03/07/2024
မြန်မာ
=====
လူကနိုင်ငံခြားရောက်နေပေမယ့် မြန်မာနိုင်ငံသားမို့ မြန်မာနိုင်ငံရဲ့ သတင်းတွေကြားတိုင်းဝမ်းသာ ဝမ်းနည်း လိုက်ခံစားမိပါတယ်။
ဒီနေ့ လှည်းတန်းက စာအုပ်ဆိုင်ကြီးတစ်ဆိုင် ပိတ်လိုက်တဲ့အကြောင်းတွေ့မိတော့ စိတ်မကောင်းဝမ်းနည်းမိတယ်။
လှည်းတန်းကစာအုပ်ဆိုင်ဆိုတာ ကိုယ်တွေငယ်ဘဝရဲ့ အမှတ်ရစရာ။ စာအုပ်တွေဆိုတာကိုယ်တွေမမြင်နိုင် မလှမ်းနိုင်လောက်အောင် တိုးတက်နေတဲ့ ကမ္ဘာကြီးကို ချောင်းကြည့်စရာပြတင်းပေါက်တွေဆိုရင် စာအုပ်ဆိုင်ဆိုတာက အဲ့ပြတင်းပေါက်တွေအပြည့်ရှိနေတဲ့ နေရာကြီးပေါ့။
ဖြစ်ပျက်ဟာသဘာဝမို့ စာအုပ်ဆိုင်တွေကို ကော်ဖီဆိုင် နဲ့ပေါင်းစပ်လိုက်တာမျိုးမြင်ချင်လာမိတယ်။ စာအုပ်တွေလည်း ခင်းကျင်းပြသထားမယ်။ wifi လည်းသုံးမလားရတယ်။ ကော်ဖီသောက်ရင်း စာထိုင်ဖတ်စရာ နေရာကောင်းကောင်းလေးတွေလည်းရှိမယ်။
ခမ်းနားလွန်းလှတဲ့ KTV ခန်းမကြီးတွေ၊ ဘီယာအကင်ရောင်းတဲ့ဆိုင်ကြီးတွေ အရေအတွက် ပမာဏရဲ့ ပမာဏ တစ်ခုခုလောက် အဲ့လိုကော်ဖီဆိုင်ကြီးတွေအဖြစ်ပြောင်းသွား၊ စီးပွါးရေးအရလည်း လည်ပတ်လို့ရ နေတာမျိုး ဖြစ်စေချင်မိတယ်။