04/30/2024
ဝိတ်ချ (အဆီချ) နေသူတိုင်း သိထားရမဲ့
အခြေခံသဘောတရား (3)ချက်
ဝဖူးတဲ့လူက_ပြန်ဝဖို့လွယ်တယ်
လူတိုင်းရဲ့ ခန္ဓာကိုယ်မှာ အဆီအိတ်လေးတွေ ရှိတယ်။
နေ့စဉ်စားသောက်တာတွေဟာ ခန္ဓာကိုယ်က သုံးတာထက်
ပိုတဲ့အခါ အဆီအိတ်အသစ်လေးတွေ ခန္ဓာကိုယ်ထဲမှာ
ဖြစ်လာတယ်။
ဝိတ်တက်လာလေ၊ အဆီအိတ်အသစ်လေးတွေ
များလာလေ၊ ပိုဝလာလေပေါ့။
ဒါပေမယ့် လေ့ကျင့်ခန်းတွေလုပ်၊ Diet တွေလုပ်ပြီး
အဆီချဖို့ Lifestyle ပြောင်းလိုက်တဲ့အခါ
ခန္ဓာကိုယ်က လိုအပ်တဲ့စွမ်းအင်တွေကို
အဆီအိတ်လေးတွေဆီကယူသုံးမယ်၊ ပြီးရင်
ကာဗွန်ဒိုင်အောက်ဆိုဒ်နဲ့ ရေအဖြစ် ပြောင်းပြစ်လိုက်တယ်။
ပြောရရင် အသက်ရှူထုတ်၊ ချွေးတွေအဖြစ်
ထုတ်လိုက်တာဖြစ်တယ်။
ဒါပေမယ့် ဒီနေရာမှာ သုံးလိုက်တဲ့ အဆီအိတ်လေးတွေက ပိန်ရှုံ့သွားတာပဲဖြစ်ပြီး ပျောက်သွားတာ မဟုတ်ဘူး၊
အိတ်အခွံအဖြစ်ကျန်ရှိနေအုန်းမယ်။
ဒါ့ကြောင့် အရင် ဝဖူးတဲ့လူတစ်ယောက်ဟာ အစား လိုတာထက်ပိုစားမိတဲ့အခါ အလွယ် Weight ပြန်တက်လာမှာမလို့ Weight ထိန်းတဲ့အခါ သာမန်လူတွေထက် ပိုသတိထားရတယ်။
____________
👉 အဆီကျတဲ့အခါ _ဘယ်အစိတ်အပိုင်းတွေက_အရင်ကျသလဲ ?
ဘယ်နေရာအရင်ကျသလဲ မပြောခင် ဘယ်နေရာကျဖို့ ခက်လဲဆိုရင်
➡️ ယောက်ျားလေးဆိုရင် ဗိုက်
➡️ မိန်းကလေးဆိုရင် တင်ပါး၊ ပေါင်
နေရာတွေဟာ အဆီကျဖို့ အရမ်းခက်တယ်။ လူတစ်ယောက်နဲ့ တစ်ယောက် တူညီမှာတော့ မဟုတ်ပေမယ့် ဒီနေရာတွေဟာ အဆီချရခက်တဲ့၊ ခေါင်းမာတဲ့နေရာတွေပေါ့။
" ဒီနေရာပြီးသွားရင် ဒီနေရာကျမယ် "လို့
100% ပြောနိုင်တာမျိုး မရှိပေမယ့် နောက်အဖြေတစ်ခုက
နောက်ဆုံးအဆီတက်တဲ့နေရာဟာအရင်ဆုံးအဆီပြန်ကျမယ့်နေရာ လို့ခန့်မှန်းနိုင်ပါတယ်။
ဥပမာ -
ဝတာတော့ ဝလာနေတာပဲ။ ဒါပေမယ့် ရုတ်တရက်ကြီး မျက်နှာကြီး ဖောင်းလာတာ၊ လက်မောင်းကြီးတုတ်လာတာမျိုး ရှိခဲ့ရင် အဆီချတဲ့အခါ အဲမျက်နှာတို့၊ လက်မောင်းတို့က အရင်ကျပါလိမ့်မယ်။
😖ဗိုက်ပူလာတယ်၊
😖ပေါင်တွေတုတ်လာတယ်၊
😖လက်မောင်းကြီးလာတယ်၊
😖မျက်နှာဖောင်းလာတယ် ဆိုရင် အဆီချတဲ့အခါ
🔥မျက်နှာပြန်သွယ်လာမယ်
🔥လက်မောင်း နည်းနည်းပြန်စစ်လာမယ်
🔥ပေါင်တုတ်တာ ဘောင်းဘီထဲ ပြန်ချောင်လာမယ်
🔥ဗိုက်ဖြေးဖြေးချင်း ပြန်ကျလာမယ်
နေရာစုံက မျှပြီး တဖြေးဖြေးချင်း ကျမယ်။ နောက်ဆုံး Body fat
➡️ ယောက်ျားလေးဆို 12-14% ဝန်းကျင်
➡️ မိန်းကလေးဆို 18-22% ဝန်းကျင်
အထိ အဆီကျလာတဲ့အခါ ခန္ဓာကိုယ်က Lean ဖြစ်ပြီး နေရာစုံမှာ ကျစ်ကျစ်လျစ်လျစ်အဖြစ်ကို ရောက်ပြီ။
____________
ဒါတွေသိထားတော့_ဘာထူးသွားသလဲ ?
အဆီရဲ့ သဘောတရား၊
အဆီကျတဲ့ နေရာတွေ၊
တဖြေးဖြေး ဘယ်လိုတွေကျမယ်၊
ကိုယ်က ဘာရလဒ် Result ကိုမျှော်မှန်းနိုင်မလဲ သိထားတဲ့အခါ လေ့ကျင့်ခန်း Workout လုပ်ရတာ ပိုအဓိပ္ပါယ်ရှိလာပါလိမ့်မယ်။
နေရာစုံကနေ မျှတပြီး အဆီကျပါလားသိထားတော့
" ဟာ၊ လက်မောင်းတွေလုပ်တာ လက်မောင်းအဆီကျမလာပါလား "
" ခါးလှည့်တာ ခါးလဲ သေးမလာဘူး "
" ဗိုက်ကိုလုပ်တာ ဗိုက်လဲချပ်မလာဘူး "
ဆိုပြီး စိတ်ဓာတ်တွေ မကျတော့ဘူး။
" ဗိုက်ချပ်ဖို့ဆိုတာ ကိုယ်မမြင်ရတဲ့ ပေါင်တွေ၊ ကျောတွေ၊ မျက်နှာတွေမှာ တဖြေးဖြေးကျဖို့ စောင့်ရအုန်းမှာပဲ။
ပေါင်ချိန်ကျနေသရွေ့၊ ပိုသန်မာလာသရွေ့ ကိုယ်ဟာ လမ်းကြောင်းပေါ်ရှိတယ်။ "
ဒီအသိမှန်မှန်နဲ့ စိတ်ရှည်ပြီး ဆက်ကြိုးစားမယ်။ ဒါမှလဲ တစ်ကယ် Fitဖြစ် တဲ့ထိ ပြောင်းလဲနိုင်မှာ။
မယုံမေးကြည့်၊ အယောက်တစ်ရာမှာ ကိုးဆယ့်ကိုးယောက်က
"Workout ဘာလို့ဆက်မလုပ်တော့တာလဲ"
ဆိုရင် ကိုယ်မှန်းထားသလို ဗိုက်မချပ်လာလို့၊ လက်တွေကျစ်မလာလို့ စိတ်ပျက်ပြီး မလုပ်ဖြစ်တာချည်းပဲ။
ဘာကို လက်တွေ့ကျကျ Expectation မျှော်မှန်းရမယ်မသိတာက တစ်ကယ့်တရားခံပေါ့။
အခု အဆီဘယ်လို တစ်ဆင့်ချင်းကျလဲသိပြီးပြီဆိုတော့ မလိုပဲ စိတ်မညစ်ရတော့ပါဘူး
အဆင်ပြေကြပါစေဗျာ🤝
Crd
Share gym games - Myanmar