Red Army Gathering

Red Army Gathering “ United till We Die “

🚨🎙️ Matheus Cunha "Michael Carrickရောက်လာတုန်းက သူက 'ငါတို့ တောင်ပံကစားသမားတစ်ယောက် လိုအပ်တယ်၊ Patrick Dorgu ကို အဲ့ဒီနေ...
04/23/2026

🚨🎙️ Matheus Cunha

"Michael Carrickရောက်လာတုန်းက သူက 'ငါတို့ တောင်ပံကစားသမားတစ်ယောက် လိုအပ်တယ်၊ Patrick Dorgu ကို အဲ့ဒီနေရာမှာ ထားကစားမယ်၊ ဘာလို့လဲဆိုတော့ သူက ကွင်းရဲ့ အကျယ်အဝန်း Widthကို ထိန်းထားပေးနိုင်လို့ပဲ' လို့ ပြောခဲ့ပါတယ်။"

"ကျွန်တော်သူ့ကို စကားရအောင်ပြောတယ် “မဟုတ်ဘူး.. အဲ့ဒီနေရာမှာ ကျွန်တော့်ကိုသာ ထည့်လိုက်ပါ။ အဲ့ဒီအလုပ်တွေ အကုန်လုံးကို ကျွန်တော် လုပ်ပြပါ့မယ်' လို့ ပြန်ပြောခဲ့ပါတယ်"

🚨🛑ယူနိုက်တက်ရဲ့ နွေရာသီ အားဖြည့်မှု စီမံကိန်း မှာ နေရာ ၄ နေရာကို အဓိက ပစ်မှတ်ထား▫️လာမယ့် ၂၀၂၆ နွေရာသီ အပြောင်းအရွှေ့ဟာ ယ...
03/17/2026

🚨🛑ယူနိုက်တက်ရဲ့ နွေရာသီ အားဖြည့်မှု စီမံကိန်း မှာ နေရာ ၄ နေရာကို အဓိက ပစ်မှတ်ထား

▫️လာမယ့် ၂၀၂၆ နွေရာသီ အပြောင်းအရွှေ့ဟာ ယူနိုက်တက်အတွက် အလွန်အရေးကြီးတဲ့ အလှည့်အပြောင်းတစ်ခု ဖြစ်လာဖို့ ရှိနေပါတယ်။ အသင်းရဲ့ တာဝန်ရှိသူတွေဟာ အောက်ပါ နေရာ (၄) နေရာအတွက် ကစားသမားသစ်တွေ ခေါ်ယူဖို့ အတည်ပြုထားကြောင်း သိရပါတယ်

▪️ကွင်းလယ်လူ (၂) ဦး
ဒါဟာ အသင်းရဲ့ အရေးကြီးဆုံး လုပ်ငန်းစဉ်ပါ။ အထူးသဖြင့် ဝါရင့်ကွင်းလယ်လူ Casemiro အသင်းကနေ ထွက်ခွာဖို့ များနေတာကြောင့် သူ့နေရာမှာ အစားထိုးဖို့ရော၊ ကွင်းလယ်ကို ပိုမိုစိုပြေလာစေဖို့ပါ ကွင်းလယ်ကစားသမား (၂) ယောက်အထိ ခေါ်ယူဖို့ စီစဉ်နေတာပါ။ အစောပိုင်း သတင်းတွေအရ Bruno Guimarães ဒါမှမဟုတ် Adam Wharton တို့လို ကစားသမားတွေဟာ ဒီစာရင်းထဲမှာ ထိပ်ဆုံးက ပါဝင်နေပါတယ်။

▪️ဘယ်ခြေသုံး ဗဟိုနောက်ခံလူ (Left-sided Centre-back)
ခံစစ်ပိုင်းမှာ တည်ငြိမ်မှုရှိစေဖို့နဲ့ ဘောလုံးပေးပို့မှု (Build-up play) ကောင်းမွန်စေဖို့အတွက် ဘယ်ခြေသုံး ဗဟိုနောက်ခံလူတစ်ဦးကို ရှာဖွေနေပါတယ်။ ဒါဟာ Lisandro Martínez အတွက် အားကိုးရမယ့် Backup ဒါမှမဟုတ် သူ့ရဲ့ တွဲဖက်အဖြစ် အသုံးပြုဖို့ ရည်ရွယ်တာ ဖြစ်နိုင်ပါတယ်။

▪️အရန်ဂိုးသမား (Backup Goalkeeper)

အသင်းရဲ့ ဂိုးသမား အင်အားစုကို ပိုမိုတောင့်တင်းစေဖို့အတွက် အရန်ဂိုးသမားတစ်ဦးကိုလည်း ထပ်မံခေါ်ယူဖို့ ရှိနေပါတယ်။ ယခု ရာသီက ပွဲထွက်ခွင့်ရခဲ့တဲ့ Senne Lammens လို ကစားသမားမျိုး ရှိနေပေမယ့်လည်း အတွေ့အကြုံရှိတဲ့ အရန်ဂိုးသမားတစ်ဦး ထပ်မံလိုအပ်နေတာ ဖြစ်နိုင်ပါတယ်။

🚨💫 | JJ Gabriel နဲ့ ယူနိုက်တက်ရဲ့ အနာဂတ်အစီအစဉ်▪️မန်ချက်စတာယူနိုက်တက် ဟာ အသက် (၁၅) နှစ်အရွယ် လူငယ်ကြယ်ပွင့်လေး JJ Gabrie...
03/17/2026

🚨💫 |
JJ Gabriel နဲ့ ယူနိုက်တက်ရဲ့ အနာဂတ်အစီအစဉ်

▪️မန်ချက်စတာယူနိုက်တက် ဟာ အသက် (၁၅) နှစ်အရွယ် လူငယ်ကြယ်ပွင့်လေး JJ Gabriel ကို အသင်းရဲ့ ရာသီကြိုခရီးစဉ် (Pre-season tour) မှာ ခေါ်ဆောင်သွားဖို့ အခုကတည်းက စတင်ပြင်ဆင်နေပြီ ဖြစ်ပါတယ်။

▪️အစီအစဉ်အတိုင်းသာ အဆင်ပြေချောမွေ့သွားမယ်ဆိုရင်၊ သူ့ကို နောက်ရာသီမှာတင် စီနီယာအသင်းအတွက် ပွဲဦးထွက် (Debut) ကစားတာကို မြင်တွေ့ရဖို့ အလားအလာ ရှိနေပါတယ်

Bruno Fernandes 🤣"ကျွန်တော် Case ကို ပြောလိုက်တယ်... 'ငါ မင်းကို (၅) ကြိမ်တောင် assist လုပ်ပေးထားတဲ့ ပုံကို ခဏခဏ တွေ့နေရ...
03/15/2026

Bruno Fernandes 🤣

"ကျွန်တော် Case ကို ပြောလိုက်တယ်... 'ငါ မင်းကို (၅) ကြိမ်တောင် assist လုပ်ပေးထားတဲ့ ပုံကို ခဏခဏ တွေ့နေရတယ်၊ အဲ့ဒါကြောင့် မင်း ငါ့ကို ဘောနပ်စ် (Bonus) ပေးသင့်တယ်' လို့ပေါ့။

အဲဒါကို သူက ပြန်ပြောတာက 'မဟုတ်ဘူး... မင်းကသာ ငါ့ကို ဘောနပ်စ်ပြန်ပေးရမှာ၊ ဘာလို့လဲဆိုတော့ ငါ (ဂိုးသွင်းပေးလို့) သာ မင်းက assist တွေ ရနေတာလေ' တဲ့ဗျာ။"

🥳ဒါမျိုးနေ့ကျ တော့ ပျော်တာပေါ့ အသင်းကြီး တစ်သင်းလို သိက္ခာရှိရှိနဲ့ နိုငိတာမျိုးဆိုတော့ ဂုဏ်ယူတာပေါ့Newcastle အရှုံးနဲ့ ...
03/15/2026

🥳ဒါမျိုးနေ့ကျ တော့ ပျော်တာပေါ့ အသင်းကြီး တစ်သင်းလို သိက္ခာရှိရှိနဲ့ နိုငိတာမျိုးဆိုတော့ ဂုဏ်ယူတာပေါ့

Newcastle အရှုံးနဲ့ ၁၁ ရက် လောက် နေလိုကိရတာ ဘာ မှကို မရေးချင်ဘူး

✅ယူနိုက်တက်ရဲ့ First Line Up မှာ Mbeumo Amad Cunha အတွဲက Mbeumo Sesko Cunha အတွဲထက် တစ်ဘက် အသင်းကို ပြိုလဲ လွယ်စေတယ်
▫️ကိုယ့်အသငိးကို ပိုမို ဟန်ချက်ညီစေတယ်

▫️Sesko က အရံခုံက နေ အသင်းရဲ့ပြသနာ ကို ဖြေရှင်းနိုင်သူ

▫️ဒီလို အဖြေထွက်တယ် ဒီနှစ် ပွဲကျန် အားလုံးကတော့ Line Up မပြောင်းပါနဲ့တော့

▫️Bruno အတွက် ဂုဏ်ယူပါတယ်
တစ်ရာသီထဲပရီးမီးယားလိဂ် Assist ၁၆ နဲ့ Beckham ရဲ့ ၁၅ ကို ကျော်တက်ပြီး United’s most assist player in Premier League Season

Record Breaker ဖြစ်ခဲ့ပါပြီ

ပရီးမီးယားလိဂ် စံချိန်ကို ချိုးဖို့ ဆို နောက်ထပ် Assist 5 ဂိုး ကျန်ပါသေးတယ် ၈ ပွဲ ကျန်ပါသေးတယ်

လူက နေသိပ်မကောင်းတော့ စာရေးတာ ကပေါက်တိကပေါကိချာ ဖြစ်နိုင်တယ် ဖတ်ပေးတာ ကျေးဇူးဗျာ

Congratulations United 🎉

❌နယူးကာဆယ်နဲ့ ပွဲ လွဲချော်မယ့် ယူနိုက်တက် ကစားသမားများ ❕Patrick Dorgu ❕Matheus Deligt ❕Lisandro Martinez ❕Mason Mount⁉️L...
03/03/2026

❌နယူးကာဆယ်နဲ့ ပွဲ လွဲချော်မယ့် ယူနိုက်တက် ကစားသမားများ

❕Patrick Dorgu
❕Matheus Deligt
❕Lisandro Martinez
❕Mason Mount

⁉️Luke Shaw
⁉️Harry Maguire

🛑⭕️United Radar ထဲက Matues Fernandez ▪️West Ham သာ တန်းဆင်းသွားခဲ့မယ်ဆိုရင် Manchester United အနေနဲ့ ဈေးသက်သာတဲ့ ကွင်းလယ...
03/03/2026

🛑⭕️United Radar ထဲက Matues Fernandez

▪️West Ham သာ တန်းဆင်းသွားခဲ့မယ်ဆိုရင် Manchester United အနေနဲ့ ဈေးသက်သာတဲ့ ကွင်းလယ်လူခေါ်ယူမှုတစ်ခုကို ပြုလုပ်ဖို့ စဉ်းစားလာနိုင်ပါတယ်။

▪️အရှေ့လန်ဒန်ကလပ်မှာ ကစားသမားတွေကို ဈေးလျှော့ရောင်းထုတ်ရမယ့် အခြေအနေက အခွင့်အလမ်းတစ်ခု ဖြစ်လာနိုင်ပြီး၊ အသင်းကနေ ထွက်ခွာတော့မယ့် Casemiro ရဲ့ နေရာမှာ အစားထိုးဖို့အတွက် ပေါ်တူဂီကွင်းလယ်လူ Mateus Fernandes က Old Trafford အတွက် ဖြစ်နိုင်ခြေရှိတဲ့ ရွေးချယ်မှုတစ်ခုအဖြစ် ပေါ်ထွက်လာနေပါတယ်။

▪️ယူနိုက်တက် သတင်းထွက်တာ ကွင်းလယ်မှာ ၉ ယောက် ရှိသွားပါပြီ

🏴󠁧󠁢󠁥󠁮󠁧󠁿Adam Wharton
🏴󠁧󠁢󠁥󠁮󠁧󠁿Elliot Anderson
🇨🇲 Carlos Baleba
🇲🇱 Mamadou Sangare
🇨🇮 Ibrahim Sangare
🇵🇹Mateus Fernandez
🇧🇷Joao Gomez
🇮🇹Sandro Tonali
🇧🇷Bruno Gaumerez

🔰❕Manuel Ugarte ဒီနှစ် နွေရာသီ အသင်းက ထွက်ခွါဖို့ များ​နေ▫️Michael Carrick လက်ထက်မှာ မိနစ် ၃၀ သာ ကစားရ​သေးတဲ့ Manuel Uga...
03/03/2026

🔰❕Manuel Ugarte ဒီနှစ် နွေရာသီ အသင်းက ထွက်ခွါဖို့ များ​နေ

▫️Michael Carrick လက်ထက်မှာ မိနစ် ၃၀ သာ ကစားရ​သေးတဲ့ Manuel Ugarte တစ် ယောက်က​တော့ ဒီနှစ် နွေရာသီမှာ အသင်း​ပြောင်းဖို့ သတင်း​တွေ တာဆူ​နေပါပြီ

▫️အဆိုပါကစားသမားကို ပရီးမီးယားလိဂ် တန်းတက်မယ့် အသင်းတွေ ကျန်ခဲ့မယ့် အသင်းတွေက စောင့်ကြည့်နေပြီး Italy ကလပ်အသင်းတစ်ချို့က လည်း ကမ်းလှမ်းဖို့ ပြင်ဆင်နေပါတယ်

♻️❇️ Manchester United ရဲ့ ကွင်းလယ်ဟာ အလှည့်အပြောင်းတစ်ခုကို ရောက်ရှိနေပါပြီ။ Casemiro ရဲ့ နေရာမှာ ဘယ်သူ့ကို အစားထိုးမလဲ...
03/02/2026

♻️❇️ Manchester United ရဲ့ ကွင်းလယ်ဟာ အလှည့်အပြောင်းတစ်ခုကို ရောက်ရှိနေပါပြီ။ Casemiro ရဲ့ နေရာမှာ ဘယ်သူ့ကို အစားထိုးမလဲဆိုတာထက် "United က ဘယ်လိုကွင်းလယ် Identity ကို တည်ဆောက်မှာလဲ" ဆိုတာက ပိုပြီး အရေးကြီးတဲ့ မေးခွန်းဖြစ်လာပါတယ်။

▫️ယူနိုက်တက်ဟာ ပေါင်သန်း၂၀၀ အထိ အသုံးပြုပြီး ကွင်းလယ်ကို အဆင့်မြှင့်တင်ဖို့ ပြင်ဆင်နေချိန်မှာ ရွေးချယ်စရာ လမ်းကြောင်း​တွေ ရှိနေပါတယ်။

🚩 ကွင်းလယ်တည်ဆောက်ပုံ အမျိုးမျိုးရှိပြီး
အသင်းရဲ့ အနာဂတ်ဟာ ဒီရွေးချယ်မှုအပေါ်မှာ အများကြီး မူတည်နေပါတယ်။

💥Control-based System: ဘောလုံးကို စိတ်ကြိုက်ထိန်းချုပ်ပြီး တည်တည်ငြိမ်ငြိမ်နဲ့ ပွဲကို ဦးဆောင်မယ့်စနစ်

💥High-intensity Pressing: အပြေးအလွှား ဖိအားပေးပြီး Transition (တိုက်စစ်ဆင်မှု) ကို မြန်မြန်ဆန်ဆန် ပြုလုပ်မယ့်စနစ်

💥Hybrid Model: ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုရော၊ နည်းစနစ်ပိုင်း ကျွမ်းကျင်မှုရော ပေါင်းစပ်ထားတဲ့ ပုံစံ

နောက်နှစ် ချံပီယံလိဂ် ကစားခဲ့ရရင် အသင်းကို နည်းပြမယ့် နည်းပြက ဘယ်လိုကစားမလဲ ဘယ်ကစားသမားမျိုးကို သ​ဘောကျမလဲ ဆိုတာ လည်း မူတည်​နေပါ​သေးတယ်

🎯 ပစ်မှတ်ထားနေတဲ့ ကစားသမား များ ကိုဆန်းစစ်ကြည့်ရာမှာ
Manchester United ရဲ့ စာရင်းထဲမှာ ပါဝင်နေတဲ့ ကစားသမားတွေဟာ တစ်ဦးနဲ့တစ်ဦး ကစားဟန် မတူကြပါဘူး။

🌟 ခုလောလောဆယ် ထိပ်တန်းဦးစားပေးကစားသမားများ

🇧🇷 Bruno Guimarães (Newcastle): သူကတော့ နည်းစနစ်ပိုင်း အလွန်ကောင်းမွန်ပြီး ကွင်းလယ်ကို ထိန်းချုပ်နိုင်စွမ်းရှိသူပါ။ Casemiro ကိုယ်တိုင်က ဒိကစားသမားကို Recommend ပေးထားပြီး Newcastle က ဥရောပဝင်ခွင့်အတွက် ရုန်းကန်နေရချိန်မှာ သူ့ကို ခေါ်ယူဖို့ အခွင့်အရေး ပိုများလာနိုင်ပါတယ်။ သူဟာ Control-based နဲ့ Hybrid စနစ် နှစ်ခုလုံးအတွက် အံဝင်ခွင်ကျဖြစ်ပါတယ်။

🇮🇹Sandro Tonali (Newcastle): အီတလီကြယ်ပွင့်ဟာ ကွင်းလယ်မှာ Dynamic ဖြစ်ပြီး တိုက်စစ်ရော ခံစစ်ပါ အားပြုနိုင်သူပါ။ သူ့ရဲ့ အင်အားနဲ့ ဖန်တီးနိုင်စွမ်းက United ကွင်းလယ်ကို ပိုပြီး သက်လုံကောင်းစေမှာပါ။ ပြသနာက​တော့ ကစားသမားက အီတလီကို ပြန်ချင်​နေတယ်လို့ သတင်းထွက်​နေပါတယ်

✅ လက်တွေ့အကျဆုံး ရွေးချယ်မှု (Logical Choice)

🏴󠁧󠁢󠁥󠁮󠁧󠁿Elliot Anderson:
အသင့်တော်ဆုံးနဲ့ အရှိန်အဟုန်အကောင်းဆုံး ရွေးချယ်မှုအဖြစ် သတ်မှတ်ထားပါတယ်။ ပရီးမီးယားလိဂ် အတွေ့အကြုံရှိပြီးဖြစ်သလို အသင်းအတွက် လိုအပ်တဲ့ စွမ်းအင်ကို ပေးစွမ်းနိုင်သူပါ။ England အသင်းမှာ လည်း Declan Rice နဲ့ ကစားနိုင်သူဖြစ်တာ​ကြောင့် Kobbie Mainoo နဲ့ လည်း ကစားရာမှာ အခက်အခဲ ရှိမယ်လို့ မထင်ရပါဘူး ကစားသမားကိုယ်တိုင်ကလည်း အသင်း​ပြောင်းချင်​နေတာ​ကြောင့် ပေါင်သန်း ၆၀-၇၀ လောက်တန်​ကြေးရှိနိုင်ပါတယ်

🏴󠁧󠁢󠁥󠁮󠁧󠁿Adam Wharton
Crystal Palace ရဲ့ လူငယ်ကြယ်ပွင့်ဟာ ဘောလုံးပေးပို့မှု တိကျပြီး အလားအလာ အလွန်ကောင်းသူပါ။ တည်ငြိမ်တဲ့ ကွင်းလယ်ကို တည်ဆောက်ချင်ရင် သူက အကောင်းဆုံး ပါဘဲ Progressive Pass , Creative Pass တွေ အများကြီးထွက်တဲ့ ကစားသမား ဖြစ်တာ​ကြောင့် Bruno မရှိ​တော့မယ့် တစ်​နေ့ အတွက်ပါ အ​ထောက်အကူပြုမယ့် ကစားသမားပါ

🔄 အရန်ရွေးချယ်မှုများ (Backup Options)

* João Gomes: Wolves ရဲ့ "The Pitbull" လို့ လူသိများတဲ့ Gomes ကတော့ ခံစစ်အဖျက်ပိုင်းမှာ Casemiro ရဲ့ Role နဲ့ အနီးစပ်ဆုံးတူတဲ့ Physical အသားပေး ကစားသမားဖြစ်ပါတယ်။

* Ibrahim Sangare, Mamadou Sangare တို့ ကို လည်း အသင်းရဲ့ Squad Player အဖြစ် နဲ့ စောင့်ကြည့် လှုပ်ရှား​နေပါတယ်

▪️ယူနိုက်တက်အနေနဲ့ ယူရို သန်း ၂၀၀ အထိ သုံးစွဲဖို့ အသင့်ရှိနေတာက သူတို့ရဲ့ ရည်မှန်းချက်ကို ပြသနေတာပါ။ ဒါပေမဲ့ နာမည်ကြီးတာထက် အသင်းရဲ့ ကစားကွက်ထဲ ဘယ်သူက အံဝင်မလဲဆိုတာကို သေချာစဉ်းစားရမှာပါ။

▪️Casemiro နေရာ ကို အစားထိုးတာထက်၊ ယူနိုက်တက်ရဲ့ အနာဂါတ်ကွင်းလယ် အတွက် ပြင်ဆင်မှုကြီး လို့ ပြောရမယ့် အ​ပြောင်းအ​ရွှေ့ ရာသီဖြစ်လာပါ​တော့မယ်

Stat

⭕️🛑Mason Mountကို ရောင်းထုတ်ဖို့ မန်ချက်စတာယူနိုက်တက် ပြင်ဆင်​နေ▫️မန်ချက်စတာယူနိုက်တက်အသင်းဟာ လာမယ့်နွေရာသီမှာ ကွင်းလယ်လ...
03/02/2026

⭕️🛑Mason Mountကို ရောင်းထုတ်ဖို့ မန်ချက်စတာယူနိုက်တက် ပြင်ဆင်​နေ

▫️မန်ချက်စတာယူနိုက်တက်အသင်းဟာ လာမယ့်နွေရာသီမှာ ကွင်းလယ်လူ Mason Mount အတွက် ကမ်းလှမ်းမှုတွေကို နားထောင်ဖို့ (ရောင်းထုတ်ဖို့) ပြင်ဆင်နေပြီဖြစ်ပါတယ်။
Mason ရဲ့ အိုးလ်ထရပ်ဖို့ဒ် အနာဂတ်နဲ့ပတ်သက်တဲ့ ဒီသတင်းကတော့ ယူနိုက်တက်ပရိသတ်တွေအတွက် တော်တော်လေး စိတ်ဝင်စားစရာ ဖြစ်လာပါတယ်။

▫️အသက် ၂၅ နှစ်အရွယ် ကွင်းလယ်လူဟာ ချဲလ်ဆီးအသင်းဆီကနေ ပေါင် ၅၅ သန်းနဲ့ ပြောင်းရွှေ့လာခဲ့ပြီးနောက်ပိုင်း ဒဏ်ရာပြဿနာတွေကြောင့် အိုးလ်ထရပ်ဖို့ဒ်မှာ ပုံမှန်ကစားခွင့်ရဖို့ အတော်လေး ရုန်းကန်နေခဲ့ရတာပါ။
လက်ရှိမှာ သူ့ရဲ့စာချုပ်သက်တမ်းဟာ ၂ နှစ်ပဲ ကျန်ရှိတော့တာကြောင့် အသင်းကနေ ထွက်ခွာရဖို့ဟာ အခုဆိုရင် တကယ်ဖြစ်လာနိုင်တဲ့ အနေအထားကို ရောက်ရှိနေပါတယ်။

▫️အခုအချိန်မှာတော့ အက်စတွန်ဗီလာ (Aston Villa) အသင်းဟာ မေဆန်မောင့်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတွေထဲမှာ တစ်သင်းအဖြစ် ပါဝင်နေပါတယ်။ 👀

▪️Mason က တကယ်တော့ အရည်အချင်းရှိတဲ့ ကစားသမားပါ။ ဒါပေမဲ့ စောစောက ပြောခဲ့သလို Kobbie Mainoo လို လူငယ်ကြယ်ပွင့်တွေ တောက်ပလာတာ၊ ဘရူနိုကလည်း မရှိမဖြစ် ဖြစ်နေတာတွေကြောင့် မောင့်အတွက် နေရာပျောက်နေတာကတော့ အမှန်ပါပဲ။ ဒဏ်ရာတွေကလည်း သူ့ရဲ့ ယူနိုက်တက်ကစားသမားဘဝကို တော်တော်လေး နှောင့်နှေးစေခဲ့တယ်လို့ ဆိုရမှာပါ။

▪️အက်စတွန်ဗီလာလို အသင်းမျိုးက သူတို့ရဲ့ ကွင်းလယ်ကို အင်အားဖြည့်ဖို့ မောင့်ကို ပစ်မှတ်ထားတာကလည်း အဓိပ္ပာယ်ရှိတဲ့ လှုပ်ရှားမှုတစ်ခု ဖြစ်လာနိုင်ပါတယ်။

▪️ယူနိုက်တက် အနေနဲ့ လည်း Mason ကို ရောင်းပြီး တခြားအရည်းအချင်းလည်း ရှိ Availability လည်း အားကောင်းတဲ့ Morgan Gibbs White လို Morgan Roger လို ကစားသမားမျ်ုးတွေနဲ့ ဖြည့်တင်းသင့်ပါတယ်

🔰🔥ခရစ္စတယ်ပဲလေ့စ်နဲ့ ပွဲအပြီးမှာ အသင်းခေါင်းဆောင် Bruno ရဲ့ စကားသံများ🚨🎙️ Bruno - 🔶"ကျွန်တော်တို့ ပိုကောင်းတဲ့ ဘောလုံးကစ...
03/02/2026

🔰🔥ခရစ္စတယ်ပဲလေ့စ်နဲ့ ပွဲအပြီးမှာ အသင်းခေါင်းဆောင် Bruno ရဲ့ စကားသံများ

🚨🎙️ Bruno -

🔶"ကျွန်တော်တို့ ပိုကောင်းတဲ့ ဘောလုံးကစားဟန်မျိုး လိုအပ်နေပါသေးတယ်"

▪️ဥရောပဝင်ခွင့်နှင့် အသင်းအင်အားအကြောင်းကို မေးမြန်းခဲ့ရာ

🔶ဥရောပပြိုင်ပွဲတွေမှာ ကစားရတဲ့အခါ ပွဲအရေအတွက်က အရမ်းများပါတယ်။ အဲဒီအခါမှာ ရာသီရဲ့ ဘယ်လိုအချိန်မျိုးမှာမဆို ကစားသမားတိုင်းဟာ အသင်းအတွက် အရေးပါတယ်ဆိုတာကို လူတိုင်း နားလည်ထားဖို့ လိုလာပါတယ်။ ပွဲတွေ ပိုများလာလေလေ၊ လူတိုင်းအတွက် ကစားခွင့်ရဖို့ အခွင့်အရေး ပိုများလာလေလေပါပဲ။ အဓိကကတော့ ကမ္ဘာ့အကောင်းဆုံးပြိုင်ပွဲဖြစ်တဲ့ ချန်ပီယံလိဂ် ( ) မှာ ကစားခွင့်ရဖို့နဲ့ အသင်းရဲ့ သမိုင်းကြောင်းကြီးမားခဲ့တဲ့ ဒီပြိုင်ပွဲမှာ အစွမ်းကုန် ယှဉ်ပြိုင်သွားဖို့ပါပဲ။"

▪️တစ်ပတ်တစ်ပွဲ ကစားရခြင်း၏ အခက်အခဲကို​မေးမြန်းခဲ့ရာမှာ

🔶ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့က ကျွန်တော်တို့အတွက် အရမ်းကြီးမားတဲ့ တွန်းအားဖြစ်ရပါမယ်။ ဘာလို့လဲဆိုတော့ ဒီရာသီမှာ တစ်ပတ်ကို တစ်ပွဲတည်း ကစားရတာက ကျွန်တော်တို့ကို တကယ်ပဲ ရုန်းကန်စေခဲ့လို့ပါ။ အနည်းဆုံးတော့ ကျွန်တော့်အတွက်တော့ အဲဒီလို ခံစားရတယ်။ ပွဲနည်းတဲ့အခါ နည်းပြအတွက် လူစာရင်းကို အလှည့်ကျသုံးဖို့ (Rotate လုပ်ဖို့) ခက်သွားသလို၊ ကစားခွင့်နည်းတဲ့သူတွေအတွက်လည်း အခွင့်အရေးရဖို့ ပိုခက်သွားပါတယ်။ လူတိုင်းက ကစားခွင့်ရဖို့ အခွင့်အရေး လိုအပ်ကြတာပဲလေ။"

▪️အသင်း၏ စိတ်ဓာတ်ပိုင်းနှင့် ခံနိုင်ရည်အ​ကြောင်းကို​တော့

🔶ခံစစ်ကို အားစိုက်ခုခံတာမျိုး ဒါမှမဟုတ် ရလဒ်နောက်ကနေ လိုက်ကစားရတဲ့အခါ ခံနိုင်ရည်ရှိဖို့က အသင်းအတွက် အရမ်းအရေးကြီးပါတယ်။ ဒါမှလည်း အသင်းရဲ့ စိတ်ဓာတ်ပိုင်း ဘယ်လောက်အထိ မြင့်မားနေလဲဆိုတာကို နားလည်နိုင်မှာပါ။ ဒီစိတ်ဓာတ်ကပဲ လာမယ့် နယူးကာဆယ်နဲ့ပွဲအတွက် အရေးပါလာမှာပါ။"

ကျွန်တော်တို့ အခု တကယ်ကို ကောင်းမွန်တဲ့ အချိန်တစ်ခု၊ အပေါင်းလက္ခဏာဆောင်တဲ့ အခြေအနေတစ်ခုကို ဖြတ်သန်းနေတာပါ။ ဒါကို ကျွန်တော်တို့ လုပ်နိုင်မယ်ဆိုတာလည်း ကြိုသိထားပါတယ်။ ဒါက အခုမှမဟုတ်ဘဲ Boxing Day တုန်းက နယူးကာဆယ်နဲ့ပွဲကတည်းက စခဲ့တာပါ။ ဒါပေမဲ့ ကျွန်တော်တို့ ဒီထက်ပိုကောင်းတဲ့ ဘောလုံးကစားဟန်မျိုး ကစားနိုင်ဖို့ လိုပါသေးတယ်။ ဒါက ကျွန်တော်တို့ ဒီထက်ပိုပြီး တိုးတက်ချင်နေတယ်ဆိုတဲ့ လက္ခဏာပါပဲ။"

ဘရူနိုရဲ့ စကားတွေကို ကြည့်ရင် ရလဒ်ကောင်းနေပေမယ့် "ပိုကောင်းတဲ့ ဘောလုံးကစားဟန် (Better football)" ကို လိုချင်နေတာက သူတို့ရဲ့ ရည်မှန်းချက်ဟာ နိုင်ရုံတင်မဟုတ်ဘဲ အသင်းကြီးပီသတဲ့ ပုံစံမျိုး ပြန်ရဖို့ ကြိုးစားနေတယ်ဆိုတာ ထင်ရှားပါတယ်ဗျာ။

လာမယ့် နယူးကာဆယ် နဲ့ ပွဲကတော့ ဘရူနိုပြောသလို အသင်းရဲ့ စိတ်ဓာတ်ပိုင်းကို ထပ်မံစမ်းသပ်မယ့် ပွဲကြီးပွဲကောင်း ဖြစ်လာမှာပါ

Address

No 507 Dufferin Street
Fredericton, NB
E3B3A8

Opening Hours

Monday 9am - 9pm
Tuesday 9am - 9pm
Wednesday 6am - 9pm
Thursday 6am - 9pm
Friday 9am - 9pm
Saturday 6am - 9pm
Sunday 9am - 5pm

Alerts

Be the first to know and let us send you an email when Red Army Gathering posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share