Ballone Tallone United

Ballone Tallone United Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Ballone Tallone United, Sports Team, 10 Ross Avenue, Buffalo, NY.

မြန်မာ့ဘောလုံးချစ် ပရိတ်သတ်များ
အားလုံးပဲ မင်္ဂလာပါခင်ဗျာ။
ဤချန်နယ်တွင် မြန်မာ့ ဘောလုံး
အားကစားလောကနှင့် သက်ဆိုင်သော
အကြောင်းအရာများကို အဓိကထား၍
တင်ဆက် ပေးလျက်ရှိပါသည်။

🏆 2026 FIFA World Cup | အုပ်စုပွဲစဥ်(၁) အမှတ်ပေးဇယားများ 🔥🔹အမေရိကန်၊ ကနေဒါနဲ့ မက္ကဆီကိုနိုင်ငံတွေမှာ ကျင်းပနေတဲ့ (၂၃)ကြိ...
06/18/2026

🏆 2026 FIFA World Cup | အုပ်စုပွဲစဥ်(၁) အမှတ်ပေးဇယားများ 🔥

🔹အမေရိကန်၊ ကနေဒါနဲ့ မက္ကဆီကိုနိုင်ငံတွေမှာ ကျင်းပနေတဲ့ (၂၃)ကြိမ်မြောက်
2026 FIFA World Cup ပြိုင်ပွဲကြီးရဲ့ အုပ်စုပထမပွဲစဉ်များ ပြီးဆုံးသွားချိန်မှာ
အုပ်စုအသီးသီးရဲ့ အမှတ်ပေးဇယားအခြေအနေတွေကလည်း စိတ်ဝင်စားဖို့ကောင်းလာခဲ့ပါတယ်။

🔹အချို့သော ထိပ်သီးအသင်းတွေက အုပ်စုဗိုလ်နေရာကို ရယူထားနိုင်ခဲ့ပေမယ့်
အချို့အသင်းတွေကတော့ မမျှော်လင့်ထားတဲ့ ရလဒ်တွေကြောင့် အုပ်စုအောက်ပိုင်းကို ရောက်ရှိနေပါတယ်။

🔹အုပ်စုပွဲစဉ်(၁)အပြီးမှာ ဘယ်အသင်းတွေက နောက်တစ်ဆင့်တက်ဖို့ အခြေအနေကောင်းနေသလဲ၊
ဘယ်အသင်းတွေက ဖိအားများနေပြီလဲဆိုတာကို ဒီ Photo Post ထဲမှာ ကြည့်ရှုနိုင်ပါတယ်။

⚡မိတ်ဆွေတို့ အားပေးတဲ့ အသင်းက အုပ်စုအဆင့်မှာ ဘယ်နေရာ ရပ်တည်နေပါသလဲ?
အုပ်စုအဆင့် ပြီးဆုံးချိန်မှာ ဘယ်အသင်းတွေ အုပ်စုဗိုလ် ဖြစ်လာမယ်လို့ ထင်ပါသလဲ?

💬 Comment မှာ မိတ်ဆွေတို့ရဲ့ ခန့်မှန်းချက်တွေကို ရေးသားဆွေးနွေးခဲ့ကြပါဦး။
















🏆 2026 FIFA World Cup | အုပ်စုပွဲစဥ်(၁) ပွဲပြီးရလဒ်များ 🔥🔹အမေရိကန်၊ ကနေဒါနဲ့ မက္ကဆီကိုနိုင်ငံတွေမှာ ကျင်းပနေတဲ့(၂၃)ကြိမ်...
06/18/2026

🏆 2026 FIFA World Cup | အုပ်စုပွဲစဥ်(၁) ပွဲပြီးရလဒ်များ 🔥

🔹အမေရိကန်၊ ကနေဒါနဲ့ မက္ကဆီကိုနိုင်ငံတွေမှာ ကျင်းပနေတဲ့
(၂၃)ကြိမ်မြောက် ကမ္ဘာ့ဖလားပြိုင်ပွဲကြီးရဲ့
အုပ်စုပထမပွဲစဥ်တွေကတော့ ပြီးဆုံးလို့ သွားခဲ့ပါပြီ။

🔹စုစုပေါင်း အသင်း(၄၈)သင်းကို အုပ်စု(၁၂)အုပ်စုခွဲပြီး
ကျင်းပနေတာဖြစ်ပေမဲ့ အဲ့ဒီ(၄၈)သင်းထဲမှာ
ကျွန်တော်တို့ မြန်မာအသင်း မပါဝင်ပါဘူး။

🔹ကမ္ဘာ့ဖလားရဲ့ အုပ်စုအဖွင့်ပွဲစဥ်တွေကတော့
ပရိတ်သတ်တွေ မထင်မှတ်ထားတဲ့ ရလဒ်တွေများစွာ ထွက်ပေါ်ခဲ့ပါတယ်။

⚡မိတ်ဆွေတို့ အားပေးတဲ့ နိုင်ငံအသင်းတွေကရော
နိုင်ပွဲတွေရရှိခဲ့ရဲ့လား?
ကမ္ဘာ့ဖလား အုပ်စုအဖွင့်ပွဲစဥ်တွေထဲမှာ အထွန်းတောက်ဆုံးနဲ့
အကောင်းဆုံးဖြစ်ခဲ့တဲ့ ကစားသမားက ဘယ်ကစားသမားဖြစ်မလဲ?
💬 မိတ်ဆွေတို့ရဲ့ ထင်မြင်ချက်ကို Comment မှာ ရေးသားဆွေးနွေးခဲ့ကြပါဦး။















📊 မြန်မာအမျိုးသမီးလိဂ် ပွဲစဉ်(၁)အပြီး အမှတ်ပေးဇယားရပ်တည်မှု (Standings Table) 🇲🇲🔥🔹မြန်မာအမျိုးသမီးလိဂ်ရဲ့ ပွဲစဉ်(၁) ပွဲစ...
06/17/2026

📊 မြန်မာအမျိုးသမီးလိဂ် ပွဲစဉ်(၁)အပြီး အမှတ်ပေးဇယားရပ်တည်မှု (Standings Table) 🇲🇲🔥

🔹မြန်မာအမျိုးသမီးလိဂ်ရဲ့ ပွဲစဉ်(၁) ပွဲစဉ်အားလုံး ပြီးဆုံးသွားချိန်မှာတော့
အသင်းတွေရဲ့ အမှတ်ပေးဇယား ရပ်တည်မှုတွေ စတင်ထွက်ပေါ်လာပြီ ဖြစ်ပါတယ်။

🔹လက်ရှိ ပွဲစဉ်(၁)အပြီး အမှတ်ပေးဇယား ထိပ်ဆုံးမှာတော့
ဂိုးကွာခြားချက်အသာနဲ့ ဧရာဝတီအသင်း က ဦးဆောင်နေပြီး၊
၎င်းရဲ့နောက်မှာတော့ အားကစားသိပ္ပံ၊ ဇွဲကပင်၊ ရန်ကုန်ယူနိုက်တက်နဲ့
ခြင်္သေ့မလေးများ အသင်းတို့က အသီးသီး ရပ်တည်နေကြပါတယ်။

🔹ပွဲစဉ် (၁) အပြီး ရမှတ်အခြေအနေ စုစည်းမှု အကျဉ်းချုပ် -
၁။ ဧရာဝတီ (၃ မှတ်) 🔝
၂။ အားကစားသိပ္ပံ (၃ မှတ်)
၃။ ဇွဲကပင် (၃ မှတ်)
၄။ ရန်ကုန်ယူနိုက်တက် (၃ မှတ်)
၅။ ခြင်္သေ့မလေးများ (၃ မှတ်)
၆။ မြဝတီ (၀ မှတ်)
၇။ ရတနာပုံ (၀ မှတ်)
၈။ ရှမ်းယူနိုက်တက် (၀ မှတ်)
၉။ ရန်ကုန်စီးတီး (၀ မှတ်)
၁၀။ သစ္စာအားမာန် (၀ မှတ်)

ပွဲစဉ်(၁) မှာတင် အကြိတ်အနယ်ရှိလှတဲ့ မြန်မာအမျိုးသမီးလိဂ်မှာ
မိတ်ဆွေတို့ရဲ့ အားပေးတဲ့အသင်းက အဆင့်ဘယ်လောက်မှာ ရောက်နေပြီလဲ?
ကော်မန့်မှာ တစ်ချက်လောက် ရေးပေးခဲ့ကြဦးနော်။ 👇💬

#မြန်မာအမျိုးသမီးလိဂ် #အမှတ်ပေးဇယား

မြန်မာအမျိုးသမီးလိဂ် ပွဲစဉ်(၁) ပွဲပြီးရလဒ်များ | Myanmar Women's League 2026-2027 Week 1🔹မြန်မာအမျိုးသမီးလိဂ်ရဲ့ အကြိတ်အ...
06/17/2026

မြန်မာအမျိုးသမီးလိဂ် ပွဲစဉ်(၁) ပွဲပြီးရလဒ်များ | Myanmar Women's League 2026-2027 Week 1

🔹မြန်မာအမျိုးသမီးလိဂ်ရဲ့ အကြိတ်အနယ်ရှိလှတဲ့ ပွဲစဉ်(၁) ပွဲစဥ်တွေကတော့ ပြီးဆုံးသွားခဲ့ပြီဖြစ်ပြီး
အသင်းကြီးတွေရဲ့ အပြန်အလှန် သွင်းဂိုးတွေနဲ့အတူ ပွဲပြီးရလဒ်တွေ ထွက်ပေါ်လာခဲ့ပြီ ဖြစ်ပါတယ်။

🔹ပွဲပြီးရလဒ်များမှာအောက်ပါအတိုင်းဖြစ်ပါတယ်။

ရှမ်းယူနိုက်တက် ၁ - ၄ အားကစားသိပ္ပံ (၁၅ ဇွန် ၂၀၂၆၊ သုဝဏ္ဏကွင်း)

ခြင်္သေ့မလေးများ ၂ - ၁ မြဝတီ (၁၆ ဇွန် ၂၀၂၆၊ ပဒုမ္မာကွင်း)

ရန်ကုန်ယူနိုက်တက် ၃ - ၁ ရတနာပုံ (၁၆ ဇွန် ၂၀၂၆၊ YUSC ကွင်း)

ရန်ကုန်စီးတီး ၀ - ၃ ဇွဲကပိုင် (၁၇ ဇွန် ၂၀၂၆၊ ပဒုမ္မာကွင်း)

သစ္စာအားမာန် ၀ - ၄ ဧရာဝတီ (၁၇ ဇွန် ၂၀၂၆၊ သုဝဏ္ဏကွင်း)

🔹အားကစားသိပ္ပံနဲ့ ဧရာဝတီအသင်းတို့ကတော့ ဂိုးပြတ်သွင်းယူပြီး
ပွဲစဉ်(၁)မှာတင် ခြေစွမ်းတွေ အပြိုင်အဆိုင် ပြနေကြပါပြီ။

မိတ်ဆွေတို့ရဲ့ အကြိုက်ဆုံးအသင်းကကော ဘယ်အသင်းဖြစ်မလဲ?
💬Comment မှာ ရေးသားဆွေးနွေးခဲ့ကြပါဦး။

#မြန်မာအမျိုးသမီးလိဂ် #ဘောလုံးရလဒ်များ

🏆2026 ASEAN Championship | အာဆီယံဟွန်ဒိုင်းဖလား🔹၁၉၉၆ခုနှစ်ကစပြီး (၂)နှစ်တစ်ကြိမ် ပုံမှန်ကျင်းပခဲ့တဲ့အာဆီယံရဲ့ ဂုဏ်သိက္ခာ...
06/16/2026

🏆2026 ASEAN Championship | အာဆီယံဟွန်ဒိုင်းဖလား

🔹၁၉၉၆ခုနှစ်ကစပြီး (၂)နှစ်တစ်ကြိမ် ပုံမှန်ကျင်းပခဲ့တဲ့
အာဆီယံရဲ့ ဂုဏ်သိက္ခာ အကြီးမားဆုံး ဘောလုံးပြိုင်ပွဲကြီးကတော့
လာမဲ့ ဇူလိုင်လ(၂၄)ရက်နေ့မှာ စတင်တော့မှာ ဖြစ်ပါတယ်။

🔹ပြိုင်ပွဲကို (၁၆)ကြိမ်မြောက်ကျင်းပတာဖြစ်ပြီး ကျွန်တော်တို့ မြန်မာအသင်းကလဲ
ပြိုင်ပွဲကို (၁၆)ကြိမ်မြောက် ပါဝင်ယှဥ်ပြိုင်သွားမှာဖြစ်ပါတယ်။

🔹ပြိုင်ပွဲရဲ့ အုပ်စုခွဲဝေမှုတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

🔵 Group A
🇻🇳 ဗီယက်နမ်
🇮🇩 အင်ဒိုနီးရှား
🇸🇬 စင်ကာပူ
🇰🇭 ကမ္ဘောဒီးယား
🇹🇱 အရှေ့တီမော

🔴 Group B
🇲🇲 မြန်မာ
🇹🇭 ထိုင်း
🇲🇾 မလေးရှား
🇵🇭 ဖိလစ်ပိုင်
🇱🇦 လာအို

🔹တစ်အုပ်စုမှာ (၅)သင်းစီပါဝင်နေတာကြောင့် (၁)သင်းကို (၄)ပွဲစီကစားရပါမယ်။
အဲ့ဒီအုပ်စုပွဲ(၄)ပွဲမှာ (၂)ပွဲကိုတော့ အိမ်ကွင်းမှာကစားရမှာဖြစ်ပြီး
ကျန်တဲ့(၂)ပွဲကိုတော့ အဝေးကွင်းမှာ သွားရောက်ယှဥ်ပြိုင်ရမှာ ဖြစ်ပါတယ်။
အုပ်စုပထမနဲ့ အုပ်စုဒုတိယရတဲ့ အသင်းတွေက ဆီမီးဖိုင်နယ်ကို တက်ရောက်ခွင့်ရမှာဖြစ်လို့
အုပ်စုပွဲစဥ်တိုင်းက တစ်ကယ်ကိုအရေးကြီးပါတယ်။

⚡ကျွန်တော်တို့ မြန်မာအသင်းအနေနဲ့ ထိုင်း၊မလေးရှား၊ဖိလစ်ပိုင်တို့ကို
ခက်ခက်ခဲခဲ ရင်ဆိုင်ယှဥ်ပြိုင်ရမှာဖြစ်ပြီး လာအိုနဲ့ပွဲစဥ်ကလဲ ချောင်မှာမဟုတ်ပါဘူး။
မြန်မာအသင်း အုပ်စုပွဲစဥ် (၄)ပွဲမှာ ရမှတ် ဘယ်နှမှတ် ရမယ်ထင်ပါသလဲ?
💬 မိတ်ဆွေတို့ရဲ့ ခန့်မှန်းချက်တွေကို Comment မှာ ရေးသားဆွေးနွေးခဲ့ကြပါဦး။

06/14/2026

သစ္စာနဲ့ မာန်ဟိန်းကို ဒဲ့ပြောပြီ

🏆2026 ASEAN U-19 Boys' Championship | ဗိုလ်လုပွဲ ပွဲပြီးရလဒ်🔹အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပနေတဲ့ အာဆီယံ ယူ-၁၉ ဖလားပြိုင်...
06/13/2026

🏆2026 ASEAN U-19 Boys' Championship | ဗိုလ်လုပွဲ ပွဲပြီးရလဒ်

🔹အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပနေတဲ့ အာဆီယံ ယူ-၁၉ ဖလားပြိုင်ပွဲရဲ့
နောက်ဆုံး ဗိုလ်လုပွဲစဥ်ကတော့ ပြီးဆုံးလို့သွားခဲ့ပါပြီ။

🔹သြစတြေးလျအသင်းက ပြိုင်ပွဲရဲ့ (၆)ကြိမ်မြောက်ချန်ပီယံဖြစ်ခဲ့ပြီး
သမိုင်းတစ်လျှောက် အာဆီယံယူ(၁၉)ဘောလုံးပြိုင်ပွဲရဲ့
အအောင်မြင်ဆုံးအသင်းတစ်သင်းအဖြစ် မှတ်တမ်းဝင်သွားပါပြီ။

🔹ယိုးဒယားသားတို့ ပထမပိုင်းမှာ ခွင့်ပြုပေးခဲ့ရတဲ့ သွင်းဂိုးတစ်ဂိုး၊
ဒုတိယပိုင်း နာကျင်အချိန်ပိုမှာပေးလိုက်ရတဲ့ သွင်းဂိုးတစ်ဂိုးနဲ့အတူ
ပွဲအပြီးမှာ အာဆီယံမွေးစားသားတွေကို (၂)ဂိုးပြတ်ရှုံးနိမ့်ခဲ့ပါတယ်။

⚡ဒါ့ကြောင့်မို့ အကြိမ်(၂၀)အထိ ကျင်းပပြီးစီးသွားပြီဖြစ်တဲ့
အာဆီယံယူ၁၉ အမျိုးသားဘောလုံးပြိုင်ပွဲမှာ သမိုင်းတစ်လျှောက်
အအောင်မြင်ဆုံးနိုင်ငံအဖြစ် သြစတြေးလျနိုင်ငံက ရပ်တည်နေပြီး
ထိုင်းနိုင်ငံက ဒုတိယ၊ မလေးရှားနိုင်ငံကတတိယနဲ့ ကျွန်တော်တို့မြန်မာနိုင်ငံက
စတုတ္ထမြောက် အအောင်မြင်ဆုံး နိုင်ငံတစ်နိုင်ငံအဖြစ် ဆက်လက်ရပ်တည်လျက်ရှိပါတယ်။








🏆2026 ASEAN U-19 Boys' Championship | တတိယလုပွဲ ပွဲပြီးရလဒ်🔹အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပနေတဲ့ အာဆီယံ ယူ-၁၉ ဖလားပြိုင်ပ...
06/13/2026

🏆2026 ASEAN U-19 Boys' Championship | တတိယလုပွဲ ပွဲပြီးရလဒ်

🔹အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပနေတဲ့ အာဆီယံ ယူ-၁၉ ဖလားပြိုင်ပွဲရဲ့
တတိယလုပွဲကတော့ ပြီးဆုံးသွားခဲ့ပါပြီ။

🔹အိမ်ရှင်အိမ်ဒိုနီးရှားအသင်းအနေနဲ့ ဒုတိယပိုင်းမှာရရှိခဲ့တဲ့
တစ်လုံးတည်းသောဂိုးနဲ့ ခမာတွေကို အနိုင်ယူခဲ့တာပါ။

🔹အင်ဒိုနီးရှားအသင်းကတော့ လက်ရှိချန်ပီယံဘွဲ့ကို မကာကွယ်နိုင်ခဲ့ပဲ
ယခုနှစ်မှာတော့ တတိယဆုနဲ့သာ ကျေနပ်ခဲ့ရပါတယ်။
ကမ္ဘောဒီးယားအသင်းကတော့ အာဆီယံယူ၁၉ပြိုင်ပွဲ စတင်ကျင်းပခဲ့တဲ့
(၂၀၀၂)ခုနှစ်ကစလို့ လက်ရှိအချိန်ထိ ကျင်းပခဲ့တဲ့ ပြိုင်ပွဲတွေမှာ
အမြင့်ဆုံးအောင်မြင်မှုအဖြစ် စတုတ္ထနေရာကို စတင်ရယူနိုင်ခဲ့ပြီဖြစ်ပါတယ်။

⚡ဒီကနေ့ ညဦးပိုင်းမှာလဲ ယိုးဒယားတို့နဲ့ အော်ဇီတို့ရဲ့
ဗိုလ်လုပွဲစဥ်က အကြိတ်အနယ်နဲ့ ကြည့်ကောင်းဦးမှာမို့ ကြည့်ရှုအားပေးဖို့ လက်မလွှတ်သင့်ပါဘူး။
အာဆီယံယူ၁၉ ဘောလုံးပြိုင်ပွဲရဲ့ (၆)ကြိမ်မြောက်ချန်ပီယံက
ယိုးဒယားလား? အော်ဇီလား? 💬Comment မှာ ရေးခဲ့ပါဦး။

🏆2026 ASEAN U-19 Boys' Championship | ဆီမီးဖိုင်နယ် ပွဲပြီးရလဒ်များ🔹အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပနေတဲ့ အာဆီယံ ယူ-၁၉ ဖလာ...
06/11/2026

🏆2026 ASEAN U-19 Boys' Championship | ဆီမီးဖိုင်နယ် ပွဲပြီးရလဒ်များ

🔹အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပနေတဲ့ အာဆီယံ ယူ-၁၉ ဖလားပြိုင်ပွဲရဲ့
ဆီမီးဖိုင်နယ်ပွဲစဥ်တွေကတော့ ပြီးဆုံးသွားခဲ့ပါပြီ။

🔹အာဆီယံဒေသတွင်း အခါးသီးဆုံးပြိုင်ဘက်တွေဖြစ်တဲ့
ခွန်ခမာနဲ့ ခွန်ထိုင်းတို့ ပွဲစဥ်ကတာ့ ခွန်ဖမာ့ ပရိတ်သတ်တစ်ယောက်အနေနဲ့
ကြည့်ရှုအားပေးရတာ တစ်ကယ်ကို ရီစရာကောင်းခဲ့ပါတယ်။
ခွန်ခမာတို့ ဒုတိယပိုင်းအစမှာ စောစောစီးစီး အနီကတ်တစ်ယောက် ထိခဲ့တာကြောင့်သာ
ပွဲရလဒ်က ဂိုးပြတ်သွားပေမဲ့ ပွဲတစ်ပွဲလုံးကတော့ ကြည့်ကောင်းခဲ့ပါတယ်။
ခွန်ထိုင်းရော ခွန်ခမာတွေပါ ဘောလုံးပွဲတစ်ပွဲကို ဘောလုံးကြီးပဲ သီးသန့်ကစားခဲ့ပါတယ်။
ကစားသမားအချင်းချင်း စိတ်ပါလက်ပါ နှုတ်ဆက်ကြတာ၊ ဖက်ပွေ့ကြတာတွေကို
ယေဘုယျအားဖြင့် ဘောလုံးပွဲတစ်ပွဲမှာ မြင်တွေ့ရလေ့ရှိပေမဲ့
ဒီပွဲစဥ်မှာတော့ ဒီလို မြင်ကွင်းမျိုးကို မမြင်တွေ့ခဲ့ရပါဘူး။
အပြန်အလှန် ကြမ်းကြမ်းတမ်းတမ်း ဖျက်ထုတ်မှု များစွာကို
ပွဲအတွင်းမှာ ခွန်ဖမာ့ ပရိတ်သတ်တွေ စပ်ဖြဲဖြဲနဲ့ ကြည့်ရှုအားပေးခဲ့ကြပါတယ်။

🔹ဆီမီးဖိုင်နယ် ဒုတိယပွဲစဥ်ဖြစ်တဲ့ အိမ်ရှင် အင်ဒိုနဲ့
အာဆီယံ မွေးစားသာ အော်ဇီတို့ရဲ့ ပွဲစဥ်ကလဲ အကြိတ်အနယ်ဖြစ်ခဲ့ပြီး
ပွဲအပြီး ကစားကွင်းထဲမှာ ‌ရေသန့်ဘူးတွေ ပလူပျံခဲ့ပါတယ်။
အကြောင်းအရင်းကတော့ အော်ဇီတို့ရသွာတဲ့ တစ်လုံးတည်းသော ဦးဆောင်ဂိုးက
VARစနစ်ကြောင့် ရသွားတာပါ။
အစောပိုင်းက စည်းကြပ်ဒိုင်လူကြီးအနေနဲ့ အော်ဇီတို့ရဲ့
မိနစ်(၉၀)ပြည့်ခါနီးမှရတဲ့ ဦးဆောင်ဂိုးကို လူကျွံဘောအဖြစ်သတ်မှတ်ခဲ့တာကြောင့်
အင်ဒိုပရိတ်သတ်တွေ ဂိုးသွင်းသွားတဲ့ အော်ဇီအသင်းရဲ့ တိုက်စစ်မှူးကို လှောင်ပြောင်ခဲ့ကြပါတယ်။
ဒါပေမဲ့လဲ VARပြန်ကြည့်ပြီး ကွင်းလယ် ဒိုင်လူကြီးက ဂိုးအဖြစ်သတ်မှတ်ပေးလိုက်တဲ့အခါမှာ
ခုနက အော်ဇီတိုက်စစ်မှူးက အင်ဒိုပရိတ်သတ်တွေကို လှောင်ပြောင် အောင်ပွဲခံခဲ့ပြီး
အော်ဇီတိုက်စစ်မှူးတစ်ယောက် ရေသန့်ဘူးမိုး အရွာခံလိုက်ရပါတယ်။

⚡လာမဲ့ ဇွန်လ(၁၃)ရက်နေ့မှာတော့ အာဆီယံ ယူ၁၉ဖလားပြိုင်ပွဲရဲ့
ဗိုလ်လုပွဲနဲ့ တတိယလုပွဲတွေကို ဆက်လက်ယှဥ်ပြိုင် ကစားသွားဖို့ရှိနေပါတယ်။
သက်တမ်းအလိုက် အာဆီယံ ပြိုင်ပွဲတွေမှာ (၈)နှစ်ဆက်တိုက် ဖလားလက်မဲ့ဖြစ်ခဲ့တဲ့
ထိုင်းအမျိုးသားဘောလုံးအဖွဲ့ကပဲ အာဆီယံယူ၁၉ဗိုလ်လုပွဲမှာ အောင်ပွဲခံသွားမလား?
အာဆီယံမွေးစားသား သြစတြေးလျကပဲ အရှေ့တောင်အာရှရဲ့ ဘုရင်ဖြစ်သွားမလား?

💬Comment မှာ ရေးခဲ့ပါဦး။










🏆2026 ASEAN U-19 Boys' Championship | ဆီမီးဖိုင်နယ်ပွဲစဥ်များ🔹အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပနေတဲ့ အာဆီယံ ယူ-၁၉ ဖလားပြိုင...
06/11/2026

🏆2026 ASEAN U-19 Boys' Championship | ဆီမီးဖိုင်နယ်ပွဲစဥ်များ

🔹အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပနေတဲ့ အာဆီယံ ယူ-၁၉ ဖလားပြိုင်ပွဲကတော့
ဆီမီးဖိုင်နယ်အဆင့်ကို ရောက်ရှိလာခဲ့ပါပြီ။

🔹ဆီမီးဖိုင်နယ်အဆင့်ကို အုပ်စု(A)က အိမ်ရှင် အင်ဒိုနီးရှားအသင်း၊
အုပ်စု(B)က ထိုင်း၊ အုပ်စု(C)က အော်ဇီနဲ့ ခမာအသင်းတို့က တက်ရောက်လာပါတယ်။

🔹ဆီမီးဖိုင်နယ်ပွဲစဥ်(၂)ပွဲစလုံးက အကြိတ်အနယ်ရှိမှာသေချာပါတယ်။
မြန်မာစံတော်ချိန် ညနေ(၃)နာရီခွဲမှာကစားသွားမဲ့ ခွန်ထိုင်းတို့နဲ့ ခမာတို့ရဲ့ ပွဲစဥ်က
ဘောလုံးပွဲတစ်ပွဲဆိုတာထက်ကို ပိုပြီး လေးနက်တဲ့ ပြိုင်ဆိုင်မှုတစ်ခု ဖြစ်လာမှာပါ။
မြန်မာစံတော်ချိန် ည(၇)နာရီ(၄၅)မိနစ်မှာ ကစားသွားမဲ့ အိမ်ရှင် အင်ဒိုနဲ့
အာဆီယံ မွေးစားသား အော်ဇီတို့ ပွဲစဥ်ကလဲ ပွဲကောင်းတစ်ပွဲဖြစ်လာမှာ သေချာပါတယ်။

⚡မြန်မာယူ၁၉အသင်း ဆီမီးဖိုင်နယ် မတက်ရောက်နိုင်ခဲ့သလို
ဗီယက်နမ်၊ မလေးရှားနဲ့ စင်ကာပူတို့လဲ အုပ်စုက ပြုတ်သွားတာကြောင့် ဝမ်းသာရပါတယ်။
ဒါပေမဲ့လဲ ညီအစ်ကို ကမ္ဘောဒီးယားတွေ ဆီမီးဖိုင်နယ်တက်သွားတာကိုတော့
တစ်ကယ်ပဲ ဂုဏ်ယူဝမ်းမြောက် မိပါတယ်ဗျ။










Address

10 Ross Avenue
Buffalo, NY
14207

Alerts

Be the first to know and let us send you an email when Ballone Tallone United posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Ballone Tallone United:

Share

Category