30/07/2026
Khok Kloy Library Cup League
ကော့ကလွယ့်စာကြည့်တိုက်ဖလား အမှတ်ပေးပြိုင်ပွဲ (ပွဲစဥ် -၅) အချိန်းဇယားပါ
2/8/2026 နေ့လည့် 1နာရီ မှစ၍ရှင်းပြိုင်ပါမည်
ကျောင်းမှာ ဝါဆိုသက်န်းကပ်ဖို့လည်းရှိပါသည်
မနက်ပိုင်း ဝါဆိုသက်န်းကပ်၍ နေ့လည်ပိုင်းဘောလုံးပြိုင်ပွဲ ကျင့်ပပေးပါမည် ခင်ဗျား
အားလုံးပဲ မင်္ဂလာပါ🙏
ထိုင်းရောက် အပျော်တန်းဘောလုံးသမား
ညီအစ်ကိုများအားလုံးအတွက်
အထူးသတိထားစရာလေးတစ်ခု ရှိနေလို့ပါ
ကျွန်တော်တို့ရဲ့ အပျော်တန်းဘောလုံးကစားခြင်းဟာ
ကျန်းမာရေးအတွက်ရော၊ စိတ်ဖိစီးမှု
ပြေပျောက်ဖို့အတွက်ပါ ရည်ရွယ်တာဖြစ်ပေမဲ့
အခုနောက်ပိုင်းမှာတော့ ဒဏ်ရာရရှိမှုတွေ
များပြားလာတာကို စိုးရိမ်ဖွယ်ရာ တွေ့နေရပါတယ်
အထူးသဖြင့် တစ်ပတ်အတွင်းမှာတင်
အရိုးကျိုးဒဏ်ရာရသူ (1) ဦး
တကယ်ကို စိတ်မကောင်းစရာပါ😌
19/7/2026
Shwe Nyi Ko vs Tat Set Fc
ကိုငယ်လေး ခြေထောက်အရိုး ကျိုးတဲ့အထိ ဒဏ်ရာ ရရှိခဲ့ပါတယ့်
အရိုးကျိုးသည့် ဒဏ်ရာများ ရရှိခဲ့ခြင်း ဖြစ်ပါသည်
ဘောလုံးကစားတာဟာ အပျော်တမ်းဖြစ်ပေမဲ့
ဒဏ်ရာကြောင့် အပျက်မဖြစ်စေဖို့
အလွန်အရေးကြီးပါတယ်
ဒါကြောင့် ကစားတဲ့အခါ
Warm-up လုပ်ပါ: ကစားပွဲမစခင် ကြွက်သားတွေကို
ပြေလျော့စေမည့် လေ့ကျင့်ခန်းများကို
မဖြစ်မနေ လုပ်ဆောင်ပါ
အကာအကွယ်သုံးပါ ခြေသလုံးကာ (Shin pads) နှင့်
အကဲ့၍ မတက်ဆင်ပါကာ
အဝါကတ် / သို့မဟုတ် ကွင်းအတွင်းပါဝင်းကစားခွင့်မပြုပါ
သင့်တော်သော ဖိနပ်များကို ဝတ်ဆင်ပါ
ထိန်းထိန်းသိမ်းသိမ်း ကစားပါ အနိုင်ယူလိုစိတ်ထက်
အချင်းချင်း နားလည်မှုရှိပြီး
ဘေးကင်းလုံခြုံစွာ ကစားခြင်းကို အဓိကထားပါ
ညီအစ်ကိုတို့အနေနဲ့လည်း ကိုယ့်ရဲ့ကျန်းမာရေးကို
အလေးထားပြီး ဂရုတစိုက်ရှိကြဖို့ တိုက်တွန်းလိုပါတယ်
အားလုံးပဲ ဘေးကင်းလုံခြုံစွာဖြင့်
အားကစားကို ပျော်ရွှင်စွာ
ဆက်လက်လုပ်ဆောင်နိုင်ကြပါစေခင်ဗျာ😘🙏
KhokKloy Library Cup League
2/8/2026
စာကြည့်တိုက်ဖလား ကော်မတီ
ဦးဝင်းဌေး