Football Update News

Football Update News .

15/08/2022

တူချဲလ်နဲကွမ်းသီးရန်ပွဲ

ရေဘဝဲကင် မန်ဒီရဲ့ သောက်သုံးမကျမှုနဲ့ သရေကွင်းလေးကိုင်ပြီးကျေနပ်ခဲ့ရတဲ ချဲလ်ဆီး- ချဲလ်ဆီးဟာ ဒီနေ့ပွဲမှာတော့ ရာသီအစကပွဲစဥ်...
14/08/2022

ရေဘဝဲကင် မန်ဒီရဲ့ သောက်သုံးမကျမှုနဲ့ သရေကွင်းလေးကိုင်ပြီးကျေနပ်ခဲ့ရတဲ ချဲလ်ဆီး

- ချဲလ်ဆီးဟာ ဒီနေ့ပွဲမှာတော့ ရာသီအစကပွဲစဥ်နဲ့ ဘာမှမသတ်ဆိုင်တော့ပဲ ဘောလုံးရချိန်ဆို ဘာစီလိုနာလို၊ ဘောလုံးဆုံးရှုံးချိန်ဆို ရီးရဲလ်မက်ဒရစ်လို အဆိပ်ပြင်းခဲ့ပါတယ်။

- ပထမပိုင်းတစ်လျှောက်လုံး စပါးအသင်းရဲ့ပန်နယ်တီဧရိယာထဲပဲနေရာယူခဲ့ပြီး အဆုံးသတ်သာသေချာရင် ဂိုးပြတ်မယ့်အထိ ဖိအားပေးခဲ့ပါတယ်။

- 18မိနစ်မှာ ဟာဗက်ရဲ့ကန်ချက်ကောင်းမွန်ခဲ့ပေမယ့် စပါးဂိုးသမားနဲ့ထိပြီး ထောင့်ကန်ဘောဖြစ်ခဲ့ပါတယ်။ ဒီထောင့်ကန်ဘောမှတဆင့် ကူလီဘာလီက ပထမဆုံးပရ်းမီးယားလိဂ်ဂိုး ရယူခဲ့ပါတယ်။

-အငိုမင်းသားလေးဆွန်ဟောင်မင်ကတော့ တစ်ပွဲလုံးပျောက်နေခဲ့ပြီး ၂၅မိနစ်မှာ ဘောလုံးနောက်ထဲကန်ထည့်တာပဲ မြင်ခဲ့ရပါတယ်။

- 68မိနစ်မှာ စပါးအသင်းက ချေပဂိုးရရှိခဲ့ပြီး ကွန်တီရဲ့ ကျေးဇူးကန်းငမန်းအောင်ပွဲခံပုံကြောင့် တူချယ်နဲ့ရန်ဖြစ်ခဲ့ရပါတယ်။ ကွန်တီဟာ ဒီတစ်ကြိမ်တင်မကပဲ ချဲလ်ဆီးကိုနည်းပြစဥ်ကလဲ (ချဲလ်ဆီးနည်းပြဟောင်းမော်ရင်ဟိုကို) လေးစားမှုမရှိတဲ့အောင်ပွဲခံပုံကြောင့် ရန်ဖြစ်ဖူးပါတယ်။

- ပွဲကစားချိန် ၇၈မိနစ်မှာတော့ စပါးနောက်တန်းက ဟာကွက်တွေကိုအသုံးချပြီး ရီစီဂျိမ်းက အနိုင်ဂိုးသွင်းယူခဲ့ပါတယ်။

နာကျင်အချိန်ပိုရဲ့နောက်ဆုံးမိနစ်မှာတော့ ထောင့်ကန်ဘောမှတဆင့် စပါးတို့ ချေပဂိုးပြန်ရခဲ့ပြီး ချန်ပီယံလိဂ်ဖလားရသလို အောင်ပွဲခံခဲ့ပါတယ်။
သရေတစ်မှတ်ကိုမရှက်တတ်တဲ့စပါးနဲ့ကွန်တီတို့ရဲ့အောင်ပွဲခံမှုက ဒီပွဲကို မတန်မရာ ဆူပွက်စေခဲ့ပါတယ်။

စပါးဘက်ကသွင်းယူခဲ့တဲ့၂ဂိုးစလုံးကတော့ လွယ်ကူခဲ့ပြီး ရေဘဝဲကင်မန်ဒီရဲ့ သောက်သုံးမကျမှုကြောင့် ပေးခဲ့ရတာပါ။

တစ်မှတ်ရတာချင်းအတူတူ စိတ်ပျက်ခဲ့ရတဲ့ချဲလ်ဆီးကတော့ အနိုင်နဲ့ထိုက်တန်တယ်ဆိုတာပြခဲ့ပြီး
တစ်မှတ်ကိုချန်ပီယံလိဂ်ရသလို ခုန်ပေါက်နေတဲ့ ကွန်တီတို့အုပ်စုကတော့ levelတစ်ဆင့်နိမ့်သေးတာကို ပြသွားခဲ့ပါတယ်။

Degea ရဲ့ အမှားနဲ့ ၂ ဂိုးအပါအဝင် ပထမပိုင်းတင် ဘရန့်ဖိုဒ့်အသင်းကို ၄-၀ ဖြင့် မန်ယူအသင်းရှုံးနိမ့်နေ။ ဂိုးရလဒ်ပိုင်တင်မကပဲ...
13/08/2022

Degea ရဲ့ အမှားနဲ့ ၂ ဂိုးအပါအဝင် ပထမပိုင်းတင်
ဘရန့်ဖိုဒ့်အသင်းကို ၄-၀ ဖြင့် မန်ယူအသင်းရှုံးနိမ့်နေ။

ဂိုးရလဒ်ပိုင်တင်မကပဲ ခြေစွမ်းပိုင်းကပါ အရှက်ရစရာကောင်းလောက်အောင်
တသင်းလုံး ညံ့ဖျင်းနေပါတယ်။

ဒီခြေကပုံမှန်ပါပဲ
ဒီထပ်လည်းဖြစ်ထွန်းလာဖို့မရှိတော့သလို ဘယ်သူမှလည်းမကယ်တင်နိုင်တော့ပါဘူး

ကစားသမားတွေရဲ့စိတ်ဓာတ်က တော်တော်စုတ်ပြတ်လွန်းပြီး
နည်းပြကလည်း နပလိန်းတုန်းဆိုတာပေါ်လွင်သွားခဲ့ပြီ
ကံမကောင်းလို့ဂိုးပြတ်သွင်းခံရတဲ့အနေအထားမဟုတ်ပါဘူး
တော်တော်အသုံးမကျတာပါ
တကယ်ရွံရှာစရာအဆင့်အတန်းတစ်ခုကိုပြသလိုက်တာပဲ...

13/08/2022

ခြံခုန်သွားတဲ့ရည်းစားဟောင်းကမှ ပြန်လာရင်ပြန်လာအုံးမယ်...
ငဆိုက်ပြန်လာဖို့ မဖြစ်နိုင်တော့ဘူး...

39မိနစ်...လေးဂိုး
အမှတ်ပေးဇယားမှာ အဆင့်နှစ်ဆယ်
ဒါတောင်ဘောင်ခံနေလို့...

မမှားဘူး မင်းမှန်ပါတယ်...
13/08/2022

မမှားဘူး မင်းမှန်ပါတယ်...

ပွဲဦးထွက်မှာပဲ စတင်ရူံးနှိမ့်ခဲ့တဲ့ မန်ယူထူးထူးခြားခြားပြောစရာရယ်တော့မရှိပါဘူးအဓိက ကစားသမားအများစု ခြေစွမ်းမပြနိုင် နည်...
07/08/2022

ပွဲဦးထွက်မှာပဲ စတင်ရူံးနှိမ့်ခဲ့တဲ့ မန်ယူ

ထူးထူးခြားခြားပြောစရာရယ်တော့မရှိပါဘူး
အဓိက ကစားသမားအများစု ခြေစွမ်းမပြနိုင် နည်းပြကခေါင်းမာပုံရပြီး
ဆုံးဖြတ်ချက်တွေ ရေရေရာရာမရှိသေးတာကိုမြင်ခဲ့ရပါတယ်....

ကစားသမားတွေရဲ့စိတ်ဓာတ်အဆင့်အတန်းကလည်း အရင်ရာသီတွေအတိုင်းပါပဲ....
ဒါကို ဘရိုက်တန်နှစ်ဂိုးရအပြီးမှာ ပိုတွေ့မြင်နိုင်ပါတယ်...
ဟန်ဆောင်လဲချဖို့ကြိုးစားတာတွေ"လူချကစားတာတွေအပြင် ဘရူနိုရဲ့အချိန်ဆွဲဒဏ်ရာရပြမှုတွေက ရယ်စရာပါပဲ

ဒါတွေဟာ ထုံးစံပါပဲ....
မန်ယူ 1 vs 2 ဘရိုက်တန်

07/08/2022

နဖူးတောက်ကြေးမှာ ခြေမှန်ပြန်ပြခဲ့တဲ့ အင်္ဂလန်အနူအသင်း.................

ပထမပိုင်းတစ်ပိုင်းလုံး MLထဲက brunoနဲ့နာမည်တူတဲ့ အကယ်ဒမီမင်းသားကြီးရဲ့ မိုးပေါ်ကန်ချက်ကလွဲရင် ငဆိုက်တို့လုပ်ပြနိုင်တာဆိုလို့ တောင်ပြေးမြောက်ပြေးလုပ်ပြခြင်းတစ်ခုပါပဲ....
ပွဲအစ စက္ကန့်သုံးဆယ်အထိငဆိုက်တို့ပွဲကိုစီးမိုးနိုင်ခဲ့ပြီ....
ကျန်ပွဲချိန်အများစုကတော့ ဘရိုက်တန်လက်ထဲမှာပါပဲ...
Gross နှစ်ဂိုးဆက် ဂိုးသွင်းပြီးနောက်ပိုင်း တော်မီနေးလူချကစားကွက်နဲ့သီးခြားဆော့ပြပြီး.....
တန်ဟက်ခ်လည်း နည်းပြခုံတန်းမှာတစ်ခုခုကိုတွေးရင်း နောင်တရနေပုံပါ....
ဒုတိယပိုင်းပြန်လာဖို့ အိမ်မက်မက်မနေကြပါနဲ့တော့ ဒါခြေအမှန်ပါပဲ

အင်္ဂလန်အနူအသင်း တကယ်ပြန်လာပြီလားအာချောင်တာလား ဆိုတာ ဒီညတော့အဖြေပေါ်ပြီပေါ့ကွာ....စောင့်ဆိုင်းရတာ အချိန်တွေကြာတယ်
07/08/2022

အင်္ဂလန်အနူအသင်း တကယ်ပြန်လာပြီလား
အာချောင်တာလား ဆိုတာ
ဒီညတော့အဖြေပေါ်ပြီပေါ့ကွာ....

စောင့်ဆိုင်းရတာ အချိန်တွေကြာတယ်

စိတ်ပျက်စရာခြေစွမ်း၊ ရွံစရာစိတ်ဓာတ်တို့နဲ့ ပန်နယ်တီကယ်လို့အနိုင်ရရှိခဲ့တဲ့ ချဲလ်ဆီး- ချဲလ်ဆီးဖန်adminကတော့ reviewရေးရမှာ...
07/08/2022

စိတ်ပျက်စရာခြေစွမ်း၊ ရွံစရာစိတ်ဓာတ်တို့နဲ့ ပန်နယ်တီကယ်လို့အနိုင်ရရှိခဲ့တဲ့ ချဲလ်ဆီး

- ချဲလ်ဆီးဖန်adminကတော့ reviewရေးရမှာတောင်ရွံလာလို့ အိပ်ပျော်သွားတဲ့အထိ ခြေစွမ်းစုတ်ချာလွန်းခဲ့ပါတယ်။

- တစ်ပွဲလုံးကိုခြုံကြည့်ရရင် ချန်ပီယံလိဂ်ရခဲ့တဲ့အစုအဖွဲ့မှ ဟုတ်ပါရဲ့လားလို့သံသယဖြစ်တဲ့အထိ အဲဗာတန်ကို ဘာစီလိုနာနဲ့ကန်သလို ကန်နေရပြီး သက်ကြီးကစားသမားတွေဖြစ်တဲ့ သီယာဂိုဆေးဗား၊ ကူလီဘာလီနဲ့ လူသစ် ကူကူရယ်လာတို့ကိုသာ အနဲငယ်အားကိုးခဲ့ရပါတယ်။

- အသစ်ခေါ်ယူထားတဲ့စတာလင်ရဲ့စိတ်ဓာတ်ဟာလည်း စုတ်ချာလွန်းပြီး ပန်နယ်တီဧရိယာထဲရောက်ရင် ဂိုးသွင်းရမယ့်အစား အင့်ခနဲအင့်ခနဲပစ်ပစ်လှဲနေတဲ့အတွက် သူ့ဆီကနေဘာပန်နယ်တီမှ ထပ်ရဖို့မရှိတော့ပါဘူး။

- ချန်ပီယံလိဂ်ဟီးရိုး King Kaiဟာလည်း ဒီပွဲမှာတော့
ကင်းကိုင် မဟုတ်တော့ပဲ တစ်ပွဲလုံးကင်းကိုက်နေခဲ့ပါတယ်။
(အက်မင်ကတော့ ဒီကောင်ဂိုးမသွင်းသရွေ့ ကင်းကိုက်လို့ပဲခေါ်ပါတော့မယ်)

- တောသားလိဂ်မှာခြေစွာခဲ့တဲ့ ကူလီဘာလီဟာလည်း ဒီနေ့ပွဲမှာခြေစွမ်းပြခဲ့ပေမယ့် တောသားလိဂ်လိုမဟုတ်တဲ့ပြိုင်ဆိုင်မှုပြင်းထန်ပုံကြောင့် ကြွက်ပါတက်ပြီး ဘယ်နေ့ပြန်ပြေးမယ်မသိရသေးပါဘူး။

- သီယာဂိုဆေးဗားတစ်ယောက်သာ ပြစ်ချက်ကင်းတဲ့ထူးရှယ်ကစားသမားဖြစ်ခဲ့ပြီး ကျန်တစ်သင်းလုံးကတော့ ခြေစွမ်းရောစိတ်ဓာတ်ပါ အောက်တန်းကျနေတဲ့အတွက် မန်ယူလိုအောက်တန်းစားအသင်းကို အလကားပေးပစ်လိုက်တာကမှ ကောင်းမယ့်အခြေအနေပါ။

- တစ်လုံးတည်းသော ပန်နယ်တီအချောင်ဂိုးကိုတော့ ပထမပိုင်းရဲ့နာကျင်အချိန်ပိုမှာ ဘန်ချီဝဲကြောင့် ရခဲ့ပြီး ဂျော်တကီးက သွင်းယူခဲ့ပါတယ်။

ဖူလ္ဟမ္ဆီကေန သေရတစ္မွတ္ရယူသြားတဲ့-----------------------------------------------------------------           လီဗာပူးလ္ဆီ...
06/08/2022

ဖူလ္ဟမ္ဆီကေန သေရတစ္မွတ္ရယူသြားတဲ့
-----------------------------------------------------------------

လီဗာပူးလ်ဆီကေန သရေတစ်မှတ်ရယူသွားတဲ့ ဖူလ်ဟမ်လို့ပြောရမှာဖြစ်ပေမယ့် ပွဲထွက် Line Up အရ ဆန့်ကျင်ဖက်ပါပဲ...

ပထမပိုင်းပြီးတော့ ဖန်တစ်ယောက်ကပြောတယ်...မဝေဖန်ပါနဲ့ဦး မယုံဘူးလားတဲ့...ယုံပါတယ်...ကျနော်တို့ယုံတာက တစ်သင်းလုံးကိုပါ...၁၁ယောက်တည်းယုံတာမဟုတ်ပါဘူး....Balance ဆိုတဲ့အရာက သွားနောက်လို့မရဘူး...မာတစ်ရဲ့အမှားသာမရှိရင် အနိုင်ရလဒ်ရမှာဖြစ်ပေမယ့် ဒါမျိုးက အပစ်အများကြီးပြောလို့မရပါဘူး...ခြုံပြောရရင် Tactical Move တစ္ခုက အများကြီးအလုပ်ဖြစ်ခဲ့တယ်ဆိုတာပါပဲ...
ဒီလိုဒုတိယပိုင်းဝင်လာတဲ့ကစားသမားတွေ ၁ဂိုးလိုက်ရဦးမယ်ဆိုတဲ့ ဖိအားအောက်ကမဟုတ်ပဲ ပွဲစကတည်းကသာသုံးရဲခဲ့ရင် တစ်မျိုးတစ်ဖုံပြောင်းလဲသွားမှာပါ...ကလော့ရွတ်ပြတဲ့ကွင်းလယ်လူ ၉ယောက်လုံးကိုပရိသတ်တွေကယုံပါတယ်...
ကေလာ့ကေတာ့ သူ့အသင်းကိုသူကိုယ်တိုင်မယုံသေးသလိုပါပဲ
ဒါဝင်နူနက်စ်နဲ့ဆာလာတွဲလုံးကတော့ သူ့မာနအောက်မှာနစ်မြုပ်ခဲ့ရတာပေါ့

ဖူလ်ဟမ်အတွက်တော့ ခြေစွမ်းနဲ့ထိုက်တန်တဲ့ ရလဒ်ကိုပိုင်ဆိုင်သွားခဲ့တာပဲဖြစ်ပါတယ်...

လီဗာပူးအသင်းမန်နေဂျာ ကလော့ပ်က အသင်းအတွက် ခြေစမ်းပွဲတွင် ၄ ဂိုးသွင်းသွားသော ဥရုဂွေးတိုက်စစ်မှူး နူနက်ဇ်အတွက် အကောင်းဆုံးည...
21/07/2022

လီဗာပူးအသင်းမန်နေဂျာ ကလော့ပ်က အသင်းအတွက် ခြေစမ်းပွဲတွင် ၄ ဂိုးသွင်းသွားသော ဥရုဂွေးတိုက်စစ်မှူး နူနက်ဇ်အတွက် အကောင်းဆုံးညတစ်ညကို ရရှိလိုက်ပြီဖြစ်ကြောင်း ချီးကျူးပြောဆို သွားသည်။ ကြာသပတေးနေ့ညက ကစားသည့် ဂျာမန်ကလပ် လိုက်ပ်ဇစ်နှင့် ခြေစမ်းပွဲတွင် နူနက်ဇ်သည် ဒုတိယပိုင်း၌ လူစားဝင်ကစားပြီး ၄ ဂိုးသွင်းနိုင်ခဲ့သလို လီဗာပူးကလည်း လိုက်ပ်ဇစ်ကို ၅-၀ ဖြင့်ဂိုးပြတ်အနိုင်ရရှိလိုက်သည်။

2005လောက်နေပြီး ဘောလုံးပွဲစကြည့်ခဲ့တယ်ဘောလုံးပရိသတ်လုပ်လာတဲ့သက်တမ်းတစ်လျှောက် ရာသီကြိုခြေစမ်းပွဲနိုင်တာကိုဖလားလေးလုံးလော...
20/07/2022

2005လောက်နေပြီး ဘောလုံးပွဲစကြည့်ခဲ့တယ်
ဘောလုံးပရိသတ်လုပ်လာတဲ့သက်တမ်းတစ်လျှောက် ရာသီကြိုခြေစမ်းပွဲနိုင်တာကို
ဖလားလေးလုံးလောက်ရသလို အောင်ပွဲခံတာ
မန်ယူတစ်သင်းပဲ မြင်ဖူးသေးတယ်.....

ပြီးတော့ ခြေစမ်းပွဲကိုပါ လူစာရင်းအတည်ကြီးနဲ့ မပြောင်းမလဲကန်တာလည်း မန်ယူတစ်သင်းပဲမြင်ဖူးခဲ့တယ်...

ရာသီစရင် ပြိုင်ပွဲတွေအများကြီးကန်ရတော့မယ်
ဒီလူစာရင်း ဒီကစားကွက် ဒီကစားသမားတွေနဲ့ တကယ်ရောအလုပ်ဖြစ်ပါ့မလား...

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Football Update News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Football Update News:

Share