31/08/2026
"BLAST Open Fall 2026 -Group Stage Day 6"
Group stage ရဲ့နောက်ဆုံးနေမှာတော့ လက်ကျန် playoffs ဝင်ခွင့် 2 နေရာအတွက်ယှဉ်ပြိုင်ရမယ့် lower bracket final 2 ပွဲနဲ့ group winner လုရမယ့် upper bracket final 2 ပွဲပဲကျန်ရှိနေပါတော့တယ်။
Spirit vs FURIA - group A upper bracket final
Spirit က round တစ်ခုချင်းစီကို structure နဲ့ထိန်းဆော့ပြီး mid-round decision လည်းကောင်းတဲ့အသင်းပါ ။ Donk လို player ရှိနေတော့ firepower ပိုင်းလည်းအားနည်းချက်မရှိပါဘူး။ Aggressive entry တွေနဲ့ fast pace ကောင်းတဲ့ Furia ကလည်းလက်ရှိမှာ momentum ကောင်းနေတဲ့အသင်းပါ။ ဒါပေမဲ့ Spirit ရဲ့ firepower နဲ့ team coordination ကိုယှဉ်နိုင်ဖို့တော့ နည်းနည်းလိုအပ်ချက်ရှိနေသေးလို့ Spirit ကိုပဲ group winner အဖြစ်မြင်ရဖို့ရှိပါတယ်။
G2 vs Aurora - group A lower bracket final
Lower bracket final တွေကနိုင်တဲ့အသင်းပဲ playoffs qualify ဖြစ်နိုင်မှာမလို့ G2 နဲ့ Aurora ထဲကအသင်းတစ်သင်းကတော့ ဒီပွဲပြီးရင် အိမ်ပြန်ရဖို့ဖြစ်လာမှာပါ။ Ranking အရတော်တော် close ဖြစ်တဲ့ matchup ဆိုပေမဲ့ G2 က tournament အစမှာ Aurora ကို 2-0 နဲ့နိုင်ထားဖူးပါတယ်။ ဒါကြောင့်ဒီပွဲမှာမရှုံးချင်ရင် firrepower ကြီးတဲ့ G2 ရဲ့ aggression ကို Aurora ဖက်က round တစ်ခုချင်းစီတိုင်းမှာ decipline ကောင်းကောင်း၊ teamwork ကောင်းကောင်းနဲ့ ထိန်းနိုင်ဖို့ကြိုးစားရပါလိမ့်မယ်။ လက်ရှိ form အရတော့ Aurora ဖက်မှာဒီလိုလုပ်နိုင်စွမ်းရှိမနေဘူးလို့ထင်ပါတယ်။
MOUZ vs Falcons - group B Upper bracket final
MOUZ က round တွေကို individual duel နဲ့ချည်းမဖြေရှင်းဘဲ utility , space, trade,mid-round adjustment တွေနဲ့ တဖြည်းဖြည်းဖိတဲ့အသင်းပါ။ ဒီလိုအသင်းက Falcons ရဲ့ aggressive play ကိုအချိန်ကြာလာတာနဲ့ ပိုဖတ်လာနိုင်ပါတယ်။ ဒါပေမဲ့ NiKo + m0NESY + kyousuke ဆိုတဲ့ Falcons ရဲ့ core က MOUZ ကို opening duel တွေမှာအပြတ်အသတ်အနိုင်ယူပြီး eco အရမ်းကွာအောင်လုပ်လိုက်နိုင်ရင်တော့ သူတို့ရဲ့ tactical setup တွေကအလုပ်မဖြစ်နိုင်တော့ပါဘူး။MOUZ ဖက်ကပြန်ကြည့်ရင်လည်း Falcons ရဲ့ aim duel ထဲကိုဝင်မယှဉ်ဘဲ space control လုပ်ပြီး late-round ဆွဲနိုင်ရင်အနိုင်ရနိုင်ခြေရှိပါတယ်။ တစ်ဖက်နဲ့တစ်ဖက်က အားသားချက်ကိုယ်စီနဲ့ဆိုတော့ pick တွေမှာကိုယ်စီအနိုင်ရပြီး decision map အထိ ကစားသွားရမယ်ထင်ပါတယ်။
FUT vs Vitality - group B lower bracket final
FUT က disciplined team ဆိုပေမဲ့ individual skill ,experience, late-round decision making တွေသိသိသာသာပိုကောင်းတဲ့ Vitality ကိုတော့ တစ်ပွဲလုံးထိန်းထားနိုင်ဖို့ခက်ပါတယ်။ FUT တို့ Map ရွေးမှန်ပြီးအစပိုင်းမှာ lead ရသွားရင်တောင် ZywOo လို player ရှိနေတဲ့အသင်းက comeback လာဖို့မခက်ပါဘူး။ ဒါကြောင့်နောက်ဆုံးလက်ကျန် playoffs တစ်နေရာစာက Vitality အတွက်ပဲဖြစ်သွားပါလိမ့်မယ်။