ရေးတွင် လုပ်ကွက်ပေါင်း ၄၀ နီးပါးရှိပြီး ရွှေလုပ်ကွက်အများအပြား မြေပြိုကျမှုကြောင့် ပျက်စီးသွားကြောင်း၊ လက်ရှိအချိန်အထိ အဆက်အသွယ်များ ပြတ်တောက်ပြီး ကယ်ဆယ်ရေးလည်းမရှိဘဲ ပျောက်ဆုံးနေသော အလုပ်သမားအများအပြားလည်းရှိနေကြောင်း သိရှိရသည်။

"ရမည်းသင်း မိုးထိမိုးမိရွှေလုပ်ကွက် မှာ မိုးကြီးပြီးမြေတွေပြိုလို့ လူတွေသေကြတယ်။ လုပ်ကွက်တစ်ခုတည်းမှာတင် သေတာ မနည်းဘူး။
လုပ်ကွက်ပေါင်း သုံးလေးဆယ်ထက် မနည်းရှိတာ။ အခုရေတော့မရှိတော့ဘူး။ ဒါပေမယ့် အခုအထိကိုအလောင်းပြန်မရသေးတာတွေ ပျောက်ဆုံးနေတာတွေအများကြီးပဲ။ မြေကြီးတွေဖုံးသွားတယ်။ အဆက်အသွယ်တွေလည်း ပြတ်တောက်နေတယ်" ဟု မိုးထိမိုးမိရွှေလုပ်ကွက်မှ ရွှေတူးဖော်ရေးလုပ်သားတစ်ဦးက ပြောဆိုသည်။

ထို့ပြင် ရမည်းသင်းမြို့နယ်အတွင်းရှိ ရွာအများအပြား တောင်ကျချောင်းရေဖြင့် တိုက်စားသွားပြီး ရွာလုံးကျွတ် ပျောက်ကွယ်သွားကြောင်း၊ သပြေပင်ကျေးရွာ ၊ ငါးတဲစုကျေးရွာ၊ အရှေ့ပင်ရွာ အပါအဝင် ကျေးရွာအများအပြား တောင်ကျချောင်းရေနှင့်အတူ မြေကြီးအောက်တွင် နစ်မြုပ်သွားကြောင်း သိရှိရသည်။

"ရမည်းသင်းမြို့နယ်၊ သပြေပင်ကျေးရွာ တစ်ရွာလုံး မြေကြီးအောက်ထဲရောက်သွားပါတယ်။ လက်ရှိ ရေကျသွားပေမယ့် တစ်ရွာလုံး မြေကြီးအောက်ထဲရောက်သွားပါတယ်။ အိမ်ခြေ ၃၅၀ ကျော်ရှိတဲ့အထဲမှာ အမြင့်ပိုင်းက အိမ်​ခြေ ၄၀ ကျော်ပဲကျန်တယ်။ လူဦးရေ ၁၆၀၀ လောက်နေတာမှာ ၉၀၀ လောက်ပဲ ကျန်ပါတယ်။ ရွာမှာက မိုးထိမိုးမိ ရွှေတူးဖော်ရေးလုပ်ကွက်မှာ အလုပ်လုပ်တဲ့ မိသားစုတွေ နေကြတယ်။ လက်ရှိ လူဦးရေ ၁၆၀၀ ရှိတာမှာ အမြင့်ပိုင်းတွေ တက်ပြီး ကျန်ခဲ့တာက လူဦးရေ ၃၀၀ လောက်ရှိတယ်။ သပြေပင် ဘုန်းတော်ကြီး ကျောင်းမှာ သွားခိုလှုံနေတာက လူဦးရေ ၃၅၀ လောက်ရှိတယ်။ ရေဘေးသင့်စခန်းလိုဖွင့်ပြီးနေတာက ၂၅၀ လောက်ရှိတယ်။ စုစုပေါင်း လူဦးရေ ၉၀၀ လောက်ပဲ ကျန်တယ်။ ကျန်တဲ့ ၇၀၀ လောက်က ပျောက်နေတယ်။ တစ်ရွာလုံး မြေကြီးအောက်ရောက်သွားတော့ အလောင်းလည်း ဖော်လို့မရဘူး" ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

လက်ရှိအချိန်အထိ ရမည်းသင်းမြို့နယ်အတွင်းရှိ ကျေးရွာများသို့ ကယ်ဆယ်ရေး ရောက်ရှိလာခြင်းမရှိဘဲ အသက်ရှင်ကျန်ရစ်သူများမှာလည်း စားဝတ်နေရေး ၊ အမိုးအကာနှင့် ကျန်းမာရေး ဒုက္ခများကြုံတွေ့နေရကြောင်း သိရှိရသည်။

မန္တလေးအထွက်က အမြန်လမ်းပိုင်း ရေကြီးလို့ ယာယီပိတ်မန္တလေးအထွက် တံတားဦးမြို့အဝင်အဝိုင်းကနေ အမြန်လမ်း သံလမ်းကျော် ပင်းယအဝို...
09/13/2024

မန္တလေးအထွက်က အမြန်လမ်းပိုင်း ရေကြီးလို့ ယာယီပိတ်

မန္တလေးအထွက် တံတားဦးမြို့အဝင်အဝိုင်းကနေ အမြန်လမ်း သံလမ်းကျော် ပင်းယအဝိုင်းအထိလမ်းပိုင်းကို ရေကြီးလို့ ဒီညနေပိုင်းကစပြီး ယာယီပိတ်လိုက်တယ်လို့ ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။

တံတားဦးအပိုင်ထဲက မန္တလေး-ရန်ကုန် အမြန်လမ်းပေါ်ကို မိုင်တိုင် ၃၅၄ ကနေ ၃၅၆ ကြားမှာ ရေကျော် လို့ ယာဉ်ကြောပိတ်ဆို့မှုတွေ နေ့လည်ကတည်းက ဖြစ်နေခဲ့တယ်လို့ ယာဥ်မောင်းတချို့ထံက သိရပါတယ်

‼️‼️မြစ်သားကသူငယ်ချင်းနဲ့ဖုန်းပြောဖြစ်တာ ထမင်းထုပ်ကို အသားဟင်းမပါရင်နေပါစေ ကြက်ဥတို့ ရှူးရှဲတို့နဲ့ ထမင်းများများပါရင်ကိ...
09/13/2024

‼️‼️မြစ်သားကသူငယ်ချင်းနဲ့ဖုန်းပြောဖြစ်တာ ထမင်းထုပ်ကို အသားဟင်းမပါရင်နေပါစေ ကြက်ဥတို့ ရှူးရှဲတို့နဲ့ ထမင်းများများပါရင်ကိုရပါပြီတဲ့ တမြို့နယ်လုံးနစ်တာမလို့ ထမင်းထုပ်အထုပ်ရေများများ လိုတာမလို့ပါတဲ့။ ထမင်းထုပ်ဝေတဲ့အဖွဲ့တွေ မြစ်သားဘက်ကိုလှူပေးကြပါအုံးတဲ့ ။အဝတ်အထည်တွေထက် ထမင်းထုပ်က အဓိက လိုအပ်နေလို့ပါတဲ့ရှင် 😥။

‼️09792277595
မြစ်သားရွှေမုငှေါ ဘုရားကွင်းရဲ့အရှေ့ဘက်မှာပါ
September 13 ( 2:00 Pm)

09/27/2023

Jota⚽
တန်တယ်ဗျာကြည့်ရတာ

09/27/2023

No 8
တစ်ယောက်သောသူတောင်သတိရလိုက်မိတယ်

09/25/2023

Liverpool 3 1 West Ham
Salah 16'(Pen)Bowen 42'
Nunez 60'
Jota 85

အရှေ့ရပ်ကနေထွက် အနောက်ရပ်ကနေဝင်
Liverpool ကတော့ နိုင်ပွဲနဲ့အတူ

Liverpool က‌မနေ့ညကယှဉ်ပြိုင်ကစားတဲ့ပွဲစဉ်မှာတော့ Salah Nunez Jota တို့ရဲ့သွင်းဂိုးတေနဲ့အနိုင်ရခဲ့ပါတယ်။ကွင်းလဲကအာဂျင်တိုင်းသားကြီးရဲ့ ပထမဆုံးအကြိမ်ဖန်တီးပေးမှုကိုလဲ တွေ့မြင်ခဲ့ရပါတယ်။ အသင်းရဲ့တိုက်စစ်က ဘယ်သုံးယောက်ကိုသုံးသုံး သွင်းဂိုးတေမြင်တွေ့ရတာ ကောင်းမွန်တဲ့အချက်ပါပဲ။ ကြားရက်မှာတော့ EFL Cup မှာ Leicester city အသင်းကိုအိမ်ကွင်းမှာယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။လူငယ်တေပွဲထွက်ခွင့်ပေးမယ်လို့မျှော်လင့်ရပါတယ်။

ဘုန်းမောက်အသင်းနဲ့ပွဲစဥ်မှာ ရရှိခဲ့တဲ့ မက်အလစ္စတာရဲ့ အနီကဒ်ကို လီဗာပူးလ်အသင်းက FA အဖွဲ့ချုပ်ထံ အယူခံဝင်ခဲ့ပြီး အောင်မြင်...
08/23/2023

ဘုန်းမောက်အသင်းနဲ့ပွဲစဥ်မှာ ရရှိခဲ့တဲ့ မက်အလစ္စတာရဲ့ အနီကဒ်ကို လီဗာပူးလ်အသင်းက FA အဖွဲ့ချုပ်ထံ အယူခံဝင်ခဲ့ပြီး အောင်မြင်ခဲ့တယ်လို့ သိရပါတယ်။
အယူခံဝင်တာ အောင်မြင်ခဲ့တဲ့အတွက် မက်အလစ္စတာဟာ နယူးကာဆယ်အသင်းနဲ့ အဝေးကွင်းပွဲစဥ်မှာ ပြန်လည်ပါဝင်နိင်တော့မှာဖြစ်ပါတယ်။
နောက်ဆက်တွဲအနေနဲ့ ကာတစ်ဂျုံးလ်နဲ့ အာနိုးတို့ရဲ့ ဒဏ်ရာဟာ သက်သာလာပြီး နယူးကာဆယ်နဲ့ပွဲစဉ်မှာ ပါဝင်လာမှာဖြစ်ပါတယ်။

Address

Mandalay West, MB

Telephone

+959954767892

Website

Alerts

Be the first to know and let us send you an email when Myanmar Liverpool Love Fan posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category