GGMU Sports

GGMU Sports All news of Manchester United FC

ယူနိုက်တက်တို့ဟာ  အမှားတွေ အရမ်းများ နေတဲ့ ဂိုးသမား အိုနာနာ ကို လမ်းခွဲဖို့ ဆုံးဖြတ်ချက်ချထားကြောင်း သိရပါတယ်..ဒါပေမယ့် ...
04/12/2025

ယူနိုက်တက်တို့ဟာ အမှားတွေ အရမ်းများ နေတဲ့ ဂိုးသမား အိုနာနာ ကို လမ်းခွဲဖို့ ဆုံးဖြတ်ချက်ချထားကြောင်း သိရပါတယ်..

ဒါပေမယ့် သူ့ရဲ့ လုပ်ခနဲ့ ပြောင်းရွှေ့ကြေးကို ပေးနိုင်မယ့် ကလပ်အသင်းမျိုးကို ရှာဖွေဖို့ ကြိုးစားရဦးမှာပါ..

ပေါင် 45 သန်းနဲ့ ထိုက်တန်မှုမရှိတဲ့ စွမ်းရည်တွေကြောင့် ဂိုးမဖမ်းတတ်တဲ့ ဂိုးသမားကြီးကတော့ စိတ်ပျက်ဖွယ် အတိနဲ့ ယူနိုက်တက်ကို နုတ်ဆက်ဖို့အချိန်ရောက်လာခဲ့ပါပြီ..

ငါတို့တွေရဲ့ အနာဂတ်ဟာ  yeee တွေကို ဖြစ်လို့...
04/12/2025

ငါတို့တွေရဲ့ အနာဂတ်ဟာ yeee တွေကို ဖြစ်လို့...

ကျွန်တော်တို့ရဲ့ အချစ်တော်ကြီး  အိုနားနားကတော့ ဒီနှစ်နွေရာသီမှာ  အသင်းက ထွက်ခွါဖို့ အစီအစဉ်မရှိဘဲ   ပွဲတွေ ကစားပြီး ပရိတ...
03/26/2025

ကျွန်တော်တို့ရဲ့ အချစ်တော်ကြီး အိုနားနားကတော့ ဒီနှစ်နွေရာသီမှာ အသင်းက ထွက်ခွါဖို့ အစီအစဉ်မရှိဘဲ ပွဲတွေ ကစားပြီး ပရိတ်သတ်တွေကို ဘုရားတရား ပိုလုပ်ပြီး ဆုတောင်းခိုင်းဦးမယ်လို့ သိရပါတယ်.,..
ဆော်ဒီလိဂ်က ကမ်းလှမ်းချက်တွေရထားပေမယ့် သူ့နေရာနဲ့ ထိုက်တန်ကြောင်း သက်သေပြမှာဖြစ်လို့ မပြောင်းဘူးလို့ဆိုပါတယ်.. နည်းပြ အမော်ရင်က သူ့ကို မလိုတော့ဘူးလို့ ပြောတဲ့ အချိန်မှသာ အသင်းက ထွက်ခွါ မှာ ဖြစ်တယ်လို့ ဆိုသွားခဲ့တာပါ..
ဒါပေမယ့် ဒီနှစ်နွေရာသီမှာ INEOS က ရှင်းထုတ်ချင်နေတဲ့ ကစားသမားစာရင်းမှာ အိုနာနာလဲ ပါဝင်နေပါတယ်.. ကက်စီ၊ အဲရစ်ဆင်၊ ရက်ဖို့ဒ်၊ အန်တိုနီ၊ လင်ဒီလော့၊ အီဗန်၊ မာလာစီယာ ၊ ဟီတန်တို့နဲ့အတူ အိုနာနာ ကိုပါ ရှင်းထုတ်ချင်နေတာပါ…
နံပါတ်(၁) ဂိုးသမားနေရာအတွက် ဘယ်လ်ဂျီယံကလပ် Royal Antwerp က အသက်(၂၂)နှစ်အရွယ် ဂိုးသမား Senne Lammens နဲ့ ပြင်သစ်ကလပ် လိုင်လီ က အသက် (၂၃) အရွယ် ဂိုးသမား Lucas Chevalier တို့ကို လျာထားတယ်လို့ သိရတာပါ..
ကျွန်တော်ကတော့ ဒေ့ဗ်ကိုပဲ လွမ်းတယ်ဗျာ..

(** ယူနိုက်တက် သတင်းတွေကိုပဲ ပုံမှန်တင်ဆက်ပေးသွားမယ့် Page လေးဖြစ်လို့ Like & Follow လေးနဲ့ ကူညီပေးကြဖို့ တောင်းဆို ပါရစေဗျ… Man Utd Fan)

အင်္ဂလန် ကိုယ်တော်လေး ဆန်ချိုကို  ချယ်ဆီးက  ဆက်မခေါ်ချင်သလို   ယူနိုက်တက်ကလည်း  ဗြဟ္မာဦးခေါင်း ဖြစ်နေတဲ့  ပန်တော်ကျကြီးက...
03/26/2025

အင်္ဂလန် ကိုယ်တော်လေး ဆန်ချိုကို ချယ်ဆီးက ဆက်မခေါ်ချင်သလို ယူနိုက်တက်ကလည်း ဗြဟ္မာဦးခေါင်း ဖြစ်နေတဲ့ ပန်တော်ကျကြီးကို ပြန်မလိုချင်ပါဘူး…

ဆန်ချိုကတော့ အသင်းဟောင်းဒေါ့မွန်ထံဘဲ ပြန်သွားဖို့ ပြင်နေပြီး သူ့ရဲ့ အေးဂျင့်တွေနဲ့ လုပ်ဆောင်နေတယ်လို့ သိရတာပါ.. ဒေါ့မွန်ကလည်း လိုသုံးလေးကို အောက်ဈေး နဲ့ ပြန်ခေါ်ဖို့ စဉ်းစားနေတယ်လို့ သိရတာပါ..

စီးရီးအေ ကလပ် အတ္တလန်တာအသင်းဟာ  ယူနိုက်တက်နဲ့  နယူးကာဆဲလ် တို့ စိတ်ဝင်စားနေတဲ့ ၎င်းတို့အသင်းရဲ့  တိုက်စစ်မှူး အဒီမိုလာ လ...
03/26/2025

စီးရီးအေ ကလပ် အတ္တလန်တာအသင်းဟာ ယူနိုက်တက်နဲ့ နယူးကာဆဲလ် တို့ စိတ်ဝင်စားနေတဲ့ ၎င်းတို့အသင်းရဲ့ တိုက်စစ်မှူး အဒီမိုလာ လော့မန်း ကို ပေါင် သန်း(၅၀) ဈေးသတ်မှတ်လိုက်ပါတယ်..
ဖူဟမ်၊ လက်စတာတို့မှာ အငှားလာကစားဖူးပြီး ပွဲ (၆၀)မှာ (၁၀) ဂိုးသာ သွင်းနိုင်ခဲ့ပေမယ့် အခု အတ္တလန်တာ မှာတော့ ပြိုင်ပွဲစုံ (၈၅)ပွဲမှာ (၃၇)ဂိုးသွင်းထားတာပါ…

ဒါပေမယ့် အသက် (၂၇) နှစ်အရွယ် တိုက်စစ်မှူးကို ပေါင်သန်း(၅၀)ကတော့ များလွန်းတဲ့ဈေးဖြစ်ပြီး အရပ်ကလည်း ၅ ပေ ၉ လက်မသာ ရှိတာပါ..
သခင်ကြီးတို့က ဘာကိုကြိုက်ပြီး ဘာကြောင့် သတင်းတွေ ထွက်လာလဲတော့ မသိပါဘူး….

ယူနိုက်တက်ရဲ့ ဒဏ်ရာရ  ကစားသမားတွေထဲက  ယိုရို၊  မက်ဂွဲယား၊ မိုင်နူး  နဲ့  ဟေးဗန်း တို့ဟာ ဒဏ်ရာကနေ  သက်သာလာပြီဖြစ်လို့  လေ...
03/26/2025

ယူနိုက်တက်ရဲ့ ဒဏ်ရာရ ကစားသမားတွေထဲက ယိုရို၊ မက်ဂွဲယား၊ မိုင်နူး နဲ့ ဟေးဗန်း တို့ဟာ ဒဏ်ရာကနေ သက်သာလာပြီဖြစ်လို့ လေ့ကျင့်ခန်း ပြန်ဆင်းနိုင်ပြီလို့ သိရှိရပါတယ်။ ဒဏ်ရာရ ကစားသမားတွေ များလွန်းလို့ ပွဲထွက်လူစာရင်း ရွေးရခက်နေတဲ့ အမော်ရင်အတွက်တော့ အသက်ရှူ ချောင်စရာ သတင်းပဲ ဖြစ်ပါတယ်…

Skill က ကွင်းထဲရောက်မှကြည့်  ခုတော့ Style ကို အရင်ရှိုး
03/22/2025

Skill က ကွင်းထဲရောက်မှကြည့်
ခုတော့ Style ကို အရင်ရှိုး

Gazzetta dello Sport ရဲ့ ဖော်ပြချက်အရ  နာပိုလီ ဟာ ဟွိုင်လန်းအတွက် ဈေးသတ်မှတ်ချက်ကို ယူနိုက်တက်ကို မေးမြန်းခဲ့ကြောင်းသိရပ...
03/21/2025

Gazzetta dello Sport ရဲ့ ဖော်ပြချက်အရ နာပိုလီ ဟာ ဟွိုင်လန်းအတွက် ဈေးသတ်မှတ်ချက်ကို ယူနိုက်တက်ကို မေးမြန်းခဲ့ကြောင်းသိရပါတယ်...

ယူနိုက်တက်တို့ဘက်ကတော့ ဒိန်းမတ်တိုက်စစ်မှူးအတွက် ယူရို သန်း 60 သတ်မှတ်ထားပြီး ကစားသမား အလဲ အထပ်အတွက်လည်း လက်ခံဖွယ်ရှိနေပါတယ်..

ဟွိုင်လန်းအနေနဲ့ ယူနိုက်တက်အတွက် ပြိုင်ပွဲစုံ 82 ပွဲ ကစားပြီးချိန်မှာ 24 သွင်းယူထားနိုင်ခဲ့ပေမယ့် အဆုံးသတ်နဲ့ နေရာယူမှု ညံ့ဖျင်းတာကြောင့် ယူနိုက်တက်တို့က ရောင်းချချင်နေတာပါ..

နိုင်ငံတကာ ပွဲစဉ်မှာတော့ ဟွိုင်လန်းက ဘရူနို တို့ရဲ့ ပေါ်တူဂီဖက်ကို အနိုင်ဂိုး သွင်းယူပြီး ပေါ်တူဂီတို့ဆီက (3) မှတ် ရယူသွားခဲ့တာပါ,.

အသက်အရွယ်ငယ်သေးတာကြောင့် တိုးတက်လာနိုင်ပေမယ့် နည်းပြ အမော်ရင် ကတော့ သူရဲ့ တပည့်ဟောင်းဖြစ်သူ စပို့တင်း တိုက်စစ်မှူး ဗစ်တာ ရော့ဂရက် ကို နွေရာသီမှာ အဓိက လိုချင်နေပြီး အဆင်မပြေမှသာ နာပိုလီ တိုက်စစ်မှူး အော့စီမန် ကို ဒုတိယ ဦးစားပေးအဖြစ်ခေါ်ယူဖို့ ပြင်ဆင်နေတာပါ..

နာပိုလီ Boss ကွန်တီ ကလည်း ဟွိုင်လန်းကို နှစ်သက်တဲ့ သူ ဖြစ်တာကြောင့် အပြောင်း အရွှေ့တွေ ဘယ်လို ဖြစ်လာမလဲ ဆိုတာ စောင့်ကြည့်ကြရတော့မှာပါ..

Bro တို့ရဲ့ အမြင်လေးတွေလည်း ပြောပေးခဲ့ပါဦးဗျ..

ယူနိုက်တက် သတင်းတွေပုံမှန်တင်ဆက်ပေးသွားမယ့် Page အသစ် လေးမို့ like and Follow လေးနဲ့ အားပေးခဲ့ဖို့ တောင်းဆိုချင်ပါတယ်.ဗျာ ကျေးဇူးပါ. 🙏🙏

https://www.facebook.com/GGMUSports

နည်းပြ အမော်ရင်သည် စပို့တင်း တိုက်စစ်မှူး  Viktor Gyokeresကို မဖြစ်မနေ ခေါ်ယူပေးရန် အသင်းအား တောင်းဆို လိုက်ကြောင်းသိရသည...
03/21/2025

နည်းပြ အမော်ရင်သည် စပို့တင်း တိုက်စစ်မှူး Viktor Gyokeresကို မဖြစ်မနေ ခေါ်ယူပေးရန် အသင်းအား တောင်းဆို လိုက်ကြောင်းသိရသည်..

အသင်းရဲ့ တိုက်စစ်ပိုင်းကို ပြောင်းလဲရန်အတွက် တပည့်ဟောင်းဖြစ်သူနှင့် ပြန်လည် လက်တွဲနိုင်ရန် ကြိုးပမ်းလျက် ရှိကြောင်းသိရပြီး နွေရာသီတွင် ဒိန်းမတ်တိုက်စစ်မှူး Rasmus Hojlund ရောင်းချရန် ပါ ပြင်ဆင်နေသည်..

အမော်ရင် အနေနဲ့ တိုက်စစ်မှူး Hojlund ထက် Zirkzee ကိုသာ ချန်ထားဖို့ ဆုံးဖြတ်ထားပုံရပြီး Hojlund ရဲ့ အေးဂျင့်များကလည်း အီတလီ ကလပ် တစ်ခုနဲ့ အပြောင်းအရွှေ့ အတွက် ဆွေးနွေးနေကြောင်းသိရှိရပါတယ်… ၂၂ နှစ်အရွယ် ဒိန်းမတ်သားဟာ အသင်းအတွက် ပြိုင်ပွဲစုံ ၈၂ ပွဲတွင် ၂၄ ဂိုးသာ သွင်းယူနိုင်ခဲ့ပြီး အပိုင်အခွင့်အရေး အများဆုံး ဖြုန်းတီးသူ ဖြစ်နေသလို ဂိုးရဖို့ကို တော်တော်လေးရုန်းကန်နေခဲ့ရတာပါ..

အမော်ရင်ရဲ့ ကစားကွက်မှာ တော်တော်လေး ရုန်းကန်နေရသလို အဆုံးသတ်မသေချာမှုတွေကြောင့် နည်းပြရော ပရိတ်သတ်တွေကပါ သူ့ကို စိတ်ပျက်နေကြတာပါ..

ဒါကြောင့် အမော်ရင်က သူ အရောင်တင်ပေးခဲ့တဲ့ Gyokeresကို အရမ်းကို လိုချင်နေတာပါ… Gyokeresကို တခြား ဥရောပအသင်းတော်တော်များများနဲ့ ချယ်ဆီးတို့ကပါ လိုချင်ကြောင်း သတင်းတွေ ထွက်လာတာမို့ အမော်ရင်က လက်ဦးမှု ရယူချင်နေတာ ဖြစ်ပါတယ်..

Gyokeres ကို ယူနိုက်တက် အပါအဝင် ဘယ်အသင်းမဆိုက စာချုပ်ပါလျော်ကြေးထက် လျော့နည်းတဲ့ ပမာဏနဲ့ ခေါ်ယူခွင့်ရှိနေတာကြောင့် ယူနိုက်တက်တို့ လက်ဦးမှု ရယူဖို့ လိုအပ်နေတာဖြစ်ပါတယ်.

ကွင်းလယ်အားဖြည့်ဖို့အတွက် စွယ်စုံရ ကွင်းလယ်ကစားသမားတွေ ရှာဖွေနေတဲ့ ယူနိုက်တက်တို့ဟာ ဂျူဗီကွင်းလယ် အင်ဂျင် Kenan Yildiz  ...
03/21/2025

ကွင်းလယ်အားဖြည့်ဖို့အတွက် စွယ်စုံရ ကွင်းလယ်ကစားသမားတွေ ရှာဖွေနေတဲ့ ယူနိုက်တက်တို့ဟာ ဂျူဗီကွင်းလယ် အင်ဂျင် Kenan Yildiz နဲ့ RB Leipzig ရဲ့ ကွင်းလယ်လူ Xavi Simons တို့ကို အလေးထား စောင့်ကြည့်နေကြောင်း သိရပါတယ်..

ကွင်းလယ်တိုက်စစ်၊ နောက်ချန်တိုက်စစ်နဲ့ တောင်ပံတွေမှာပါ ကစားနိုင်တဲ့ Kenan Yildiz ဟာ အသက်(20)သာရှိသေးတဲ့ တူရကီ Player တစ်ဦးဖြစ်ပြီးဂျူဗင်တပ်မှာ (2) ရာသီအတွင်း (73 ) ပွဲကစား (10) ဂိုး သွင်းထားသူပါ..

RB Leipzig ကစားသမား Xavi Simons ကတော့ အသက် (21) နှစ်အရွယ် နယ်သာလန် Player တစ်ဦးဖြစ်ပြီး ကွင်းလယ်တိုက်စစ်နဲ့ တောင်ပံတွေမှာ ကောင်းကောင်း ကစားနိုင်သူပါ.. လက်ရှိ RB Leipzig မှာ (2024-2025) ရာသီအတွင်း (8 ) ပွဲကစား (3) ဂိုး သွင်းထားပါတယ်..

ယူနိုက်တက်တို့ဟာ လာမယ့်နွေရာသီမှာ ကွင်းလယ် အားဖြည့်ဖို့အတွက် ဘိုရပ်ရှားဒေါ့မွန်က အသက် (၂၄) နှစ်အရွယ် ဂျာမန်ကွင်းလယ်ကစားသ...
03/20/2025

ယူနိုက်တက်တို့ဟာ လာမယ့်နွေရာသီမှာ ကွင်းလယ် အားဖြည့်ဖို့အတွက် ဘိုရပ်ရှားဒေါ့မွန်က အသက် (၂၄) နှစ်အရွယ် ဂျာမန်ကွင်းလယ်ကစားသမား ဖီးလစ် နမ်ချာ ကို ယူရို ၄၈ သန်းနဲ့ ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်...

ကွင်းလယ်လူ အဲရစ်ဆင်နဲ့ ကက်စမဲရိုးတို့ ထွက်ခွါဖို့ ရှိနေတဲ့ ယူနိုက်တက်တို့ဟာ နွေရာသီမှာ ကွင်းလယ်ကို ပြန်လည်အစားထိုးဖို့ ပြင်ဆင်နေတာကြောင့် နမ်ချာဟာ ယူနိုက်တက် ရေဒါထဲမှာရှိနေတာဖြစ်ပါတယ်..

ဒေါ့မွန်တို့ကတော့ နမ်ချာကို လက်မလွှတ်ရဖို့ အစွမ်းကုန် ကြိုးစားသွားမယ်လို့သိရပါတယ်...

နမ်ချာဟာ မန်စီးတီး လူငယ်အကယ်ဒမီထွက်ကစားသမား တစ်ဦးဖြစ်ပြီး ပွဲကစားခွင့်မရတာကြောင့် ၂၀၂၁ ခုနှစ်မှာ ဘွန်ဒက်လီဂါကလပ် ဝုဖ်ဘတ်ကို ပြောင်းရွှေ့ခဲ့ပြီး ၂ နှစ်အကြာ ၂၀၂၃ မှာ ဒေါ့မွန်ကို ပြောင်းရွှေ့ရောက်ရှိခဲ့တာ ဖြစ်ပါတယ်..

နာပိုလီသည် ဟွိုင်လန်းကို ခေါ်ယူရန် ကြိုးပမ်းသွားမည် ဖြစ်သော်လည်း ယူနိုက်တက်တို့တောင်းဆိုသည့် ပေါင်း သန်း (၅၀) တန်ဖိုးသတ်...
03/19/2025

နာပိုလီသည် ဟွိုင်လန်းကို ခေါ်ယူရန် ကြိုးပမ်းသွားမည် ဖြစ်သော်လည်း ယူနိုက်တက်တို့တောင်းဆိုသည့် ပေါင်း သန်း (၅၀) တန်ဖိုးသတ်မှတ်မှုကိုတော့ လက်ခံမည် မဟုတ်ဘဲ .. ၎င်းထက်လျော့နည်းသည့် ပမာဏဖြင့်သာ ကမ်းလှမ်းသွားရန် ပြင်ဆင်ထားကြောင်းသိ ရသည်..

ယူနိုက်တက် ဘက်ကလည်း ဒုတိယဦးစားပေးသတ်မှတ်ထားသည့် တိုက်စစ်မှူး ဗစ်တာ အော့စီမန် ကို ဟွိုင်လန်းနှင့် အလဲအထပ် ပြုရန် ဆန္ဒရှိနေသည်..

⚽️🎯 Gazzetta dello Sport

Address

247 Jericho Turnpike
New Hyde Park, NY
11040

Website

Alerts

Be the first to know and let us send you an email when GGMU Sports posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category