Soft Hospitality Skills Training

Soft Hospitality Skills Training Hospitality Skills Training specially designed by international experienced trainer for front line s

02/11/2024

📢အမျိုးသမီးများအတွက် "အခမဲ့" သက်မွေးပညာရပ်သင်တန်းများ စတင်အပ်နှံနိုင်ပါပြီ

အခြေခံပညာ အလယ်တန်းနှင့် အထက် သင်ကြားပြီးသော ဝင်ငွေနည်း အမျိုးသမီးများအတွက် အထူးသင့်လျော်သော သက်မွေးပညာ သင်တန်းများကို တက်ရောက်ဖို့ ဖိတ်ခေါ်ပါတယ်။

ဒီသင်တန်းမှ ရရှိတဲ့ ပညာရပ်များဟာ အမျိုးသမီးများရဲ့ ဝင်ငွေကို တိုးပွားစေပြီး မိသားစုစရိတ်ကို တစ်ဖက်တစ်လမ်းမှ ထောက်ပံ့ပေးနိုင်မည့်အပြင် ကိုယ်ပိုင် အတတ်ပညာဖြင့် ရပ်တည်နိုင်ရန် လမ်းပြပေးသွားမှာ ဖြစ်ပါတယ်။

အမျိုးသမီးများရဲ့ ဝင်ငွေတိုးတက်မှုအတွက် အကောင်းဆုံးအထောက်အပံ့ ဖြစ်စေရန် ရည်ရွယ်ထားပါတယ်။

သင်ကြားမည့်ဘာသာရပ်များ

** မှိုစိုက်ပျိုးရေးနှင့် မှိုစားသောက်ကုန် ထုတ်လုပ်ရေးပညာ
** မြေဆွေးပြုလုပ်ခြင်းနှင့် ပျိုးပင်စိုက်ပျိုးရေးပညာ
** အလှအပနှင့် ဆံသပညာ (Hair and Beauty)
** အစားအစာနှင့် အဖျော်ယမကာ ဧည့်ခံကျွေးမွေးရေးပညာ (Food and Beverage)
** အိပ်ခန်းဆောင် ထိန်းသိမ်းရေးပညာ (Housekeeping)

📌သင်တန်းတက်ရောက်ရန် အတွက် သင်တန်း အလိုက် အောက်ပါ ဖောင်များကို ရွေးချယ်ဖြည့်‌စွက်နိုင်ပြီး တစ်ဦးလျှင် သင်တန်းတစ်ခုသာရွေးချယ်တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။

📌 မိမိတက်ရောက်လိုတဲ့ သင်တန်းအမျိုးအစားရဲ့ ‌အောက်မှာရှိသောလျှောက်လွှာဖောင်နှစ်မျိုး အနက် တစ်မျိုးကို ရွေးချယ်ဖြေဆိုပြီး လျှောက်ထားရန်ဖြစ်ပါတယ်။

1) Google Formဖြင့် ဖြေဆိုလိုပါက Google Form link ကို နှိပ်၍ မေးမြန်းထားသော အချက်အလက်များကို ဖြေဆိုပြီး Submit နှိပ်ကာ လျှောက်ထားနိုင်ပါတယ်။

2) စာရွက်ဖြင့် ဖြေဆိုလိုပါက PDF fileကို နှိပ်ကာ ဒေါင်းလုပ်ရယူ၍ Print ထုတ်ဖြေဆိုပြီး ဓါတ်ပုံရိုက်ကာ အောက်ဖော်ပြပါ viberနံပါတ်များသို့ စာရိုက်၍ဖြစ်စေ၊ စာရွက်ပေါ်မှာရေး၍ ဓါတ်ပုံရိုက်ပြီး ဖြစ်စေ ပေးပို့ လျှောက်ထားပေးရပါမယ်။

ဖောင်အဖြေ ပေးပို့ရန် Viber နံပါတ် - +959798897010, +959740915559

ပထမ အသုတ်အတွက် ခေါ်ယူမယ့် သင်တန်းဖောင်များကို ၂၀၂၄ခုနှစ် နို၀င်ဘာလ (၈)ရက် နေ့တွင် ဖောင်ပိတ်မှာ ဖြစ်ပြီး ရွေးချယ်ခံရသူများကို ဖုန်းဖြင့် (သို့မဟုတ်) လူကိုယ်တိုင် အင်တာဗျူးမှာ ဖြစ်ပါတယ်။

👇🏻👇🏻 ဖြည့်စွက်ရန် သင်တန်းဖောင်

📍 မှိုစိုက်ပျိုးရေးနှင့် မှိုစားသောက်ကုန် ထုတ်လုပ်ရေးပညာ
သင်တန်းကာလ - ၃ ရက်
သင်တန်း အချိန် - မနက် ၉ နာရီမှ ညနေ ၄ နာရီ အထိ
သင်ကြားမည့်နေရာ - ရန်ကုန်မြို့
ဖြည့်စွက်ရန် Google Form Link - https://forms.gle/54M5CpiaFmMAEYXM6
PDF Form Link -
https://drive.google.com/file/d/1_slAfvOjKP2Q0HAhy65Of6qHnq7dtJIL/view?usp=drive_link

📍 မြေဆွေးပြုလုပ်ခြင်းနှင့် ပျိုးပင်စိုက်ပျိုးရေးပညာ
သင်တန်းကာလ - ၂ ရက်
သင်တန်း အချိန် - မနက် ၉ နာရီမှ ညနေ ၄ နာရီ အထိ
သင်ကြားမည့်နေရာ - ရန်ကုန်မြို့
ဖြည့်စွက်ရန် Google Form Link - https://forms.gle/tu9Uti1CcTRsMmzR6
PDF Form Link - https://drive.google.com/file/d/1IvOLKMzRdlbsudVfHDO48r03kwjo1uQp/view?usp=drive_link

📍 အလှအပနှင့် ဆံသပညာ (Hair and Beauty)
သင်တန်းကာလ - ၆ ပတ်
သင်တန်း အချိန် - မနက် ၉ နာရီမှ ညနေ ၄ နာရီ အထိ
သင်ကြားမည့်နေရာ - ရန်ကုန်မြို့
ဖြည့်စွက်ရန် Google Form Link - https://forms.gle/XiScJj48hcAB2o656
PDF Form Link -
https://drive.google.com/file/d/1ryTgufCgsukWFkDGIk581r5JuuS2JMHU/view?usp=drive_link

📍 အစားအစာနှင့် အဖျော်ယမကာ တည်းခင်းခြင်းပညာ (Food and Beverage)
သင်တန်းကာလ - ၇ ရက်
သင်တန်း အချိန် - မနက် ၉ နာရီမှ ညနေ ၄ နာရီ အထိ
သင်ကြားမည့်နေရာ - ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်
ဖြည့်စွက်ရန် Google Form Link - https://forms.gle/Xgmp87jJw1kEqPs2A
PDF Form Link -
https://drive.google.com/file/d/1uloXK1mu7O86TsbOlkM4IHcKyQL3a0dN/view?usp=drive_link

📍 အိပ်ခန်းဆောင် ထိန်းသိမ်းရေးပညာ သင်တန်း (Housekeeping)
သင်တန်းကာလ - ၇ ရက်
သင်တန်း အချိန် - မနက် ၉ နာရီမှ ညနေ ၄ နာရီ အထိ
သင်ကြားမည့်နေရာ - ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်
ဖြည့်စွက်ရန် Google Form Link - https://forms.gle/2FY9xaZzJMT7Mwjd8
PDF Form Link - https://drive.google.com/file/d/1D6XP9mQF005Oq_fd7vdx5snWHc2mQw1W/view?usp=drive_link

သင်တန်းနှင့် ပါတ်သက်ပြီး အသေးစိတ် သိရှိလိုပါက
💌 𝐏𝐚𝐠𝐞 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫, Viber နှင့် အောက်ပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်ရှင် ☎️ 09798897010၊ 0940915559၊ 09740915553

Training #သက်မွေးပညာရပ် #လက်တွေ့ပညာရပ်သင် #သင်တန်းကျောင်း #အမျိုးသမီးသက်မွေး

-----

[English Version]

"Vocational training courses for women are now open for registration."

We invite women with a middle school education or higher, particularly those with limited income, to join specialized vocational training courses.

The skills gained through these courses will help increase income for women, support household expenses, and pave the way for self-sufficiency. Our goal is to empower women to improve their financial independence.

**Training Subjects Offered:**
- Mushroom Cultivation and Mushroom Food Production
- Composting and Plant Cultivation
- Hair and Beauty
- Food and Beverage Service
- Housekeeping

📌 Each participant can only select one course. Please choose the appropriate form below to apply.

1) **Google Form:** Click the link and fill out the requested information, then submit to apply.

2) **PDF Form:** Download the form, print, fill it out, take a photo, and send it via Viber to the numbers below.

**Viber Numbers for Form Submission** - +959798897010, +959740915559

The application deadline for the first batch is November 8, 2024. Selected applicants will be contacted for a phone or in-person interview.

👇🏻👇🏻 **Application Forms:**

📍 **Mushroom Cultivation and Mushroom Food Production**
Duration: 3 days
Time: 9:00 AM - 4:00 PM
Location: Yangon
Google Form Link - [https://forms.gle/54M5CpiaFmMAEYXM6](https://forms.gle/54M5CpiaFmMAEYXM6)
PDF Form Link - [https://drive.google.com/file/d/1OldzEH4qnZyyTjeMWnN1kyLUhrNepk1m/view?usp=drive_link]

📍 **Composting and Plant Cultivation**
Duration: 2 days
Time: 9:00 AM - 4:00 PM
Location: Yangon
Google Form Link - [https://forms.gle/tu9Uti1CcTRsMmzR6](https://forms.gle/tu9Uti1CcTRsMmzR6)
PDF Form Link - [https://drive.google.com/file/d/1ilAnzzG1VdDrkH5fdhpWq9vlDreSuKca/view?usp=drive_link]()

📍 **Hair and Beauty**
Duration: 6 weeks
Time: 9:00 AM - 4:00 PM
Location: Yangon
Google Form Link - [https://forms.gle/XiScJj48hcAB2o656](https://forms.gle/XiScJj48hcAB2o656)
PDF Form Link - [https://drive.google.com/file/d/1W_kdi9wj-1hR1qe4TuJnGAt3-ZRef_cz/view?usp=drive_link]

📍 **Food and Beverage Service**
Duration: 7 days
Time: 9:00 AM - 4:00 PM
Location: Yangon, Sanchaung Township
Google Form Link - [https://forms.gle/Xgmp87jJw1kEqPs2A](https://forms.gle/Xgmp87jJw1kEqPs2A)
PDF Form Link - [https://drive.google.com/file/d/1W_kdi9wj-1hR1qe4TuJnGAt3-ZRef_cz/view?usp=drive_link]

📍 **Housekeeping**
Duration: 7 days
Time: 9:00 AM - 4:00 PM
Location: Yangon, Sanchaung Township
Google Form Link - [https://forms.gle/2FY9xaZzJMT7Mwjd8](https://forms.gle/2FY9xaZzJMT7Mwjd8)
PDF Form Link - [https://drive.google.com/file/d/1y2GhChk4X_7YkqzF6bAEuo9KxHk_gGbT/view?usp=drive_link]

For more details:
💌 Contact us via Page Messenger, Viber, or call ☎️ 09798897010, 0940915559, 09740915553.

16/10/2024

သင်ဟာ ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေမှာ ပါဝင်လုပ်ကိုင်ဖို့ စိတ်အားထက်သန်သူ တစ်ယောက် ဖြစ်ပါသလား ? UNDP မြန်မာ က ယခုလအတွင်း အောက်ဖော်ပြပါ ရာထူးနေရာများအတွက် အလုပ်ခေါ်ယူနေပါတယ်။

ခေါ်ယူသည့် ရာထူး - Project Associate
တည်နေရာ - ရန်ကုန်
နောက်ဆုံးထား လျှောက်ထားရန်နေ့စွဲ - အောက်တိုဘာလ ၂၇ ရက်၊ ၂၀၂၄။
လျှောက်ထားရန် လင့် -https://estm.fa.em2.oraclecloud.com/hcmUI/CandidateExperience/en/sites/CX_1/job/21360

ခေါ်ယူသည့် ရာထူး - Teams Associate
တည်နေရာ - ရန်ကုန်
နောက်ဆုံးထား လျှောက်ထားရန်နေ့စွဲ - အောက်တိုဘာလ ၂၉ ရက်၊ ၂၀၂၄။
လျှောက်ထားရန် လင့် - https://estm.fa.em2.oraclecloud.com/hcmUI/CandidateExperience/en/sites/CX_1/job/21365

UNDP မြန်မာက အလုပ်ခေါ်စာတွေကို ကျွန်ုပ်တို့ရဲ့ LinkedIn ပေ့ချ် မှာတင်ပေးနေတာဖြစ်လို့ စိတ်ပါဝင်စားသူတွေ အနေနဲ့ LinkedIn ပေ့ချ်ကို Follow လုပ်ထားနိုင်ပါတယ်။
https://www.linkedin.com/company/undp-myanmar/

Are you passionate about community development and looking to make a real impact? UNDP Myanmar is hiring! Check out these exciting opportunities:

Job title: Project Associate
Location: Yangon
Apply by: October 27, 2024 https://estm.fa.em2.oraclecloud.com/hcmUI/CandidateExperience/en/sites/CX_1/job/21360

Job title: Teams Associate
Location: Yangon
Apply by: October 29, 2024
https://estm.fa.em2.oraclecloud.com/hcmUI/CandidateExperience/en/sites/CX_1/job/21365

Stay connected with us on LinkedIn for the latest job updates!
https://www.linkedin.com/company/undp-myanmar/

ရေဘေး ကူညီရေးအတွက် တပတ်အတွင်း အားလုံးရဲ့ စုစည်းအားနဲ့ သိန်း ၂၀ ရရှိခဲ့ပါတယ်။ပန်းချီကားဖြင့် ပါဝင်ပေးသူ ဆရာနဲ့ ပန်းချီကား...
21/09/2024

ရေဘေး ကူညီရေးအတွက် တပတ်အတွင်း အားလုံးရဲ့ စုစည်းအားနဲ့ သိန်း ၂၀ ရရှိခဲ့ပါတယ်။

ပန်းချီကားဖြင့် ပါဝင်ပေးသူ ဆရာနဲ့ ပန်းချီကားကို ဝယ်ယူပြီး ရေဘေးကူညီရေး ရန်ပုံငွေထဲ ပါဝင်ပေးသူများ အပါအဝင် အလှူရှင် တယောက်ချင်းကို နာမည်နဲ့ တကွ ဖော်ပြချင်သော်လည်း privacy အရ ချန်လှပ်လိုက်ရပါတယ်။

ပြိုင်တူ တွန်းရင် ရွေ့နိုင်ကြောင်း မြန်မာပြည်သူ ပြည်သားများက ဒီနှစ်တွေ အတွင်း အရေးကြုံတိုင်း ခဏ ခဏ ပြသခဲ့ကြပါတယ်။

ပြန်လည် ထူထောင်ရေးနဲ့ အတူ အောင်ပွဲတွေနဲ့ ပျော်ရွှင်ရမယ့် နေ့တွေ မကြာခင် ရောက်လာတော့မယ်လို့ ယုံကြည်ရင်း တဦးတယောက်ချင်းကို အလေးအနက် ကျေးဇူးတင်ရှိကြောင်း ဤနေရာမှ မှတ်တမ်းတင် ဂုဏ်ပြုလိုက်ပါတယ်။ 🙏🙏🙏

painting crd : Zaw Min Myat Oasis Online Art Gallery

Myanmar: Flood Situation Report, 16 September 2024HighlightsHeavy rains from Typhoon Yagi's remnants have resulted in si...
16/09/2024

Myanmar: Flood Situation Report, 16 September 2024

Highlights

Heavy rains from Typhoon Yagi's remnants have resulted in significant flooding and damage in various parts of Myanmar. The flood impacted 59 townships in nine regions and states, including the state’s capital, Nay Pyi Taw, Bago, Kayah, Kayin, Magway, Mandalay, Mon, and eastern and southern Shan.

While data verification is challenging, estimated 631,000 people might have been affected by flooding across the country. Multiple sources indicate that hundreds of people have died, with many more missing.

So far, most areas remain submerged, and evacuation and emergency assistance are ongoing. Despite challenges, humanitarian partners have started reporting on the impact and planning for response wherever possible.

Source : https://reliefweb.int/report/myanmar/myanmar-flood-situation-report-16-september-2024

Pic Crd: BBC News

17/02/2024

ပြန်မလာနဲ့ ငါ့ကောင်
~~~~~~~~~~~~~~~~~
ဒီနိုင်ငံဟာ
ဘုရားမမြင်နိုင်အောင်
မာရ်နတ်ဖွက်ထားတဲ့
အရပ်ပါကွာ ...

ဆီတန်းစီ
ဆန်တန်းစီ
ဓာတ်ဆီတန်းစီရတဲ့
ဘဝကရုံးထွက်ဖို့
Passport ရုံးမှာ
တန်းစီရတယ်။

လက်ဖဝါးအရွယ်
စာအုပ်အနီလေးမှာ
လယ်ယာ၊ ကျွဲနွား
အိမ်ဝိုင်းစာချုပ် ထည့်ထားတယ်
နေ့ပြန်တိုး လပြန်တိုး
နှစ်ပြန်တိုးတွေ ထည့်ထားတယ်။
လက်ဖဝါးအရွယ်
စာအုပ်လေးထဲမှာ
အဖေ့ မျှော်လင့်ချက်တွေရှိတယ်
အမေ့ မျက်ရည်တွေရှိတယ်
နောက်ပြီး ...
အချစ်လက်ဖဝါးလေး
လွှတ်ခဲ့ရတာရှိမယ် ...

PV နဲ့ သွားသွား
PJ နဲ့ သွားသွား
ရောက်ဖို့က အရေးကြီးတယ်။
သွား ... ငါ့ကောင်
နောက်ပြန်မကြည့်နဲ့
ခပ်ပြတ်ပြတ်လှမ်း ငါ့ကောင်။

ငါ့သူငယ်ချင်း
နိုင်ငံခြားသွားမဲ့နေ့က
သူ့ အမေဟာ
အိမ်အောက်က မြေကြီးခဲလေးကောက်
ထမိန်အထက်ဆင်နဲ့ ထုပ်လို့
ဘယ်ဒေသရောက်ရောက်
ကိုယ့်မြေမှာ နေသလို သဘောထား
မင်းအမေရဲ့
ဇာတိမာန်ကို နားလည်ပါရဲ့
သို့ပေမဲ့ ...
ဒီမြေမှာ တမ်းတစရာ
ဘာများရှိလို့လဲ ...
ဘုရင်ဖြစ်ချင်သူတွေ
အပေါဆုံးက ဒီနိုင်ငံ
#မင်းမဲ့စရိုက်အများဆုံးကလည်း ဒီနိုင်ငံ
ဓာတ်ကြိုးတွေ
အရှုပ်ဆုံးက ဒီနိုင်ငံ
#မီးမလင်းဆုံးကလည်း ဒီနိုင်ငံ
ညောင်စေ့လောက် လျှပ်စစ်မီးရပီး
ညောင်ပင်ကြီးလောက်
မီတာခဆောင်ရတဲ့ နိုင်ငံ

ကိုယ့်အသက်ကို ဖက်နဲ့ ထုပ်ရင်း
ငါ အသေအချာမှာလိုက်မယ်
ပြန်မလာနဲ့ ငါ့ကောင်ရေ ...
တခါတလေ
ရွှေတိဂုံ၊ ပုဂံ၊ အင်းလေး၊ မုံရွာ
ထိုးမုန့်နဲ့ ဟာလဝါကို
လွမ်းချင်လွမ်းပေါ့။
ပြန်တော့မလာနဲ့ ငါ့ကောင် ...။

ပိုင်ရှင်မဲ့ အလောင်းတွေ
မိဘမဲ့ ကလေးတွေ
လက်သည်မပေါ်တဲ့ ရာဇဝတ်မှုတွေ
နတ် နဂါး ပူးကပ်သူနဲ့
မီးပွိုင့်မှာ
#တောင်းစားသူတွေအလွန်ပေါတဲ့ နိုင်ငံ

ဓာတ်ငွေ့နဲ့ လျှပ်စစ်ကို
တရုတ်ပြည်ကို ရောင်းပြီး
တရုတ်ထုတ်
ဘက္ထရီနဲ့ အင်ဗာတာကို
ပြန်ဝယ်ရတဲ့ နိုင်ငံမှာ
နောက်ဆို ...
ထိုင်းသနပ်ခါးကို
ငါတို့ ဝယ်ရတော့မယ်
ထိုင်းသကြင်္န်ဟာ
ယူနက်စကိုအမွေအနှစ်စာရင်း ဝင်သွားပြီ။

ဖြစ်နိုင်ရင် ...
သံလွင်မြစ်နဲ့ ဧရာဝတီမြစ်ကိုတောင်
နောက်ပြန်စီးခိုင်းချင်တဲ့
အိမ်နီးချင်းနိုင်ငံတွေကြား
ငါတို့ဟာ တူနာငါးလို
တစ်လွှာခြင်း ဖဲ့စားခံနေရတယ်။
ပြန်မလာနဲ့ ငါ့ကောင်
ဒုက္ခတွင်းထဲ ပြန်လာမဲ့အစား
ပြည်ပမှာ
ပျားလိုရှာ ခြလိုစုပြီး
မိသားစုကိုထောက်ပံ့
ပြန်မလာနဲ့ ငါ့ကောင် ...။

ဒီဖုန်းဆိုးမြေဟာ
ဘယ်မီးလှုံလှုံ မနွေးတဲ့အရပ်
ဘယ်ပန်းစိုက်စိုက် မမွှေးတဲ့အရပ် ..။
ဒီနိုင်ငံဟာ ဘုရားမမြင်အောင်
မာရ်နတ်ဖွက်ထားတဲ့ အရပ်ပါကွာ ...။

(ဆန်းကျော်စွာဝင်း)

ကဗျာဆရာကို credit ပေးပါတယ်။
ကျေးဇူးအများကြီးတင်ပါတယ်။

31/12/2023

7 lessons on "Why the rich are getting richer" by Robert T. Kiyosaki

1. The power of compound interest: Compound interest is the magical force that allows the rich to get richer. It's the idea that when you earn interest on your money, you also earn interest on the interest you've already earned. This means that your money has the potential to grow exponentially over time.

2. The rich invest in assets: The rich don't just hoard their money; they invest it in assets that appreciate in value. This could include stocks, bonds, real estate, or other investments. By investing their money wisely, the rich can grow their wealth much faster than if they simply kept it in a bank account.

3. The rich live below their means: Contrary to popular belief, the rich aren't constantly spending money on luxury items. In fact, many of the richest people in the world live relatively modest lifestyles. They spend less than they earn and invest the rest, which allows their wealth to compound over time.

4. The rich take advantage of tax breaks: The rich have access to tax breaks and loopholes that the average person doesn't. They can use these advantages to reduce their tax liability and keep more of their money.

5. The rich have multiple streams of income: The rich don't rely on a single source of income. They often have multiple streams, such as a job, investments, or a business. This diversification can provide them with a safety net and help them weather financial storms.

6. The rich are risk-takers: The rich are not afraid to take risks. They understand that risk is often associated with great rewards. They're willing to put their money into new ventures, invest in emerging markets, and even start their own businesses.

7. The rich never give up: The rich are never satisfied with their current level of success. They're constantly striving to improve and grow their wealth. They're also very persistent and resilient, never giving up on their goals even in the face of setbacks.

I hope you find these lessons helpful.

Book: https://amzn.to/3TDhzII
Audiobook: https://amzn.to/3YW7pn1

Visit our page Diversified Investment Plan
For more book recommendations and reviews.

မြန်မာပြည်က PV စာအုပ် လက်ဝယ် ကိုင်ဆောင်ထားသူများ ကူဝိတ်က ဟိုတယ်အတွက် အောက်ပါ အတိုင်း ဖုန်းနံပါတ်မှ တဆင့် CV ပို့ပြီး လျှ...
30/12/2023

မြန်မာပြည်က PV စာအုပ် လက်ဝယ် ကိုင်ဆောင်ထားသူများ ကူဝိတ်က ဟိုတယ်အတွက် အောက်ပါ အတိုင်း ဖုန်းနံပါတ်မှ တဆင့် CV ပို့ပြီး လျှောက်ထားနိုင်ပါတယ်။

နောက် တပတ်မှာ အင်တာဗျူးရှိမယ်ပြောပါတယ်။

Interview အောင်လို့ သွားရရင်တော့ လက်မှတ်၊ ဗီဇာအားလုံးပါဝင်ပြီး
Agent fee လည်းရှိမယ် ပြောပါတယ်။

ထပ်ဆင့်ဝေမျှခြင်းသာ ဖြစ်တဲ့အတွက် ကိုယ့်ဟာကိုယ် စုံစမ်းစိစစ်ပြီး သေချာအောင်လုပ်ကြပါ။

လက်ထဲ ဘာ official contract မှ မရခင် ပိုက်ဆံတွေ ကြိုမပေးထားဖို့ သတိပေးချင်ပါတယ်။

အသေးစိတ်အချက်အလက်တွေကို အောက်ပါဖုန်းနံပါတ်တခုတည်းကိုသာ မေးမြန်း ဆက်သွယ်ပါ။

(မက်ဆင်ဂျာနှင့် comments များကို လက်ခံဖြေကြားမည် မဟုတ်ပါ။)

+959254490345

Address

2/701, Ariya Magin Street, Yankin
Yagon, NSW

Opening Hours

Monday 9am - 6pm
Tuesday 9am - 6pm
Wednesday 9am - 6pm
Thursday 9am - 6pm
Friday 9am - 6pm
Saturday 9am - 6pm
Sunday 9am - 6pm

Telephone

+959962315630

Website

Alerts

Be the first to know and let us send you an email when Soft Hospitality Skills Training posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Soft Hospitality Skills Training:

Share