We Love Arsenal 2024 Myanmar

We Love Arsenal 2024 Myanmar Myanmar Arsenal Fanclub

ဒီညအတွက် အာဖန်တွေအားလုံး အဆင်သင့်ပဲလား...အာဆင်နယ်ပရိသတ်တွေ ညက အိပ်ရေးဝကြရဲ့လား... ဝဝ မဝဝ အားပေးဖို့တော့ အဆင်သင့်ပဲ မဟုတ်...
30/05/2026

ဒီညအတွက် အာဖန်တွေအားလုံး အဆင်သင့်ပဲလား...

အာဆင်နယ်ပရိသတ်တွေ ညက အိပ်ရေးဝကြရဲ့လား... ဝဝ မဝဝ အားပေးဖို့တော့ အဆင်သင့်ပဲ မဟုတ်လား... ဟန်ဂေရီမှာလည်း Legend တွေရော ကစားသမားတွေရော အဆင်သင့်ဖြစ်နေကြပြီ... ပွဲကြည့်ဖို့အတွက် ပြင်ဆင်နေကြသလို တချို့တွေကလည်း ရလဒ် ခန့်မှန်းပေးနေကြတယ်။

အသင်းသားဟောင်းတွေဖြစ်ကြတဲ့ ဝဲလ်ကော့နဲ့ ကာဇိုလာက တူး-ဝမ်း၊ အပြင်က ပြိုင်ဘက်ဟောင်းတွေဖြစ်ခဲ့ကြတဲ့ ဒေးဗစ် ဆေးလ်ဗားနဲ့ ဖာဒီနန်က ဝမ်း-ဇီးတဲ့... အွန်နရီကလည်း ဘူဒါပက်စ်မှာ အသင်းသားတွေကို အားပေးခဲ့တယ်။ အာရှာဗင်နဲ့ ဂျိုရူးတို့လည်း ရောက်နေကြပြီ။

လူစုံတက်စုံနဲ့ မနှစ်ကထက် ပိုကောင်းတဲ့ အသင်းကို သမိုင်းသစ်တွေအတွက် အားပေးဖို့ပဲ ရှိတယ်။ ခင်ဗျားတို့ရော ကျန်မနေခဲ့ဘူး မဟုတ်လား၊ ဘယ်နေရာကပဲဖြစ်ဖြစ် ညကျရင် ပွတ်ရှ်ကပ်စ်အရီနာကို စိတ်တွေအားလုံး ညွတ်ပြီး အားပေးလိုက်ပါ... ကျေးဇူးတင်ပါတယ်။

Photo Credits to Owners

UEFA Champions League Final 2026 ပွဲစဉ်ဖြစ်သော Arsenal နှင့် PSG အသင်းတို့၏ ယှဉ်ပြိုင်မှုကို We Love Arsenal 2024 Member...
30/05/2026

UEFA Champions League Final 2026 ပွဲစဉ်ဖြစ်သော Arsenal နှင့် PSG အသင်းတို့၏ ယှဉ်ပြိုင်မှုကို We Love Arsenal 2024 Members ( သက် တမ်း တိုး ထား သော Member no 1600 အ ထိ )များအနေဖြင့် အတူတကွ ကြည့်ရှုအားပေးကြမည့် အစီအစဉ်အား ဝမ်းမြောက်စွာ ကြေညာအပ်ပါသည်။
ပွဲစဉ်အား ကြီးမားသော 11’ x 22’ LED Screen နှင့် အရည်အသွေးမြင့် Sound System ဖြင့် အကောင်းဆုံး ကြည့်ရှုခံစားနိုင်မည် ဖြစ်ပါသည်။
Event Details
နေ့ရက် : 30-May-2026 (Saturday)
အချိန် : 7:00 PM မှ 1:00 AM အထိ
နေရာ : Zealax Hotel (Gala Ballroom)

အစီအစဉ်များ
7:00 PM
Member Card များ ထုတ်ယူခြင်း
(Member No. 1000 အထိ)
8:00 PM
We Love Arsenal 2024 Members များ Registration ပြုလုပ်ခြင်း
8:10 PM
Founder ဖြစ်သူ
U Zin Yaw Mg Mg မှ အဖွင့်အမှာစကား ပြောကြားခြင်း
8:20 PM
Lucky Draws, Giveaway, Prize များ ပေးအပ်ခြင်းနှင့် Group Photo Session
8:30 PM
2026/27 Premier League Champions Celebration Video ကြည့်ရှုခြင်း
9:00 PM
Arsenal Anthem သီဆိုခြင်းနှင့် UCL Goals Highlight များ ကြည့်ရှုခြင်း
9:30 PM
Pre-Match Talk Show
(Ko Soe Gyi နှင့် Myanmar National Team Footballers များ)
10:00 PM
Crystal Palace vs Arsenal ပွဲမှ Fans Celebration Video ကြည့်ရှုခြင်း
10:15 PM ဧည့်ခံဖျော်ဖြေခြင်း
10:30 PM ဘောလုံးပွဲစဉ်အားစတင်ကြည့်ရှုခြင်း

UEFA Champions League Final is scheduled for Saturday, May-30, 2026 between Arsenal & PSG We are here to announce that W...
29/05/2026

UEFA Champions League Final is scheduled for Saturday, May-30, 2026 between Arsenal & PSG

We are here to announce that We Love Arsenal 2024 members will be watching together the match @ Zealax Hotel (Gala ballroom).

Perfect viewing of the match with the Big LED TV (11’x22’) and Higher Sound System

Date: 30-May-2026
Time: 7pm to 1:00am
Venue: Zealax Hotel (Gala Ballroom)

7:00pm
Collection of the member cards
(Up to Member no.1000)

8:00pm
Registrations of We Love Arsenal 2024 Members @ the entrance

8:10pm
Opening speech from the founder U Zin Yaw Mg Mg

8:20pm
Lucky draws, Giveaway, Prizes & Group photos section

8:30pm
Watching the video of 2026/27 Premier League Champions Celebrations.

9:00pm
Singing Arsenal anthem & Watching the UCL goals

9:30pm
Pre-Match talk show
(Ko Soe Gyi & Myanmar national team Footballers)

10:00pm
Recorded video of the celebrations of our fans from Crystal Palace Vs Arsenal match

10:15pm
DJ & Entertainment & Other exciting performances

10:30
Match Start (kick off)

We Love Arsenal 2024

UEFA Champions League Final 2026

Arsenal vs PSG

UEFA Champions League Final 2026 ပွဲစဉ်ဖြစ်သော Arsenal နှင့် PSG အသင်းတို့၏ ယှဉ်ပြိုင်မှုကို We Love Arsenal 2024 Members ( သက် တမ်း တိုး ထား သော Member no 1600 အ ထိ )များအနေဖြင့် အတူတကွ ကြည့်ရှုအားပေးကြမည့် အစီအစဉ်အား ဝမ်းမြောက်စွာ ကြေညာအပ်ပါသည်။

ပွဲစဉ်အား ကြီးမားသော 11’ x 22’ LED Screen နှင့် အရည်အသွေးမြင့် Sound System ဖြင့် အကောင်းဆုံး ကြည့်ရှုခံစားနိုင်မည် ဖြစ်ပါသည်။

Event Details

နေ့ရက် : 30-May-2026 (Saturday)
အချိန် : 7:00 PM မှ 1:00 AM အထိ
နေရာ : Zealax Hotel (Gala Ballroom)



အစီအစဉ်များ

7:00 PM

Member Card များ ထုတ်ယူခြင်း
(Member No. 1000 အထိ)

8:00 PM

We Love Arsenal 2024 Members များ Registration ပြုလုပ်ခြင်း

8:10 PM

Founder ဖြစ်သူ
U Zin Yaw Mg Mg မှ အဖွင့်အမှာစကား ပြောကြားခြင်း

8:20 PM

Lucky Draws, Giveaway, Prize များ ပေးအပ်ခြင်းနှင့် Group Photo Session

8:30 PM

2026/27 Premier League Champions Celebration Video ကြည့်ရှုခြင်း

9:00 PM

Arsenal Anthem သီဆိုခြင်းနှင့် UCL Goals Highlight များ ကြည့်ရှုခြင်း

9:30 PM

Pre-Match Talk Show
(Ko Soe Gyi နှင့် Myanmar National Team Footballers များ)

10:00 PM

Crystal Palace vs Arsenal ပွဲမှ Fans Celebration Video ကြည့်ရှုခြ

We Love Arsenal 2024 Myanmar မှ ကျင်းပပြုလုပ်မည့် Champion League Final party ပွဲတွင် လူ(600)အား  LED Size 22ပေ 11 ပေ နှ...
29/05/2026

We Love Arsenal 2024 Myanmar မှ ကျင်းပပြုလုပ်မည့် Champion League Final party ပွဲတွင် လူ(600)အား
LED Size 22ပေ 11 ပေ
နှင့် Higher Sound System ဖြင့်ပြသမည်ဖြစ်ကြောင်းသတင်းကောင်းပါးအပ်ပါသည်။
We Love Arsenal 2024 Myanmar

ပီအက်စ်ဂျီဆီက ကြွေးပြန်တောင်းဖို့ အာဆင်နယ်မှာ ဘာအားသာချက်တွေ ရှိနေသလဲအာဆင်နယ်တို့အနေနဲ့ လာမယ့် ပီအက်စ်ဂျီနဲ့ ကစားရမယ့် ခ...
28/05/2026

ပီအက်စ်ဂျီဆီက ကြွေးပြန်တောင်းဖို့ အာဆင်နယ်မှာ ဘာအားသာချက်တွေ ရှိနေသလဲ

အာဆင်နယ်တို့အနေနဲ့ လာမယ့် ပီအက်စ်ဂျီနဲ့ ကစားရမယ့် ချန်ပီယံလိဂ် ဗိုလ်လုပွဲအတွက် ပြီးခဲ့တဲ့ ရာသီကလို မဟုတ်ဘဲ အဲ့ဒီထက်ပိုတဲ့ စိတ်ဓာတ်မြှင့်တင်ပေးမှု၊ ဆာလောင်မှုတွေနဲ့အတူ ပိုမိုကောင်းမွန်တဲ့ အားသာချက်တွေ ရှိနေခဲ့သလို သူများအသင်းအကြောင်း မပြောဘဲ ကိုယ့်အသင်းအကြောင်းပဲ ကိုယ်ပြောရရင် ပထမဆုံး လူစုံတက်စုံ ကစားနိုင်မယ့် အချက်ကတော့ ပရိသတ်တွေကို အားပေးဖို့ ခွန်အားပြည့်ဝစေပါတယ်။

ပြီးခဲ့တဲ့ ရာသီက အာဆင်နယ်တို့အနေနဲ့ ပီအက်စ်ဂျီကို League Phase မှာ တစ်ကြိမ်၊ ဆီမီးဖိုင်နယ်မှာ နှစ်ကြိမ်ကစားခဲ့ရတာဖြစ်ပြီး တစ်ပွဲမှ လူစုံတက်စုံ မကစားခဲ့ရသလို ဒုတိယမြောက်ပွဲမှာတော့ ရီးရဲလ်မက်ဒရစ်နဲ့ပွဲကို ဖျင်သွားယားပြီး မလိုလားအပ်ဘဲ အဝါကတ်ထိခဲ့တဲ့ သောမတ်စ် ပါတေး ပွဲပယ်ခံခဲ့ရလို့ မပါဝင်နိုင်တာကြောင့် အိမ်ကွင်းမှာ အားသာမှု မရဘဲ တစ်ဂိုးတည်းနဲ့ ရှုံးခဲ့ရပြီး အဝေးကွင်းမှာလည်း ထပ်ရှုံးခဲ့ရတာပါ။

ပထမနဲ့ ဒုတိယပွဲတွေမှာ အသင်းခေါင်းဆောင် မာတင် အော်ဒီဂွါဒ် ဒဏ်ရာကြောင့် မပါနိုင်ခဲ့သလို ဆီမီးဖိုင်နယ် နှစ်ကျော့ကိုလည်း ဂါဘရီယယ်လ် မပါဝင်နိုင်ဘဲ ကစားခဲ့ရပြီး ပါတေးက အလယ်တစ်ပွဲကို လွဲခဲ့ချိန်မှာ ဘယ်နောက်ခံအတွက် မိုင်းလ်စ် လူးဝစ္စ-စကယ်လီကိုချည်း အားကိုးနေခဲ့ရတာကတော့ ဒဏ်ရာဒဏ်ချက်များစွာနဲ့ ကစားခဲ့ရတယ်လို့ ဆိုနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဒီရာသီမှာတော့ အာဆင်နယ်တို့အနေနဲ့ ပီအက်စ်ဂျီတို့နဲ့ ဒီသုံးပွဲစာအစား ဗိုလ်လုပွဲတစ်ပွဲစာကိုသာ အင်ပြည့်အားပြည့်နဲ့ ရေကုန်ရေခန်း ကစားနိုင်ဖို့ လိုအပ်သလို အရန် ညာနောက်ခံလူ ဘန်ဝှိုက်ကလွဲလို့ ကစားသမားအားလုံး ပါဝင်ကြမှာဖြစ်တဲ့အတွက် ပြီးခဲ့တဲ့ ရာသီကထက် ပိုကောင်းတဲ့ လူစာရင်းအပြင် ပရီးမီးယားလိဂ်ချန်ပီယံဆုကြောင့် ဆုဖလား ဆာလောင်မွတ်သိပ်တတ်မှုကိုပါ ပိုင်ဆိုင်နိုင်ခဲ့ပြီး မတူညီတဲ့ ပုံစံနဲ့ ယှဉ်ပြိုင်ရဖို့လည်း ရှိနေတာပါ။

အာဆင်နယ်တို့အနေနဲ့ ပြီးခဲ့တဲ့ ရာသီက အော်ဒီဂွါဒ် မပါနိုင်ခဲ့လို့ ထရော့ဆတ်ကိုပါ အလယ်ထည့်ခဲ့ရတဲ့အထိ အခြေပျက်ခဲ့ရပေမယ့် ဒီရာသီမှာတော့ ပိုမိုအင်အားတောင့်တင်းလာမှုတွေအဖြစ် ပျယ်ရို ဟင်ကာပီ၊ အီဘယ်ရီချီ အက်ဇီ၊ မာတင် ဇူဘီမန်ဒီ၊ နိုနီ မာဒူအဲခီ၊ မက်စ် ဒေါင်းမန်းနဲ့ ဗစ်တာ ယိုကာရက်ရှ်တို့ အင်အားတွေကို ထပ်ပေါင်းထည့်နိုင်ခဲ့ပြီး ဂါဘရီယယ်လည်း ခံစစ်မှာ ဆာလီဘာနဲ့ အတွဲညီနေမှာဖြစ်တာကြောင့် နှစ်ဆလောက် ပိုကောင်းတဲ့ အနေအထားဖြစ်လာခဲ့ပါတယ်။

ပီအက်စ်ဂျီတို့ကတော့ ဂိုးသမား ဒွန်နာရမ်မာနဲ့ ကိုလို မူအာနီ အပါအဝင် အရန်ခုံက ကစားသမားတွေကို ဆုံးရှုံးထားခဲ့ပြီး ပြန်လည်ဖြည့်တင်းမှုအပိုင်းမှာတော့ လူငယ်တွေကိုသာ အဓိက အားကိုးထားခဲ့လို့ ဂိုးနေရာမှာ ပြီးခဲ့တဲ့ နှစ်ကလောက် မတောင့်တင်းတော့ဘဲ ၁၈ ဂိုးအထိ ပေးထားခဲ့ရလို့ မနှစ်ကလို ပုံစံမျိုးနဲ့ တစ်ဂိုးရရင် ပြီးပြီးဆိုတဲ့ ပုံစံမျိုးတော့ လုပ်နိုင်တော့မှာ မဟုတ်ဘဲ အာဆင်နယ်တို့ကို အသာစီးယူဖို့ မဖြစ်နိုင်တော့ဘူးလို့ပဲ သုံးသပ်ရတာပါ။

ဒါကြောင့် ပိုမိုအားကောင်းလာခဲ့ပြီး ဒီတစ်ပွဲအတွက်ပဲ ညှစ်ရုန်းရမယ့် ဗိုလ်လုပွဲမှာ ပြီးခဲ့တဲ့ ရာသီကထက် ဂါဘရီယယ်လ်၊ အော်ဒီဂွါဒ်၊ ဇူဘီမန်ဒီ၊ အက်ဇီ၊ မာဒူအဲခီ၊ ယိုကာရက်ရှ်တို့နဲ့ ပိုမိုအင်အားတောင့်တင်းလာခဲ့တဲ့ အာဆင်နယ်တို့အတွက် ပရိသတ်တွေအနေနဲ့ ယုံကြည်မှုအပြည့်၊ စိတ်ဓာတ်ခွန်အားအပြည့်နဲ့ အားပေးဖို့ တိုက်တွန်းချင်ပြီး စနေနေ့ ညချမ်းမှာ အောင်ပွဲနဲ့အတူ ပျော်ရွှင်နိုင်ကြပါစေကြောင်းလည်း တောင်းဆုပြုလိုက်ရပါတယ်။

Champion Leagueအတွက်် ထပ်တိုးအလှူရှင်စာရင်း၁။ ကိုရွှေဘုန်းလူ(မန္တလေး)-1,500,000သိန်း၂။ ကိုချစ်ထွန်းဇော်-500,000သိန်း၃။ကိ...
28/05/2026

Champion Leagueအတွက်် ထပ်တိုးအလှူရှင်စာရင်း
၁။ ကိုရွှေဘုန်းလူ(မန္တလေး)-1,500,000သိန်း
၂။ ကိုချစ်ထွန်းဇော်-500,000သိန်း
၃။ကိုပြည့်စုံထွန်းနိုင်(3 D Auto Car Show Room )-500,000သိန်း ထပ်မံလှူဒါန်းသွားပါသည်။
အထူးကျေးဇူးတင်ပါသည်။

“မင်းမြန်မာ”တိုင်းရင်းဆေးမှ ပွဲလာသူ ပရိသတ်များအား လက်ဆောင်ပေးရန်

တစ်ဘူးလျှင် ၁၆၅၀၀ ကျပ် တန်ဖိုးရှိ
ပန်းနုအားဆေး ဘူး ၅၀ နှင့်

တစ်ဘူးလျှင် ၃၅၀၀၀ ကျပ် တန်ဖိုးရှိ ရသာယနအားဆေး ဘူး ၅၀ ကို မဲဖောက်ပေးမည် ဖြစ်ပါသည်။

We Love Arsenal 2024 Myanmar

အမ်းမရိတ်ကို ဖလားယူခဲ့ဆိုတဲ့ အာဆင်ဝင်းဂါးနဲ့ ကြာသပတေး နံနက်ခင်း အာဆင်နယ်သတင်းများ- ပရိသတ်တွေအားလုံး စောင့်မျှော်နေတဲ့ သတ...
27/05/2026

အမ်းမရိတ်ကို ဖလားယူခဲ့ဆိုတဲ့ အာဆင်ဝင်းဂါးနဲ့ ကြာသပတေး နံနက်ခင်း အာဆင်နယ်သတင်းများ

- ပရိသတ်တွေအားလုံး စောင့်မျှော်နေတဲ့ သတင်းကို သိရပါပြီ။ ညာနောက်ခံလူ ယူးရီယန် တင်းမ်ဘားဟာ နောက်ဆုံးပြုလုပ်ခဲ့တဲ့ အာဆင်နယ်အသင်းရဲ့ ထရိန်နင်မှာ အသင်းဖော်တွေနဲ့အတူ ပူးပေါင်းလေ့ကျင့်ခန်းဆင်းနိုင်ခဲ့ပြီး ပီအက်စ်ဂျီနဲ့ ချန်ပီယံလိဂ်ဖိုင်နယ်မှာ ပါဝင်ဖို့ သေချာခဲ့ပြီဖြစ်သလို အားလုံးကို စိတ်အေးစေနိုင်ခဲ့တာပါ။ ဟန်ဂေရီမှာ အာဆင်နယ်တို့ လူစုံတက်စုံ ကစားနိုင်ကြတော့မှာဖြစ်ပါတယ်။

- ဥရောပအဆင့် ပြိုင်ပွဲ ဗိုလ်လုပွဲသုံးပွဲကို အင်္ဂလန်ကလပ်သုံးသင်းက ကိုယ်စားပြု တက်ရောက်နိုင်ခဲ့ကြရာမှာ ပိုမိုလွယ်ကူတဲ့ ကွန်ဖရင့်လိဂ်နဲ့ ယူရိုပါလိဂ်တို့ကို ခရစ္စတယ်လ်ပဲလေ့စ်နဲ့ အက်စ်တန်ဗီလာအသင်းတွေက ဗိုလ်စွဲနိုင်ခဲ့တာကြောင့် အားလုံးထဲမှာ အမြင့်မားဆုံး စိန်ခေါ်မှုဖြစ်တဲ့ ချန်ပီယံလိဂ်ဖိုင်နယ်ကို အနိုင်ရဖို့က အာဆင်နယ်တို့ရဲ့ တာဝန်ဖြစ်ခဲ့ပြီး ဖိအားတွေနဲ့အတူ စိတ်ဓာတ်ပိုင်း လှုံ့ဆော်မှုနဲ့ စိတ်အားထက်သန်မှုတွေကိုတော့ အကောင်းဘက် ပိုင်ဆိုင်နေမှာပါ။

- ဂန်းနားတို့ရဲ့ ဂန္ထဝင်နည်းပြကြီး အာဆင်း ဝင်းဂါးကတော့ ဗိုလ်ပွဲရဲ့ ဖြစ်နိုင်ခြေက ၅၀-၅၀ ပဲလို့ သုံးသပ်လိုက်ပေမယ့် ချန်ပီယံလိဂ်ဖလားဟာ အာဆင်နယ်တို့အတွက် ရယူဖို့ အမြဲတမ်း လိုအပ်နေခဲ့တဲ့ ဖလားဖြစ်တာကြောင့် အမ်းမရိတ်ကို ရောက်လာဖို့ပဲ အလိုရှိတယ်လို့ ဆိုလိုက်ပြီး ပရီးမီးယားလိဂ်ဖလားကို ပြန်လည်ရယူအပြီးမှာ တည်ဆောက်နေတဲ့ သမိုင်းသစ်အတွက် ဟန်ဂေရီမှာ လုပ်ပြနိုင်ဖို့ မျှော်လင့်ရင်း ကိုယ့်အသင်းဘက်က လောင်းကြေးထပ်ထားမယ်လို့ ပြောကြားသွားခဲ့ပါတယ်။

- အာဆင်နယ်အသင်းရဲ့ အားကစားဒါရိုက်တာ အန်ဒရီးယား ဘာတာအနေနဲ့ အက်စ်တန်ဗီလာရဲ့ ကွင်းလယ်တိုက်စစ်သမား မော်ဂန် ရော့ဂျားစ်ကို ခေါ်ယူဖို့ သူ့ရဲ့ တစ်ဦးတည်း အမြင်အရ ထောက်ခံချက်ပေးထားတယ်လို့ သိရပြီး နည်းပြ မီခယ်လ် အာတီတာနဲ့အတူ ချန်ပီယံလိဂ်ဖိုင်နယ်အပြီးမှာ ကြိုးစားသွားနိုင်သလို ပေါင်သန်း ၈၀ ဝန်းကျင် ကျသင့်နိုင်တယ်လို့ ခန့်မှန်းနေကြတာပါ။

- PSR, FFP, SCR တွေနဲ့ ငွေသုံးချင်တိုင်း သုံးလို့ မရတော့ဘဲ ခေတ်ပျက်မှ သူဌေးလာလုပ်တဲ့ ဆော်ဒီမာမူတွေရဲ့ နယူးကာဆယ်လ်ကတော့ လာမယ့် ရာသီအတွက် ဘာဥရောပ ဝင်ခွင့်မှ ကစားဖို့ မရှိလို့ ကစားသမားတွေကို စောစောစီးစီး ထုတ်ရောင်းနေချိန်မှာ တောင်ပံသမား ဂေါ်ဒွန်ကို ဘာစီလိုနာက လက်ဦးမှုယူပြီး ခေါ်ယူသွားခဲ့ပြီဖြစ်လို့ အာဆင်နယ်တို့အနေနဲ့ ပစ်မှတ်ကွင်းလယ်ကစားသမား ဆန်ဒရို တိုနာလီအတွက် နောက်မကျရအောင် လုပ်ဆောင်ဖို့ ရှိနေပါတယ်။

- ပဲလေ့စ်ကွင်းက ဖလားယူတဲ့ပွဲကို ဘရွတ်ကလင်းက ဘားတစ်ခုမှာ အောင်ပွဲခံခဲ့တဲ့ နယူးယောက်မြို့တော်ဝန် ဇော်ရ်ဟန် မာမာဒါနီကတော့ သူတို့ရဲ့ အစ်ဒ် မူဘာရက် ဆုတောင်းပွဲမှာ အာဆင်နယ်တို့ရဲ့ ဒီရာသီ အပြာရောင် အဝေးကွင်းအဆင်နဲ့ ချုပ်လုပ်ထားတဲ့ မူဆလင်စတိုင် ရှပ်အင်္ကျီရှည်ကို ဝတ်ဆင်ပြီး လူလုံးပြခဲ့သလို သူ့ရဲ့ ဒီအသင်းအပေါ် အားပေးမှုကို အတိအလင်း ဖော်ပြခဲ့ပြီး ချန်ပီယံလိဂ်ဖိုင်နယ်မှာ အနိုင်ရစေချင်တယ်လို့လည်း ဝန်ခံသွားခဲ့တာပါ။

- အာဆင်နယ်တို့အနေနဲ့ အသင်းနဲ့ စာချုပ် ၁၂ လသာ ကျန်တော့မယ့် သူတို့ရဲ့ တိုက်စစ်မှူး ဂါဘရီယယ်လ် ဂျေဆူးစ်ကို ရာသီကုန်မှာ ထွက်ခွာခွင့် ပေးတော့မှာဖြစ်ပြီး ပြောင်းရွှေ့ကြေးအဖြစ် ပေါင်သန်း ၂၀ ပေးရမယ့်လို့ တံဆိပ်ကပ်လိုက်သလို ပရီးမီးယားလိဂ်အသင်းအချို့နဲ့ စီးရီးအေအသင်းအချို့အပါအဝင် ဆော်ဒီက အသင်းတွေလည်း စောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။

- အာဆင်နယ်တို့အတွက် ပြီးခဲ့တဲ့ နှစ်ပေါင်း ၂၀ က ချန်ပီယံလိဂ်ဖိုင်နယ်မှာ ဂိုးသွင်းခဲ့တဲ့ ခံစစ်မှူးဟောင်းကြီး ဆိုးလ် ကမ်းဘဲလ်ကတော့ လက်ရှိဗဟိုခံစစ်အတွဲဖြစ်တဲ့ ဆာလီဘာနဲ့ ဂါဘရီယယ်လ်တို့ဟာ မယုံနိုင်လောက်စရာ ထိပ်တန်းအတွဲအဖက်ဖြစ်တယ်လို့ ချီးကျူးလိုက်ပြီး သူတို့နှစ်ယောက်က တစ်ယောက်ကို တစ်ယောက် ပြည့်စုံစေချိန်မှာ ဆာလီဘာကို ဂိုးတွေ တက်သွင်းဖို့တော့ ပိုလိုချင်မိတယ်လို့ ပြောကြားခဲ့ကြောင်း စုစည်းဖော်ပြလိုက်ရပါတယ်။

ချစ်ခင်လေးစားရပါသော ချန်ပီယံ Arsenal ဖန်ပရိသတ်များခင်ဗျား24-5-2026 ရက်နေ့ Zealax Hotel တွင်ကျင်းပခဲ့သော Premier League အ...
27/05/2026

ချစ်ခင်လေးစားရပါသော ချန်ပီယံ Arsenal ဖန်ပရိသတ်များခင်ဗျား

24-5-2026 ရက်နေ့ Zealax Hotel တွင်ကျင်းပခဲ့သော Premier League အောင်ပွဲခံ အခမ်းအနားတွင် ပရိသတ် 600 ဆံ့ ခန်းမပြည့် လာရောက်အားပေးကြည့်ရှု့ကြသည့်အတွက် အထူးပင်ဝမ်းမြောက် ကြည်နူးရပါသည်။

ယခုလာမည့် 30-5-2026 နေ့တွင် PSG အသင်းနှင် ယှဉ်ပြိုင်ကစားကြမည့် Champions League Final ပွဲအတွက် ခန်း မ တွင် ထား နိူင် သည့်အရေအတွက်မှာလည်း သတ်မှတ်လူဦးရေ ပြည့်သွားပြီ ဖြစ်ပါသဖြင့် မန်ဘာနံပါတ် 1600 ထိသာ ယခုပွဲကို လာရောက်ကြည့်ရှုခွင့်ရရှိမည်ဖြစ်ပါသည်။

မန်ဘာများကို ဆက်လက်လက်ခံမည်ဖြစ်သော်လည် မန်ဘာနံပါတ် 1600 နောက်ပိုင်း မန်ဘာသစ်များသည် Champions League Final ပွဲစဉ်ကိုကြည့်ရှု့ခွင့်ရှိမည်မဟုတ်ပဲ နောက်ထပ်ပြုလုပ်မည့် ပွဲများတွင် ဝင်ရောက်ပူးပေါင်းနိုင်ပါသည်၊ ပရိသတ် 1000 ဆံ့နေရာတစ်ခုတွင် ကျင်းပမည့် Arsenal ဖန်များအတွက် အထူးအစဉ်တစ်ခုလည်းရှိပါတယ်။

Note: မန်ဘာ No.1 မှ No.965 အထိ မန်ဘာဟောင်းများအနေဖြင့် PSG အသင်းနှင့်ပွဲစဉ်မတိုင်ခင် 2026/27 ဘောလုံးရာသီအတွက် မန်ဘာသက်တမ်းတိုးကြေး 10,000 ကိုပေး သွင်း ပြီး မှ ကြည့် ရှု ခွင့် ရ မည် ဖြစ် ကြောင်းလေးစားစွာဖြင့် ပန်ကြားအပ်ပါသည်။

တစ်နှစ်တာ အကောင်းဆုံး မန်နေဂျာဆုရ အာတီတာနဲ့ အာဆင်နယ်သတင်းများ စုစည်းမှု- မနေ့ညက ကျင်းပခဲ့တဲ့ လိဂ်မန်နေဂျာများ အစည်းအရုံး...
26/05/2026

တစ်နှစ်တာ အကောင်းဆုံး မန်နေဂျာဆုရ အာတီတာနဲ့ အာဆင်နယ်သတင်းများ စုစည်းမှု

- မနေ့ညက ကျင်းပခဲ့တဲ့ လိဂ်မန်နေဂျာများ အစည်းအရုံး ဆုပေးပွဲညမှာတော့ ပရီးမီးယားလိဂ်ရဲ့ တစ်နှစ်တာ အကောင်းဆုံး မန်နေဂျာအဖြစ် အောင်ပွဲခံနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်ချန်ပီယံဆုရ စွမ်းဆောင်ရည်နဲ့အတူ အာဆင်နယ်အသင်းအတွက် ၄ ကြိမ်မြောက် ဒီဆုကို ရရှိခဲ့သူအဖြစ် ဂန္ထဝင်နည်းပြကြီး အာဆင်ဝင်းဂါးရဲ့ ၃ ကြိမ်တိုင်တိုင် ရယူနိုင်ခဲ့မှုကို ၂၂ နှစ်အကြာမှာ ခြေရာနင်းလိုက်နိုင်ခဲ့ပါတယ်။

- အာဆင်နယ်အသင်းရဲ့ ထရိန်နင်က နည်းပြ အာတီတာရဲ့ အသင်းသားတွေကို အားပေးစကား ပြောကြားမှုက ဗီဒီယိုဖိုင်အဖြစ် ပေါက်ကြားခဲ့တယ်လို့ သိရပြီး ဒီဗီဒီယိုမှာ စပိန်သားနည်းပြအနေနဲ့ "လာမယ့် စနေနေ့ကျရင် ငါတို့က ဥရောပချန်ပီယံဖြစ်မယ်"လို့ ပြောခဲ့တာကြောင့် ပီအက်စ်ဂျီဘက်ကို မလိုအပ်ဘဲ ရန်စလိုက်သလိုမျိုးဖြစ်မှာကို ပရိသတ်တွေ စိုးရိမ်နေကြပြီး ဝေဖန်မှုတချို့ ရှိလာခဲ့တာပါ။

- ပရိသတ်တွေ စိတ်အပူဆုံး နောက်ခံလူ ယူးရီယန် တင်းမ်ဘားရဲ့ အခြေအနေ အတိအကျကို မသိရသေးဘဲ ပဟေဠိဖြစ်နေဆဲဖြစ်ပြီး ပဲလေ့စ်နဲ့ပွဲမှာ လူစားလဲခဲ့ရတဲ့ တောင်ပံသမား နိုနီ မာဒူအဲခီကတော့ သတိကြီးကြီးထားတဲ့အနေနဲ့သာ ကွင်းထဲက ထွက်ခဲ့တာဖြစ်လို့ ချန်ပီယံလိဂ် ဗိုလ်လုပွဲအမီ ကြံ့ခိုင်မှုပြည့်ဝလိမ့်မယ်လို့ ဆိုပါတယ်။

- ရာသီသစ်အတွက် အာဆင်နယ်တို့ရဲ့ ဦးစားပေး ပစ်မှတ်အဖြစ် အက်စ်တန်ဗီလာအသင်းရဲ့ ကွင်းလယ်တိုက်စစ်သမား မော်ဂန် ရောဂျားစ်ကို ရည်ရွယ်ထားပြီး ဘယ်တောင်ပံမှာပါ ကစားနိုင်တဲ့ အင်္ဂလန်လက်ရွေးစင် ၂၃ နှစ်သားအနေနဲ့ ပေါင်သန်း ၈၀ ကနေ ၁၀၀ အထိ ငွေပေးချေမှု ပုံစံအပေါ် မူတည်ပြီး ကျသင့်နိုင်တယ်လို့ သိရပါတယ်။

- အသင်းရဲ့ ကွင်းလယ်လူဟောင်းကြီးတစ်ဦးဖြစ်တဲ့ ဘောလုံးကျွမ်းကျင်သူ ပေါလ် မာဆန်ကတော့ ပီအက်စ်ဂျီနဲ့ပွဲအတွက် အာဆင်နယ်တို့အနေနဲ့ ညာနောက်ခံလူ တင်းမ်ဘားကို ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် ပါဝင်ကစားနိုင်အောင် ထည့်သွင်းရမယ်လို့ နည်းပြ အာတီတာကို တောင်းဆိုလိုက်ပြီး ဒတ်ချ်နောက်ခံလူအနေနဲ့ ၂ လကြာ နားအပြီးမှာ ဘယ်သူမှ မရှိတော့တဲ့ နေရာအတွက် ဆေးထိုးပြီးပဲဖြစ်ဖြစ် ပြန်ကစားနိုင်သင့်တယ်လို့လည်း ဆိုနေကြတာပါ။

- လာမယ့် တနင်္ဂနွေနေ့မှာ ပြုလုပ်ဖို့ စီစဉ်ထားတဲ့ အာဆင်နယ်အသင်းရဲ့ ပရီးမီးယားလိဂ်ဆုဖလားနဲ့အတူ မြောက်လန်ဒန်တစ်ခွင် အောင်ပွဲခံလှည့်လည်ပွဲအတွက် အသင်းသားတွေရဲ့ အမ်းမရိတ်ကွင်းတွင်း ဆုဖလားကိုင်မြှောက်မယ့် အစီအစဉ်ကို ပယ်ဖျက်ထားခဲ့ပြီး ဘာဖြစ်လို့လဲဆိုတော့ လူငါးသိန်းခန့် တက်ရောက်မယ့် အနေအထားမှာ ဒီပမာဏရှိတဲ့ လူအုပ်ကို ကွင်းတွင်းဝင်ခွင့်ပေးဖို့ မဖြစ်နိုင်လို့ပဲဖြစ်ပါတယ်။

- ပီအက်စ်ဂျီတို့ရဲ့ ဒဏ်ရာရ ကစားသမားနှစ်ဦးဖြစ်ကြတဲ့ နောက်ခံလူ အက်ရှ်ရက်ဖ် ဟာကီမီနဲ့ တိုက်စစ်မှူ အူစမွန် ဒမ်ဘေလေတို့အနေနဲ့ အသင်းရဲ့ ထရိန်နင်မှာ ပူးပေါင်းနိုင်ခဲ့တယ်လို့ သိရပြီး ချန်ပီယံလိဂ် ဖိုင်နယ်ကို လူစုံတက်စုံ ထုတ်ကန်ဖို့ ရှိနေတာကြောင့် အာဆင်နယ်တို့ဘက်ကလည်း ဖြစ်နိုင်သမျှ အကောင်းဆုံး လူစာရင်းကို အင်အားပြည့် ထုတ်သုံးနိုင်ဖို့ လိုအပ်နေကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

နှစ်ပေါင်း ၂၀ အကြာ နောက်တစ်ခေါက် ထပ်ရတဲ့ အားပေးပိုင်ခွင့်အတွက် ဘာတွေ ပြင်ဆင်ထားကြမလဲအာဆင်နယ်ပရိသတ်တွေထဲက လူငယ်တွေဆိုရင် ...
26/05/2026

နှစ်ပေါင်း ၂၀ အကြာ နောက်တစ်ခေါက် ထပ်ရတဲ့ အားပေးပိုင်ခွင့်အတွက် ဘာတွေ ပြင်ဆင်ထားကြမလဲ

အာဆင်နယ်ပရိသတ်တွေထဲက လူငယ်တွေဆိုရင် တစ်ခေတ်တစ်ခါက ကိုယ်တွေအသင်း တက်ရောက်ခဲ့တဲ့ ဘာစီလိုနာနဲ့ ၂၀၀၅-၀၆ ဖိုင်နယ်ကို မှတ်မိတဲ့သူ တစ်ဝက်လောက်ပဲ ရှိမယ်ထင်တယ်။ အက်ဒ်မင်တို့လို ရှေ့မီနောက်မီ ၄၀ တန်းတွေက အသက် ၂၀ ဝန်းကျင်မှာ အားပေးဖြစ်ခဲ့ကြပြီး ဂန်းနားဖန် ဖခင်တွေရဲ့ သားသမီးတွေဆိုရင်တော့ အသက် ၁၀ နှစ်ကျော်မှာ ကြုံဆုံကောင်း ကြုံဆုံနိုင်ခဲ့မှာပေါ့လေ။

ဒီတစ်ခါ မေလ ၃၀ ရက်နေ့ ညမှာတော့ မမှတ်မိလိုက်တဲ့သူတွေ၊ သိပ်မမီလိုက်တဲ့သူတွေအတွက် ပြီးခဲ့တဲ့ ရာသီက ဆီမီးဖိုင်နယ်အဆင့်နဲ့ ကပ်လွဲချော်ခဲ့တဲ့ အာဆင်နယ်တို့ရဲ့ နှစ် ၂၀ မှာ နောက်တစ်ခေါက် ပြန်ရတဲ့ ဗိုလ်လုပွဲရောက် အသင်းပရိသတ်အဖြစ် အားပေးပိုင်ခွင့်ကို မမေ့မလျော့၊ မပေါ့မဆ၊ မလွဲမချော်အောင် အသုံးချဖို့ အဆင်သင့်ရှိနေကြမှာဖြစ်သလို အဲ့ဒီတုန်းက ၁၀ ယောက်နဲ့ ကစားခဲ့ရလို့ မကျေနပ်ဘဲ လက်စားချေချင်နေတဲ့ လူလတ်ပိုင်းနဲ့အထက် ဖန်တွေအတွက်လည်း လက်သီးလက်မောင်းတန်းပြီး စောင့်ဆိုင်းနေကြမှာတော့ သေချာပါတယ်။

တချို့တွေဆိုရင် ဘူဒါပက်စ်အထိ သွားကြည့်ချင်လို့ လာတိုင်ပင်တဲ့ ဖန်တွေကိုလည်း တွေ့ရသလို သိန်းတစ်ထောင်ကျော် ကျမယ်ဆိုလို့ လက်လျှော့ခဲ့ရတဲ့သူတွေ၊ အဖော်ညှိမရလို့ မသွားနိုင် မသွားရဲတဲ့သူတွေ၊ စကတည်းက အက်ဒ်မင်တို့လို ဘိုင်ကျင့်ဘိုင်ကြံပဲ အွန်လိုင်းကနေ အားပေးမယ့်သူတွေကလည်း ကိုယ့်အခန်းကဏ္ဍရှိတဲ့ တစ်ထောင့်တစ်နေရာကတော့ ပီအက်စ်ဂျီနဲ့ ဗိုလ်လုပွဲကို မပျက်မကွက် စောင့်ဆိုင်းကြမှာဖြစ်ပါတယ်။

အာဆင်နယ်အသင်းအနေနဲ့ ဒီနေ့ ၂၆ ရက်နေ့မှာ ကော်လ်နီ(Sobha Realty Training Center)က နောက်ဆုံး လေ့ကျင့်ခန်းအစီအစဉ်ကို ပြုလုပ်မယ်လို့ သိရပြီး ၂၇ ရက်နေ့မှာတော့ ပြိုင်ပွဲကျင်းပတဲ့ ဟန်ဂေရီနိုင်ငံ၊ ဘူဒါပက်စ်မြို့ကို ၃ ရက်ကြို သွားရောက်မယ်လို့ အစီအစဉ်တွေအရ သိရပါတယ်။ ဂန်းနားတွေထဲက ဘန်ဝှိုက်တစ်ယောက်ပဲ လွဲချော်မယ့် ဒီပွဲအတွက် အရေးပါလာမယ့် ညာနောက်ခံလူ ယူးရီယန် တင်းမ်ဘားလည်း အချိန်မီ ပါဝင်ကစားနိုင်ဖို့ ပြင်ဆင်နေပြီး မတ်လကတည်းက မပါနိုင်ခဲ့တဲ့ ဒတ်ချ်ခံစစ်မှူးအနေနဲ့ ဘယ်လိုအနေအထားနဲ့ပဲဖြစ်ဖြစ် ဝင်ရုန်းဖို့ ဆန္ဒလည်း ရှိနေမှာပါ။

ပြီးခဲ့တဲ့ ပဲလေ့စ်နဲ့ပွဲမှာ မီခယ်လ် မယ်ရီနိုလည်း ပြန်လာခဲ့ပြီး လူစုံတက်စုံဖြစ်ဖို့ ရှိနေသလို အနည်းငယ် ပေါင်နောက်ကြော ပြဿနာပေါ်သွားတဲ့ နိုနီ မာဒူအဲခီကိုလည်း စောစောစီးစီး အနားပေးကုသထားတာကြောင့် ထူးထူးခြားခြားတော့ စိတ်ပူစရာ မရှိနိုင်ဘူးလို့ ထင်ရပြီး ပဲလေ့စ်ကွင်းက ပရီးမီးယားလိဂ်ရဲ့ ဆုဖလားချီးမြှင့်ပွဲမှာ ကွင်းထဲ လမ်းလျှောက်ဝင်လာပုံတွေအရ အားလုံးနီးပါး အဆင်ပြေကြသလို မျက်စိ အမြင်စူးသူတွေ သတိထားမိခဲ့တဲ့ ဘူကာယို ဆာကာရဲ့ ခပ်ယိုင်ယိုင် Unbalanced အခြေအနေကိုပဲ ပိုတိုးတက်လာအောင် လုပ်ရဖို့ ရှိနေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ ၂၂ နှစ်ကြာ ဝေးကွာနေခဲ့တဲ့ ဆုဖလားကို အာဆင်နယ်အသင်းအနေနဲ့ ကိုင်မြှောက်နိုင်ခဲ့တဲ့ အခမ်းအနားမှာ ပဲလေ့စ်ရဲ့ အကြောရှည်မှုကို စိတ်ရှည်သည်းခံပြီး ပွဲအပြီးကနေ ဆုပေးပွဲအထိ နာရီဝက်လောက်အထိ စောင့်ခဲ့ရတဲ့ ကျွန်တော်တို့ ပရိသတ်တွေအနေနဲ့ ဒီတစ်ခေါက်မှာတော့ နှစ်ပေါင်း ၂၀ ကျော် မျှော်လင့်နေရတဲ့ ချန်ပီယံလိဂ်ဖိုင်နယ်ကို ကိုယ့်အသင်းနဲ့အတူ ကြည့်ရှုအားပေးခွင့် ရရှိခဲ့ပြီဖြစ်ပြီး ဒီအခွင့်အရေးမှာ မပျက်မကွက်နဲ့ ပွဲအပေါ် Will Power တွေ နှစ်ပြီး အားပေးဖို့က ဖန်တိုင်းရဲ့ တာဝန်လို့ ဆိုရမှာပါ။

ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ ပရိသတ်တွေဘက်က ချန်ပီယံလိဂ်ဖိုင်နယ်ကစားမယ့် မေလ ၃၀ ရက်နေ့၊ စနေနေ့ညမှာ အကောင်းဆုံးအားပေးဖို့အတွက် ပြင်ဆင်ထားရမှာဖြစ်သလို မိမိနိုင်ရာ နေရာကနေ ပါဝင်နိုင်ဖို့ လုပ်ဆောင်ကြရမှာဖြစ်ပြီး WE LOVE ARSENAL 2024 အဖွဲ့နဲ့ ပူးပေါင်းပြီး ပွဲကျင်းပရာ Zealax Hotel မှာ အတူတကွ အားပေးချင်တယ်ဆိုရင်လည်း လက်မနှေးဖို့လိုတာကြောင့် အချိန်မီ စာရင်းသွင်းဖို့နဲ့ မန်ဘာဟောင်းတွေဘက်ကလည်း Membership Renewal အတွက် ပွဲမတိုင်မီ လုပ်ဆောင်ကြဖို့ လိုအပ်ကြောင်းလည်းကိုလည်း အသိပေးရေးသားလိုက်ရပါတယ်။
Credit by Arsenal Zar Ni

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ We Love Arsenal 2024 Myanmarผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์

ประเภท