Ai Verse Please Like & Share

31/08/2026

MEGA GIVEAWAY ALERT! Google Gemini Pro (၃) ကောင့် အခမဲ့ ကံစမ်းလိုက်ပါ! 🤖🎁

အလုပ်တွေ၊ စာလေ့လာမှုတွေနဲ့ Coding/Data အလုပ်တွေကို 10x ပိုမိုမြန်ဆန်စေမယ့် Gemini Pro (တန်ဖိုး ၂၅,၀၀၀ ကျပ်တန်) အကောင့်ပေါင်း (၃) ကောင့်တိတိ ကို Page မိတ်ဆွေများအတွက် မဲဖောက်ပေးသွားပါတော့မယ်! 🔥✨

🎁 မဲဆု - Gemini Pro Premium Account (ကံထူးရှင် ၃ ဦး)

ပါဝင်ကံစမ်းရန် အဆင့် (၂) ဆင့်-

ကျွန်မတို့၏ Son Pa Lone Edu_tech and entertainment Page ကို Like & Follow ပြုလုပ်ထားပေးပါ

ဒီ Post လေးကို Public ဖြင့် မိမိ Timeline တွင် Share ပေးပါ။

Share ထားတဲ့ post လေးကို comment မှာလာမန့်ပေးနော်။

⏳ မဲဖောက်ပေးမည့်ရက် - ( 1.9.2026 )

မော်တင်ကမ်းနားမှာ သောင်တင်နေတဲ့ ရုပ်အလောင်းပါ သစ်သားအခေါင်း ဘယ်ကမျောလာတာလဲကံဆိုးမိုးမှောင်ကျတဲ့ ရေကြီးမှုတွေကြားထဲကနေ ဝမ...
30/08/2026

မော်တင်ကမ်းနားမှာ သောင်တင်နေတဲ့ ရုပ်အလောင်းပါ သစ်သားအခေါင်း ဘယ်ကမျောလာတာလဲ

ကံဆိုးမိုးမှောင်ကျတဲ့ ရေကြီးမှုတွေကြားထဲကနေ ဝမ်းနည်းစရာ ကောင်းလှတဲ့ မြင်ကွင်းတစ်ခုကို ရန်ကုန်၊ မော်တင်ကမ်းနားလမ်းမှာ တွေ့လိုက်ရပါတယ်။ ဩဂုတ်လ ၂၉ ရက်နေ့က ရုပ်အလောင်း ထည့်ထားတဲ့ သစ်သားအခေါင်းတခုဟာ မြစ်ရေစီးနဲ့ မျောပါလာပြီး သောင်တင်နေတာပါ။

ဒီဖြစ်စဉ်ကို တွေ့တွေ့ချင်းပဲ ပရဟိတအဖွဲ့တွေက စက်လှေနဲ့ သွားရောက်ဆယ်ယူခဲ့ကြပြီး ကမ်းပေါ်ရောက်တော့မှ အလောင်းထည့်တဲ့ အိတ်ထဲ ဂရုတစိုက် ပြောင်းထည့်ကာ ရန်ကုန်ဆေးရုံကြီး ရင်ခွဲရုံကို ပို့ဆောင်ခဲ့ကြပါတယ်။ နောက်ဆုံးမှာတော့ ဒီအလောင်းကို ကောင်းမွန်စွာ မီးသင်္ဂြိုဟ်ပေးခဲ့ရတယ်လို့ သိရပါတယ်။

ဒီအခေါင်းဟာ ရေကြီးနစ်မြုပ်နေတဲ့ ဒေသတွေကနေ မျောလာတာ ဖြစ်နိုင်ပြီး၊ သုသာန်တွေ ရေမြုပ်နေလို့ ခေါင်းချစရာ မရှိတော့တာကြောင့် ရေထဲမျောလိုက်ကြတာ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက တွေးဆနေကြပါတယ်...
🛑နေ့စဥ်သတင်းတွေဖတ်ဖို့ page ကို follow လုပ်ခဲ့နော်

Crd Today Trend

အငြိမ်းစားကျောင်းအုပ်ဆရာမကြီးကို လုပ်ကြံလုယက်အန္တရာယ်ပြုခဲ့တာခေါင်းရင်းကပ် အိမ်က အိမ်နီးချင်းလင်မယားတဲ့အကြောင်းစုံသိရပြီ...
30/08/2026

အငြိမ်းစားကျောင်းအုပ်ဆရာမကြီးကို လုပ်ကြံလုယက်အန္တရာယ်ပြုခဲ့တာခေါင်းရင်းကပ် အိမ်က အိမ်နီးချင်းလင်မယားတဲ့အကြောင်းစုံသိရပြီ✍✍✍

တစ်သက်လုံး ပညာဒါနပြုရင်း အေးချမ်းစွာ
နေထိုင်နေသည့် အငြိမ်းစား ကျောင်းအုပ်ဆရာမကြီးတစ်ဦး၏ ဘဝနိဂုံးမှာ မသမာသူ အိမ်နီးချင်းတို့၏ အတ္တဆန္ဒကြောင့် ရက်ရက်စက်စက် အဆုံးသတ်ခဲ့ရသည့် ရင်နင့်ဖွယ်ဖြစ်စဉ်တစ်ခု ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်တွင် ဖြစ်ပွားခဲ့ပါသည်😔

ပညာရေးဝန်ကြီးဌာန (အောက်မြန်မာပြည်) ဒုတိယညွှန်ကြားရေးမှူး(ငြိမ်း) လည်းဖြစ်သူ အသက်အရွယ်ကြီးရင့်ပြီဖြစ်သည့် ဆရာမကြီး ဒေါ်လှလှဝင်းအား နေအိမ်အတွင်း ဝင်ရောက်ကာ အသက်အန္တရာယ်ပြုပြီး ရွှေထည်ပစ္စည်းများနှင့် ငွေကြေးများ လုယက်သွားခဲ့သူများမှာ အခြားသူမဟုတ်ဘဲ ခေါင်းရင်းကပ် အိမ်နီးချင်းများ ဖြစ်နေခဲ့ပါသည်။

ဖြစ်စဉ်မှာ ဩဂုတ်လ ၂၁ ရက်နေ့က ဟင်္သာတမြို့နယ်၊ နိဗ္ဗာန်တိုက်နယ်၊ ရှားခဲအုပ်စု၊ နဲမနိတ်ကျေးရွာတွင် စတင်ခဲ့ခြင်းဖြစ်ပါသည်။ ဆရာမကြီး၏ ခေါင်းရင်းကပ်နေအိမ်မှ သီဟကျော်နှင့် ဇနီးဖြစ်သူ ဇင်ဇင်နွယ်တို့သည် ဆရာမကြီး ဥပုသ်ကျောင်းသို့ သီလဆောက်တည်ရန် ထွက်ခွာသွားမည်ကို ကြိုတင်သိရှိထားကြပြီး အကွက်ကျကျ ပရိယာယ်ဆင်ခဲ့ကြသည်။

၎င်းတို့လင်မယားသည် မနက်ပိုင်းတွင် "ရန်ကုန်သို့ သွားမည်" ဟု ရွာအတွင်း သတင်းလွှင့်ကာ အထွက်ပြခဲ့ကြပြီးနောက် ဆရာမကြီး မရှိသည့်အချိန်တွင် တိတ်တဆိတ် ပြန်လည်ဝင်ရောက်ကာ နေအိမ်အတွင်း ခိုးယူရန် ပြင်ဆင်ခဲ့ကြခြင်းဖြစ်ပါသည်။

သို့သော်လည်း ဆရာမကြီး ဒေါ်လှလှဝင်းမှာ ဥပုသ်ကျောင်းမှ နေအိမ်သို့ ပြန်လည်ရောက်ရှိလာချိန်တွင် နေအိမ်အတွင်း မသမာသူများ ဝင်ရောက်မွှေနှောက်နေသည်ကို ရုတ်တရက် တိုးမိသွားခဲ့ရာမှ ရက်ရက်စက်စက် အန္တရာယ်ပြုခံခဲ့ရပြီး နေအိမ်ရှိ ရွှေနှင့် ငွေများ ပါသွားခဲ့ရပါသည်...

ကျူးလွန်သူများမှာ ရန်ကုန်သို့ သွားမည်ဟု အထွက်ပြထားသော်လည်း ၎င်းတို့စီးနင်းခဲ့သည့် စက်ဘီးကို ရွာအတွင်း ပြန်လည်ထားရှိခဲ့သည့် ကွင်းဆက်မှတစ်ဆင့် ဒေသခံများနှင့် ရဲတပ်ဖွဲ့က ရေလည်စွာ ရိပ်မိဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်ပါသည်...

ပြစ်မှုကျူးလွန်ပြီးနောက် ရန်ကုန်သို့ ထွက်ပြေးတိမ်းရှောင်သွားသည့် သီဟကျော်နှင့် ဇနီး ဇင်ဇင်နွယ်တို့အား စုံစမ်းစစ်ဆေးမှုများ အရှိန်အဟုန်မြှင့် ပြုလုပ်ခဲ့ရာ ဩဂုတ်လ ၂၇ ရက်နေ့တွင် ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ ကြီးပွားရေးရပ်ကွက်၊ သမိန်ဗရမ်းလမ်းရှိ အိမ်အမှတ် (၂၀၈) တွင် သက်သေခံပစ္စည်းများနှင့်အတူ ရဲတပ်ဖွဲ့က အမိဖမ်းဆီးနိုင်ခဲ့ပါသည်..

ဒါ့အပြင် အဆိုပါဖြစ်စဉ်တွင် ပူးပေါင်းပါဝင်ခဲ့သည့် နဲမနိတ်ကျေးရွာနေ တင်မျိုးအောင် (ခ) နေလ ကိုလည်း ရှားခဲကျေးရွာတွင်ပင် ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် ကျူးလွန်သူ ၃ ဦးစလုံးအား ဥပုသ်စောင့်ဆရာမကြီး၏ အမှုအတွက် ဥပဒေအတိုင်း အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက် ရှိပါသည်...

crd

❤️ ရေဘေးကြားက တာဝန်သိစိတ်နဲ့ မိခင်ရင်ခွင် ပြန်လည်ရောက်ရှိလာတဲ့ သားငယ် Zoyal Ghale 🙏🌈​🏔️ နီပေါနိုင်ငံမှာ ပြင်းထန်တဲ့ ရေကြ...
30/08/2026

❤️ ရေဘေးကြားက တာဝန်သိစိတ်နဲ့ မိခင်ရင်ခွင် ပြန်လည်ရောက်ရှိလာတဲ့ သားငယ် Zoyal Ghale 🙏🌈

​🏔️ နီပေါနိုင်ငံမှာ ပြင်းထန်တဲ့ ရေကြီးရေလျှံမှုကြီး ဖြစ်ပွားခဲ့ချိန်က အသက် (၈) နှစ်အရွယ် Zoyal Ghale ဟာ ကျောင်းမှာ ရှိနေခဲ့ပါတယ်။ အန္တရာယ်တွေ ကျရောက်လာချိန်မှာတော့ သူငယ်ချင်းဖြစ်သူနဲ့အတူ အနီးအနားရှိ သစ်တောဘက်ကို ထွက်ပြေးပြီး 🌳 သစ်ပင်ပေါ်တက်ကာ ရေဘေးအန္တရာယ်ကနေ အသက်ရှင်လွတ်မြောက်အောင် ကြိုးစားခဲ့ရပါတယ်။ 🥺🙏

​🚁 နောက်ဆုံးမှာတော့ နီပေါကယ်ဆယ်ရေးအဖွဲ့တွေက Zoyal လေးကို ရှာဖွေကယ်ဆယ်နိုင်ခဲ့ပြီး ရဟတ်ယာဉ်နဲ့ ဆေးရုံကို ပို့ဆောင်ကုသပေးခဲ့ပါတယ်။ ခြေထောက်တစ်ဖက်နဲ့ မျက်နှာတို့မှာ ဒဏ်ရာအနည်းငယ် ရရှိခဲ့ပေမယ့် 🏥❤️
​💵 အံ့သြစရာကောင်းတာက ကယ်ဆယ်ခံရချိန်အထိ Zoyal ဟာ နီပေါရူပီး (၁၀) တန် ငွေစက္ကူ (၂) ရွက်ကို လက်ထဲမှာ တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားဆဲ ဖြစ်ပါတယ်။ 🥹

​🎤 “ရေကြီးတုန်းက ကြောက်ခဲ့လား” လို့ သတင်းထောက်က မေးမြန်းတဲ့အခါမှာလည်း...
👉 “မကြောက်ပါဘူး” လို့ ရဲရဲဝံ့ဝံ့ ပြန်လည်ဖြေကြားခဲ့ပါတယ် 💪🥹။

​📹 ဆေးရုံမှာ ရိုက်ကူးထားတဲ့ ဗီဒီယိုမှတ်တမ်းကနေတစ်ဆင့် မိခင်ဖြစ်သူ Matti Maya Tamang ဟာ သားငယ်လေး အသက်ရှင်နေသေးကြောင်းကို သိရှိခဲ့ရပါတယ် ❤️‍🩹။

​😢 ရေဘေးပြီးနောက်ပိုင်း မိခင်ဖြစ်သူဟာ ကယ်ဆယ်ရေးစခန်းတွေကို အနှံ့လိုက်လံရှာဖွေခဲ့ပေမယ့် သားဖြစ်သူရဲ့သတင်းကို မတွေ့ရတာကြောင့် ဆုံးပါးသွားပြီလို့ ယူဆကာ ပြင်းထန်စွာ ဝမ်းနည်းပူဆွေးနေခဲ့ရပါတယ်။
​🏫 သားဖြစ်သူရဲ့ကျောင်းကို သွားရောက်ကြည့်ရှုတဲ့အခါမှာလည်း ကျောင်းအဆောက်အအုံတစ်ခုလုံး ရေ၊ ကျောက်တုံးတွေနဲ့ ရွှံ့နွံတွေကြားမှာ လုံးဝပျက်စီးနေတာကို တွေ့မြင်ရတဲ့အတွက် မိခင်ရဲ့ရင်ထဲမှာ ပိုလို့တောင် ကြေကွဲခဲ့ရပါတယ်။ 💔😢

​✨ ဒါပေမယ့်လည်း… မျှော်လင့်ချက်မီးတောက်လေးကတော့ လုံးဝမသေဆုံးသွားခဲ့ပါဘူး ✨။
🤝 သတင်းထောက်တွေရဲ့ အကူအညီနဲ့ မိခင်ဖြစ်သူဟာ ဆေးရုံကို အရောက်သွားနိုင်ခဲ့ပြီး…
🥹❤️ ရက်ပေါင်းများစွာ ကွဲကွာနေခဲ့ရတဲ့ မိခင်နဲ့ သားငယ်လေး Zoyal တို့ နောက်ဆုံးမှာ ရင်ဝယ်သားချင်း ပြန်လည်ဆုံတွေ့နိုင်ခဲ့ကြပါပြီ 🤱❤️။

​🌈 အမေ့ရင်ခွင်ထဲကို နွေးထွေးစွာ ပြန်လည်ရောက်ရှိလာတဲ့ Zoyal လေးရဲ့ ပုံရိပ်ကတော့ ရေဘေးအန္တရာယ်ကြားထဲက အလှပဆုံးနဲ့ အပျော်ရွှင်ရဆုံး အခိုက်အတໍဲတစ်ခု ဖြစ်လာခဲ့ပါပြီ 🥹💖။

​👨‍👩‍👦 ဂျပန်နိုင်ငံမှာ ဆောက်လုပ်ရေးလုပ်သားအဖြစ် အလုပ်လုပ်ကိုင်နေတဲ့ ဖခင်ဖြစ်သူကလည်း သားငယ်လေးဆီကို အမြန်ဆုံးပြန်လာနိုင်ဖို့ လမ်းခရီးမှာ ရှိနေပြီလို့ သိရပါတယ်။ ✈️❤️

​🙏 ဘေးအန္တရာယ်ဆိုးကြီးကြားကနေ အသက်ရှင်လွတ်မြောက်လာခဲ့တဲ့ Zoyal လေး ကျန်းမာပျော်ရွှင်စွာနဲ့ မိသားစုရင်ခွင်ထဲမှာ အမြဲတမ်းနွေးထွေးစွာ နေထိုင်နိုင်ပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ရပါတယ် 🌷❤️။

​🥹🌈 “မျှော်လင့်ချက်ရှိနေသရွေ့… ပြန်လည်ဆုံတွေ့နိုင်တဲ့နေ့တစ်နေ့တော့ ရှိနေပါတယ်” ❤️‍🩹

​ #မိသားစုမေတ္တာ #ပြန်လည်ဆုံတွေ့ခြင်း

ပျောက်ဆုံးနေတဲ့ ကလေးငယ်လေး ပြန်တွေ့ပါပြီတဲ့...ဝမ်းသာစရာပါဘဲ 😊😊😊
28/08/2026

ပျောက်ဆုံးနေတဲ့ ကလေးငယ်လေး ပြန်တွေ့ပါပြီတဲ့...
ဝမ်းသာစရာပါဘဲ 😊😊😊

မိခင်ဖြစ်သူ ရင်ကွဲမတတ် အရူးတစ်ပိုင်း စိတ်ပူပြီး တစ်ညလုံး တစ်နေ့လုံး လိုက်လံရှာဖွေနေရတဲ့ သားငယ်လေး အိမ်သို့ အမြန်ဆုံး အန္...
28/08/2026

မိခင်ဖြစ်သူ ရင်ကွဲမတတ် အရူးတစ်ပိုင်း စိတ်ပူပြီး တစ်ညလုံး တစ်နေ့လုံး လိုက်လံရှာဖွေနေရတဲ့ သားငယ်လေး အိမ်သို့ အမြန်ဆုံး အန္တရာယ်ကင်းကင်း ပြန်ရောက်နိုင်ဖို့အတွက် မိဘပြည်သူများအားလုံး တစ်ယောက် တစ်ချက်အားနဲ့ ဝိုင်းဝန်း မျှဝေ (Share) ပေးပြီး ကူညီပေးကြပါဦးရှင်...။ 🙏🙏🙏

🚨​26ရက်ညနေကပျောက်ဆုံးသွားသည့် အခြေအနေ

​မနေ့က (26.8.2026) ရက်နေ့ ညနေ6နာရီလောက်မှာ ညစာထမင်းနဲ့စားဖို့ အိမ်ကနေ လမ်းထိပ် လဖက်သုပ်ဝယ်ဖို့ထွက်သွားခဲ့တာ ဖြစ်ပါတယ်(အမေလုပ်သူ နေမကောင်းဖျားနေ၍)။ 6နာရီခွဲအထိ နာရီဝက်ကြာလို့ ပြန်ရောက်မလာလို့ အမေလုပ်သူလိုက်သွား လိုက်ရှာကာမှ သားလေးပျောက်သွားပီလို့ သိလိုက်ရ၍တစ်ညလုံး လိုက်မေး လိုက်ရှာနေရာတွေအနှံ့ လိုက်လံရှာဖွေခဲ့ပေမယ့် အခုထိ မတွေ့ရသေးပါဘူး 🥺😢

​📝 ပျောက်ဆုံးသူ သားငယ်လေး၏ အချက်အလက်များ

​အမည် - မောင်ရဲခန့်ကို

​အသက် - 11 နှစ်

​အတန်းပညာ - Grade - 4

​မိဘအမည် - (အဖ) ဦးရဲဝင်းထွန်း ၊ (အမိ) ဒေါ်သန္တာဆွေ

​နေရပ်လိပ်စာ - သမိုင်းမြို့သစ်( 3 ) လမ်း၊ အိမ်အမှတ် ( 305 )။

​ပုံပါ တူလေး/သားလေးကို မြင်တွေ့မိခဲ့ရင်ဖြစ်စေ၊ သတင်းအစအန ရရှိခဲ့ရင်ဖြစ်စေ အောက်ပါဖုန်းနံပါတ်သို့ အမြန်ဆုံး ဆက်သွယ် အကြောင်းကြားပေးကြပါရန် အနူးအညွတ် မေတ္တာရပ်ခံအပ်ပါသည်ရှင်🙏🙏🙏

​☎️📞 တွေ့ရှိပါကဆက်သွယ်ရန်ဖုန်း
09- 950599965
09- 421164201

​သားလေး မိခင်ရင်ခွင်ထဲ အမြန်ဆုံး ပြန်လည်ရောက်ရှိပါစေကြောင်း ဆုတောင်းပေးရင်း၊ ဒီပို့စ်လေးကို မြင်တွေ့ရသူတိုင်း တစ်ယောက် တစ်ချက်စီ Share ပေးပြီး ကုသိုလ်ယူ ကူညီပေးကြပါဦးရှင်။ 🙏✨

​ #ကလေးပျောက် #အရေးပေါ်ကူညီပေးပါ #သမိုင်းမြို့သစ် #ကူညီရှာဖွေပေးကြပါဦး

26/08/2026

😊🏡

25/08/2026

အိမ်တွင်းငါးကြော် ပျောက်ဆုံးမှုကြီး 😊

အများကြီး Follow ပေးထားတယ်နော် အဲထဲက ပြန်မကူရသေးသူဆိုကူ ခဲ့နော်.... နောက်ထပ် follow မယ့်သူတွေလည်း မန့်ခဲ့နော်.... ပြန်ကူ...
25/08/2026

အများကြီး Follow ပေးထားတယ်နော် အဲထဲက ပြန်မကူရသေးသူဆိုကူ ခဲ့နော်.... နောက်ထပ် follow မယ့်သူတွေလည်း မန့်ခဲ့နော်.... ပြန်ကူမယ်...
(မကူရင်တော့ မထူးဘူးလေ ပြန်ဖြုတ်ရမှာဘဲနော့)

အယောက် ၅၀၀ ဘဲလိုတော့တာ  Done ရေးခဲ့ noti တက်တာနဲ့ ပြန်ကူမယ်နော် 🤝
24/08/2026

အယောက် ၅၀၀ ဘဲလိုတော့တာ Done ရေးခဲ့ noti တက်တာနဲ့ ပြန်ကူမယ်နော် 🤝

ที่อยู่

Uthai Thani

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Ai Verseผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์